Have a drink(tea, coffee)
မနက်ဖြန် စာမေးပွဲ ဖြေစရာ ရှိလို့ဒီညတော့ ကျွန်တော်စာလုပ်ရမယ်။
(Unicode )
နေ့စဉ်သုံးနေတဲ့ “Have” ဆိုတဲ့စကားလုံးလေးကို လွယ်ကူစွာအသုံးချကြည့်ရအောင်
Have ကို သာမာန် အသုံးအနှုန်းမျိုးမှာသာမကပဲ ပိုပြီး လွယ်လွယ်ကူကူ တွင်တွင်ကျယ်ကျယ် သုံးကြည့်လိုက်ကြရအောင်။
(1) Have နဲ့အစားအသောက်တွေနဲ့ တွဲလိုက်ရင် စားသည်၊သောက်သည် ဆိုတဲ့အဓိပ္ပာယ် မျိုးရပါတယ်။
Have a drink(tea, coffee)
Have a sandwich (an ice-cream, some cheese, bread)
I always have coffee and bread for breakfast
ကျွန်တော်မနက်စာကို ကော်ဖီ နဲ့ ပေါင်မုန့် စားခဲ့တယ်။
(2) Have ကို မနက်စာ၊ နေ့လည်စာ၊ ညစာ စားတာကိုလဲပြောတဲ့ အခါမှာလဲ ပြောလို့ရပါတယ်။
Have breakfast (Lunch, dinner, a meal)
What do you have for lunch ?
နေ့လည်စာ ခင်ဗျားဘာစားလဲဗျ။
(3) တွေ့ဆုံပွဲတွေ၊ ပြိုင်ပွဲတွေ ကိုပြောတဲ့အခါမှာလည်း Haveကိုသုံးပါတယ်။
Have a meeting (a competition, a game, a party)
Do you want to have a game of football ?
မင်းဘောလုံးပွဲမှာ ဝင်ကစားချင်လား။
We must have a meeting to talk about this problem.
ဒီပြဿနာအကြောင်းပြောဖို့ ငါတို့ အစည်းအဝေးလုပ်ရမယ်။
(4) အိမ်စာ၊ သင်ခန်းစာ၊ ချိန်းဆိုမှု တွေမှာလည်း Have ကိုအသုံးပြုပါတယ်။
Have a lesson ( homework, an exam, an appointment)
I have an exam tomorrow, so I have to study night
မနက်ဖြန် စာမေးပွဲ ဖြေစရာ ရှိလို့ဒီညေတော့ ကျွန်တော်စာလုပ်ရမယ်။
I have an appointment with the lawyer at 5 P.M.
ညနေ ၅ နာရီမှာ ရှေ့နေနဲ့ ချိန်းထားတာ ရှိတယ်။
Source: Active english
အင်္ဂလိပ်ဘာသာ စကားသင်ကြားပေးသော ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html