×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 11 December 2020

2020 မှ ာ ထွက်ရှိခဲ့တဲ့ အဘိဓာန်တွေမှာ အသစ်တိုးလာတဲ့စကားလုံးတွေအနက် ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ အင်္ဂလိပ်စာလုံးများ

2020 မှ ာ ထွက်ရှိခဲ့တဲ့ အဘိဓာန်တွေမှာ အသစ်တိုးလာတဲ့စကားလုံးတွေအနက် ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ အင်္ဂလိပ်စာလုံးများ

အချိန်တွေပြောင်းလာတာနဲ့အမျှ စကားလုံးအသစ်အသစ်တွေလည်းတိုးလာပါတယ်။ ဒါ့ကြောင့်လည်း အဘိဓာန်တွေက အမြဲ တစ်နှစ်ပြီးတစ်နှစ်အဆင့်မြင့်မြင့်ပြီး ဘာသာစကားအသစ်အသစ်တွေကို ထည့်သွင်းထုတ်ဝေလာရပါတယ်။ အခု ၂၀၂၀ မှာလည်း သဘောကျစရာ၊ရယ်မောစရာစကားလုံးအသစ်လေးတွေ ထပ်တိုးထည့်သွင်းထားတာကိုတွေ့ရပါတယ်။

 

(1) Sharent (Noun/Verb)
A parent who frequently uses social media to share photos or other details about their child.
Sharent ဆိုတဲ့စကားလုံးအဓိပ္ပာယ်ကတော့ Facebook နဲ့ အခြား Social Media တွေ အသုံးပြုတဲ့မိဘတွေ၊ Social Media ပေါ်မှာ မိမိရဲ့ သားသမီးတွေအကြောင်းတွေ၊ ပုံတွေကို မျှဝေတဲ့ Social Media နဲ့တစ်သားတည်းကျပြီး up-to-date ဖြစ်နေတဲ့ မိဘတွေကို ရည်ညွှန်းတဲ့စကားလုံးလေးပါ။

 

(2) Puggle (Noun)
(1) a dog breed created combing a pub and beagle.
(2) a baby platypus.
ပထမအဓိပ္ပာယ်ကတော့ Pug (ခွေးပုလေး)နဲ့ Beagle (အိမ်မွေးခွေးပုလေး) နှစ်ကောင်ကို မျိုးစပ်တာပေါ့။
နောက်တစ်မျိုးကတော့ ကပြားပေါ့။

 

(3) Techlash (Noun)
A strong negative reaction against the largest technology companies, or their employees or products.
ဒီစကားလုံးကတော့ negative ဆန်တဲ့စကားလုံးပါ။ Dictionary.com ရဲ့ အဓိပာယ်ဖွင့်ဆိုချက်ကတော့ "it's a strong negative reaction or backlash against largest technology companies, or their employees or products." လို့ဆိုပါတယ်။
ဥပမာအနေနဲ့ Facebook ကုမ္ပဏီက နည်းပညာဆိုင်ရာပြသနာများ၊ အခက်အခဲများကို နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားရတယ်၊ အတွေ့အကြုံတွေ ရရှိခဲ့တယ် ဆိုတာကို - "Facebook has experienced many techlashes over the years for a range of issues." လို့ ရေးသား အသုံးပြုပါတယ်။

 

(4) Nothingburger (Noun)
An often highly-publicized event or situation that is said to have less impact or significance than expected.
လူသိရှင်ကြား ကြော်ငြာထားသော်လည်း မျှော်လင့်ထားသည်ထက် အကျိုးသက်ရောက်မှု၊ အရေးပါမှု အားနည်သည့်ကိစ္စရပ်များ၊ အခြေအနေများအတွက် အသုံးပြုသည့် ဝေါဟာရဖြစ်ပါတယ်။

 


(5) Amirite (exclamation)
Informal variant spelling of the phrase “am I right” used to elicit agreement or solidarity at the end of an observation, or used facetiously to undermine or mock the preceding observation.
ဒီစကားလုံးကတော့ “am I right” ဆိုတဲ့စကားကို အမြန်ပြောရာကနေ ဆင်းသက်လာတဲ့စကားလုံးဖြစ်ပါတယ်။ ဒီလို ဝေါဟာရမျိုးတွေက မြန်မာနိုင်ငံအတွင်းမှာလည်း တစ်ခါကအများအပြားအသုံးပြုကြတာအားလုံးအသိပါ။ “ကွီး” တို့ “ညလေး” တို့ အစရှိသဖြင့်slang တွေလိုမျိုးပါပဲ။

 

(6) Farmhousey (adjective)
A space or thing resembling or reminiscent of a farmhouse or life in farmhouse, especially in being cozy or charmingly rustic.
ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ လူတွေက လွတ်လပ်တဲ့နေရာ၊ မြို့ပြနဲ့ဝေးတဲ့နေရာ၊ သန့်ရှင်းတဲ့လေနဲ့ တောငွေ့လေးတွေ လွှမ်းခြုံနေတဲ့၊ အမြင်ရှင်းလင်းလှတဲ့ လယ်တောလေးတွေကို ကြိုက်နှစ်သက်လာကြပါတယ်။

ဒီ Farmhousely ဆိုတာကတော့ လယ်တောအိမ်ရဲ့ အငွေ့အသက်တွေ၊ ချစ်စရာ့ဖန်တီးမှုလေးတွေ၊ နွေးထွေးပျူငှာတယ်ဆိုတဲ့ ခံစားချက်လေးတွေ လွှမ်းခြုံနေတဲ့ နေရာလေး . . .လို့ ဆိုချင်ပါတယ်။

 

(7) Beardo (Noun)
A nickname for a person with a beard.
ဒီစကားလုံးကတော့ ရှင်းပါတယ်။ မုတ်ဆိတ်မွှေးကြီးတွေ ထူလဗျစ်နဲ့ဘဲကြီးတွေကို စနောက်ခေါ်ဝေါ်တဲ့အခါ သုံးတဲ့ဝေါဟာရလေးပါ။

 

(8) GOAT (Noun)
Acronym for Greatest of All Time," a person or thing that is considered to be the best ever in a particular field/category.

GOAT ဆိုလို့ ရှိပြီးသားစကားလုံးကြီးပါကွာ "GOAT" ဆိုတာ "ဆိတ်" ပေါ့လို့ ဆိုရင်တော့ အမှားကြီးမှားမယ်နော်။
GOAT ဆိုတာ Greatest Of All Time - အချိန်တိုင်းမှာ ကြီးကျယ်မြင့်မြတ်နေတယ်၊ ever တော်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဥပမာ အနေနဲ့ "the new iPhone is the GOAT." ပေါ့။

 

(9) Awesomesauce (Adjective)
Extremely good; excellent
တအားတော်တယ်။ အရမ်းမိုက်တယ် ဆိုတာကို "awesomesauce" လို့ ဝေါဟာရအသစ်အနေနဲ့အသုံးပြုလို့ရနေပြီနော်။

 

(10) Man Hug (noun)
A friendly embrace between two men, often accompanied by a handshake, a clap on the back, etc.
ချစ်ခင်ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ခြင်း၊ ရင်းနှီးစွာပွေ့ဖက်ခြင်း၊ အားပေးခြင်း . . . အစရှိတဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုလို့ရတဲ့ စကားလုံးလေးပါ။ ဥပမာ အနေနဲ့ "I always give my buddy a man hug before he leave."

 

(11) Zoom (verb)
To communicate with a person or group of people over the internet typically by video-chatting, using the Zoom application.
ခုလို WFH အချိန်မှာ media ကိုအသုံးပြုနေရတဲ့ ဝန်ထမ်းအများစုနဲ့ ရင်းနှီးနေတာက "ZOOM" ဆိုတဲ့ application, software လေးပါ။
ဟိုးအရင်ကသိထားတဲ့ မြင်ကွင်းဆိုတဲ့အဓိပ္ပာယ် မဟုတ်တော့ပါဘူး။ ဟိုးအရင်ရှိပြီးသား Zoom ဆိုတဲ့ ဝေါဟာရထဲမှာ တစ်ဦးနဲ့တစ် video chatting လုပ်မယ်။ အသိပညာတွေမျှဝေကြမယ်ဆိုတဲ့ ZOOM ကို အဓိပ္ပာယ် ထပ်တိုးထားတာပါ။

 

 

 

 

2020 မွ ာ ထြက္ရွိခဲ့တဲ့ အဘိဓာန္ေတြမွာ အသစ္တိုးလာတဲ့စကားလံုးေတြအနက္ ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္စရာေကာင္းတဲ့ အဂၤလိပ္စာလံုးမ်ား

အခ်ိန္ေတြေျပာင္းလာတာနဲ႔အမွ် စကားလုံးအသစ္အသစ္ေတြလည္းတိုးလာပါတယ္။ ဒါ့ေၾကာင့္လည္း အဘိဓာန္ေတြက အၿမဲ တစ္ႏွစ္ၿပီးတစ္ႏွစ္အဆင့္ျမင့္ျမင့္ၿပီး ဘာသာစကားအသစ္အသစ္ေတြကို ထည့္သြင္းထုတ္ေဝလာရပါတယ္။ အခု ၂၀၂၀ မွာလည္း သေဘာက်စရာ၊ရယ္ေမာစရာစကားလုံးအသစ္ေလးေတြ ထပ္တိုးထည့္သြင္းထားတာကိုေတြ႕ရပါတယ္။

 

(1) Sharent (Noun/Verb)
A parent who frequently uses social media to share photos or other details about their child.
Sharent ဆိုတဲ့စကားလုံးအဓိပၸာယ္ကေတာ့ Facebook နဲ႔ အျခား Social Media ေတြ အသုံးျပဳတဲ့မိဘေတြ၊ Social Media ေပၚမွာ မိမိရဲ႕ သားသမီးေတြအေၾကာင္းေတြ၊ ပံုေတြကို မွ်ေ၀တဲ့ Social Media နဲ႔တစ္သားတည္းက်ၿပီး up-to-date ျဖစ္ေနတဲ့ မိဘေတြကို ရည္ညႊန္းတဲ့စကားလံုးေလးပါ။

 

(2) Puggle (Noun)
(1) a dog breed created combing a pub and beagle.
(2) a baby platypus.
ပထမအဓိပၸာယ္ကေတာ့ Pug (ေခြးပုေလး)နဲ႔ Beagle (အိမ္ေမြးေခြးပုေလး) ႏွစ္ေကာင္ကို မ်ိဳးစပ္တာေပါ့။
ေနာက္တစ္မ်ိဳးကေတာ့ ကျပားေပါ့။

 

(3) Techlash (Noun)
A strong negative reaction against the largest technology companies, or their employees or products.
ဒီစကားလုံးကေတာ့ negative ဆန္တဲ့စကားလုံးပါ။ Dictionary.com ရဲ႕ အဓိပာယ္ဖြင့္ဆိုခ်က္ကေတာ့ "it's a strong negative reaction or backlash against largest technology companies, or their employees or products." လို႔ဆိုပါတယ္။
ဥပမာအေနနဲ႔ Facebook ကုမၸဏီက နည္းပညာဆိုင္ရာျပသနာမ်ား၊ အခက္အခဲမ်ားကို ႏွစ္ေပါင္းမ်ားစြာ ႀကံုေတြ႕ခံစားရတယ္၊ အေတြ႔အႀကံဳေတြ ရရွိခဲ့တယ္ ဆိုတာကို - "Facebook has experienced many techlashes over the years for a range of issues." လို႔ ေရးသား အသံုးျပဳပါတယ္။

 

(4) Nothingburger (Noun)
An often highly-publicized event or situation that is said to have less impact or significance than expected.
လူသိရွင္ၾကား ေၾကာ္ျငာထားေသာ္လည္း ေမွ်ာ္လင့္ထားသည္ထက္ အက်ိဳးသက္ေရာက္မႈ၊ အေရးပါမႈ အားနည္သည့္ကိစၥရပ္မ်ား၊ အေျခအေနမ်ားအတြက္ အသံုးျပဳသည့္ ေ၀ါဟာရျဖစ္ပါတယ္။


(5) Amirite (exclamation)
Informal variant spelling of the phrase “am I right” used to elicit agreement or solidarity at the end of an observation, or used facetiously to undermine or mock the preceding observation.
ဒီစကားလုံးကေတာ့ “am I right” ဆိုတဲ့စကားကို အျမန္ေျပာရာကေန ဆင္းသက္လာတဲ့စကားလုံးျဖစ္ပါတယ္။ ဒီလို ေဝါဟာရမ်ိဳးေတြက ျမန္မာႏိုင္ငံအတြင္းမွာလည္း တစ္ခါကအမ်ားအျပားအသုံးျပဳၾကတာအားလုံးအသိပါ။ “ကြီး” တို႔ “ညေလး” တို႔ အစရွိသျဖင့္slang ေတြလိုမ်ိဳးပါပဲ။

 

(6) Farmhousey (adjective)
A space or thing resembling or reminiscent of a farmhouse or life in farmhouse, especially in being cozy or charmingly rustic.
ေခတ္ကာလေျပာင္းလဲလာတာနဲ႔အမွ် လူေတြက လြတ္လပ္တဲ့ေနရာ၊ ၿမိဳ႕ျပနဲ႔ေ၀းတဲ့ေနရာ၊ သန္႔ရွင္းတဲ့ေလနဲ႔ ေတာေငြ႕ေလးေတြ လႊမ္းၿခံဳေနတဲ့၊ အျမင္ရွင္းလင္းလွတဲ့ လယ္ေတာေလးေတြကို ႀကိဳက္ႏွစ္သက္လာၾကပါတယ္။

ဒီ Farmhousely ဆိုတာကေတာ့ လယ္ေတာအိမ္ရဲ႕ အေငြ႕အသက္ေတြ၊ ခ်စ္စရာ့ဖန္တီးမႈေလးေတြ၊ ေႏြးေထြးပ်ဴငွာတယ္ဆိုတဲ့ ခံစားခ်က္ေလးေတြ လႊမ္းၿခံဳေနတဲ့ ေနရာေလး . . .လို႔ ဆိုခ်င္ပါတယ္။

 

(7) Beardo (Noun)
A nickname for a person with a beard.
ဒီစကားလုံးကေတာ့ ရွင္းပါတယ္။ မုတ္ဆိတ္ေမႊးႀကီးေတြ ထူလဗ်စ္နဲ႔ဘဲႀကီးေတြကို စေနာက္ေခၚေဝၚတဲ့အခါ သုံးတဲ့ေဝါဟာရေလးပါ။

 

(8) GOAT (Noun)
Acronym for Greatest of All Time," a person or thing that is considered to be the best ever in a particular field/category.

GOAT ဆိုလို႔ ရွိၿပီးသားစကားလံုးႀကီးပါကြာ "GOAT" ဆိုတာ "ဆိတ္" ေပါ့လို႔ ဆိုရင္ေတာ့ အမွားႀကီးမွားမယ္ေနာ္။
GOAT ဆိုတာ Greatest Of All Time - အခ်ိန္တိုင္းမွာ ႀကီးက်ယ္ျမင့္ျမတ္ေနတယ္၊ ever ေတာ္ေနတယ္ဆိုတဲ့ အဓိပၸာယ္ပါပဲ။
ဥပမာ အေနနဲ႔ "the new iPhone is the GOAT." ေပါ့။

 

(9) Awesomesauce (Adjective)
Extremely good; excellent
တအားေတာ္တယ္။ အရမ္းမိုက္တယ္ ဆိုတာကို "awesomesauce" လို႔ ေဝါဟာရအသစ္အေနနဲ႔အသုံးျပဳလို႔ရေနၿပီေနာ္။

 

(10) Man Hug (noun)
A friendly embrace between two men, often accompanied by a handshake, a clap on the back, etc.
ခ်စ္ခင္ရင္းႏွီးစြာ လက္ဆြဲႏႈတ္ဆက္ျခင္း၊ ရင္းႏွီးစြာေပြ႔ဖက္ျခင္း၊ အားေပးျခင္း . . . အစရွိတဲ့ အဓိပၸာယ္နဲ႔ အသံုးျပဳလို႔ရတဲ့ စကားလံုးေလးပါ။ ဥပမာ အေနနဲ႔ "I always give my buddy a man hug before he leave."

 

(11) Zoom (verb)
To communicate with a person or group of people over the internet typically by video-chatting, using the Zoom application.
ခုလို WFH အခ်ိန္မွာ media ကိုအသံုးျပဳေနရတဲ့ ၀န္္ထမ္းအမ်ားစုနဲ႔ ရင္းႏွီးေနတာက "ZOOM" ဆိုတဲ့ application, software ေလးပါ။


ဟိုးအရင္ကသိထားတဲ့ ျမင္ကြင္းဆိုတဲ့အဓိပၸာယ္ မဟုတ္ေတာ့ပါဘူး။ ဟိုးအရင္ရွိၿပီးသား Zoom ဆိုတဲ့ ေ၀ါဟာရထဲမွာ တစ္ဦးနဲ႔တစ္ video chatting လုပ္မယ္။ အသိပညာေတြမွ်ေ၀ၾကမယ္ဆိုတဲ့ ZOOM ကို အဓိပၸာယ္ ထပ္တိုးထားတာပါ။

Read times Last modified on Friday, 11 December 2020 11:40
Rate this articles
(0 votes)