×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 06 November 2019

"သင့္ကုိတန္းဖုိးထားရာ အရပ္မွာ ေနထုိင္ပါ"

"သင့္ကုိတန္းဖုိးထားရာ အရပ္မွာ ေနထုိင္ပါ" google

လူတစ္ေယာက္ရဲ့ တန္ဖိုး...သို႔မဟုတ္ တစ္စံုတစ္ခုရဲ့ တန္ဖိုးဟာ တန္ဖိုးသိသူ လက္ထဲမွာပဲ တန္ဖုိးရွိတတ္ပါတယ္။

ဘယ္ေလာက္ပဲ တန္ဖိုးရွိတဲ့ ပန္းခ်ီကားၾကီး ျဖစ္ေနပါေစ။ ပန္းခ်ီကိုု အထင္မၾကီး
တဲ့သူတစ္ေယာက္ရဲ့ မ်က္လံုးထဲမွာ အဲ့ဒီပန္းခ်ီကားဟာ တန္ဖိုးၾကီးလာမွာ မဟုတ္ပါဘူး။ အဲ့ဒီပန္းခ်ီကို သူပစ္ထားခ်င္ပစ္ထားမယ္၊ ဒါမွ မဟုတ္ ဖ်က္ဆီးခ်င္ဖ်က္ဆီးမယ္၊ဒါမွ မဟုတ္ တန္ဖိုးရွိထားသူ တစ္ဦးဆီ ေရာင္းမယ္။ ေသခ်ာတာ သူ႔လက္ထဲမွာေတာ့ တန္ဖိုးထားဖို႔ မရွိပါဘူး။
လူဆိုတာလည္း ဒီလိုပါပဲ။ မိမိရဲ့တန္ဖိုးဟာမိမိကိုု တန္ဖိုးထားသူ လက္ထဲမွာပဲ တန္ဖိုးတက္ေလ့ရွိပါတယ္။ သင္ဟာ ဘယ္ေလာက္ပဲ ေကာင္းေကာင္း၊ ဘယ္ေလာက္ပဲ အနစ္နာခံခံ သင့္တန္ဖိုးကို မသိတဲ့သူတစ္ေယာက္ ဟာ သင့္ကိုတန္ဖိုးထားလာမွာ မဟုတ္ပါဘူး။ ဒီအခ်က္ဟာ လႈမႈေရး၊ အခ်စ္ေရး၊စီးပြားေရး အားလံုးမွာ အက်ံဳးဝင္ပါတယ္။
မိမိဟာ တန္ဖိုးရွိတဲ့ လူတစ္ေယာက္လို မိမိဘာသာယံုၾကည္ရင္ မိမိတန္ဖိုးေတြကို အျမဲထိန္းသိမ္းပါ။ ရူးသြပ္သင့္သေလာက္ရူးသြပ္ႏိုုင္ေပမယ့္ ရုပ္ပ်က္ဆင္းပ်က္ျဖစ္သြားတဲ့ တန္ဖိုး မမဲ့သြားပါေစနဲ႔။ သင့္တန္ဖိုးကို
လူတိုင္းျမင္မွာ မဟုတ္ပါဘူး။ အဲ့ဒီအတြက္ဝမ္းမနည္းပါနဲ႔။ သင့္ကိုတန္ဖိုးထားသူေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဘဝကို ျဖတ္သန္းပါ။
ဘယ္ေလာက္ပဲ အနစ္နာခံတတ္သူျဖစ္ပါေစ။တန္ဖိုးထားျခင္းလံုးဝမခံရတဲ့ ပတ္ဝန္းက်င္မွာေတာ့ ေပ်ာ္ၾကမွာ မဟုတ္ပါဘူး။ အနစ္နာခံရတာပဲ ေပ်ာ္တယ္ဆိုရင္ေတာ့ မတားပါဘူး။ လူသားပီပီ အတၱနည္းနည္းေရာခ်င္တယ္ဆိုရင္ေတာ့ သင့္ကို တန္ဖိုးထားသူေတြနဲ႔ဘဝကို ျဖတ္သန္းပါ။

မိမိတတ္ခ်င္တဲ့ ပညာရပ္ေတြကို ရွာေဖြေနတယ္ဆိုရင္ေတာ့ ဆရာတစ္ဦးခ်င္းဆီအနီးကပ္သင္ေပးတဲ့ sayar.com.mm ထဲမွ ၎ link (https://www.sayar.com.mm/subjects.html ) ထဲကိုဝင္ၿပီး မိမိတတ္ေျမာက္ခ်င္တဲ့ ပညာရပ္မ်ားကိုရွာေဖြၿပီး သင္ယူႏိုင္ပါတယ္။

Credit မုိးရွင္း (I.M.T)

 

(unicode)

လူတစ်ယောက်ရဲ့ တန်ဖိုး...သို့မဟုတ် တစ်စုံတစ်ခုရဲ့ တန်ဖိုးဟာ တန်ဖိုးသိသူ လက်ထဲမှာပဲ တန်ဖိုးရှိတတ်ပါတယ်။

ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ ပန်းချီကားကြီး ဖြစ်နေပါစေ။ ပန်းချီကို အထင်မကြီး
တဲ့သူတစ်ယောက်ရဲ့ မျက်လုံးထဲမှာ အဲ့ဒီပန်းချီကားဟာ တန်ဖိုးကြီးလာမှာ မဟုတ်ပါဘူး။ အဲ့ဒီပန်းချီကို သူပစ်ထားချင်ပစ်ထားမယ်၊ ဒါမှ မဟုတ် ဖျက်ဆီးချင်ဖျက်ဆီးမယ်၊ဒါမှ မဟုတ် တန်ဖိုးရှိထားသူ တစ်ဦးဆီ ရောင်းမယ်။ သေချာတာ သူ့လက်ထဲမှာတော့ တန်ဖိုးထားဖို့ မရှိပါဘူး။
လူဆိုတာလည်း ဒီလိုပါပဲ။ မိမိရဲ့တန်ဖိုးဟာမိမိကို တန်ဖိုးထားသူ လက်ထဲမှာပဲ တန်ဖိုးတက်လေ့ရှိပါတယ်။ သင်ဟာ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်လောက်ပဲ အနစ်နာခံခံ သင့်တန်ဖိုးကို မသိတဲ့သူတစ်ယောက် ဟာ သင့်ကိုတန်ဖိုးထားလာမှာ မဟုတ်ပါဘူး။ ဒီအချက်ဟာ လှုမှုရေး၊ အချစ်ရေး၊စီးပွားရေး အားလုံးမှာ အကျုံးဝင်ပါတယ်။
မိမိဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက်လို မိမိဘာသာယုံကြည်ရင် မိမိတန်ဖိုးတွေကို အမြဲထိန်းသိမ်းပါ။ ရူးသွပ်သင့်သလောက်ရူးသွပ်နိုင်ပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ တန်ဖိုး မမဲ့သွားပါစေနဲ့။ သင့်တန်ဖိုးကို
လူတိုင်းမြင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက်ဝမ်းမနည်းပါနဲ့။ သင့်ကိုတန်ဖိုးထားသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဘဝကို ဖြတ်သန်းပါ။
ဘယ်လောက်ပဲ အနစ်နာခံတတ်သူဖြစ်ပါစေ။တန်ဖိုးထားခြင်းလုံးဝမခံရတဲ့ ပတ်ဝန်းကျင်မှာတော့ ပျော်ကြမှာ မဟုတ်ပါဘူး။ အနစ်နာခံရတာပဲ ပျော်တယ်ဆိုရင်တော့ မတားပါဘူး။ လူသားပီပီ အတ္တနည်းနည်းရောချင်တယ်ဆိုရင်တော့ သင့်ကို တန်ဖိုးထားသူတွေနဲ့ဘဝကို ဖြတ်သန်းပါ။

မိမိတတ်ချင်တဲ့ ပညာရပ်တွေကို ရှာဖွေနေတယ်ဆိုရင်တော့ ဆရာတစ်ဦးချင်းဆီအနီးကပ်သင်ပေးတဲ့ sayar.com.mm ထဲမှ ၎င်း link (https://www.sayar.com.mm/subjects.html ) ထဲကိုဝင်ပြီး မိမိတတ်မြောက်ချင်တဲ့ ပညာရပ်များကိုရှာဖွေပြီး သင်ယူနိုင်ပါတယ်။

Credit မိုးရှင်း (I.M.T)

Read times Last modified on Wednesday, 08 January 2020 17:31
Rate this articles
(0 votes)