×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 10 December 2019

သားရွင္တို႔အတြက္သားေယာက်္ားေလးမ်ားကို ျပဳစုပ်ဳိးေထာင္နည္းမ်ား

သားရွင္တို႔အတြက္သားေယာက်္ားေလးမ်ားကို ျပဳစုပ်ဳိးေထာင္နည္းမ်ား google

လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ သားလေးတွေကိုကြည့်ပြီး သူတို့ရဲ့ မိဘ အုပ်ထိန်းသူတွေ ဘယ်လိုများ ပြုစုပျိုး ထောင်လိုက်ပါလိမ့်ဆိုပြီး အတုယူချင်စိတ် ဖြစ်ပေါ်မိပါသလား။

ကိုယ့်သားလေးတွေ ကြီး ပြင်းအရွယ်ရောက်လာချိန်မှာ ထူးချွန်ထက်မြက်အောင်မြင်သူတွေ ဖြစ်စေချင်ပါသလား။ ကလေးတစ်ယောက် ထူးချွန်ထက် မြက်ပြီး လိမ္မာတဲ့ လူကြီးလူကောင်း ဖြစ်လာဖို့ မိဘအုပ်ထိန်းသူတွေပေါ်မှာလည်း မူတည် နေပါတယ်။ အထူးသဖြင့် သားယောကျ်ား လေးတွေကို မွေးထားတဲ့ သားရှင်မိဘတွေ ဟာ ကိုယ့်သားလေးတွေ လမ်းမှားမရောက် စေဖို့နဲ့ လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက် တဲ့ လူကြီးလူကောင်းတွေ ဖြစ်လာစေဖို့ ပျိုးထောင်ပေးသင့်တဲ့ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေရန် သင်ပေးခြင်း

သားလေးတွေ ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ အိမ်မှာ မိဘတွေက သင်ကြားပေးခဲ့တဲ့ ကလေးတွေဟာ အရွယ်ရောက် လာတဲ့အခါ အောင်မြင်ကြကြောင်း တွေ့ရှိရ တယ်လို့ လေ့လာသိရှိရပါတယ်။ အိမ်မှာ သင့် သားလေးနဲ့ စကားပြောတဲ့အခါ ''ဘာလဲ''၊ ''အင်း'' စတဲ့ တိုတောင်းတဲ့ စကားတွေနဲ့ မပြောဘဲ သင့်သားလေး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လာအောင် စိတ်ရှည်ရှည်ထားပြီး ပြောပေးဖို့ လိုပါတယ်။ သူ စကားပြောတဲ့ အခါ ဖြစ်နိုင်ရင် အချိန်ပေးပြီး နားထောင်ပေးသင့်ပါတယ်။ အဲဒီအခါ သင့်သားလေးက ကျောင်းမှာ တခြားကလေးတွေနဲ့ ညှိနှိုင်းနေထိုင်တတ်ပြီး မျှဝေတတ်သူတွေ ဖြစ်လာပါလိမ့်မယ်။

(၂) အရွယ်အလိုက် သင်ပေးခြင်း

သင့်သားလေးကို အရွယ်အလိုက် လိင်ကျန်းမာရေး၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက် စတာတွေနဲ့ ပတ်သက်တဲ့ သိသင့် သိထိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြ ထားဖို့ လိုပါတယ်။ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက် စတာတွေ သုံးစွဲခြင်းရဲ့ ဆိုးကျိုး ဆိုး ပြစ်တွေကို ငယ်ငယ်ကတည်းက ပြောပြထား သင့်သလို မိဘကိုယ်တိုင်လည်း ရှောင်ရှားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အုပ်ထိန်းသူ တွေဟာ သားယောကျ်ားလေးတွေကို အရက်၊ ဆေးလိပ် စတာတွေကို ဝယ်ခိုင်းတာမျိုး၊ အရက်ခွက်ငှဲ့ခိုင်းတာမျိုး လုံး၀ မလုပ်သင့်ပါ။ အရက်သောက်တတ်ရင်တောင် သားတွေ ရှေ့မှာ ဘယ်တော့မှ သောက်မပြပါနဲ့။ အများအားဖြင့် မိဘတွေက ကလေးတွေ ကို လိင်ကျန်းမာရေး ပညာပေးတဲ့အခါ စိတ် မသက်မသာ ဖြစ်လေ့ရှိသလို သားလေးက ငယ်သေးတယ်လို့ ထင်နေတတ်ကြပါတယ်။ သူ့အရွယ်အလိုက် ယောကျ်ားလေးနဲ့ မိန်းက လေး ခန္ဓာဗေဒဖွဲ့စည်းပုံ မတူညီတဲ့အ ကြောင်း၊ လိင်အင်္ဂါကို ဘယ်လို သန့်ရှင်းရေး လုပ်ပေးသင့်တဲ့ အကြောင်း စတာတွေက စလို့ မျိုးဆက်ပွားကျန်းမာရေးပညာပေးဖို့ မတွန့် ဆုတ်ပါနဲ့။

(၃) ရည်မှန်းချက်မြင့်မြင့် ထားပေးခြင်း

မြန်မာလူမျိုး လူကြီးသူမတွေဟာ သမီးတွေထက် သားတွေကို ပညာရေးမှာ ပိုထူးချွန်စေချင်ကြပါတယ်။ သားရှင်တွေဆိုရင် ပညာရေးဆုံးခန်းတိုင်ရောက်ပြီး ထူးချွန် ထက်မြက်လာစေဖို့ အစွမ်းကုန် ပံ့ပိုးပေးဖို့ ရည်မှန်းချက် ရှိကြပါတယ်။ အဲဒီလို ရည် မှန်းထားကြောင်းနဲ့ သားတွေအတွက် ပညာ ရေးစရိတ်ကို ကြိုတင်စုဆောင်းထားကြောင်း သားသမီးတွေကို ပြောပြပေးပါ။ အဲဒီအခါ သားရှင်တွေအနေနဲ့ သူတို့ကိုယ်ကိုယ်ရော မိဘတွေအပေါ်ပါ ယုံကြည်မှု ပိုရှိလာပြီး အနာဂတ်လမ်းကြောင်းကို ပုံဖော်ရင်း အောင် မြင်ရေးပန်းတိုင်ကို ငယ်စဉ်ကတည်းက ဦးတည် လျှောက်လှမ်းတတ်ကြပါတယ်။

(၄) မိခင်က အလုပ်အကိုင်ရှိခြင်း

အလုပ်လုပ်တဲ့မိခင်ဟာ သားတွေရဲ့ အရေးကိစ္စတချို့မှာ လစ်ဟင်းတာမျိုး ရှိ ကောင်းရှိပေမယ့် ကလေးတွေ ကျောင်းတက် တဲ့ အရွယ်ကစပြီး မိခင်မအားလပ်မှန်း သိတဲ့ အတွက် သားတွေဟာ သူတို့ကိုယ်သူတို့ ပိုမို ထိန်းကျောင်းတာဝန်ယူနိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။အလုပ်လုပ်တဲ့ မိခင် တွေက သားတွေကို ပိုမို ကိုင်တွယ်ထိန်း ကျောင်းတတ်သလို သားတွေကလည်း အ များအားဖြင့် ကိုယ့်အားကို ကိုးတတ်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အကြောင်း ကတော့ မိခင်တွေက သားတွေရဲ့ ကိစ္စတွေ မှာ နေရာတကာ ဝင်မပါနိုင်တဲ့အတွက် သား တွေရဲ့ လုပ်ဆောင်နိုင်စွမ်းရည် မြင့်တက်လာ ရတာ ဖြစ်တယ်လို့ သုတေသီတွေက ထောက် ပြထားပါတယ်။

(၅) မိသားစု ပျော်ရွှင်ရင်းနှီးချစ်ခင်စွာ နေထိုင်ခြင်း

အလုပ်မှာဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ မိသားစုမှာ ဖြစ်ဖြစ် စိတ်ဖိစီး မှုနည်းနိုင်သမျှ နည်းအောင်ထားပြီး အောင် မြင်ပျော်ရွှင်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မိဘတွေဟာ သားတွေကို မိသားစုအပေါ် ချစ် ခင်မြတ်နိုးတန်ဖိုးထားတတ်အောင် ဖန်တီး နိုင်ကြပါတယ်။ သားလေးတွေနဲ့အတူ အိမ်စာ လုပ်တာ၊ သားလေးတွေကို ပျော်ပွဲစားခရီးတို လိုက်ပို့တာ၊ ကစားကွင်း လိုက်ပို့တာတို့ လုပ် ဆောင်ပေးတဲ့အခါ သားတွေက မိသားစုကို ပိုချစ်ခင်တွယ်တာပြီး ပျော်ရွှင်ဖွယ်ကောင်း တဲ့ မိသားစုအမှတ်တရအောက်မေ့ဖွယ် ဖြစ် ရပ်တွေကိုလည်း အမြဲ သတိရကြည်နူးနေမှာပါ။

(၆) ယုံကြည်မှုရှိစေရန် တည်ဆောက်ပေးခြင်း

သားတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ပေးမယ်ဆိုတဲ့ ယုံ ကြည်ချက်မျိုး မိဘမှာ ရှိနေသင့်ပါတယ်။ အ ထူးသဖြင့် တခြားသူတွေအပေါ် မျှဝေပေး တတ်၊ ကူညီပေးတတ်၊ ပံ့ပိုးပေးတတ်တဲ့ သူ တွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေး စားစိတ် အကောင်းဆုံး ရှိတတ်ကြပါတယ်။ ဒါကြောင့် သားလေးတွေကို တစ်ပါးသူအပေါ် မျှဝေစာနာနားလည်မှု ထားတတ်အောင် သင်ပြပေးပါ။

(၇) အမြဲတမ်း ပရိတ်သတ်အဖြစ် ရပ်တည်ပေးခြင်း

သင့်သားတွေအတွက် ထာဝရ ပရိတ် သတ်ဟာ မိဘတွေဆိုတာ သူတို့ သိနားလည် နေပါစေ။ သူတို့ အောင်မြင်မှုအတွက် လက် ခုပ်တီးပြီး ဝမ်းသာပေမယ့် မိဘရှိနေရင် သား တွေအတွက် ကြိုးစားချင်စိတ် ပိုရှိတတ်ပါ တယ်။ ဆယ်ကျော်သက်အရွယ်ရောက်လာ တဲ့အခါ ဖိအားများလာတတ်တဲ့အတွက် သား တွေ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင် သည်ဖြစ်စေ သူတို့အတွက် အမြဲရပ်တည် ပေးနေမယ်ဆိုတာ သိနားလည်ပါစေ။

(၈) တာဝန်ပေးအပ်ခြင်း

သားတွေကို ငယ်စဉ်ကစပြီး အရွယ်အလိုက် တာဝန်ယူတတ်အောင်၊ တာဝန်ယူချင်စိတ်ရှိအောင်နဲ့ တာဝန်ကျေပွန်စွာ ထမ်း ဆောင်တတ်အောင် လေ့ကျင့်ပေးပါ။ ကလေး တွေအတွက် ပင်ပန်းမှာစိုးလို့ ကိုယ်က အမြန် လုပ်ပေးလိုက်ပေမယ့် ကြာရင် အကျင့်ပါ သွားပြီး သင့်သားတွေ လူပေါ်ကြော့တွေ ဖြစ် သွားနိုင်ပါတယ်။ ဒါကြောင့် သားတွေကို ငယ် စဉ်ကစပြီး အရွယ်အလိုက် လုပ်နိုင်တာတွေ ကို လုပ်ခိုင်းပါ။ တာဝန်ကျေပွန်တဲ့အခါ ချီး ကျူးဂုဏ်ပြုပြီး တာဝန်မကျေတဲ့အခါ ကျေ ပွန်တဲ့အထိ လုပ်ခိုင်းပါ။

(၉) သင့်သားသူငယ်ချင်းများကို ရင်းနှီးစွာ ပေါင်းဖော်ခြင်း

သားတွေကို အုပ်ထိန်းတဲ့အခါ သူ ပေါင်းသင်းနေတဲ့ သူတွေကိုလည်း သိနားလည်ပြီး ရင်းနှီးနေဖို့ လိုပါတယ်။ သားတွေရဲ့ သူငယ် ချင်းတွေ အိမ်အလည်လာတာကို ခွင့်ပြုပါ။ သားတွေရဲ့ သူငယ်ချင်း လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလိပ်စာ စတာတွေကို သေချာမှတ် ထားပြီး ဖြစ်နိုင်ရင် သူတို့ မိဘတွေနဲ့ပါ ခင် ခင်မင်မင် ရှိနေပါစေ။ ဒါဟာ သင့်သားတွေ အကြောင်း သင် သိနိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်သလို သင့်သားတွေ လမ်းမှား မရောက်အောင် ထိန်းကျောင်းနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။

(၁၀) စံပြပုဂ္ဂိုလ်ရှိခြင်း

လေ့လာမှုအရ အောင်မြင်လိမ္မာတဲ့ သား ယောကျ်ားလေးတွေက ငယ်စဉ်မှာ ဖခင် တွေကို စံပြပုဂ္ဂိုလ်အဖြစ် လေးစားချစ်ခင် တတ်ကြတယ်လို့ သိရပါတယ်။ ဖခင်မရှိဘဲ ကြီးပြင်းလာရတဲ့ အမေရိကန် ကောင်လေး ၄၀ ရာခိုင်နှုန်းကျော် အောင်မြင်ထူးချွန်ရတဲ့ အကြောင်းရင်းကို လေ့လာလိုက်တဲ့အခါ သူ တိုမှာ အားကျအတုယူလေးစားရတဲ့ စံပြပုဂ္ဂိုလ် ကိုယ်စီ ရှိနေတယ်လို့ သိခဲ့ရပါတယ်။ ဒါကြောင့် သားတွေကို ငယ်စဉ်ကတည်းက လေးစားအားကျဖွယ်ရာ ပုဂ္ဂိုလ်တွေအ ကြောင်း အိပ်ရာဝင်ချိန်တွေမှာ မကြာခဏ ပြောပြေပေးသင့်ပါတယ်။

မိမိတို့ကလေးငယ်ရှေ့ရေးအတွက် အတတ်ပညာတွေဆည်းပူးသင်ယူနိုင်ဖို့ ဆရာတစ်ဦးချင်းစီသင်ပေးတဲ့ ကျွှနု်ပ်တို့ website ထဲမှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ် (https://www.sayar.com.mm/subjects.html)

 

(ZAWGYI)

လိမၼာေရးျခားရွိၿပီး ထူးခြၽန္ထက္ျမက္တဲ့ သားေလးေတြကိုၾကည့္ၿပီး သူတို႔ရဲ႕ မိဘ အုပ္ထိန္းသူေတြ ဘယ္လိုမ်ား ျပဳစုပ်ဳိး ေထာင္လိုက္ပါလိမ့္ဆိုၿပီး အတုယူခ်င္စိတ္ ျဖစ္ေပၚမိပါသလား။

ကိုယ့္သားေလးေတြ ႀကီး ျပင္းအရြယ္ေရာက္လာခ်ိန္မွာ ထူးခြၽန္ထက္ျမက္ေအာင္ျမင္သူေတြ ျဖစ္ေစခ်င္ပါသလား။ ကေလးတစ္ေယာက္ ထူးခြၽန္ထက္ ျမက္ၿပီး လိမၼာတဲ့ လူႀကီးလူေကာင္း ျဖစ္လာဖို႔ မိဘအုပ္ထိန္းသူေတြေပၚမွာလည္း မူတည္ ေနပါတယ္။ အထူးသျဖင့္ သားေယာက်္ား ေလးေတြကို ေမြးထားတဲ့ သားရွင္မိဘေတြ ဟာ ကိုယ့္သားေလးေတြ လမ္းမွားမေရာက္ ေစဖို႔နဲ႔ လိမၼာေရးျခားရွိၿပီး ထူးခြၽန္ထက္ျမက္ တဲ့ လူႀကီးလူေကာင္းေတြ ျဖစ္လာေစဖို႔ ပ်ဳိးေထာင္ေပးသင့္တဲ့ နည္းလမ္းတခ်ဳိ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ေစရန္ သင္ေပးျခင္း

သားေလးေတြ ေပါင္းသင္းဆက္ဆံေရး ေကာင္းေစဖို႔ အိမ္မွာ မိဘေတြက သင္ၾကားေပးခဲ့တဲ့ ကေလးေတြဟာ အရြယ္ေရာက္ လာတဲ့အခါ ေအာင္ျမင္ၾကေၾကာင္း ေတြ႕ရွိရ တယ္လို႔ ေလ့လာသိရွိရပါတယ္။ အိမ္မွာ သင့္ သားေလးနဲ႔ စကားေျပာတဲ့အခါ ''ဘာလဲ''၊ ''အင္း'' စတဲ့ တိုေတာင္းတဲ့ စကားေတြနဲ႔ မေျပာဘဲ သင့္သားေလး ပြင့္ပြင့္လင္းလင္း ေျပာဆိုတတ္လာေအာင္ စိတ္ရွည္ရွည္ထားၿပီး ေျပာေပးဖို႔ လိုပါတယ္။ သူ စကားေျပာတဲ့ အခါ ျဖစ္ႏိုင္ရင္ အခ်ိန္ေပးၿပီး နားေထာင္ေပးသင့္ပါတယ္။ အဲဒီအခါ သင့္သားေလးက ေက်ာင္းမွာ တျခားကေလးေတြနဲ႕ ညႇိႏႈိင္းေနထိုင္တတ္ၿပီး မွ်ေ၀တတ္သူေတြ ျဖစ္လာပါလိမ့္မယ္။

 

(၂) အရြယ္အလိုက္ သင္ေပးျခင္း

သင့္သားေလးကို အရြယ္အလိုက္ လိင္က်န္းမာေရး၊ မူးယစ္ေဆး၀ါး၊ ေဆးလိပ္၊ အရက္ စတာေတြနဲ႔ ပတ္သက္တဲ့ သိသင့္ သိထိုက္တာေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပ ထားဖို႔ လိုပါတယ္။ မူးယစ္ေဆး၀ါး၊ ေဆးလိပ္၊ အရက္ စတာေတြ သံုးစြဲျခင္းရဲ႕ ဆိုးက်ဳိး ဆိုး ျပစ္ေတြကို ငယ္ငယ္ကတည္းက ေျပာျပထား သင့္သလို မိဘကိုယ္တိုင္လည္း ေရွာင္ရွားဖို႔ လိုအပ္ပါတယ္။ အထူးသျဖင့္ အုပ္ထိန္းသူ ေတြဟာ သားေယာက်္ားေလးေတြကို အရက္၊ ေဆးလိပ္ စတာေတြကို ၀ယ္ခိုင္းတာမ်ဳိး၊ အရက္ခြက္ငွဲ႔ခိုင္းတာမ်ဳိး လံုး၀ မလုပ္သင့္ပါ။ အရက္ေသာက္တတ္ရင္ေတာင္ သားေတြ ေရွ႕မွာ ဘယ္ေတာ့မွ ေသာက္မျပပါနဲ႔။ အမ်ားအားျဖင့္ မိဘေတြက ကေလးေတြ ကို လိင္က်န္းမာေရး ပညာေပးတဲ့အခါ စိတ္ မသက္မသာ ျဖစ္ေလ့ရွိသလို သားေလးက ငယ္ေသးတယ္လို႔ ထင္ေနတတ္ၾကပါတယ္။ သူ႔အရြယ္အလိုက္ ေယာက်္ားေလးနဲ႔ မိန္းက ေလး ခႏၶာေဗဒဖြဲ႕စည္းပံု မတူညီတဲ့အ ေၾကာင္း၊ လိင္အဂၤါကို ဘယ္လို သန္႔ရွင္းေရး လုပ္ေပးသင့္တဲ့ အေၾကာင္း စတာေတြက စလို႔ မ်ဳိးဆက္ပြားက်န္းမာေရးပညာေပးဖို႔ မတြန္႔ ဆုတ္ပါနဲ႔။

 

(၃) ရည္မွန္းခ်က္ျမင့္ျမင့္ ထားေပးျခင္း

ျမန္မာလူမ်ဳိး လူႀကီးသူမေတြဟာ သမီးေတြထက္ သားေတြကို ပညာေရးမွာ ပိုထူးခြၽန္ေစခ်င္ၾကပါတယ္။ သားရွင္ေတြဆိုရင္ ပညာေရးဆံုးခန္းတိုင္ေရာက္ၿပီး ထူးခြၽန္ ထက္ျမက္လာေစဖို႔ အစြမ္းကုန္ ပံ့ပိုးေပးဖို႔ ရည္မွန္းခ်က္ ရွိၾကပါတယ္။ အဲဒီလို ရည္ မွန္းထားေၾကာင္းနဲ႔ သားေတြအတြက္ ပညာ ေရးစရိတ္ကို ႀကိဳတင္စုေဆာင္းထားေၾကာင္း သားသမီးေတြကို ေျပာျပေပးပါ။ အဲဒီအခါ သားရွင္ေတြအေနနဲ႕ သူတို႔ကုိယ္ကိုယ္ေရာ မိဘေတြအေပၚပါ ယံုၾကည္မႈ ပိုရွိလာၿပီး အနာဂတ္လမ္းေၾကာင္းကို ပံုေဖာ္ရင္း ေအာင္ ျမင္ေရးပန္းတိုင္ကို ငယ္စဥ္ကတည္းက ဦးတည္ ေလွ်ာက္လွမ္းတတ္ၾကပါတယ္။

 

(၄) မိခင္က အလုပ္အကိုင္ရွိျခင္း

အလုပ္လုပ္တဲ့မိခင္ဟာ သားေတြရဲ႕ အေရးကိစၥတခ်ဳိ႕မွာ လစ္ဟင္းတာမ်ဳိး ရွိ ေကာင္းရွိေပမယ့္ ကေလးေတြ ေက်ာင္းတက္ တဲ့ အရြယ္ကစၿပီး မိခင္မအားလပ္မွန္း သိတဲ့ အတြက္ သားေတြဟာ သူတို႔ကိုယ္သူတို႔ ပိုမို ထိန္းေက်ာင္းတာ၀န္ယူႏိုင္တယ္လို႔ ေလ့လာ သူေတြက ဆိုပါတယ္။အလုပ္လုပ္တဲ့ မိခင္ ေတြက သားေတြကို ပိုမို ကိုင္တြယ္ထိန္း ေက်ာင္းတတ္သလို သားေတြကလည္း အ မ်ားအားျဖင့္ ကုိယ့္အားကို ကိုးတတ္တယ္လို႔ ေလ့လာမႈတစ္ခုက ဆိုပါတယ္။ အေၾကာင္း ကေတာ့ မိခင္ေတြက သားေတြရဲ႕ ကိစၥေတြ မွာ ေနရာတကာ ၀င္မပါႏိုင္တဲ့အတြက္ သား ေတြရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းရည္ ျမင့္တက္လာ ရတာ ျဖစ္တယ္လို႔ သုေတသီေတြက ေထာက္ ျပထားပါတယ္။

 

(၅) မိသားစု ေပ်ာ္ရႊင္ရင္းႏွီးခ်စ္ခင္စြာ ေနထုိင္ျခင္း

အလုပ္မွာျဖစ္ျဖစ္၊ လူမႈပတ္၀န္းက်င္မွာျဖစ္ျဖစ္၊ မိသားစုမွာ ျဖစ္ျဖစ္ စိတ္ဖိစီး မႈနည္းႏိုင္သမွ် နည္းေအာင္ထားၿပီး ေအာင္ ျမင္ေပ်ာ္ရႊင္ေအာင္ ကိုင္တြယ္ေျဖရွင္းႏိုင္တဲ့ မိဘေတြဟာ သားေတြကို မိသားစုအေပၚ ခ်စ္ ခင္ျမတ္ႏိုးတန္ဖိုးထားတတ္ေအာင္ ဖန္တီး ႏိုင္ၾကပါတယ္။ သားေလးေတြနဲ႔အတူ အိမ္စာ လုပ္တာ၊ သားေလးေတြကို ေပ်ာ္ပြဲစားခရီးတို လိုက္ပို႔တာ၊ ကစားကြင္း လိုက္ပို႔တာတို႔ လုပ္ ေဆာင္ေပးတဲ့အခါ သားေတြက မိသားစုကို ပိုခ်စ္ခင္တြယ္တာၿပီး ေပ်ာ္ရႊင္ဖြယ္ေကာင္း တဲ့ မိသားစုအမွတ္တရေအာက္ေမ့ဖြယ္ ျဖစ္ ရပ္ေတြကိုလည္း အၿမဲ သတိရၾကည္ႏူးေနမွာပါ။

 

(၆) ယံုၾကည္မႈရွိေစရန္ တည္ေဆာက္ေပးျခင္း

သားေတြကို ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိေအာင္ တည္ေဆာက္ေပးမယ္ဆိုတဲ့ ယံု ၾကည္ခ်က္မ်ဳိး မိဘမွာ ရွိေနသင့္ပါတယ္။ အ ထူးသျဖင့္ တျခားသူေတြအေပၚ မွ်ေ၀ေပး တတ္၊ ကူညီေပးတတ္၊ ပံ့ပိုးေပးတတ္တဲ့ သူ ေတြက ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈနဲ႔ ေလး စားစိတ္ အေကာင္းဆံုး ရွိတတ္ၾကပါတယ္။ ဒါေၾကာင့္ သားေလးေတြကို တစ္ပါးသူအေပၚ မွ်ေ၀စာနာနားလည္မႈ ထားတတ္ေအာင္ သင္ျပေပးပါ။

 

(၇) အၿမဲတမ္း ပရိတ္သတ္အျဖစ္ ရပ္တည္ေပးျခင္း

သင့္သားေတြအတြက္ ထာ၀ရ ပရိတ္ သတ္ဟာ မိဘေတြဆိုတာ သူတို႔ သိနားလည္ ေနပါေစ။ သူတို႔ ေအာင္ျမင္မႈအတြက္ လက္ ခုပ္တီးၿပီး ၀မ္းသာေပမယ့္ မိဘရွိေနရင္ သား ေတြအတြက္ ႀကိဳးစားခ်င္စိတ္ ပိုရွိတတ္ပါ တယ္။ ဆယ္ေက်ာ္သက္အရြယ္ေရာက္လာ တဲ့အခါ ဖိအားမ်ားလာတတ္တဲ့အတြက္ သား ေတြ ေအာင္ျမင္သည္ျဖစ္ေစ၊ မေအာင္ျမင္ သည္ျဖစ္ေစ သူတို႔အတြက္ အၿမဲရပ္တည္ ေပးေနမယ္ဆိုတာ သိနားလည္ပါေစ။

 

(၈) တာ၀န္ေပးအပ္ျခင္း

သားေတြကို ငယ္စဥ္ကစၿပီး အရြယ္အလိုက္ တာ၀န္ယူတတ္ေအာင္၊ တာ၀န္ယူခ်င္စိတ္ရွိေအာင္နဲ႔ တာ၀န္ေက်ပြန္စြာ ထမ္း ေဆာင္တတ္ေအာင္ ေလ့က်င့္ေပးပါ။ ကေလး ေတြအတြက္ ပင္ပန္းမွာစိုးလို႔ ကိုယ္က အျမန္ လုပ္ေပးလိုက္ေပမယ့္ ၾကာရင္ အက်င့္ပါ သြားၿပီး သင့္သားေတြ လူေပၚေၾကာ့ေတြ ျဖစ္ သြားႏိုင္ပါတယ္။ ဒါေၾကာင့္ သားေတြကို ငယ္ စဥ္ကစၿပီး အရြယ္အလိုက္ လုပ္ႏိုင္တာေတြ ကို လုပ္ခိုင္းပါ။ တာ၀န္ေက်ပြန္တဲ့အခါ ခ်ီး က်ဴးဂုဏ္ျပဳၿပီး တာ၀န္မေက်တဲ့အခါ ေက် ပြန္တဲ့အထိ လုပ္ခိုင္းပါ။

 

(၉) သင့္သားသူငယ္ခ်င္းမ်ားကို ရင္းႏွီးစြာ ေပါင္းေဖာ္ျခင္း

သားေတြကို အုပ္ထိန္းတဲ့အခါ သူ ေပါင္းသင္းေနတဲ့ သူေတြကုိလည္း သိနားလည္ၿပီး ရင္းႏွီးေနဖို႔ လိုပါတယ္။ သားေတြရဲ႕ သူငယ္ ခ်င္းေတြ အိမ္အလည္လာတာကို ခြင့္ျပဳပါ။ သားေတြရဲ႕ သူငယ္ခ်င္း လိပ္စာ၊ ဖုန္းနံပါတ္၊ အီးေမးလိပ္စာ စတာေတြကို ေသခ်ာမွတ္ ထားၿပီး ျဖစ္ႏိုင္ရင္ သူတို႔ မိဘေတြနဲ႔ပါ ခင္ ခင္မင္မင္ ရွိေနပါေစ။ ဒါဟာ သင့္သားေတြ အေၾကာင္း သင္ သိႏိုင္တဲ့ အေကာင္းဆံုး နည္းလမ္းျဖစ္သလို သင့္သားေတြ လမ္းမွား မေရာက္ေအာင္ ထိန္းေက်ာင္းႏိုင္မယ့္ နည္းလမ္း ျဖစ္ပါတယ္။

 

(၁၀) စံျပပုဂၢိဳလ္ရွိျခင္း 

ေလ့လာမႈအရ ေအာင္ျမင္လိမၼာတဲ့ သား ေယာက်္ားေလးေတြက ငယ္စဥ္မွာ ဖခင္ ေတြကို စံျပပုဂၢဳိလ္အျဖစ္ ေလးစားခ်စ္ခင္ တတ္ၾကတယ္လို႔ သိရပါတယ္။ ဖခင္မရွိဘဲ ႀကီးျပင္းလာရတဲ့ အေမရိကန္ ေကာင္ေလး ၄၀ ရာခိုင္ႏႈန္းေက်ာ္ ေအာင္ျမင္ထူးခြၽန္ရတဲ့ အေၾကာင္းရင္းကို ေလ့လာလိုက္တဲ့အခါ သူ တိုမွာ အားက်အတုယူေလးစားရတဲ့ စံျပပုဂၢဳိလ္ ကိုယ္စီ ရွိေနတယ္လို႔ သိခဲ့ရပါတယ္။ ဒါေၾကာင့္ သားေတြကို ငယ္စဥ္ကတည္းက ေလးစားအားက်ဖြယ္ရာ ပုဂၢဳိလ္ေတြအ ေၾကာင္း အိပ္ရာ၀င္ခ်ိန္ေတြမွာ မၾကာခဏ ေျပာေျပေပးသင့္ပါတယ္။

 

မိမိတုိ႔ကေလးငယ္ေရွ႕ေရးအတြက္ အတတ္ပညာေတြဆည္းပူးသင္ယူႏုိင္ဖုိ႔ ဆရာတစ္ဦးခ်င္းစီသင္ေပးတဲ့ ကၽႊႏု္ပ္တုိ႔ website ထဲမွာ ဝင္ေရာက္ရွာေဖြႏုိင္ပါတယ္ (https://www.sayar.com.mm/subjects.html)

 

sayar.com.mm

Read times Last modified on Monday, 30 December 2019 17:01
Rate this articles
(0 votes)