×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 17 August 2022

"S" ပေါင်းထည့်လိုက်ရုံနှင့် အဓိပ္ပာယ် ပြောင်းလဲသွားသည့် စကားလုံးများ

"S" ပေါင်းထည့်လိုက်ရုံနှင့် အဓိပ္ပာယ် ပြောင်းလဲသွားသည့် စကားလုံးများ

 

စကားလုံးတစ်လုံးကို အနည်းကိန်းမှ အများကိန်းသို့ ပြောင်းလိုပါက စကားလုံးရဲ့အဆုံးမှာ "S" ပေါင်းထည့်ခြင်းဖြင့် ပြောင်းလဲနိုင်တယ်ဆိုပြီး ယေဘူယျအနေနဲ့ သိထားခဲ့ကြပါတယ်။

ဒါပေမယ့်အလည်း အချို့စကားလုံးတွေက စကားလုံးရဲ့အဆုံးမှာ "S" ကိုပေါင်းထည့်ပေးလိုက်ခြင်းအားဖြင့် အနည်းကိန်း၊ အများကိန်းပြောင်းလဲသွားတာမဟုတ်ဘဲ စကားလုံးရဲ့အဓိပ္ပာယ် လုံးဝပြောင်းလဲသွားတဲ့ စကားလုံးအချို့လည်း ရှိနေပါသေးတယ်။

 

ဒီဆောင်းပါးလေးမှတော့ စကားလုံးရဲ့နောက်ဆုံးမှာ "S" ကိုပေါင်းထည့်လိုက်ရုံနဲ့ အဓိပ္ပာယ်ပြောင်းလဲသွားတဲ့ စကားလုံးအချို့ကို လေ့လာကြရမှာပဲဖြစ်ပါတယ်။

 

CID

 

 

(၁) Water / Waters
Water - ရေ
Waters - မြစ်

Water, but if"s" is added to water then it becomes waters, Waters means rivers.

 

1. Water

 

(၂) Sand / Sands
Sand - သဲ
Sands - ကန္တာရ

Sand, but if "S" is added to sand then it becomes sands, Sands means desert.

 

2. Sand

 

(၃) Air / Airs
Air - လေ၊ လေထု
Airs - မောက်မာသော အပြုအမူ

Air but if "S" is added to air then it becomes airs, Airs means ostentatious behavior.

 

(၄) Return / Returns
Return - (n) အပြန် / (v) ပြန်သွားသည်
Returns - ဝင်ငွေခွန်

Return but if "S" is added to return then it becomes returns, Returns means income tax.

 

(၅) Iron / Irons
Iron - (n) သံ / (v) မီးပူတိုက်သည်
IRONS - သံကြိုးများ၊ လက်ခြင်းချိတ်ဆက်ခြင်း

Iron but if "S" is added to iron, then it becomes irons, "IRONS" means chains or hand links.

 

(၆) Wood / Woods
Wood - သစ်သား
Woods - သစ်တော

Wood but if "S" is added to the wood then it becomes Woods, Woods means forest.

 

6. Wood

 

(၇) Abuse / Abuses
Abuse - အလွဲသုံးစားပြုသည်၊ စော်ကားသည်၊ နှိပ်စက်ညှဉ်းပန်းသည်။
Abuses - လူမှုနယ်ပယ်တွင် ဆိုးယုတ်ခြင်း၊ လူ့အဖွဲ့အစည်း သို့မဟုတ် ၎င်း၏နိုင်ငံသားများကို ထိခိုက်နစ်နာစေသော အရာများ

Abuse But if "S" is added to the abuse then it becomes abuses, Abuses is known as a social evils.

 

(၈) Good / Goods
Good - ကောင်းသော
Goods - ကုန်ပစ္စည်း

Good but if "S" is added to the good then it becomes goods, Goods means things.

 

(၉) Work / Works
Work - အလုပ်
Works - အနုပညာ

Work but if "S" is added to the work, then it becomes works, Works means art.

 

(၁၀) Fruit / Fruits
Fruit - သစ်သီး
Fruits - ရလဒ်

Fruit but if "S" is added to the fruit, then it becomes fruits, Fruits means Result.

 

(၁၁) Wit / Wits
Wit - ဟာသဉာဏ်၊ ဟာသဉာဏ်ရှိသူ
Wits - ဉာဏ်ပညာ

Wit but if "S" is added to the wit, then it becomes wits, Wits mean intelligence.

 

11. Wits

 

(၁၂) Custom / Customs
Custom - ဓလေ့ထုံးတမ်း
Customs - အကောက်ခွန်

Custom but if "S" is added to the custom, then it becomes customs, Customs is known as a customs duty.

 

12. Customs

 

(၁၃) Pain / Pains
Pain - (n) နာကျင်မှု၊ ဝေဒနာ၊ စိတ်ဆင်းရဲမှု၊ ဒုက္ခ (v) ဒုက္ခပေးသည်၊ ဝမ်းနည်းရသည်။
Pains - ပြဿနာများ၊ ဒုက္ခများ

Pain but if "S" is added to the pain, then it becomes pains, Pains means problems or troubles.

 

13. Pain

 


(၁၄) Letter / Letters
Letter - စာ
Letters - အက္ခရာ

Letter but if "S" is added to the letter, then it becomes letters, Letters is known as Alphabet.

 

(၁၅) Quarter / Quarters
Quarter - လေးပုံတစ်ပုံ၊ 15 မိနစ်၊ မြို့နယ်၊ ရပ်ကွက်
Quarters - အစိုးရနေအိမ်

Quarter but if "S" is added to the quarter, then it becomes quarters, Quarters means Government residence.

 

(၁၆) Manner / Manners
Manner - အပြုအမူ၊ ပုံစံ၊ ဟန်ပန်၊ ဟန်အမူအရာ
Manners - ယဉ်ကျေးသော၊ လောကဝတ်

Manner but if "S" is added to the manner, then it becomes manners, Manners is known as courtesy.

 

 


ဒီဆောင်းပါးလေးမှတဆင့် စကားလုံး ဗဟုသုတများ ရရှိနိုင်ကြပါစေ။

Read times Last modified on Wednesday, 17 August 2022 10:38
Rate this articles
(1 Vote)