သင်ဆင်းရဲတွင်းထဲကနေ ရုန်းထွက်ချင်ရင် ဒီအရာ(၇) ခုကို လုံးဝ မလုပ်ပါနဲ့။ အဲဒီအရာတွေလုပ်နေရင် သင်ဘယ်တော့မှ ချမ်းလာမှာ မဟုတ်ပါဘူး။
(၁) ဝင်ငွေထက်ပိုပြီး အသုံးများခြင်း
သင်ဟာ သင်ရတဲ့ ဝင်ငွေထက်ပိုပြီး သုံးဖြုန်းနေမယ်ဆိုရင်တော့ ဘယ်တော့မှ ချမ်းမသာလာနိုင်ပါဘူး။ ဒါပေမယ့် သင်မစိုးရိမ်ပါနဲ့။ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၅၂% ဟာ ကိုယ်ရရှိတဲ့ ဝင်ငွေထက်ပိုပြီး သုံးဖြုန်းနေကြတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့သူများနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
(၂) ငွေမစုဆောင်းခြင်း
လူတွေ ဆင်းရဲရတဲ့ နောက်ကွယ်က အဓိက အကြောင်းအရင်းဟာ ငွေစုဆောင်းတဲ့ အလေ့အကျင့် မရှိကြလို့ပါပဲ။ ငွေစုတာဟာ ချမ်းသာကြွယ်ဝခြင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။
(၃) အကြွေးထူခြင်း
စီးပွားရေး လုပ်ငန်းတစ်ခု ပုံမှန် လည်ပတ်နေဖို့အတွက် ဘဏ်ချေးငွေ (အကြွေး) လိုအပ်တာဟာ အပြစ်ပြောလို့မရပေမယ့်လည်း သာမန်လူ တစ်ယောက် အကြွေးထူနေပြီဆိုရင်တော့ ဒါဟာ စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာလည်း အကြွေးမရှိရင် မနေတတ်တဲ့သူတွေ ရှိပါလိမ့်မယ်။ သင် သူတို့ကို စောင့်ကြည့်နေလိုက်ပါ။
သူတို့ဘဝဟာ အကြွေး...အတိုးနှူန်း စတာတွေနဲ့သာ အမြဲအလုပ်ရှုပ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီလူတွေဟာ ဘယ်တော့မှ မချမ်းလာနိုင်ပါဘူး ။ သင်လည်း သူတို့ထဲက တစ်ယောက် မဖြစ်ရလေအောင် လိုအပ်တာထက်ပိုပြီး ငွေကို မသုံးမိပါစေနဲ့။ ဘယ်သူ့ဆီမှာမှ အကြွေးတင်မခံပါနဲ့။
(၄) ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အစီအစဉ် အတည်တကျ မရှိခြင်း
သင့်ဘဝမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အစီအစဉ် မဆွဲထားရင်တော့ ချမ်းသာခြင်းဟာ သင့်အတွက် အိပ်မက်တစ်ခုလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် လစဉ် ဝင်ငွေပမာဏ၊ ငွေသုံးခြင်း၊ ငွေစုဆောင်းခြင်းတို့နဲ့ ပတ်သက်ပြီး စာရင်းဇယား ပြုလုပ်ပါ။ စုဆောင်းရရှိလာတဲ့ ဝင်ငွေတွေကိုလည်း ဘယ်လိုထပ်ပြီး တိုးပွားအောင်လုပ်မလဲဆိုတာကို အစီအစဉ် ရေးဆွဲပါ။
(၅) မိုးရွာတုန်းရေခံခြင်း
ဒီစကားပုံဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ သိပ်ပြီး မစိမ်းလှပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ ၎င်းစကားပုံအတိုင်း လိုက်နာခဲကြပါတယ်။ ငယ်ရွယ်နုပျိုတုန်း...ငွေရှာလို့ကောင်းတဲ့အချိန်ဖြစ်နေတုန်းမှာ ငွေကို ရရင်ရသလောက် သုံးဖြုန်းမိကြတာများပါတယ်။
ပိုဆိုးတာကတော့ ကိုယ်တိုင် အလုပ်မလုပ်ဘဲ မိဘပိုက်ဆံထိုင်ဖြုန်းကာ ရေသာခိုလို့ရသလောက် ခိုကြတာပါပဲ။ ၎င်းအကျင့်ဆိုးတွေကို မဖျက်နိုင်မချင်း ဆင်းရဲခြင်းဟာ ကျွန်တော်တို့နဲ့ အတူရှ်နေမှာ သေချာပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မိုးရွာတုန်း ရေခံသင့်ပါတယ်။
(၆) အပြစ်တင်ခြင်း
ကိုယ့်ဘာသာကိုယ် မကြိုးစားဘဲ မိဘကိုအပြစ်တင်နေမယ်...ဆင်းရဲတဲ့နိုင်ငံမှာ လူဖြစ်လာတာကို အပြစ်တင်နေမယ်...အလုပ်ရှင် ခေါင်းပုံဖြတ်တာကို အပြစ်တင်နေမယ်...အဲဒီလိုမျိုး တစ်ချိန်လုံး အပြစ်တင်နေမယ်ဆိုရင်တော့ သင်ဘယ်တော့မှ ချမ်းသာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်မိဘကို အပြစ်မတင်ပါနဲ့။
သူတို့သင့်ကို ဆင်းဆင်းရဲရဲမွေးထားတာ အပြစ်မဟုတ်ပေမယ့် သင်ဆင်းဆင်းရဲရဲနဲ့ သေသွားမယ်ဆိုရင်တော့ သင့်အပြစ်ဖြစ်သွားပါပြီ။ သင့်အလုပ်ရှင်ကိုလည်း အပြစ်တင်မနေပါနဲ့။ မတရားမှုက နေရာတိုင်းမှာ ရှိနေမြဲပါ။ အလုပ်ရှင်ကောင်းမှ သင်ချမ်းသာမှာ မဟုတ်ပါဘူး။ သင့်ကိုဆင်းရဲတွင်းကနေ ဆွဲတင်ပေးနိုင်မှာ သင့်ရဲ့ ကြိုးစားမှု တစ်ခုတည်းသာ ရှိပါတယ်။
(၇) ရေလိုက်ငါးလိုက် နေထိုင်ခြင်း
သင်ဟာ ဘဝကို ရေလိုက်ငါးလိုက်နေထိုင်ပြီး "ရှိရင်စားမယ်....မရှိရင်မစားဘူး" ဆိုပြီး ရရစားစားဘဝမှာ ပျော်မွေ့နေမယ်ဆိုရင်တော့ သေချာပါတယ်။ သင်တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ အရိုးထုတ်သွားရမှာပါ။
source; lunge.media