×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 21 June 2021

မြန်မာစာ ရေးသူတိုင်း သတိပြုစရာ

မြန်မာစာ ရေးသူတိုင်း သတိပြုစရာ
*************************
စာလုံးပေါင်းသတ်ပုံမှာ ကျွန်တော်တို့တွေ မကြာခဏ မှားလေ့မှားထရှိကြပါသည်။ သတ်ပုံမှားသောစာများ ဖတ်ရသည်မှာ စာ၏အရသာပျက်၏။ ထို့ကြောင့် အသုံးမှားသော စကားလုံးများကိုတော့ မမှားအောင် သထိထား သုံးစွဲသင့်သည်။

 

ယခု ဖော်ပြထားသော စကားလုံးများမှာ တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသားများ မှားလေ့ရှိသော၊ မှားလျှင် အမှတ်လျော့နိုင်သော စာလုံးပေါင်းတချို့ ဖြစ်ပါသည်။ စာရလျက်၊ ဖြေနိုင်လျက် သတ်ပုံကြောင့် အမှတ်ဝက်မျှသာရသော အဖြစ် မကြုံ ကြစေရန် ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။


"ဘူးသီး"ကို
"ဗူးသီး"လို့ မရေးမိစေနဲ့။

"ဗူး"မှုတ်တာကလွဲရင်
ဘာပစ္စည်းထည့်တဲ့ ဘူးဖြစ်ဖြစ် ၊ အကုန်လုံး ဘကုန်းနဲ့ "ဘူး" ။

 


ပန်းရံဆရာတွေ၊ကိုင်တဲ့ကိရိယာကို
"သံလျက်"လို့ ၊မရေးမိစေနဲ့။ "သံလက်"လို့ ရေးမှ မှန်တယ်။

ဘုရင်တွေကိုင်တဲ့ ဓားအမျိုးအစားကိုလည်း
"သံလျက်"လို့ မရေးမိစေနဲ့ ။ "သန်လျက်"လို့ ရေးမှ အမှန်။

 


"ပါတ်သက်"လို့ရေးထားတာတွေ့ရင်၊ "ပတ်သက်"လို့ ပြင်ပေးလိုက်ပါ။

 

"တစ်ချို့"လို့ ရေးထားတာတွေ့ရင်၊ "တချို့"လို့ ပြင်ပေးလိုက်ပါ။

 

"မျိုးမျိုးမြတ်မြတ်"မဟုတ်ဘူးနော်။ "မြိုးမြိုးမြက်မြက်"

 

"မျက်ခြေပြတ်"လို့မှား မရေးနဲ့။ "မျက်ခြည်ပြတ်"လို့ရေးမှ အမှန်။

 

"ပဠိပက္ခ"လို့ ရေးတဲ့ပညာရှင်ရှိနေတယ်။
"ပဋိပက္ခ"သာ အမှန် ဖြစ်ပါတယ်။

 

ကာတွန်းမှာပဲ ဖြစ်ဖြစ်၊ တခြားဝါကျမှာပဲဖြစ်ဖြစ်၊ "ဝုန်းကနဲ"တို့ "ဒိုင်းကနဲ"တို့ တွေ့ပြီဆိုရင်၊
"ဝုန်းခနဲ" "ဒိုင်းခနဲ"လို့သာ ပြင်ပေးလိုက်ပေတော့။

 

"ကတ်ပြား"လို့ ရေးမှ အမှန်။
"ကပ်ပြား" "ကဒ်ပြား"(အမှား)

 

သေနတ်ထဲ ထည့်တဲ့ ယမ်းတောင့်ကို "ကျည်ဆံ"လို့ ရေးရင် အမှား။
"ကျည်ဆန်"လို့ရေးမှ အမှန်။ [ကျည်ဆံလို့ အသံမထွက်ဘူး။ ကျည်ဇန်လို့အသံထွက်ရမယ်]

 

"သူ့ထက်ပိုတယ်"လို့ ရေးရမှာကို၊ "သူ့ထပ်ပိုတယ်"လို့ ရေးနေမိကြတယ်။

 

မြန်မာစာ သိပ်မရင်းနှီးတဲ့သူဆိုရင်၊ "ကရဝိက်"ငှက်ကို ၊
"ကရဝိတ်ဌက်"လို့၊ ရေးမိတတ်ကြတယ်။

 

"ကြေငြာ" လို့ရေးရင် အမှား၊
"ကြေညာ"လို့ရေးမှ အမှန်။

 

"ကြော်ညာ"လို့ရေးရင် အမှား၊
"ကြော်ငြာ"လို့ရေးမှ အမှန်။

 

"ရှုခင်း"ကို
"ရှု့ခင်း"လို့ မရေးမိစေနဲ့။

 

"မွှေ့ရာ"လည်း မဟုတ်ဘူး။
"မွှေ့ယာ"လည်း မဟုတ်ဘူး။
"မွေ့ယာ"လည်း မဟုတ်ဘူး။
"မွေ့ရာ"လို့ ရေးမှ အမှန်။

 

"အိပ်ယာ"လို့ရေးရင် အမှား။
"အိပ်ရာ"လို့ရေးမှ အမှန်။

 

"အိမ်ယာ"လို့ ရေးရင် အမှား။
"အိမ်ရာ"လို့ရေးမှ အမှန်။

 


သတင်းရေးသူတွေပဲဖြစ်ဖြစ်၊ တခြားရေးသူတွေပဲဖြစ်ဖြစ်၊
"တုန့်ပြန်"လို့ ရေးနေမိကြလိမ့်မယ်။
"တုံ့ပြန်"သာ အမှန်ဖြစ်ပါတယ်။

 

"သံပုရာသီး"လို့ မှားမရေးမိစေနဲ့။
"သံပရာသီး"လို့ ရေးမှ အမှန်။

 

"ပုခုံး"လို့ မှားမရေးမိစေနဲ့။
"ပခုံး"လို့ ရေးမှ အမှန်။

 

"အမွှာပူး"လို့ ရေးရင် မှားတယ်။
"အမြွှာပူး"လို့ရေးမှ အမှန်။

 

ဗံဒါပင်လည်း မဟုတ်ဘူး၊
ဗန်ဒါပင်လည်း မဟုတ်ဘူး၊
ဗန္ဒာပင်လည်း မဟုတ်ဘူး။
"ဗာဒံပင်"

 

"ဆက်နွယ်"လို့ရေးတာ အမှန် ထင်ခဲ့ဖူးတယ်။
"ဆက်နွှယ်"လို့ရေးမှ အမှန်။

 

"ပတ်သက်"ကို "ပတ်သတ်"လို့ရေးသလို၊


"ဖြစ်ရပ်"ကို "ဖြစ်ရက်"လို့ ရေးနေကြတယ်။

 

"တစ်ခြား"လို့ အရေးမှားသူတွေ ရှိနေသေးတယ်။
"တခြား"က အမှန် ။

 

"အဓိဠာန်"လို့ မှားရေးထားတာလည်း တွေ့ကြရမယ်။
"အဓိဋ္ဌာန်"သာအမှန်ဖြစ်ကြောင်း သိထားရမယ်။

 

"လှေခါး"လို့ ရေးရင်မှားတယ်။
"လှေကား" (အမှန်)

 

ကမ္ဘာ"တစ်ဝှမ်း" နိုင်ငံ"တစ်ဝှမ်း"လို့ ရေးမိတတ်ကြတယ်။
ကမ္ဘာတစ်ဝန်း နိုင်ငံတစ်ဝန်းလို့ ရေးမှ မှန်တယ်နော် ။

 

"တစ်ခါတစ်လေ"လို့ရေးထားတာပဲဖြစ်ဖြစ်၊
"တခါတလေ"လို့ ရေးထားတာပဲဖြစ်ဖြစ် တွေ့ခဲ့မြင်ခဲ့ရင်၊
"တစ်ခါတလေ"သာ အမှန်ဖြစ်ကြောင်း ကိုယ့်ဘာသာ မှတ်သားထားလိုက်ပါ။

 

"မြင့်မိုရ်တောင်"လို့ ရေးထားတာတွေ့ရင်
"မြင်းမိုရ်တောင်"လို့ ပြင်ရေးပေးလိုက်ပါ။

 

"အနူးအညွန့်"တောင်းပန်ပါတယ်လို့ ရေးထားတာတွေ့ရင်၊
"အနူးအညွတ်"တောင်းပန်ပါတယ်လို့၊ ပြင်ပေးလိုက်ပါ။

 

ဒါဏ်ရိုက်မယ်လို့ရေးထားရင်၊
ဒဏ်ရိုက်မယ်လို့ ပြင်ပေးလိုက်ပါ။

 

ပါတ်ဝန်းကျင်လို့ ရေးထားရင်
ပတ်ဝန်းကျင်လို့ ပြင်ပေးလိုက်ပါ။

 

"လျှက်"ဆိုတဲ့ စာလုံး ဘယ်မှာမှ မသုံးဘူး ။ ။
ဘာကြောင့် - သတိရလျှက်၊ ခင်မင်လျှက်၊ လေးစားလျှက်လို့
ရေးနေကြသလဲဆိုတာ့. . . .
"လျက်"နဲ့ ရေးရတာကို မသိကြလို့ပေါ့။

 

"လပြေလေညှင်း"လို့ ရေးထားတာတွေ့ရင်၊
"လေပြည်လေညင်း"လို့ြ ပင်ပေးလိုက်ပါ။

*** တိုက်ခတ်တဲ့လေကို၊"လေပြည်"လို့ခေါ်ပါတယ်။ "လေပြေ"လို့ ရေးရင် ၊ မှားပါတယ်)

*** ဇာတ်သဘင်မှာ ၊ အခန်းအကူးအပြောင်းအတွက်၊ ပြောတဲ့စကားကို၊ "လေပြေထိုး"တယ်လို့ ခေါ်သလို၊ စိတ်ဆိုးနေသူကို ပြေလည်အောင် ၊ ပြောတဲ့စကားကိုလည်း ၊ "လေပြေထိုး"တယ်လို့ခေါ်ပါတယ်

 


သတ်ပုံ မမှားစေနဲ့

အမှန်/ (အမှား) (-) ထဲမှာရှိတဲ့ စာလုံးပေါင်းတွေက အမှားတွေလို့ ဆိုလိုတာပါနော်။

ကောက်နုတ်/ (ကောက်နှုတ်)
အပေါင်းအနုတ်၊ ထုတ်နုတ်၊ ပေါင်းနုတ် စသည်တို့မှာလည်း 'နှုတ်' မဟုတ်ပါ။ 'နုတ်'သာ ဖြစ်ပါသည်။

 

ကျစ်လျစ် /(ကျစ်လစ်)

 

ခုနစ် = ၇/ (ခုနှစ်)

 

ခေတ်မီ /(ခေတ်မှီ)
မကြာမီ၊ အမီလိုက်၊ သူတို့ကိုမီပြီ စသည်တို့မှာလည်း 'မီ' ကိုသာ သုံးပါသည်။

 

ဂုဏ်ရည်တူချင်း/ (ဂုဏ်ရည်တူခြင်း)

 

စိုပြည် /(စိုပြေ)

 

စွဲလမ်း/ (စွဲလန်း)

 

တကယ် /(တစ်ကယ်)

 

တချို့/(တစ်ချို့)

 

တခြား/ (တစ်ခြား)

 

တစ်ဝန်း /(တစ်ဝှမ်း)
နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်း၊ လောကတစ်ဝန်းဟု ရေးမှ မှန်ပါသည်။

 

တွန်ကျူး /(တွန်ကြူး)

 

ထို့ပြင်/ (ထို့အပြင်)

 

ဒါပေမဲ့/ (ဒါပေမယ့်)

 

နေ့လယ်/ (နေ့လည်)

 

ပရိသတ်/ (ပရိတ်သတ်)

 

ပင်ကို/ (ပင်ကိုယ်)

 

ပြာသာဒ် /(ပြသာဒ်ပြဿာဒ်)
ကျောင်းသားများ ရေးတိုင်းမှားတတ်သော စာလုံးပေါင်း ဖြစ်သည်။

 

ဖြည်းဖြည်း/ (ဖြေးဖြေး)

 

မြောက်မြား/ (မြောက်များ)
(ရှေးသုံးစကားကို မသိသူများ မှားလေ့ရှိသည်။)

 

မြင်းမိုရ်တောင်/ (မြင့်မိုရ်တောင်)

 

မြိန်ရှက်/ (မြိန်ယှက်)

 

ရှိခိုး /(ရှစ်ခိုး)
ယနေ့ခေတ်တွင် အံ့သြစရာ ကောင်းလောက်အောင် မှားလာကြသော စာလုံးပေါင်း ဖြစ်သည်။

 

လေပြည်လေညင်း/ (လေပြည်လေညှင်း)
စာစီစာကုံးတွင် အသုံးရဆုံး စကားလုံးဖြစ်သည်။ မှားသူ များသည်။

 

လက်ထပ် /(လက်ထက်)
('လက်ထပ်'ကို 'လက်ထက်'ဟု မှားပြီး . . .
မင်းတုန်းမင်း၊ သီပေါမင်းတို့'လက်ထက်' ဆိုသည်ကိုတော့ 'လက်ထပ်'ဟုမှားတတ်ကြပါသည်။)

 

လျက်/ (လျှက်)
မန်မာစာတွင် 'လျှက်' မရှိဟု မှတ်ထားလျှင် မမှားဟု ဆိုနိုင်ပါသည်။

 

ဝီရိယ/ (ဝိရိယ)

 

သာမန် /(သာမာန်)

 

သဏ္ဌာန် /(သဏ္ဍာန်)

 

သန္နိဋ္ဌာန်/ (သံဓိဋ္ဌာန်)

 

ဟေမန်/ (ဟေမာန်) = ဟေမန် = ဟေမန္တ = ဆောင်းဥတု။
ဂိမှန် = ဂိမှာန = နွေဥတု။
ဝသန် = ဝသန္တ = နွေဥတု။
ဝသန် = ဝ ဿာန = မိုးဥတု။

 

အနှောင့်အယှက် /(အနှောက်အရှက်)

 

အလျင်အမြန် /(အလျှင်အမြန်)

 

အရုဏ်/ (အာရုဏ်)
အာရုံနှင့် အရုဏ်ကို ကွဲကွဲပြားပြား သိထားသင့်ပါသည်။

 

အလွန်အကြူး /(အလွန်အကျူး)

 

သြော် /(အော်...)
'သြော်' သာလျှင် အာမေဍိတ်စကားအမှန် ဖြစ်ပါသည်။ အမှားများသည်။

 

အိပ်ရာ/ (အိပ်ယာ)

 

မွေ့ရာ၊ အိမ်ရာ၊ ကြင်ရာတို့မှာ 'ရာ' သာ အမှန် ဖြစ်ပါသည်။


Credit: Original Writer

 

 

ျမန္မာစာ ေရးသူတိုင္း သတိျပဳစရာ
*************************
စာလံုးေပါင္းသတ္ပံုမွာ ကၽြန္ေတာ္တို႔ေတြ မၾကာခဏ မွားေလ့မွားထရွိၾကပါသည္။ သတ္ပံုမွားေသာစာမ်ား ဖတ္ရသည္မွာ စာ၏အရသာပ်က္၏။ ထို႔ေၾကာင့္ အသံုးမွားေသာ စကားလံုးမ်ားကိုေတာ့ မမွားေအာင္ သထိထား သံုးစြဲသင့္သည္။

 

ယခု ေဖာ္ျပထားေသာ စကားလုံးမ်ားမွာ တကၠသိုလ္ဝင္တန္းတြင္ ေက်ာင္းသားမ်ား မွားေလ့ရွိေသာ၊ မွားလွ်င္ အမွတ္ေလ်ာ့ႏိုင္ေသာ စာလုံးေပါင္းတခ်ိဳ႕ ျဖစ္ပါသည္။

စာရလ်က္၊ ေျဖႏိုင္လ်က္ သတ္ပုံေၾကာင့္ အမွတ္ဝက္မွ်သာရေသာ အျဖစ္ မႀကဳံ ၾကေစရန္ ေဖာ္ျပလိုက္ရျခင္း ျဖစ္ပါသည္။


"ဘူးသီး"ကို
"ဗူးသီး"လို႔ မေရးမိေစနဲ႔။

"ဗူး"မႈတ္တာကလြဲရင္

ဘာပစၥည္းထည့္တဲ့ ဘူးျဖစ္ျဖစ္ ၊ အကုန္လုံး ဘကုန္းနဲ႔ "ဘူး" ။

 


ပန္းရံဆရာေတြ၊ကိုင္တဲ့ကိရိယာကို
"သံလ်က္"လို႔ ၊မေရးမိေစနဲ႔။ "သံလက္"လို႔ ေရးမွ မွန္တယ္။

ဘုရင္ေတြကိုင္တဲ့ ဓားအမ်ိဳးအစားကိုလည္း
"သံလ်က္"လို႔ မေရးမိေစနဲ႔ ။ "သန္လ်က္"လို႔ ေရးမွ အမွန္။

 


"ပါတ္သက္"လို႔ေရးထားတာေတြ႕ရင္၊ "ပတ္သက္"လို႔ ျပင္ေပးလိုက္ပါ။

 

"တစ္ခ်ိဳ႕"လို႔ ေရးထားတာေတြ႕ရင္၊ "တခ်ိဳ႕"လို႔ ျပင္ေပးလိုက္ပါ။

 

"မ်ိဳးမ်ိဳးျမတ္ျမတ္"မဟုတ္ဘူးေနာ္။ "ၿမိဳးၿမိဳးျမက္ျမက္"

 

"မ်က္ေျချပတ္"လို႔မွား မေရးနဲ႔။ "မ်က္ျခည္ျပတ္"လို႔ေရးမွ အမွန္။

 

"ပဠိပကၡ"လို႔ ေရးတဲ့ပညာရွင္ရွိေနတယ္။
"ပဋိပကၡ"သာ အမွန္ ျဖစ္ပါတယ္။

 

ကာတြန္းမွာပဲ ျဖစ္ျဖစ္၊ တျခားဝါက်မွာပဲျဖစ္ျဖစ္၊ "ဝုန္းကနဲ"တို႔ "ဒိုင္းကနဲ"တို႔ ေတြ႕ၿပီဆိုရင္၊
"ဝုန္းခနဲ" "ဒိုင္းခနဲ"လို႔သာ ျပင္ေပးလိုက္ေပေတာ့။

 

"ကတ္ျပား"လို႔ ေရးမွ အမွန္။
"ကပ္ျပား" "ကဒ္ျပား"(အမွား)

 

ေသနတ္ထဲ ထည့္တဲ့ ယမ္းေတာင့္ကို
"က်ည္ဆံ"လို႔ ေရးရင္ အမွား။ "က်ည္ဆန္"လို႔ေရးမွ အမွန္။ [က်ည္ဆံလို႔ အသံမထြက္ဘူး။ က်ည္ဇန္လို႔အသံထြက္ရမယ္]

 

"သူ႔ထက္ပိုတယ္"လို႔ ေရးရမွာကို၊
"သူ႔ထပ္ပိုတယ္"လို႔ ေရးေနမိၾကတယ္။

 

ျမန္မာစာ သိပ္မရင္းႏွီးတဲ့သူဆိုရင္၊ "ကရဝိက္"ငွက္ကို ၊
"ကရဝိတ္ဌက္"လို႔၊ ေရးမိတတ္ၾကတယ္။

 

"ေၾကျငာ" လို႔ေရးရင္ အမွား၊
"ေၾကညာ"လို႔ေရးမွ အမွန္။

 

"ေၾကာ္ညာ"လို႔ေရးရင္ အမွား၊
"ေၾကာ္ျငာ"လို႔ေရးမွ အမွန္။

 

"ရႈခင္း"ကို
"ရႈ႕ခင္း"လို႔ မေရးမိေစနဲ႔။

 

"ေမႊ႕ရာ"လည္း မဟုတ္ဘူး။
"ေမႊ႕ယာ"လည္း မဟုတ္ဘူး။
"ေမြ႕ယာ"လည္း မဟုတ္ဘူး။
"ေမြ႕ရာ"လို႔ ေရးမွ အမွန္။

 

"အိပ္ယာ"လို႔ေရးရင္ အမွား။
"အိပ္ရာ"လို႔ေရးမွ အမွန္။

 

"အိမ္ယာ"လို႔ ေရးရင္ အမွား။
"အိမ္ရာ"လို႔ေရးမွ အမွန္။


သတင္းေရးသူေတြပဲျဖစ္ျဖစ္၊ တျခားေရးသူေတြပဲျဖစ္ျဖစ္၊
"တုန္႔ျပန္"လို႔ ေရးေနမိၾကလိမ့္မယ္။
"တုံ႔ျပန္"သာ အမွန္ျဖစ္ပါတယ္။

 

"သံပုရာသီး"လို႔ မွားမေရးမိေစနဲ႔။
"သံပရာသီး"လို႔ ေရးမွ အမွန္။

 

"ပုခုံး"လို႔ မွားမေရးမိေစနဲ႔။
"ပခုံး"လို႔ ေရးမွ အမွန္။

 

"အမႊာပူး"လို႔ ေရးရင္ မွားတယ္။
"အႁမႊာပူး"လို႔ေရးမွ အမွန္။

 

ဗံဒါပင္လည္း မဟုတ္ဘူး၊
ဗန္ဒါပင္လည္း မဟုတ္ဘူး၊
ဗႏၵာပင္လည္း မဟုတ္ဘူး။
"ဗာဒံပင္"

 

"ဆက္ႏြယ္"လို႔ေရးတာ အမွန္ ထင္ခဲ့ဖူးတယ္။
"ဆက္ႏႊယ္"လို႔ေရးမွ အမွန္။

 

"ပတ္သက္"ကို "ပတ္သတ္"လို႔ေရးသလို၊

"ျဖစ္ရပ္"ကို "ျဖစ္ရက္"လို႔ ေရးေနၾကတယ္။

 

"တစ္ျခား"လို႔ အေရးမွားသူေတြ ရွိေနေသးတယ္။
"တျခား"က အမွန္ ။

 

"အဓိဠာန္"လို႔ မွားေရးထားတာလည္း ေတြ႕ၾကရမယ္။
"အဓိ႒ာန္"သာအမွန္ျဖစ္ေၾကာင္း သိထားရမယ္။

 

"ေလွခါး"လို႔ ေရးရင္မွားတယ္။
"ေလွကား" (အမွန္)

 

ကမာၻ"တစ္ဝွမ္း" ႏိုင္ငံ"တစ္ဝွမ္း"လို႔ ေရးမိတတ္ၾကတယ္။
ကမာၻတစ္ဝန္း ႏိုင္ငံတစ္ဝန္းလို႔ ေရးမွ မွန္တယ္ေနာ္ ။

 

"တစ္ခါတစ္ေလ"လို႔ေရးထားတာပဲျဖစ္ျဖစ္၊
"တခါတေလ"လို႔ ေရးထားတာပဲျဖစ္ျဖစ္ ေတြ႕ခဲ့ျမင္ခဲ့ရင္၊
"တစ္ခါတေလ"သာ အမွန္ျဖစ္ေၾကာင္း ကိုယ့္ဘာသာ မွတ္သားထားလိုက္ပါ။

 

"ျမင့္မိုရ္ေတာင္"လို႔ ေရးထားတာေတြ႕ရင္
"ျမင္းမိုရ္ေတာင္"လို႔ ျပင္ေရးေပးလိုက္ပါ။

 

"အႏူးအၫြန္႔"ေတာင္းပန္ပါတယ္လို႔ ေရးထားတာေတြ႕ရင္၊
"အႏူးအၫြတ္"ေတာင္းပန္ပါတယ္လို႔၊ ျပင္ေပးလိုက္ပါ။

 

ဒါဏ္႐ိုက္မယ္လို႔ေရးထားရင္၊
ဒဏ္႐ိုက္မယ္လို႔ ျပင္ေပးလိုက္ပါ။

 

ပါတ္ဝန္းက်င္လို႔ ေရးထားရင္
ပတ္ဝန္းက်င္လို႔ ျပင္ေပးလိုက္ပါ။

 

"လွ်က္"ဆိုတဲ့ စာလုံး ဘယ္မွာမွ မသုံးဘူး ။ ။
ဘာေၾကာင့္ - သတိရလွ်က္၊ ခင္မင္လွ်က္၊ ေလးစားလွ်က္လို႔
ေရးေနၾကသလဲဆိုတာ့. . . .
"လ်က္"နဲ႔ ေရးရတာကို မသိၾကလို႔ေပါ့။

 

"လေျပေလညႇင္း"လို႔ ေရးထားတာေတြ႕ရင္၊
"ေလျပည္ေလညင္း"လို႔ျ ပင္ေပးလိုက္ပါ။

*** တိုက္ခတ္တဲ့ေလကို၊"ေလျပည္"လို႔ေခၚပါတယ္။ "ေလေျပ"လို႔ ေရးရင္ ၊ မွားပါတယ္)

*** ဇာတ္သဘင္မွာ ၊ အခန္းအကူးအေျပာင္းအတြက္၊ ေျပာတဲ့စကားကို၊ "ေလေျပထိုး"တယ္လို႔ ေခၚသလို၊ စိတ္ဆိုးေနသူကို ေျပလည္ေအာင္ ၊ ေျပာတဲ့စကားကိုလည္း ၊ "ေလေျပထိုး"တယ္လို႔ေခၚပါတယ္


သတ္ပုံ မမွားေစနဲ႔

အမွန္/ (အမွား) (-) ထဲမွာရွိတဲ့ စာလံုးေပါင္းေတြက အမွားေတြလို႔ ဆိုလိုတာပါေနာ္။

 

ေကာက္ႏုတ္/ (ေကာက္ႏႈတ္)
အေပါင္းအႏုတ္၊ ထုတ္ႏုတ္၊ ေပါင္းႏုတ္ စသည္တို႔မွာလည္း 'ႏႈတ္' မဟုတ္ပါ။ 'ႏုတ္'သာ ျဖစ္ပါသည္။

 

က်စ္လ်စ္ /(က်စ္လစ္)

 

ခုနစ္ = ၇/ (ခုႏွစ္)

 

ေခတ္မီ /(ေခတ္မွီ)
မၾကာမီ၊ အမီလိုက္၊ သူတို႔ကိုမီၿပီ စသည္တို႔မွာလည္း 'မီ' ကိုသာ သုံးပါသည္။

 

ဂုဏ္ရည္တူခ်င္း/ (ဂုဏ္ရည္တူျခင္း)

 

စိုျပည္ /(စိုေျပ)

 

စြဲလမ္း/ (စြဲလန္း)

 

တကယ္ /(တစ္ကယ္)

 

တခ်ိဳ႕/(တစ္ခ်ိဳ႕)

 

တျခား/ (တစ္ျခား)

 

တစ္ဝန္း /(တစ္ဝွမ္း)
ႏိုင္ငံတစ္ဝန္း၊ ကမာၻတစ္ဝန္း၊ ေလာကတစ္ဝန္းဟု ေရးမွ မွန္ပါသည္။

 

တြန္က်ဴး /(တြန္ၾကဴး)

 

ထို႔ျပင္/ (ထို႔အျပင္)

 

ဒါေပမဲ့/ (ဒါေပမယ့္)

 

ေန႔လယ္/ (ေန႔လည္)

 

ပရိသတ္/ (ပရိတ္သတ္)

 

ပင္ကို/ (ပင္ကိုယ္)

 

ျပာသာဒ္ /(ျပသာဒ္ျပႆာဒ္)
ေက်ာင္းသားမ်ား ေရးတိုင္းမွားတတ္ေသာ စာလုံးေပါင္း ျဖစ္သည္။

 

ျဖည္းျဖည္း/ (ေျဖးေျဖး)

 

ေျမာက္ျမား/ (ေျမာက္မ်ား)
(ေရွးသုံးစကားကို မသိသူမ်ား မွားေလ့ရွိသည္။)

 

ျမင္းမိုရ္ေတာင္/ (ျမင့္မိုရ္ေတာင္)

 

ၿမိန္ရွက္/ (ၿမိန္ယွက္)

 

ရွိခိုး /(ရွစ္ခိုး)

ယေန႔ေခတ္တြင္ အံ့ၾသစရာ ေကာင္းေလာက္ေအာင္ မွားလာၾကေသာ စာလုံးေပါင္း ျဖစ္သည္။

 

ေလျပည္ေလညင္း/ (ေလျပည္ေလညႇင္း)
စာစီစာကုံးတြင္ အသုံးရဆုံး စကားလုံးျဖစ္သည္။ မွားသူ မ်ားသည္။

 

လက္ထပ္ /(လက္ထက္)
('လက္ထပ္'ကို 'လက္ထက္'ဟု မွားၿပီး . . .
မင္းတုန္းမင္း၊ သီေပါမင္းတို႔'လက္ထက္' ဆိုသည္ကိုေတာ့ 'လက္ထပ္'ဟုမွားတတ္ၾကပါသည္။)

 

လ်က္/ (လွ်က္)
မန္မာစာတြင္ 'လွ်က္' မရွိဟု မွတ္ထားလွ်င္ မမွားဟု ဆိုႏိုင္ပါသည္။

 

ဝီရိယ/ (ဝိရိယ)

 

သာမန္ /(သာမာန္)

 

သဏၭာန္ /(သ႑ာန္)

 

သႏၷိ႒ာန္/ (သံဓိ႒ာန္)

 

ေဟမန္/ (ေဟမာန္) = ေဟမန္ = ေဟမႏၲ = ေဆာင္းဥတု။
ဂိမွန္ = ဂိမွာန = ေႏြဥတု။
ဝသန္ = ဝသႏၲ = ေႏြဥတု။
ဝသန္ = ဝ ႆာန = မိုးဥတု။

 

အေႏွာင့္အယွက္ /(အေႏွာက္အရွက္)

 

အလ်င္အျမန္ /(အလွ်င္အျမန္)

 

အ႐ုဏ္/ (အာ႐ုဏ္)
အာ႐ုံႏွင့္ အ႐ုဏ္ကို ကြဲကြဲျပားျပား သိထားသင့္ပါသည္။

 

အလြန္အၾကဴး /(အလြန္အက်ဴး)

 

ေၾသာ္ /(ေအာ္...)
'ေၾသာ္' သာလွ်င္ အာေမဍိတ္စကားအမွန္ ျဖစ္ပါသည္။ အမွားမ်ားသည္။

 

အိပ္ရာ/ (အိပ္ယာ)
ေမြ႕ရာ၊ အိမ္ရာ၊ ၾကင္ရာတို႔မွာ 'ရာ' သာ အမွန္ ျဖစ္ပါသည္။


Credit: Original Writer

Read times
Rate this articles
(0 votes)