×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 15 August 2022

သမုဒ္ဒရာကြီးများအကြောင်း (၂) - အိန္ဒိယသမုဒ္ဒရာ

သမုဒ္ဒရာကြီးများအကြောင်း (၂) - အိန္ဒိယသမုဒ္ဒရာ

 

အိန္ဒိယသမုဒ္ဒရာသည် မြောက်ဘက်တွင် အာရှတိုက်၊ အရှေ့ဘက်တွင် ဩစတြေးလျတိုက်၊ အနောက်ဘက်တွင် အာဖရိကတိုက်တို့အကြား၌ ခပ်ဝိုင်းဝိုင်းပုံသဏ္ဌာန်ရှိသည်။ စတုရန်းမိုင်ပေါင်း ၂၈၃၅ဝဝဝဝကျယ်၍ ပျမ်းမျှခြင်းအားဖြင့်ပေ ၁၃ဝဝဝနက်သည်။ ဂျားဗားကျွန်းတောင်ဘက် အလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာ၌ ပေ ၂၄၄၄ဝနက်သည်။

 

ကမ္ဘာပေါ်ရှိသမုဒ္ဒရာ ၅ – ခုတွင် တတိယအကြီးဆုံးသမုဒ္ဒရာဖြစ်သည် ။ အနောက်ဖက်တွင်အာဖရိကတိုက် ၊ မြောက်ဖက်တွင် အာရှတိုက် ၊ အရှေ့ဖက်ဒေသတွင် သြစတြေးလျတိုက် နှင့် တောင်ဖက်တွင် Southern Ocean (အန ္တာတိကသမုဒ္ဒရာ ) များမှ ကာဆီးထားသည် ။ ၎င်းသည် အိန္ဒိယ နိုင်ငံအမည်ကို အစွဲပြု၍ခေါ်ဆိုသည့် တစ်ခုတည်း သော သမုဒ္ဒရာ ဖြစ်သည်။

 

BBC Design 250x250

 

အာဖရိက တောင်ဖက် Cape Agulhas အငူမှ အန ္တာတိကတိုက်ရှိ ၂၀’ – meridian ( ပထဝီမျဉ်း ) အား ဆက်ဆွဲ ထားသည့် မိုင် ၂၅၀၀ အရှည် မျဉ်းသည် အိန္ဒိယသမုဒ္ဒရာ နှင့် အတ္တလန်တိတ် သမုဒ္ဒရာအား ခွဲခြားထားသည့် နမိတ်မျဉ်းအဖြစ်မှတ်ယူထားကြသည် ။ အိန္ဒိယသမုဒ္ဒရာကြိးသည် ဧရိယာစတုရန်းမိုင် ၂၆.၅ သန်းခန့်ကျယ်ဝန်းသည် ။ သမုဒ္ဒရာ၏ မြောက်ဖက်တွင် ဘင်္ဂလားပင်လယ်အော် နှင့် အာရေဗီယံပင်လယ်များရှိသည် ။ အာရေဗီယံ ပင်လယ်သည် ၊ ပါရှင်ပင်လယ်ကွေ့နှင့် ပင်လယ်နီများ နှင့်ဆက်စပ်နေသည် ။

 

လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်ကအတ္တလန္တိတ် သမုဒ္ဒရာ ကမ်းရိုးတစ်လျှောက်ကို စမ်းတဝါးဝါးဖြင့် ရေကြောင်း ခရီးသွားနေကြချိန်တွင် အိန္ဒိယသမုဒ္ဒရာ၌မူ သမုဒ္ဒရာရေပြင်ကို လူးလာတုံ့ခေါက်ကူးသန်းနေကြ၍ ကုန်သွယ်မှုကိုပင်ပြုနေကြလေပြီ။ ထိုသမုဒ္ဒရာရေပြင်၌ ပထမဆုံးကူးသန်းသွားလာခဲ့သူ များသည် ဖီနီရှန်းလူမျိုးများဖြစ်သည်။ ယင်းတို့သည် ထို သမုဒ္ဒရာကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သော အာရေဗျပင်လယ် နှင့် ပါးရှင်းပင်လယ်ကွေ့တို့ကို အဲရီသရီးယန်ပင်လယ်ဟု ခေါ် ဆိုခဲ့ကြသည်။ ဘီစီခြောက်ရာစုတွင် ကာသေ့နိုင်ငံမှရေကြောင်း ဗိုလ်ချုပ်ဟန်နိုသည် ထိုပင်လယ်ကိုဖြတ်ကျော်၍ ရေကြောင်းခရီး ထွက်ခဲ့သည်။ ဂရိဘုရင် အယ်လက်ဇန္ဒာသဂရိတ်၏ ရေ ကြောင်း ဗိုလ်ချုပ်တစ်ဦးသည် တိုင်းဂရစ်-ယူဖရေးတီးမြစ်ဝမှ သည် အိန္ဒုမြစ်ဝတိုင်အောင် ရေကြောင်းခရီးဖြင့် သွားခဲ့ဖူးသည်။

 

ခရစ်ပေါ်ပြီးနောက်တွင် အိန္ဒိယသမုဒ္ဒရာအတွင်း အကူး အသန်းများ ပို၍ပြုလုပ်လာကြသည်။ အီဂျစ်ရေကြောင်းဝိဇ္ဇာ တစ်ဦးသည် အိန္ဒိယသမုဒ္ဒရာအတွင်း အချိန်မှန်ပြောင်းလဲ တိုက် ခတ်သော မုတ်သုန်လေတို့ကိုလေ့လာ၍ ထိုမုတ်သုန်လေတို့ကို အကြောင်းပြုပြီးလျှင် အကျိုးအမြတ်ထွက်အောင် အသုံးချရန် နည်းလမ်းများကိုလေ့လာခဲ့သည်။ ကိုးရာစုနှစ်တွင်မူ အာရပ်များ သည် အိန္ဒိယသမုဒ္ဒရာအတွင်း လူးလာဆန်ခတ် ကူးသန်းသွား လာကာ ကုန်သွယ်မှုများကိုပြုခဲ့သည်။ အလယ်ခေတ် ဥရောပ နိုင်ငံသားများသည် ထိုသမုဒ္ဒရာကြီးကိုဖြတ်၍ အရှေ့တိုင်းထွက် ဟင်းခတ်အမွှေးအကြိုင်များ၊ ပိုးထည်များနှင့် အခြားစည်းဇိမ်ခံ ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေကြလေသည်။

 

 32b79d50 feb2 11e8 8449 e5c2aa861415 1629273530897

 

ပေါ်တူဂီ လူမျိုးတို့သည် ခရစ် ၁၄၈၆ ခုနှစ်တွင် ဂွတ်ဒဟုပ်အငူကြီးကို ကွေ့၍ အိန္ဒိယသမုဒ္ဒရာအတွင်း ဝင်ရောက်နိုင်သော ရေလမ်း ခရီးကို တွေ့ရှိခဲ့ကြပြီးလျှင် ဗက်စကိုဒါဂါးမားသည် ထိုရေ ကြောင်းခရီးဖြင့်ပင် အိန္ဒိယနိုင်ငံသို့ရောက်ခဲ့သည်။ ၁၅၂၁ ခုနှစ် တွင် မဂျဲလင်၏အဖွဲ့သည် အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ ကမ္ဘာ တစ်ပတ်ရေကြောင်းခရီးကို အောင်မြင်ပေါက်မြောက် ခဲ့သည်မှ စ၍ အာရေဗျနှင့် အိန္ဒိယကူးသန်းသွားလာရေးကို ထိုရေကြောင်း လမ်းအတိုင်းပင်အသုံးပြုခဲ့ကြသည်။

 

၁၈၆၉ ခုနှစ်တွင် စူးအက် တူးမြောင်း ဖွင့်လှစ်ပြီးသည့်နောက်တွင် မြေထဲပင်လယ်မှ အိန္ဒိယသမုဒ္ဒရာသို့ရောက်ရန် မိုင် ၅ဝဝဝ ခန့်မျှ ခရီးကျုံ့သွား သဖြင့် အရှေ့အနောက် ကူးလူးဆက်ဆံရေး ခရီးလမ်းသည် ပို၍မြန်ဆန်လွယ်ကူခဲ့ပေသည်။ အိန္ဒိယသမုဒ္ဒရာ၏ ပျမ်းမျှရေအနက်သည် ပေ ၁၂၈၀၀ -ရှိပြီး ၊ ရေအနက်ဆုံးနေရာမှာ ဂျာဗားကျွန်းတောင်ဖက်ဒေသတွင်တည်ရှိကာ ရေအနက် ၂၅၃၄၄ – ပေ အထိရှိသည် ။

အိန္ဒိယသမုဒ္ဒရာထဲတွင် ကျွန်းများစွာ တည်ရှိသည် ။ အကြီးဆုံးကျွန်းများမှာ Madagascar ၊ သီရိလင်္ကာ ကျွန်းများ ဖြစ်ကြသည် ။ မော်လဒိုက်ကျွန်းစု ၊ Mauritius ကျွန်းစု များသည်လည်း အိန္ဒိယ သမုဒ္ဒရာထဲတွင် တည်ရှိသည် ။

 

အိန္ဒိယသမုဒ္ဒရာအတွင်းသို့စီးဆင်းသော မြစ်ကြီးများအနက်အချို့မှာ Zambezi (ဇမ်ဘီဇီ)၊ Shatt al-Arab (ရှပ် အယ် အာရပ်)၊ Indus (အင် ဒပ်(စ်))၊ Ganges (ဂင်းဂျစ်(စ်))၊ Brahmaputra (ဘရာမာပူထရာ)၊ Jubba (ဂျူ ဘာ) နှင့် ဧရာဝတီမြစ် တို့ဖြစ်သည်။ ရေစီးကြောင်းများကို အဓိကအားဖြင့် မုတ်သုန်လေ မှ ထိန်းချုပ်ထားသည်။

ရေစီးကြောင်းတစ်ခုသည် မြောက်ကမ္ဘာခြမ်းတွင် နာရီလက်တံကဲ့သို့ စီးဆင်းပြီး နောက် တစ်ခုမှာ အီကွေတာ တောင်ဘက်တွင် နာရီလက်တံ ပြောင်းပြန်ကဲ့သို့စီးသည့် ကြီးမားသော စက်ဝိုင်းပုံသဏ္ဌာန် ရေစီးကြောင်းနှစ်ခု သည် အင်အားကြီးသော စီးဆင်းသည့်ပုံစံကို ဖွဲ့စည်းဖြစ်ပေါ်သည်။ မည်သို့ပင် ဖြစ်စေ၊ ဆောင်းဥတု မုတ်သုန် ရာသီအတွင်းတွင် မြောက်ဘက်ရှိ ရေစီးကြောင်းများသည် ပြောင်းပြန်စီးဆင်းကြသည်။ ပုံမှန်အားဖြင့် အိန္ဒိယသမုဒ္ဒရာဒေသသည် လေငြိမ်ဒေသဖြစ်သည် ။ သို့သော်လည်း မိုးရာသီတွင်ပြင်းထန်သည့် မုန်တိုင်းများ မကြာခဏ တိုက်ခတ်လေ့ ရှိတတ်သည် ။

 

ဤဒေသတွင်တိုက်ခတ်လေ့ရှိတတ်သည့် မုန်တိုင်းအား ဆိုင်ကလုံးမုန်တိုင်းဟုခေါ်သည် ။ ဆူနာမီရေလှိုင်းရိုက်ခတ်မှုသည် အိန္ဒိယသမုဒ္ဒရာဒေသတွင် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တခုဖြစ်သည် ။ သို့သော်လည်း သမိုင်းတလျှောက် အဆိုးဝါးဆုံး ဆူနာမီ ရေလှိုင်းသည် ၁၉-ရာစု နှင့် ၂၀-ရာစုအချိန်က ဖြစ်ပွားခဲ့သည် ။ ၁၈၈၃ -ခုနှစ်အချိန်က အင်ဒိုနီးရှားဒေသ Krakatau ကျွန်းမှ မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီရေလှိုင်းဖြစ်ပေါ်ကာ ဂျာဗား နှင့် ဆူမတ်တြာကျွန်းဒေသမှ လူ ၃၄၀၀၀ သေဆုံးခဲ့ဖူးသည် ။

ထို့အတူ ၂၀၀၄ – ခုနှစ်အချိန်ကလည်း ဆူမတ်တြားဒေသတွင် ရေအောက်မီးတောင်ပေါက်ကွဲ မှုကြောင့် ဆူနာမီရေလှိုင်းဖြစ်ပေါ်ကာ အင်ဒိုနီးရှား ၊ သီရိလင်္ကာ ၊ ထိုင်း နှင့် အိန္ဒိယဒေသ တွင် လူ ၁၃၅၀၀၀ ကျော် သေဆုံးခဲ့ဖူးသည် ။

 

Credit : Academy Page

Read times
Rate this articles
(0 votes)