×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 18 January 2022

By နှင့် တွဲပြီး အသုံးပြုသော စကားစုများ

By နှင့် တွဲပြီး အသုံးပြုသော စကားစုများ

By oneself.....ကိုယ်တိုင်


By day......နေ့ခင်းပိုင်းမှာ


By night....ညခင်းပိုင်းမှာ


By heart......အလွတ် (အာဂုံ)


By the way....ဒါနဲ့ စကားမစပ်


By name....နာမည်နဲ့တကွ (နာမည်တပ်ပြီး)


By chance.....မမျှော်လင့်ဘဲ


By law....ဥပဒေအရ (အတိုင်း)


By the book....ဥပဒေအရ


By the book.....စာအုပ်ကြီးအတိုင်း


By experience....အတွေ့အကြုံအရ


By instinct.....ဗီဇအရ (ပင်ကိုယ်သဘောအရ)


By nature......သဘာဝအရ (သူ့အလိုလို)


By intuition....အလိုလို(သိ)


By coincidence...တိုက်တိုက်ဆိုင်ဆိုင်


By accident...မတော်တဆ


By mistake....(လူ)မှားပြီး


By surprise....အငိုက်ဖမ်း၍ (အလစ်ဝင်ပြီး)


By rotation.....အလှည့်ကျ၊ တစ်လှည့်စီ


By turns....အလှည့်နဲ့ (တစ်ယောက်ပြီး တစ်ယောက်)


By prevention....ကြိုတင်ကာကွယ်ခြင်းဖြင့်


By force....အတင်းအကြပ်၊ ဖိအားပေးပြီး


By hand.....လက်နဲ့ (လုပ်)


By halves...တစ်ဝှက်တစ်ပြတ်


By inches....သီသီကလေး (လွတ်သွား)


By landslide...အပြတ်အသတ် (မဲ)


By narrow margin...ပွတ်ခါသီခါ (ကပ်ပြီး)


By hook or by crook...ဘယ်လိုပဲဖြစ်ဖြစ်


By leaps and bounds...အလျင်အမြန် (တဟုန်ထိုး)


By no means....လုံးဝ (မဟုတ်ဘူး)


By means of......မှတစ်ဆင့်


By way of...........မှတစ်ဆင့်


By popular demand...အများတောင်းဆိုလို့


By word of mouth...တစ်ဆင့်စကားနဲ့

 

By now..............အခုလောက်ဆိုရင်

 

 

Example Sentences

Do it by yourself. ..... ကိုင်တိုင် လုပ်ပါ


He works by night. . ..... သူက ညခင်းပိုင်းမှာ အလုပ်လုပ်တယ်


He sleeps by day. . ..... သူက နေ့ခင်းပိုင်းမှာ အိပ်တယ်


Learn it by heart. . ..... ဒါကို အာဂုံ(အလွတ်) ကျက်ထားပါ


By the way, what about your business? . ..... ဒါနဲ့စကားမစပ် မင်းစီးပွားရေးအခြေအနေက ဘယ်လိုလဲကွ


he knows her pupils by name. . ..... သူက တပည့်တွေကို နာမည်နဲ့ပါ သိတယ်


I met her by chance. . ..... မမျှောင့်လင့်ဘဲ သူမနဲ့ ဆုံတွေ့ခဲ့တယ်


We have to do it by law. . ..... ဥပဒေအရ လုပ်ရမှာပဲ


We do it by the book. . ..... ဥပဒေအရ လုပ်တာပါ


Don’t do it by the book. . ..... စာအုပ်ကြီးအတိုင်း မလုပ်ပါနဲ့


I know it by experience. . ..... အဲဒါကို အတွေ့အကြုံအရ သိနေတာပါ


Fish know how to swim by instinct. . ..... ငါးတွေက ဗီဇအရ ရေဘယ်လိုကူးရမလဲ သိတယ်


Girls love beauty by nature. . ..... သဘာဝအရ မိန်းကလေးတွေက အလှအပကြိုက်ကြတယ်


He knows it by intuition. . ..... သူက ဒါကို အလိုလို သိနေတယ်

 

I meet her by coincidence. . ..... တိုက်တိုက်ဆိုင်ဆိုင် သူမနဲ့မှ လာတွေ့ရတယ်လို့


I did it by accident. . ..... မတော်တဆ လုပ်ခဲ့မိတာပါ


She choose him by mistake. . ..... မှားပြီး သူကို ရွေးချယ်ခဲ့မိတယ်


They attack by surprise. . ..... အလစ်ဝင် တိုက်တယ်


Take duty by rotation. . ..... တာဝန်ကို အလှည့်ကျ ထမ်းဆောင်ပါ


Let’s do it by turns. . ..... တစ်လှည့်စီ လုပ်ကြမယ်


Conquer the fire by prevention . ..... မီးကို ကြိုတင်ကာကွယ်ခြင်းဖြင့် အနိုင်ယူပါ


Don’t ask by force. . ..... အတင်းအကြပ် မခိုင်းပါနဲ့


Do it by hand. . ..... လက်နဲ့ လုပ်ပါ


Don’t do it by halves. . ..... အလုပ်ကို တစ်ဝှက်တစ်ပြတ်မလုပ်ပါနဲ့


He escaped from car accident by inches. . ..... သူ ကားတိုက်မှုမှ သီသီလေး လွတ်သွားတယ်


He wins by landslide. . ..... သူ အပြတ်အသတ် အနိုင်ရသွားတယ်

 

He wins by narrow margin. . ..... သူ ကပ်ပြီး အနိုင်ရသွားတယ်

Don’t make money by hook or by crook. . ..... မတရားတဲ့နည်းလမ်းနဲ့ ငွေမရှာပါနဲ့

His English develops by leaps and bounds. . ..... သူရဲ့အင်္ဂလိပ်စာက တဟုန်ထိုးတိုးတက်နေတယ်

I am by no means a thief. . ..... ငါက လုံးဝ သူခိုး မဟုတ်ဘူး

They escaped by means of secret tunnel. . ..... သူတို့ လျှို့ဝှက်ဥမင်လိုင်ခေါင်းမှတစ်ဆင့် လွတ်မြောက်လာတယ်

I will go to Paris by way of London. . ..... လန်ဒန်မှတစ်ဆင့် ပဲရစ်ကို သွားမယ်

He sings again by popular demand. . ..... အများကတောင်းဆိုလို့ ပြန်ဆိုတယ်

I get this information by word of mouth. . ..... တစ်ဆင့်စကားနဲ့ ဒီသတင်းရတာ

By now, he is halfway. . ..... အခုလောက်ဆို လမ်းတစ်ဝှက် ရောက်နေပြီ

 

 

Credit - မောင်ဝမ်း (ချောင်းဦး)

Read times
Rate this articles
(0 votes)