×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 27 April 2020

Generation Gap ကို ညှိလို့ရမည့်နည်းလမ်းတွေ….

Generation Gap ကို ညှိလို့ရမည့်နည်းလမ်းတွေ….

တူညီမှုတွေကို အာရုံစိုက်ပါ။
Generation Gap အကြောင်းကို ဆေးွးနွေးပြီးဖြစ်ပါတယ်။Generation Gap ဆိုတာ မျိုးဆက်တစ်ခုနှင့်တစ်ခုကြား အသက်အရွယ် ကွာခြားမှုကြောင့် အမြင်၊ ခံယူချက်၊ ယုံကြည်မှု၊ စွမ်းရည်၊ အပြောအဆို၊ အမူအရာ စသည်အားဖြင့် မတူညီကွဲပြားခြားနားမှုတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလို အတူညီတဲ့အရာတွေကို အာရုံစိုက်နေရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မတူညီမှုတွေအစား မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားက တူညီမှုတွေကိုပဲ အာရုံစိုက်ပေးမယ်ဆိုရင် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလို တူညီမှုတွေကိုပဲ အာရုံစိုက်ပေးဖို့ဆိုရင် မျိူးဆက်တွေအားလုံးက ပွင့်လင်းမြင်သာမှုရှိစွာနဲ့အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ် ရှိဖို့က အခရာကျတယ်ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။

ဆက်သွယ်ရေးက အရေးကြီးပါတယ်။
သားသမီးနဲ့မိဘတောင်မှ မိဘဘက်က ဘာဖြစ်စေချင်တယ်ဆိုတာကို ထုတ်မပြောပြရင် သားသမီးကမသိနိုင်သလို သားသမီးဘက်ကလည်း ဘယ်လိုခံစားနေရသလဲ ဆိုတာကို ဖွင့်မပြောပြရင် မိဘကလည်း မသိနိုင်ပါဘူး။ ဆိုလိုချင်တာက အရင်းနှီးဆုံးလူသား၊ သွေးသားရင်းချာတွေတောင်မှ ဆက်သွယ်မှုမရှိရင် အဓိပ္ပါယ်ကောက် လွဲမှားတာ၊ အထင်အမြင်လွဲမှားတာမျိူးတွေ ဖြစ်နိုင်ပါတယ်။ လူပေါင်းများစွာရှိတဲ့ လုပ်ငန်းခွင်အတွင်းမှာလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့ ဆက်သွယ်ရေးမျိူးတွေကြောင့် အထင်အမြင် လွဲမှားတာမျိူးတွေဖြစ်ပေါ်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ အခုနောက်ပိုင်းမှာ ကုမ္ပဏီအတွင်း လုပ်ဖော်ကိုင်ဖက်များပူးပေါင်းဆောင်ရွက်လိုစိတ် တိုးတက်စေနိုင်တဲ့ Team-building ဂိမ်းကစားနည်းတွေ၊ CSR လှုပ်ရှားမှုတွေ စတာတွေကို ကုမ္ပဏီအသီးသီးက အလျဉ်းသင့်သလို ဆောင်ရွက်ပေးနေကြ ခြင်းဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း လမ်းညွှန်ပြသပေးခြင်း (Mentoring) ကို အားပေးပါ။
လုပ်ဖော်ကိုင်ဖက် အချင်းချင်း ချောက်တွန်းခြင်း ၊ အပုပ်ချခြ င်း စ တဲ့ မကောင်းတဲ့အမူတွေကို လုပ်ဆောင်တတ်တဲ့သူတွေကို ပတ်ဝန်းကျင်က ပစ်ပယ်ထားခြင်း ခံရတတ်ကြပါတယ်။ ဒီလို မကောင်းတဲ့ အမူအကျင့်တွေအစား လုပ်ဖော်ကိုင်ဖက်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်မသိသေး၊ မတတ်သေးတဲ့အရာတွေကို လမ်းညွှန်ပြသပေးခြင်း၊ အပြန်အလည်ကူညီပေးခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် (win win situation) တစ်ခုကိုရရှိစေနိုင်ပါတယ်။ Generation Gap တွေ ရှိနေတဲ့လုပ်ငန်းခွင်အတွင်းမှာလည်း လူကြီးတွေက လူငယ်တွေကို လက်တွဲခေါ်ယူရင်း၊ လူငယ်တွေကလည်း လူကြီးတွေကိုဖေးမရင်းနဲ့ အပြန်အလည်ဟန်ချက်ညီဖို့က အရေးကြီးလှပါတယ်။

ရှင်းလင်းပြတ်သားသော ရည်မှန်းချက်များချမှတ်ပါ။
ရာထူးတစ်ခုနဲ့တစ်ခု၊ ဌာနတစ်ခုနဲ့တစ်ခု လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ လုပ်ငန်း သဘောသဘာဝများ မတူညီနိုင်ကြသည့်အားလျော်စွာ သက်ဆိုင်ရာဌာနအလိုက်၊ ရာထူးအလိုက် ပြီးမြောက်အောင်မြင်ရမည့် ရည်မှန်းချက်များလည်း ကွဲခြားတတ်ကြပါတယ်။ Millennials တွေက လေ့လာသင်ယူဖို့ကို အမြဲတက်ကြွနေတတ်ကြတဲ့အတွက် သူတို့အတွက် အလုပ်လုပ်ရင်းလေ့လာသင်ယူနိုင်မယ့် အခွင့်အလမ်းမျိူး (သို့မဟုတ်) ရည်မှန်းချက်ချမှတ်ထားရှိ ပေးထားခြင်းအားဖြင့် ပိုမိုအောင်မြင်သော လုပ်ငန်းခွင်တစ်ခု ဖြစ်လာနိုင်ပါတယ်။

 

Generation Gap တွေရှိနေတဲ့ လုပ်ငန်းခွင်ထဲမှာ အထက်ဖော်ပြပါ အချက်တွေကို လေ့ကျင့်လုပ်ဆောင်ခြင်းအားဖြင့် Generation Gap ဆိုတာ ဘာမှန်းတောင်မသိဘဲ အောင်မြင်ပျော်ရွှင်တဲ့ ဒုတိယအိမ်(သို့မဟုတ်) လုပ်ငန်းခွင်လေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါကြောင်း….

 

 

Generation Gap ကို ညွိလို႔ရမည့္နည္းလမ္းေတြ….

တူညီမႈေတြကို အာရုံစိုက္ပါ။
Generation Gap အေၾကာင္းကို ေဆးြးေႏြးၿပီးျဖစ္ပါတယ္။Generation Gap ဆိုတာ မ်ဳိးဆက္တစ္ခုႏွင့္တစ္ခုၾကား အသက္အရြယ္ ကြာျခားမႈေၾကာင့္ အျမင္၊ ခံယူခ်က္၊ ယံုၾကည္မႈ၊ စြမ္းရည္၊ အေျပာအဆို၊ အမူအရာ စသည္အားျဖင့္ မတူညီကြဲျပားျခားနားမႈေ တြကို ဆိုလိုျခင္းျဖစ္ပါတယ္။ ဒီလို အတူညီတဲ့အရာေတြကို အာရံုစိုက္ေနရင္ အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ မတူညီမႈေတြအစား မ်ိဳးဆက္တစ္ခုနဲ႔ တစ္ခုၾကားက တူညီမႈေတြကိုပဲ အာရုံစိုက္ေပးမယ္ဆိုရင္ ရလဒ္ေကာင္းေတြ ထြက္ေပၚလာမွာ ျဖစ္ပါတယ္။ ဒီလို တူညီမႈေတြကိုပဲ အာရုံစိုက္ေပးဖို႔ဆိုရင္ မ်ဴိးဆက္ေတြအားလံုးက ပြင့္လင္းျမင္သာမွုရွိစြာနဲ႔အတူတကြ ပူးေပါင္းပါ၀င္ေဆာင္ရြက္လုိစိတ္ ရိွဖို႔က အခရာက်တယ္ဆိုတာကိုေတာ့ ေမ့ထားလို႔ မရပါဘူး။

 

ဆက္သြယ္ေရးက အေရးႀကီးပါတယ္။
သားသမီးနဲ႔မိဘေတာင္မွ မိဘဘက္က ဘာျဖစ္ေစခ်င္တယ္ဆိုတာကို ထုတ္မေျပာျပရင္ သားသမီးကမသိႏိုင္သလို သားသမီးဘက္ကလည္း ဘယ္လိုခံစားေနရသလဲ ဆိုတာကို ဖြင့္မေျပာျပရင္ မိဘကလည္း မသိႏိုင္ပါဘူး။ ဆိုလိုခ်င္တာက အရင္းႏွီးဆံုးလူသား၊ ေသြးသားရင္းခ်ာေတြေတာင္မွ ဆက္သြယ္မႈမရွိရင္ အဓိပၸါယ္ေကာက္ လြဲမွားတာ၊ အထင္အျမင္လြဲမွားတာမ်ဴိးေတြ ျဖစ္ႏိုင္ပါတယ္။ လူေပါင္းမ်ားစြာရွိတဲ့ လုပ္ငန္းခြင္အတြင္းမွာလည္း ပြင့္လင္းျမင္သာမႈမရွိတဲ့ ဆက္သြယ္ေရးမ်ဴိးေတြေၾကာင့္ အထင္အျမင္ လြဲမွားတာမ်ဴိးေတြျဖစ္ေပၚႏိုင္ပါတယ္။

ဒါေၾကာင့္မို႔လို႔ အခုေနာက္ပိုင္းမွာ ကုမၸဏီအတြင္း လုပ္ေဖာ္ကိုင္ဖက္မ်ားပူးေပါင္းေဆာင္ရြက္လိုစိတ္ တိုးတက္ေစႏိုင္တဲ့ Team-building ဂိမ္းကစားနည္းေတြ၊ CSR လႈပ္ရွားမႈေတြ စတာေတြကို ကုမၸဏီအသီးသီးက အလ်ဥ္းသင့္သလို ေဆာင္ရြက္ေပးေနၾက ျခင္းျဖစ္ပါတယ္။

 

လုပ္ငန္းခြင္အတြင္း လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း လမ္းညႊန္ျပသေပးျခင္း (Mentoring) ကို အားေပးပါ။
လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္း ေခ်ာက္တြန္းျခင္း ၊ အပုပ္ခ်ျခ င္း စ တဲ့ မေကာင္းတဲ့အမူေတြကို လုပ္ေဆာင္တတ္တဲ့သူေတြကို ပတ္၀န္းက်င္က ပစ္ပယ္ထားျခင္း ခံရတတ္ၾကပါတယ္။ ဒီလို မေကာင္းတဲ့ အမူအက်င့္ေတြအစား လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္မသိေသး၊ မတတ္ေသးတဲ့အရာေတြကို လမ္းညႊန္ျပသေပးျခင္း၊ အျပန္အလည္ကူညီေပးျခင္းအားျဖင့္ ႏွစ္ဦးႏွစ္ဖက္ (win win situation) တစ္ခုကိုရရွိေစႏိုင္ပါတယ္။ Generation Gap ေတြ ရွိေနတဲ့လုပ္ငန္းခြင္အတြင္းမွာလည္း လူႀကီးေတြက လူငယ္ေတြကို လက္တြဲေခၚယူရင္း၊ လူငယ္ေတြကလည္း လူႀကီးေတြကိုေဖးမရင္းနဲ႔ အျပန္အလည္ဟန္ခ်က္ညီဖို႔က အေရးႀကီးလွပါတယ္။

 

ရွင္းလင္းျပတ္သားေသာ ရည္မွန္းခ်က္မ်ားခ်မွတ္ပါ။
ရာထူးတစ္ခုနဲ႔တစ္ခု၊ ဌာနတစ္ခုနဲ႔တစ္ခု လုပ္ကိုင္ေဆာင္ရြက္ေနၾကတဲ့ လုပ္ငန္း သေဘာသဘာ၀မ်ား မတူညီႏိုင္ၾကသည့္အားေလ်ာ္စြာ သက္ဆိုင္ရာဌာနအလိုက္၊ ရာထူးအလိုက္ ၿပီးေျမာက္ေအာင္ျမင္ရမည့္ ရည္မွန္းခ်က္မ်ားလည္း ကြဲျခားတတ္ၾကပါတယ္။ Millennials ေတြက ေလ့လာသင္ယူဖို႔ကို အၿမဲတက္ၾကြေနတတ္ၾကတဲ့အတြက္ သူတို႔အတြက္ အလုပ္လုပ္ရင္းေ လ့လာသင္ယူႏိုင္မယ့္ အခြင့္အလမ္းမ်ဴိး (သို႔မဟုတ္) ရည္မွန္းခ်က္ခ်မွတ္ထားရွိ ေပးထားျခင္းအားျဖင့္ ပိုမိုေအာင္ျမင္ေသာ လုပ္ငန္းခြင္တစ္ခု ျဖစ္လာႏိုင္ပါတယ္။

 

Generation Gap ေတြရွိေနတဲ့ လုပ္ငန္းခြင္ထဲမွာ အထက္ေဖာ္ျပပါ အခ်က္ေတြကို ေလ့က်င့္လုပ္ေဆာင္ျခင္းအားျဖင့္ Generation Gap ဆိုတာ ဘာမွန္းေတာင္မသိဘဲ ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ ဒုတိယအိမ္(သို႔မဟုတ္) လုပ္ငန္းခြင္ေလးတစ္ခုကို ပိုင္ဆိုင္ႏိုင္ပါေၾကာင္း….

 

Credit : Tr. Nway

Read times
Rate this articles
(0 votes)