×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 20 March 2020

Coronavirus ဘာကြောင့်ကူးစက်နိုင်သလဲ ၊ ဘယ်လိုကာကွယ်သင့်လဲ

Coronavirus ဘာကြောင့်ကူးစက်နိုင်သလဲ ၊ ဘယ်လိုကာကွယ်သင့်လဲ google

Coronavirus ဘာကြောင့်ကူးစက်နိုင်သလဲ ၊ ဘယ်လိုကာကွယ်သင့်လဲ

အခုဆိုရင် coronavirus (ခ) covid -19ရောဂါဟာကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံပိုင်း ၁၅၀ ကျော်ကိုကူးစက်ပြန့်ပွားလျက်ရှိပါတယ်။

သေဆုံးသူဦးရေဟာလဲအခုချိန်ထိ ဆိုရင် ၇၀၀၀ ကျော်ရှိပြီး ပြန်လည်ကျန်းမာလာသူတွေလဲရှိပါတယ်။ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပမ် နေယုံနဲ့မပြီးပါဘူး ။ ဒါကြောင့် ရောဂါမကူးစက်စေရန် မိမိတို့ကိုယ်မမေ့မလျော့မပေါ့ဆပဲ တစ်ကိုယ်ရည်သန့်ရှင်း မှုပြုလုပ်ရန်လိုအပ်ပါတယ်။


ဘယ်လိုကူးစက်နိုင်လဲ


coronavirus သည်များသောအားဖြင့် ရောဂါ ရှိနေသူထံမှ နှာခြေ ခြင်း ၊ ချောင်းဆိုးခြင်း စတဲ့အသက်ရှူလမ်းကြောင်း ကနေတဆင့်ကူးစက်နိုင်သလို အရာဝတ္ထုပစ္စည်းများမှလဲတစ်ဆင့် ကူးစက်နိုင်ပါတယ်။ CDC ရဲ့အထောက်အထားများအရ virus သည်အရာဝတ္ထု နှင့် အဝတ်အစားများပေါ်တွင်နာရီပေါင်းများစွာရှင်သန်နိုင် သည်ဟုဖော်ပြထားပါတယ်။ အနည်းဆုံး ၃ နာရီ ကနေ နှစ်ရက်သုံးရောက်လောက်ထိ ရှင်သန်နိုင်ပါတယ်။ ကိုယ်ခံအား နည်းသောသူများ၊ အသက်ကြီးပိုင်းများနှင့်အရမ်းငယ်သေးတဲ့ သူများပိုပြီးသတိထားသင့်ပါတယ်။ ထိုသူများကူးစက်ခံရပါကရောဂါလက္ခဏာ ပို၍ပြင်းထန်နိုင်ပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ

သတိမမေ့ပဲလက်ကိုဆပ်ပြာ ရေတို့ ဖြင့်ဆေးကြောခြင်းက အခုချိန်မှာတကယ်ကိလိုအပ်ပါတယ်။ လက်မဆေးပဲ မျက်နှာ ၊မျက်လုံး၊ နှာခေါင်း၊ ပါးစပ် များကိုထိတွေ့ခြင်းကို ရှောင်ပါ။ အကောင်းဆုံး ကတော့မျက်နှာ ကိုခဏခဏမကိုင်မိ အောင်ထိန်းချင်းကအကောင်းဆုံးပါပဲ။ မလိုအပ်ပဲလူစုလူဝေး နေရာတွေသွားခြင်းကို ရှောင်ကြဉ်ပါ။ အပြင်မှပြန်လာသည့်အခါ မိမိရဲ့လက်ကို စက္ကန့် ၂၀ မှ ၃၀ လောက်ထိ ဆေးကြောပေးပါ။ အပြင်သွားရင် mask တပ်သွားဖြင့်ကိုယ့်ကိုယ်ကို ကာကွယ်ပါ။ ဝတ်ပြီးသားအဝတ်စားတွေကိုလဲအိမ်ရောက်တာနဲ့ ချက်ချင်းလျှော်ပေးပါ။

ရောဂါကူးစက်နိုင်တဲ့လက္ခဏာတွေကဘာလဲ

ရောဂါကူးစက်နိုင်တဲ့လက္ခဏာတွေကတော့ အဖျားကြီးခြင်း ၊ ချောင်းဆိုး ၊ လည်ချောင်းနာ ၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
သေဆုံးရတဲ့ အဓိကအကြောင်းအရင်းကတော့ နူမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါကြောင့်ပါ ။

(Zaw gyi)

sayar

Coronavirus ဘာေၾကာင့္ကူးစက္ႏိုင္သလဲ ၊ ဘယ္လိုကာကြယ္သင့္လဲ

အခုဆိုရင္ coronavirus (ခ) covid -19ေရာဂါဟာကမာၻ႔အခ်မ္းသာဆုံးႏိုင္ငံမ်ားအျပင္ ကမာၻ႔ႏိုင္ငံပိုင္း ၁၅၀ ေက်ာ္ကိုကူးစက္ျပန႔္ပြားလ်က္ရွိပါတယ္။ ေသဆုံးသူဦးေရဟာလဲအခုခ်ိန္ထိ ဆိုရင္ ၇၀၀၀ ေက်ာ္ရွိၿပီး ျပန္လည္က်န္းမာလာသူေတြလဲရွိပါတယ္။ ျပည္သူေတြအေနနဲ႔ စိုးရိမ္ပူပမ္ ေနယုံနဲ႔မၿပီးပါဘူး ။ ဒါေၾကာင့္ ေရာဂါမကူးစက္ေစရန္ မိမိတို႔ကိုယ္မေမ့မေလ်ာ့မေပါ့ဆပဲ တစ္ကိုယ္ရည္သန႔္ရွင္း မႈျပဳလုပ္ရန္လိုအပ္ပါတယ္။


ဘယ္လိုကူးစက္ႏိုင္လဲ


coronavirus သည္မ်ားေသာအားျဖင့္ ေရာဂါ ရွိေနသူထံမွ ႏွာေျခ ျခင္း ၊ ေခ်ာင္းဆိုးျခင္း စတဲ့အသက္ရႉလမ္းေၾကာင္း ကေနတဆင့္ကူးစက္ႏိုင္သလို အရာဝတၳဳပစၥည္းမ်ားမွလဲတစ္ဆင့္ ကူးစက္ႏိုင္ပါတယ္။ CDC ရဲ႕အေထာက္အထားမ်ားအရ virus သည္အရာဝတၳဳ ႏွင့္ အဝတ္အစားမ်ားေပၚတြင္နာရီေပါင္းမ်ားစြာရွင္သန္ႏိုင္ သည္ဟုေဖာ္ျပထားပါတယ္။ အနည္းဆုံး ၃ နာရီ ကေန ႏွစ္ရက္သုံးေရာက္ေလာက္ထိ ရွင္သန္ႏိုင္ပါတယ္။ ကိုယ္ခံအား နည္းေသာသူမ်ား၊ အသက္ႀကီးပိုင္းမ်ားႏွင့္အရမ္းငယ္ေသးတဲ့ သူမ်ားပိုၿပီးသတိထားသင့္ပါတယ္။ ထိုသူမ်ားကူးစက္ခံရပါကေရာဂါလကၡဏာ ပို၍ျပင္းထန္ႏိုင္ပါတယ္။

ဘယ္လိုကာကြယ္ႏိုင္မလဲ

သတိမေမ့ပဲလက္ကိုဆပ္ျပာ ေရတို႔ ျဖင့္ေဆးေၾကာျခင္းက အခုခ်ိန္မွာတကယ္ကိလိုအပ္ပါတယ္။ လက္မေဆးပဲ မ်က္ႏွာ ၊မ်က္လုံး၊ ႏွာေခါင္း၊ ပါးစပ္ မ်ားကိုထိေတြ႕ျခင္းကို ေရွာင္ပါ။ အေကာင္းဆုံး ကေတာ့မ်က္ႏွာ ကိုခဏခဏမကိုင္မိ ေအာင္ထိန္းခ်င္းကအေကာင္းဆုံးပါပဲ။ မလိုအပ္ပဲလူစုလူေဝး ေနရာေတြသြားျခင္းကို ေရွာင္ၾကဥ္ပါ။ အျပင္မွျပန္လာသည့္အခါ မိမိရဲ႕လက္ကို စကၠန႔္ ၂၀ မွ ၃၀ ေလာက္ထိ ေဆးေၾကာေပးပါ။ အျပင္သြားရင္ mask တပ္သြားျဖင့္ကိုယ့္ကိုယ္ကို ကာကြယ္ပါ။ ဝတ္ၿပီးသားအဝတ္စားေတြကိုလဲအိမ္ေရာက္တာနဲ႔ ခ်က္ခ်င္းေလွ်ာ္ေပးပါ။

ေရာဂါကူးစက္ႏိုင္တဲ့လကၡဏာေတြကဘာလဲ

ေရာဂါကူးစက္ႏိုင္တဲ့လကၡဏာေတြကေတာ့ အဖ်ားျကီးျခင္း ၊ ေခ်ာင္းဆိုး ၊ လည္ေခ်ာင္းနာ ၊ ႏွာေစးျခင္း၊ ေခါင္းကိုက္ျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ေမာပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းေတြ ျဖစ္နိုင္ပါတယ္။
ေသဆံုးရတဲ့ အဓိကအေၾကာင္းအရင္းကေတာ႔ နူမိုးနီးယားလို႔ေခၚတဲ့ အဆုတ္ေရာင္ေရာဂါေၾကာင့္ပါ ။

 https://www.sayar.com.mm/

 

 

Read times Last modified on Friday, 20 March 2020 10:41
Rate this articles
(0 votes)