×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Tuesday, 02 November 2021
ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးနိုင်မည့် အိမ်တွင်းနည်းလမ်း၈မျိုး
ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးနိုင်မည့် အိမ်တွင်းနည်းလမ်း၈မျိုး
ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုလေးတွေလုပ်ချင်ပေမယ့် အချိန်မရလို့ပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် မစစ်ဆေးဖြစ်တဲ့သူတွေအတွက် အချိန်ခဏပေးလိုက်ရုံနဲ့ ကိုယ့်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို စစ်ဆေးလို့ရမယ့် အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) နှလုံးနဲ့အဆုတ်ရောဂါရှိမရှိ
လက်ချောင်းလေးတွေကို ပုံထဲမှာပြထားတဲ့အတိုင်း လုပ်လိုက်တဲ့အချိန်မှာ လက်သည်းလေးတွေကြားမှာ လေးဒေါင့်အချွန်ပုံ အပေါက်လေးဖြစ်နေရင်ေ သွးကြောတွေက သွေးလှည့်ပတ်မှုကောင်းမွန်တယ်၊ နှလုံးနဲ့ အဆုတ်ကျန်းမာတယ်လို့ ယူဆနိူင်ပါတယ်။ တကယ်လို့ အဲ့ဒီနေရာလေးက ပိတ်နေတယ်ဆိုရင်တော့ေ သွးထဲမှာ အောက်စီဂျင်ကောင်းကောင်း မရောက်ရှိတာကြောင့် နှလုံးသွေးကြောနဲ့ အစာအိမ်အူလမ်းကြောင်းမှာ သိပ်မကျန်းမာလို့ပါ။
1. heart
(၂) ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ သတိမေ့ရောဂါဖြစ်နိူင်ချေရှိမရှိ
ပုံမှာပြထားတဲ့အတိုင်း အနည်းဆုံးမိနစ် (၂၀) လောက်ကောင်းကောင်းရပ်နိူင်ရင် ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ သတိမေ့ရောဂါဖြစ်နိူင်ချေ အရမ်းနည်းတယ်လို့ ပြောလို့ရပါတယ်။ တကယ်လို့ ကောင်းကောင်းမရပ်နိူင်ရင်တော့ အသက်ရလာတဲ့အခါ လေဖြတ်နိူင်ချေများနေပါပြီ။
2. brain
(၃) သွေးအားနည်းရောဂါရှိမရှိ
မှန်ရှေ့မှာရပ်ပြီး အောက်မျက်ခမ်းအတွင်းဘက်ကို ကြည့်လိုက်ပါ၊ အနီရောင်သမ်းနေရင် သွေးအားကောင်းပြီး ကျန်းမာတဲ့အနေအထားဖြစ်ပြီး၊ ပန်းရောင်ဖျော့ဖျော့လေးသမ်းနေရင် သွေးအားနည်းနေတာပါ။
3. blood
(၄) ဟော်မုန်းညီမျှမှုရှိမရှိ
ဆံပင်တွေကြားထဲကို လက်ချောင်းလေးတွေ ထိုးပြီးဆွဲချလိုက်တဲ့အခါ ဆံပင်အနည်းငယ်ကျွတ်ပါလာတယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ညီမျှနေပြီး ဆံပင်တွေအများကြီးကျွတ်ပါလာရင်တော့ ဟော်မုန်းမညီမျှမှုတွေဖြစ်နေပါပြီ။
4. hair
(၅) ဆီးချိုရှိမရှိ
သင့်မှာ ဆီးချိုရောဂါရှိ မရှိစစ်ဆေးဖို့ ကူညီပေးမယ့်ေ နာက်တစ်ယောက်လိုပါတယ်။ ကူညီပေးမယ့်သူက စစ်ဆေးမယ့်သူရဲ့ခြေထောက်ကို ခဲတံရဲ့ ခဲသားအချွန်ဘက်နဲ့တစ်ခါ၊ ခဲဖျက်နဲ့တစ်ခါထိုးလိုက်ပါ။ အဲ့လိုထိုးလိုက်တဲ့အချိန်မှာ မကြည့်ဘဲ ဘယ်တစ်ချက်က ခဲသားအချွန်အထိအတွေ့လဲ၊ ခဲဖျက်ရဲ့ အထိအတွေ့လဲဆိုတာကိုေြ ပာနိူင်ရင် သင့်မှာ ဆီးချိုရောဂါမရှိပါဘူး။ အထိအတွေ့ကို သိပ်မသဲကွဲဘူး၊ မခွဲခြားတတ်ဘူးြ ဖစ်နေတယ်ဆိုရင်တော့ ဆီးချိုရောဂါရှိနေတာဖြစ်နိုင်ပါတယ်။
5. hamo
(၆) သွေးလှည့်ပတ်မှုကောင်းမကောင်း
ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်လိုက်ပြီး ခြေထောက်တွေကို နံရံပေါ် ၄၅ ဒီဂရီလောက်ထောင်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါေြ ခထောက်က သွေးဆုတ်ဖြူရော်နေတဲ့အရောင်မျိုးေြ ပာင်းသွားတယ်ဆိုရင်တော့ ခန္ဓာကိုယ်သွေးလှည့်ပတ်မှု သိပ်မကောင်းဘူးလို့ပြောရမှာပါ။
6. blood
(၇) အကြားအာရုံကောင်းမကောင်း
နားရွက်နားမှာ လက်ချောင်းလေးတွေ အချင်းချင်းပွတ်လိုက်တဲ့အခါ အသံလေးတွေ ကောင်းကောင်းကြားရပါတယ်။ ပခုံးစွန်းနေရာလောက်ကနေ လက်ချောင်းတွေ ပွတ်တိုက်တဲ့အသံကို ကောင်းကောင်းကြားရတုန်းဆိုရင်တော့ သင့်ရဲ့ အကြားအာရုံက ကောင်းပါသေးတယ်။ အသံသိပ်မကြားရတာမျိုး၊ လုံးဝမကြားရတာမျိုးဆိုရင်တော့ အကြားအာရုံစနစ်မှာ ပြဿနာရှိနေပါပြီ။
7. hear
(၈) နှလုံးသွေးကြောရောဂါရှိမရှိ
ဒါကို စမ်းသပ်ဖို့အတွက် လှေကားတက်ဖို့လိုပါတယ်။ သင့်အနေနဲ့ လှေကားထစ် ၁၅ ထစ်လောက်ကို သီချင်းဆိုရင်း၊ စကားပြောရင်း တက်လိုက်တဲ့အခါမှာ ပုံမှန်ထက် အဆမတန်မောနေတယ်ဆိုရင် နှလုံးသွေးကြောနဲ့ပတ်သက်ပြီး သိပ်မကျန်းမာဘူးလို့ပြောရမှာပါ။ ဒီလိုမဟုတ်ဘဲ အနည်းငယ်ပဲမောတယ်၊ ပုံမှန်အတိုင်းစကားပြောနိူင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။
8. heart
အခုဖော်ပြခဲ့တဲ့ နည်းလေးတွေနဲ့ ကျန်းမာရေးကို အကြမ်းဖျင်းစမ်းသပ်ပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို တစ်နေရာရာက မကျန်းမာဘူးလို့ထင်ခဲ့ရင် ကိုယ်ကြိုက်တဲ့ နည်းလမ်းတွေ၊ ဆေးမြီးတိုတွေနဲ့ မကုသပါနဲ့။ ဆရာဝန်နဲ့ပြသဆွေးနွေးပြီးမှ စစ်ဆေးကုသမှုခံယူကြဖို့
တိုက်တွန်းချင်ပါတယ်။
အားလုံးကျန်းမာအသက်ရှည်ကြပါစေ။
Credit : Original Uploader
1. heart
(၂) ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ သတိမေ့ရောဂါဖြစ်နိုင်ချေရှိမရှိ
ပုံမှာပြထားတဲ့အတိုင်း အနည်းဆုံးမိနစ် (၂၀) လောက်ကောင်းကောင်းရပ်နိုင်ရင် ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ သတိမေ့ရောဂါဖြစ်နိုင်ချေ အရမ်းနည်းတယ်လို့ ပြောလို့ရပါတယ်။ တကယ်လို့ ကောင်းကောင်းမရပ်နိုင်ရင်တော့ အသက်ရလာတဲ့အခါ လေဖြတ်နိုင်ချေများနေပါပြီ။
2. brain
3. blood
4. hair
(၅) ဆီးချိုရှိမရှိ
5. hamo
6. blood
7. hear
8. heart
Read times
Rate this articles
(0 votes)