×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 19 February 2019

ရုပ်ရှင်လောကရဲ့ဟာသဘုရင်ကြီး (သို့) စတီဗင်ချောင်ရဲ့ ဘ၀ဖြတ်သန်းမှုအကြောင်း

ရုပ်ရှင်လောကရဲ့ဟာသဘုရင်ကြီး (သို့) စတီဗင်ချောင်ရဲ့ ဘ၀ဖြတ်သန်းမှုအကြောင်း google

King Of Comedy ဖြစ်လာတဲ့အာရှသား (သို့ ) ဟောင်ကောင်ပျံကျ ဈေးထဲမှ ကမ္ဘာ့ရုပ်ရှင်လောကရဲ့လမ်းသစ်တခုကို ဖောက်ခဲ့တဲ့လက်သည်းညှပ်သည်ကလေးတစ်ဦးရဲ့အတ္ထုပ္ပတ္တိ)


" သူတောင်းစားဘဝကနေ ဘုရင်ဖြစ်တာ ပုံပြင်စာအုပ်ထဲပဲ ရှိတယ်လို့ ခင်ဗျားယုံကြည်နေသ၍ သူတောင်းစားပဲ ခင်ဗျားလုပ်နေရဦးမှာပဲ။ မဖြစ်နိုင်တာတွေကိုယုံကြည်ပါ
ကမ္ဘာကြီးမှာ မဖြစ်နိုင်တာတွေကပဲ ယနေ့ခေတ်မှာဖြစ်နေလို့ပါ။ "

-စတီဗင် ချောင်

 


၁၉၆၂ ခုနှစ် ဇွန်လ ၂၂ရက်နေ့။
တရုတ်နိုင်ငံ ဟောင်ကောင်မြို့ကသာမာန်မိသားစု
တစုမှာကလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။
ဖခင်ဖြစ်သူလောင်းကစားသမားရဲ့အကြွေးဒဏ်
တွေကိုအလူးအလဲခံနေရတဲ့ ဇနီးဖြစ်သူ Chi
အတွက်တော့ သားသမီး၅ယောက်နဲ့စားဝတ်နေ
ရေးကကြပ်တည်းလွန်းလှတယ်။ အမ၄ယောက်
ကပဲ ဒီကလေးကိုထိန်းကျောင်းခဲ့ရပြီးမိခင်ဖြစ်သူ
ကတော့ ယောကျာ်းဖြစ်သူရဲ့ဒဏ်တွေကြောင့်
စိတ်ဝေတနာရောဂါစတင်ခံစားနေရချိန်ပေါ့။ဒီက
လေးကလဲဒီလောက်သားသမီးများတဲ့မိသားစုမှာ
မှလူဖြစ်ရပါ့မလားဆိုတဲ့ ဖခင်ရဲ့အဆဲအဆိုစကား
တွေကနောက်ဆုံးတော့ မိခင်ဖြစ်သူနဲ့ကွာရှင်းဖို့
ဖြစ်ခဲ့ပါတော့တယ်။ ထိုကလေး၅နှစ်တောင်မပြည့်
သေးခင်အရွယ်မှာပေါ့။ အမဖြစ်သူ၎ယောက်ကပဲ
အမြဲလိုလိုကြောင်တောင်တောင်ဖြစ်နေတတ်တဲ့
မိခင်နဲ့ မောင်ဖြစ်သူလူမမယ်ကလေးကိုခေါ်ပြီး
ထိုအချိန်ကဟောင်ကောင်ရဲ့စရိုက်ကျတဲ့အခွန်
လွတ်ဈေးတခုနောက်ကအပေါစားအိမ်ခန်းတခု
မှာပြောင်းရွေ့နေထိုင်ခဲ့ကြပါတယ်။ အမကြီးဖြစ်သူ
က အမကြီးအမိရာပီသပါပေတယ်။ ဈေးထဲမိန်း
ကလေးတန်မဲ့ ခေါက်ဆွဲဆိုင်တခုမှာအကူအနေနဲ့
ဝင်လုပ်တယ်။ အမလတ်ဖြစ်သူက လက်သည်း
ညှပ်လိုက်ရောင်းတယ်။ အငယ်ဆုံး ညီမနဲ့မောင်
လေးအပြင် မိခင်ဖြစ်သူရောဂါသည်ကိုပါလုပ်ကိုင်
ကျွေးမွေးခဲ့ကြတယ်။ ဒါပေမယ့်မိခင်ဖြစ်သူကလဲ
ဒီတိုင်းတော့မနေခဲ့ဘူး သူရူးသွားရင်တောင်သား
ဖြစ်သူကို အမတွေလိုပညာမတတ်သူများခိုင်းဖက်
မဖြစ်စေချင်တဲ့အတွက် ကျရာအလုပ်လုပ်ပြီးပြုစု
စောင့်ရှောက်ပေးခဲ့ပါတယ်။မိန်းမသားတွေနဲ့ချည်း
နေရတဲ့ယောကျာ်းလေးတယောက်အဖို့ တော့အ
ခက်အခဲရှိလှတာပေါ့။ အမတွေကအရမ်းချစ်တော့
မောင်ဖြစ်သူကိုပိုးမွေးသလိုမွေးထားကြတယ်။အ
ဖြစ်သည်းတယ်ပေါ့ဗျာ။ ဒါကြောင့်လဲမောင်ဖြစ်သူ
ဟာစကားနည်းခြင်း တခုခုဆိုငိုတတ်ခြင်း ကနွဲ့က
လျဖြစ်ခြင်းတွေအကျင့်ပါလာခဲ့တယ်။ ဒီလိုနဲ့သူ
မူလတန်းကိုအမအငယ်ဖြစ်သူနဲ့အတူစတက်ချိန်
မှာတော့ပြသနာကစတာပါပဲ။ ကျောင်းမှာညီမ
တွေကျောင်းလာပြီတို့ အခြောက် စသဖြင့်အစခံရ
တယ်။ ဒါပေမယ့်ငိုပြီးကျောင်းပြန်လာတာကလွဲ
ရင် ဘာမှပြန်မတုန့်ပြန်တတ်ခဲ့ဘူး။ အမဖြစ်သူ
တွေကမဖြစ်တော့ဘူးဆိုပြီး ကျောင်းထိလိုက်ရန်
တွေ့ရတာလဲအခါမနည်းပေါ့။ ဒါပေမယ့်မောင်ဖြစ်
သူကတော့မပြောင်းလဲသွားခဲ့ပါဘူး။နောက်ပိုင်း
အမြဲလိုလိုအားငယ်နေတတ်တဲ့သားဖြစ်သူကိုမိ
ခင်ကစိတ်အပြောင်းအလဲဖြစ်အောင် TVတလုံး
ဝယ်ဖို့ဆုံးဖြတ်လိုက်တော့တယ်။ ဆင်းရဲသားမိ
သားစုတွေအဖို့ TVတလုံးတန်ဖိုးကမသေးလှပါ
ဘူး။ ဘရုစ်လီ ------ TV အိမ်ကိုစရောက်ပြီးမ
ကြာဘူး သားဖြစ်သူစတင်စိတ်ဝင်စားသွားတဲ့သူ
က ဘရုစ်လီပါပဲ။ ဘရုစ်လီကားတွေကိုအမြဲကြည့်
အမြဲအားပေးတတ်တဲ့သားဖြစ်သူဟာ ထို့အချိန်က
စပြီး " အမေ သားသူ့လိုမင်းသားဖြစ်ချင်တယ် "
ဆိုတဲ့စကားကိုစတင်ဖွင့်ပြောခဲ့ပါတော့တယ်။ဒါက
မိခင်ဖြစ်သူသားကိုပြုပြင်ပြောင်းလဲဖို့လမ်းစရခဲ့
တာပါပဲ။ 
" စိတ်ကူးယဉ် မူတိုင်းဟာ
လက်တွေ့ဖြစ်လာဖို့ လမ်းစပါပဲ။"

အဲ့ဒီနောက်ပိုင်းမှာတော့သားဖြစ်သူစတင်
ပြောင်းလဲလာခဲ့တယ်။ မင်းသားတယောက်ဖြစ်
ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးယဉ်မူကိုသူ့ငယ်ဘဝ
ကိုလွှမ်းမိုးထားလိုက်ချိန်ပေါ့။ ဒါပေမယ့်အမဖြစ်
သူမတော်တဆကားတိုက်မိရာက အိမ်ရဲ့စားဝတ်
နေရေးအတွက်သူပါပါဝင်ရုန်းကန်ဖို့ဖြစ်လာခဲ့
တယ်။ ၇နှစ်သားဘဝမှာ လက်ညည်းညှပ်အိတ်
ကြီးကိုလွယ်ပြီး ဟောင်ကောင်ဈေးလမ်းတခုမှာ
သူ့ဘဝရဲ့ပထမဆုံးရုန်းကန်မူကိုစတင်ခဲ့ပါတယ်။
သူကမရှက်တတ်တော့ဘူး အငယ်မဖြစ်သူက
အမှတ်တရပစ္စည်းတချို့ကိုရောင်းခဲ့သလို သူကလဲ
လက်ညည်းညှပ်ရောင်းခဲ့ကြတယ်။ အလယ်တန်း
ကျောင်းသားဘဝမှာတော့ ခေါက်ဆွဲဆိုင်မှာည
ပိုင်းစားပွဲထိုးပါလုပ်ရင်းဘဝကိုရုန်းကန်ခဲ့ပါတယ်။
အမလတ်ဖြစ်သူက ဓာတ်ပုံဆရာမသိပ်ဖြစ်ချင်
တယ်။ ဒါကိုသိတဲ့မောင်ဖြစ်သူက အမဖြစ်သူအ
သက်၁၄နှစ်ပြည့်မွေးနေ့မှာ cameraအဟောင်း
တလုံးကိုဝယ်ပေးနိုင်ဖို့စားပွဲထိုးအလုပ်ကိုကျောင်း
တရက်အမြဲပျက်ပြီးပိုလုပ်ခဲ့ပါတယ်။ ဒါကိုမိခင်
ဖြစ်သူကသိ ရိုက်ကြရန်ဖြစ်ကြနဲ့ ထိုကလေးရဲ့ငယ်
ဘဝဟာ တွေးကြည့်ရင်ရင်နာစရာတွေများလှပါ
ဘိ။ အထက်တန်းကျောင်းစတက်ချိန်မှာတော့
သူဟာ ရုပ်ရှင်လောကကိုအရူးအမူးဖြစ်နေခဲ့ပါပြီ။
အားရင်အားသလို ဘရုစ်လီရဲ့အခွေတွေကြည့်
လမ်းဘေးကရောင်းတဲ့သိုင်းစာအုပ်တွေဝယ်ပြီး
သိုင်းကျင့်ခဲ့တယ်။ တဖက်မှာလဲ စားပွဲထိုးအပြင်
ကြွေထည်စက်ရုံတခုကအထမ်းသမားအဖြစ်ပါ
လုပ်ခဲ့တယ်။ သူကတော့တခြားသူမဟုတ်ဘူး
နောက်တချိန်မှာ အာရှရုပ်ရှင်အဆင့်အတန်းကို
ကမ္ဘာအနှံ့ထိုးဖောက်ပြလာမယ့် အာရှရဲ့အက်ရှင်
ဟာသKing အဖြစ်အသိအမှတ်ပြုခံရမယ့်
နောက်ပိုင်း အကောင်းဆုံးဒါရိုက်တာ အကောင်း
ဆုံးဟာသသရုပ်ဆောင် Asia Pacific Film 
Festival ရဲ့ အကောင်းဆုံးမင်းသား အဖြစ်သတ်
မှတ်ခြင်းခံလာရမယ့် ကျုပ်တို့ငယ်ဘဝရုပ်ရှင်
နည်းပညာတွေမဆန်းသစ်ခင်မှာတောင်သူ့ကား
တွေကအထူးအဆန်းတွေဖြစ်စေခဲ့တဲ့ ဟာသမင်း
သားကြီး စတီဗင်ချောင်ပါပဲ။


" မှတ်ဥာဏ်ဆိုတာ နာကျင်မူရဲ့
အရင်းမြစ်ပဲ။ 
အဲ့ဒီနာကျင်မူကို မေ့ထားနိုင်မူက
ဆုလာဒ်တခုပဲ။ "

စတီဗင်ချောင်


Chow အထက်တန်းကျောင်းသားနောက်
ဆုံးနှစ်မှာတော့ ကျောင်းထွက်ပြီးအလုပ်လုပ်ရဖို့
အထိမိသားစုစားဝတ်နေရေးဟာခက်ခဲခဲ့ပါပြီ။သူ
ကျောင်းထွက်ခဲ့ပြီး တက္ကသိုလ်ဆိုတာကြီးနဲ့ဝေး
တဲ့ အလုပ်ကြမ်းသမားဘဝကိုရောက်ခဲ့ရတယ်။
ဒါပေမယ့် သူ့စိတ်ကူးယဉ်မူဖြစ်တဲ့သရုပ်ဆောင်
မင်းသားတယောက်ဘဝကိုဘယ်တော့မှမေ့မ
ထားခဲ့ပါဘူး။ ဒီလိုနဲ့အလုပ်ကြမ်းသမားဘဝနဲ့၁၅
နှစ်သားမှာ ရုန်းကန်နေစဉ်ရုံးတခုကအလုပ်သ
မားခေါ်တဲ့ကြော်ငြာစာစောင်တခုကိုသူရရှိသွားခဲ့
တယ်။ ဒါကြောင့်ပဲသွားလျှောက်ရင်းထိုရုံးရဲ့
တောက်တိုမယ်ရ ပစ္စည်းထမ်းပစ္စည်းမ တခုခုဝယ်
ခိုင်းရင်သွားဝယ်ပေးရတဲ့အလုပ်သမားအဖြစ်လုပ်
ခွင့်ရခဲ့တယ်။ ဒါကလဲပညာတတ်တွေလုပ်ကိုင်တဲ့
ရုံးတွေမှာ ဒီလိုအထက်တန်းကျောင်းသားအဆင့်
အဖို့ဒီလောက်ပဲလုပ်လို့ရတယ်ပေါ့။ ဒါပေမယ့်သူ
စိတ်မပျက်ခဲ့ဘူး ဘာကြောင့်လဲဆို ဒီရုံးကဝတ္ထု
တွေကိုဖြန့်ချီပုံနှိပ်တည်းဖြတ်ပေးတဲ့ရုံးတခု။ ဒီက
နေ Chow ဟာဝတ္ထုတွေရဲ့သဘောတရား ချိတ်
ဆက်မူတွေကိုလေ့လာဖတ်ရူခဲ့တယ်။ အချိန်ကြာ
လာတော့ ဒီအလုပ်မှာဆက်လုပ်နေခြင်းကသူ့အိမ်
မက်အတွက်ဘာမှဖြစ်လာမှာမဟုတ်ကြောင်းကို
သိလာခဲ့တယ်။ ဒါကြောင့်ပဲ ထိုအလုပ်ကထွက်
ပြီး ဟောင်ကောင်မြို့ပေါ်ကစားသောက်ဆိုင်တခု
မှာစားပွဲထိုးထပ်လုပ်ခဲ့ပါတော့တယ်။ ဒါကသူ့
ရည်ရွယ်ချက်တခုပါပဲ။အကြောင်းကတော့ဒီစား
သောက်ဆိုင်ကပေးတဲ့အခန်းမှာနေရင်းနေ့လည်
ပိုင်းတွေကို TVB ဆိုတဲ့ရုပ်သံလိုင်းတခုကဖွင့်တဲ့
သရုပ်ဆောင်သင်တန်းကိုတက်ချင်လို့ပါပဲ။ ဒါပေ
မယ့် ၉ကြိမ်တိတိဖြေခဲ့သရုပ်ဆောင်ပြခဲ့တာ
တောင်အရည်အချင်းလုံးဝမရှိဘူးဆိုပြီးပယ်ချခဲ့ပါ
တယ်။

" ကိုယ်တိုင်မလုပ်ကြည့်ပဲနဲ့
မဖြစ်နိုင်ပါဘူးကွာလို့ ဝေဖန်တတ်တဲ့
သူတွေကိုကျတော်ရယ်မိတယ်။
မဖြစ်နိုင်တာထက် မလုပ်ချင်တာက
လူတချို့အတွက် အဖော်ဖြစ်နေလို့ပါပဲ "

စတီဗင်ချောင်

၉ကြိမ်အပယ်ခံရပြီးနောက်မှာတောင်သူဟာ
ဇွဲမလျော့လို့ TVB ကနေဘယ်တော့မှဖောင်
လက်မခံဖို့အထိ လုပ်ခဲ့ပါတယ်။ Chow ဟာဒီ
နည်းလမ်းနဲ့ရုပ်ရှင်လောကထဲဝင်ဖို့ မဖြစ်နိုင်တာ
ကိုသိသွားခဲ့တယ်။ ဒါပေမယ့်ဇွဲမလျော့ဘူး TVB
ကရုပ်သံဇာတ်လမ်းတွေကိုရိုက်ကူးတဲ့ရိုက်ကူး
ရေးအဖွဲ့နောက်ကိုလိုက်ရင်း တဖွဲ့လုံးရဲ့အောက်
ကျခံလိုရာခိုင်းဖက်အဖြစ် ထပ်မံလုပ်ခဲ့ပါတော့
တယ်။ မင်းသားခိုင်းတာအစ စက်အဖွဲ့ကအထမ်း
သမားခိုင်းတာအထိ ရိုက်ကွင်းတခုလုံးရဲ့ခိုင်းဖက်
အဖြစ်လုပ်ရင်း သူရူးသွပ်တဲ့သရုပ်ဆောင်တဦးဘ
ဝကို လက်တွေ့ကျကျလေ့လာခွင့်ရခဲ့ပါတော့
တယ်။ ဒီအချိန်မှာသူသွားတွေ့တာက လီချီဟောင်
ဆိုတဲ့အရံမင်းသားတယောက်ပါပဲ။ လီချီဟောင်
ကိုသူတောက်တိုမယ်ရလုပ်ပေးရင်း သူနဲ့ခင်မင်
လာခဲ့တယ်။ လီချီဟောင်က ဒီလူငယ်ဟာရုပ်ရှင်
အပေါ်အရမ်းရူးသွပ်သူပါလားဆိုတာကိုသိရှိသွား
ခဲ့ပြီး TVB ကနေညပိုင်းသင်တဲ့သက်ကြီးပိုင်း
သရုပ်ဆောင်သင်တန်းတခုမှာ သူ့ကိုတက်နိုင်ဖို့
TVB ကိုပြောပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်သူ့အ
သက် ၁၈နှစ်မှာဒီသင်တန်းကိုတက်ရောက်ခွင့်ရ
ခဲ့ပြီး အသက်၂၀ထိရုပ်ရှင်ရိုက်ကွင်းရဲ့တောက်တို
မယ်ရဘဝနဲ့လုပ်ခဲ့ရပါတယ်။ ၁၉၈၂ခုနှစ်မှာတော့
TVB ရဲ့ဇာတ်လမ်းတခုဖြစ်တဲ့ Demi-Gods 
and Semi-Devils ဆိုတဲ့ဇာတ်လမ်းတွဲမှာစ
တင်ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သေပေးရတဲ့
လူတွေအခန်းနဲ့ ဖြတ်လျှောက်၃ ၄ခန်းပါပဲ။စကား
ပြောခန်းတခုမှမပါပါဘူး။ ဒီလိုနဲ့ Chowဟာ
The Legend of Master So
The Emissary 
The Old Miao Myth The Legend of the Condor 
Final Justice စတဲ့ဇာတ်လမ်းတွဲတွေမှာဖြတ်
လျှောက် တခန်းစနှစ်ခန်းစ လူစားထိုး နဲ့ မြို့သူ
မြို့သားနေရာတွေ တခါတလေ ရဲတပ်ဖွဲ့ကရဲတဦး
မျှအဖြစ်သာပါဝင်ခဲ့ပြီး ၁၉၈၂ ခုနှစ်ကနေ ၁၉၈၈
ခုနှစ်အထိ၆နှစ်လုံးလုံးရုန်းကန်ခဲ့ပြီး သရုပ်ဆောင်
တယောက်ရယ်လို့ နေရာပြစရာသိပ်မရှိခဲ့တာ
တောင်ဇွဲမလျှော့ခဲ့ပါဘူး။ တခါ သူပါတယ်ဆိုတဲ့
ဇာတ်လမ်းတွဲကို အမဖြစ်သူတွေကိုကြည့်ချင်
လွန်းလို့TV ကဒီနေ့ပါနိုးနိုးဟိုနေ့ပါနိုးနိုးနဲ့
စောင့်ကြည့်ခဲ့ကြတယ်။ သူပါဝင်တဲ့အခန်းဟာ
ဇာတ်လမ်းတွဲစပြပြီး၇လကြာမှ၁၃စက္ကန့်စာသာပါ
ဝင်ခဲ့ပါတယ်။ ဒါပေမယ့်ဒီလို၆နှစ်တာဘာနေရာမှ
မရတာတောင်အနုပညာလောကကိုမစွန့်ခဲ့တဲ့
Chow ဟာရုပ်ရှင်နယ်ပယ်သားတချို့နဲ့တော့ခင်
မင်ခွင့်ရခဲ့ပါတယ်။ ၁၉၈၃ခုနှစ်ကသူပါဝင်ခဲ့တဲ့
Space Shutt40 ဆိုတဲ့ ၅နှစ်ခွဲလောက်ကြာ
အောင်ပြသခဲ့တဲ့ဒီအစီအစဉ်မှာလဲ Chowဟာ
ဒါရိုက်တာတချို့နဲ့ခင်မင်ခွင့်ရခဲ့ပါတယ်။ဒါက
Chow ရဲ့ပထမဆုံးရုပ်ရှင်ကား Final Justice
မှာ ဒုတိယမင်းသားနေရာကနေ မင်းသားကြီး
Danny Leeနဲ့အတူပါဝင်သရုပ်ဆောင်ဖို့ဖြစ်လာ
ခဲ့ပါတော့တယ်။ ဒီကားဟာဟောင်ကောင်ဒေါ်
လာ၅သိန်းမျှသာသုံးပြီး ၈သန်းအထိအမြတ်ငွေ
ရခဲ့တဲ့ကားဖြစ်သလို 25th Golden Horse 
Awards / Hong Kong Film Awards /
Best New Performer နဲ့ ဟောင်ကောင်
ရုပ်ရှင်ရဲ့ အကောင်းဆုံးဇာတ်ပို့ဆုရှင်အဖြစ် 
စတီဗင်ချောင်ဟာ ဒုတိယမင်းသားနေရာသာဖြစ်
ပေမယ့် ဒီတကားလုံးရဲ့လူစိတ်ဝင်စားမူအများဆုံး
သရုပ်ဆောင်ဖြစ်ခဲ့ပါတော့တယ်။ တရုတ်ရုပ်ရှင်
သမိုင်းမှာဒီလိုသာမာန်အောက်ကားတကားကနေ
တနှစ်တာအတွက်အဓိကဆုကြီးတွေသိမ်းမိုက်ခဲ့တာ
အရမ်းထူးဆန်းခဲ့ကြတာပေါ့။ သရုပ်ဆောင်ချက်
ကတကယ်ကြေကွဲခံစားနေပေမယ့် လူအများအဖို့
စတီဗင်ချောင်ရဲ့သရုပ်ဆောင်ချက်ကဘယ်မင်း
သားနဲ့မှမတူတဲ့ဇာတ်ရုပ်တခုကိုမြင်တွေ့ခဲ့ရပါ
တယ်။ ဒါက စတီဗင်ချောင်ဆိုပြီး အာရှရုပ်ရှင်
လောကမှာ ဘယ်မင်းသားနဲ့မှမတူတဲ့ရုပ်ရှင်လိုင်း
တခုကိုလမ်းဖောက်လာဖို့မင်းသားတဦးပေါ်ထွက်
လာခဲ့ခြင်းပါပဲ။ အဲ့ဒီနောက်တချို့ကားတွေဇာတ်
လမ်းတွဲတွေမှာ အရံအဖြစ်ထပ်ပါခဲ့ပြီး စတီဗင်
ချောင်ဆိုပြီးထပ်မံတွေ့ရမယ့် ရုပ်ရှင်ကားတကား
ကို ၁၉၈၈ခုနှစ်မှာပဲ ကြေငြာခဲ့ပါတယ်။ဒီကားက
တော့ ၁၉၈၉ခုနှစ် စက်တင်ဘာလမှာရုံတင်ခဲ့တဲ့
မင်းသားကြီး ဂျက်လီရဲ့ Dragon Fight ရုပ်ရှင်
ကားကြီးပါပဲ။ ဒီကားမှာ စတီဗင်ချောင်ဟာဇာတ်
ပို့နေရာကပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီကားကChow
ကို ခေါင်းဆောင်မင်းသားတဦးဖြစ်လို့လမ်းစရခဲ့
ခြင်းပါပဲ။ ဒီကားရုံမတင်မှီကြေငြာလိုက်ထဲက
Chow ဟာ The Final Combat ကားရဲ့မင်း
သားအဖြစ် TBL ကရွေးခဲ့သလို ၁၉၈၉ခုနှစ်မှာပဲ
ရုံတင်ပြသခဲ့တဲ့ ဝူရှူးဟာသဇာတ်ကားပါ။ဒီကား
အပြီးမှာတော့ စတီဗင်ချောင်ဆိုတဲ့နာမည်တခု
ဟောင်ကောင်ရုပ်ရှင်လောကမှာ သတိထားစရာ
ဖြစ်လာခဲ့ပါတယ်။ ဘာကောင်လဲဆိုပြီးကြည့်
ကြည့်ရင်သာမာန်ငပေါရုပ်ပေမယ့် သူ့ကားကြည့်
ပြီးမရယ်တဲ့လူမရှိလာသလို သူဟာရုပ်ရှင်လော
ကရဲ့ဖြစ်ရိုးဖြစ်စဉ်ဟာသပြကွက်တွေထက် ထူး
ခြားတဲ့ဟာသလမ်းအသစ်တခုကိုတီထွင်လာတဲ့
သူဖြစ်လာခဲ့ပါတယ်။ ဂျက်ကီချမ်း - အက်ရှင်မင်း
သားထဲဟာသချကွက်တွေနဲ့လမ်းသစ်လုပ်ပြပြီး
ကမ္ဘာကိုထိုးဖောက်ခဲ့သူ ။ စတီဗင်ချောင် - သူ့ကို
King Of Comedy လို့ဘာကြောင့်ရုပ်ရှင်လော
ကကပေးရသလဲ . ဟုတ်ပါတယ်စတီဗင်ချောင်
ဟာ Mr.Bean လိုပဲ အာရှရုပ်ရှင်သမိုင်းရဲ့
King Of Comedy အဖြစ်မှတ်တမ်းတင်ခံလာ
ရမယ့်သူပါ။

" သူများဘာမှားလဲ
သူများဘာလုပ်လဲ
ခဗျားလိုက်ကြည့်ဝေဖန်နေသ၍
ခဗျား ဘာဖြစ်လာမလဲ
ဆိုတဲ့မေးခွန်းက ကွက်လပ်ဖြစ်နေဦး
မှာပဲ။ "

စတီဗင်ချောင်


Fight Back To School 
.…………………………………

ဒီကားကိုပြသခဲ့ချိန်က ဟောင်ကောင်
ရုပ်ရှင်လောကပြာသွားခဲ့တယ်။ ၁၉၉၁ခုနှစ်မှာ
ဟောင်ကောင်ရဲ့ Gordon Chanထုတ်လုပ်
ရေးကဒီကားကို အရှုံးပေါ်ခဲ့ရင်စတီဗင်ချောင်ကို
မင်းသားစာချုပ်ကနေဖျက်သိမ်းမယ်ဆိုပြီးလုပ်ခဲ့
ပေမယ့် ဟောင်ကောင်ဒေါ်လာ ၄၄သန်း နီးပါးအ
ထိအမြတ်ငွေရခဲ့ပါတယ်။ ဒီကားမှာရဲတယောက်
ဖြစ်ပေမယ့် အမူတခုကိုလိုက်ဖို့အတွက်မိမိတက်
ခဲ့တဲ့ကျောင်းတော်ကြီးထံကျောင်းသားအယောင်
ဆောင်ရင်းတဖန်ပြန်လာခဲ့ချိန် ဆရာမတဦးနဲ့ဆုံ
တွေ့ခဲ့ပုံ သာမာန်ဟာသကားတွေကနေခွဲထွက်
လာတဲ့ဟာသအက်ရှင်ကားသစ်တခုအဖြစ်မြင်
တွေ့ခဲ့ရမှာပါ။

" အသစ်တခုကိုပြောင်းလဲဖန်တီးဖို့
ဘယ်တော့မှမပြောင်းလဲတဲ့အရာ
သင့်မှာလိုအပ်တယ်။ အဲ့ဒါက
ကိုယ့်ရည်မှန်းချက်ပဲ "

စတီဗင်ချောင်


" ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး
ရည်မှန်းချက်ကိုကြိုးစားပါ။
အောင်မြင်မူဆိုတာ
မြင့်တက်လာပါလိမ့်မယ်။ "

စတီဗင်ချောင်

" လောကမှာအစွန်းရောက်ဆိုတာ
ဘယ်အရာမှမမြဲသလို ဘယ်အရာမှ
မကောင်းဘူး။ဘာသာရေး နိုင်ငံရေး
လူမျိုးရေး အနုပညာ ဘယ်အရာမှ
အစွန်းမရောက်သင့်ဘူး။ ဒါပေမယ့်
အဆုံးထိကြိုးစားတတ်ဖို့တော့လို
တယ်။ "

စတီဗင်ချောင်

ဒီလောက်ကောင်းတဲ့ဒဿနတွေကိုဒီလို
ဟာသသရုပ်ဆောင်တယောက်ကဘာကြောင့်
ပြောနိုင်ရေးနိုင်လဲလို့ ကျတော်အစကသံသယ
ဖြစ်မိတယ်။ သေချာလေ့လာကြည့်တော့မှစတီဗင်
ချောင်ဟာ မင်းသားတဦးအပြင် စာရေးဆရာတ
ဦးပါလုပ်ခဲ့သူပါ။ စာအုပ်တွေလူမသိသူမသိ
Chow ဆိုတဲ့ကလောင်နာမည်နဲ့ထွက်ခဲ့သလို
နိုင်ငံရေး လူမျိုးရေးဆိုင်ရာစာတွေကိုရေးသားခဲ့
ဖူးသူပါ။ မကြာခင်ကထွက်ခဲ့တဲ့ The Chow
Collection စာအုပ်ဟာလဲအမေရိကထိရောင်း
ချနိုင်ခဲ့သလို ဇာတ်ကားတွေရဲ့ဇာတ်ညွှန်းရေးဆ
ရာတဦးလဲဖြစ်သူပါ။

" နင်ငါ့ကိုမချစ်လို့ နင်ပျော်မယ်ဆို
နင်ပျော်ဖို့အတွက်ပဲနင်စဉ်းစားပါ။
နင်ငါ့ကိုသစ္စာဖောက်လို့နင်ပျော်မယ်ဆို
နင်ပျော်ဖို့အတွက်ပဲနင်စဉ်းစားပါ။
ငါနင့်ကိုမရိုက်ဘူး
ငါနင့်ကိုရိုက်လိုက်ရင်ငါ့နှလုံးသားပဲနာ
ကျင်ရမှာ နင်ပျော်မှာမဟုတ်ဘူး "

စတီဗင်ချောင် 
( The Chow Collection)

Chow ရဲ့၁၉၉၂နောက်ပိုင်းကားအများစု
ဟာ ရုပ်ရှင်လောကကိုအံ့အားသင့်စေခဲ့ပါတယ်။
ဟာသကိုအက်ရှင်နဲ့ရောဖန်တီးတဲ့ကားတွေထဲ
Chow ရဲ့ကားအများစုဟာ ခွဲထွက်လာတဲ့ပုံစံ
တွေဖြစ်ခဲ့သလို Rating 6.9 နဲ့ 9ကြားအမြဲရခဲ့
ပါတယ်။ ဒါ့အပြင်နာမည်ကြီးHollywood
ရုပ်ရှင်ကားများကိုသရော်ရိုက်ကူးခဲ့တဲ့ကားတွေ
မှာလဲ Chowဟာအောင်မြင်မူများစွာရခဲ့ပါတယ်။
၁၉၉၂ခုနှစ်ကထွက်ခဲ့တဲ့ King Of Beggars။
ဒီကားဟာလဲ စတီဗင်ချောင်ရဲ့Dramaဇာတ်ရုပ်
ပိုင်နိုင်မူကို ဟာသတချို့နဲ့ပေါင်းစပ်ပြီးပြသခဲ့ပါ
တယ်။ ဒီကားမှာစာမဖတ်တတ်တဲ့ လူကြီးသား
ထင်ရာစိုင်းတတ်တဲ့ဇာတ်ကောင်နေရာကပါခဲ့ပြီး
အချစ်ကိုတွေ့ရှိချိန်မှာတော့ ချစ်သူကလူရည်ချွန်
စာမေးပွဲအောင်မှစဉ်းစားပေးမယ်ဆိုရာကနေ
နောက်ပိုင်း သိုင်းလောကနဲ့ကြုံတွေရမူတွေ
ဝရုန်းသုန်းကားဖြစ်မူတွေကြား Dramaဆန်ဆန်
Comedy ပြကွက်များနဲ့ပြသခဲ့တဲ့ကားကောင်း
တကားပါပဲ။ဒီကားဟာ Chow ရဲ့၁၉၉၀ခုနှစ်က
All Of The Winner ကားလိုပဲအောင်မြင်မူ
များစွာရခဲ့ပါတယ်။ Tricky Brain - ဒီကားက
လဲကြည့်ရင်သာမာန်ဟာသကားလို့ထင်ရပေ
မယ့် လူလိမ်တယောက်ရဲ့ရိုးသားတဲ့စိတ်ရင်းဗီဇ
ကိုပြသထားတဲ့ကားပါ။ သူတတ်တဲ့ဒီပညာနဲ့ပဲ
ရာဇဝတ်ဂိုဏ်းကိုတိုက်ခိုက်မူတွေနဲ့စတီဗင်ချောင်
ရဲ့ထုံးစံအတိုင်း ခွဲထွက်ထားခဲ့ပါတယ်။
$60 mil Man - ဒီကားကလဲအထူးပြောစရာ
မလိုတဲ့ ၁၉၉၅ခုနှစ်လိုအချိန်ကတောင်အမေရိက
ထိပြသခွင့်ရခဲ့တဲ့စတီဗင်ချောင်ရဲ့ကားပါ။လက်ရှိ
ဆို စတီဗင်ချောင်ဟာ ရုပ်ရှင်ကား၄၀ကျော်ရိုက်
ကူးထားခဲ့ပြီဖြစ်ပြီး ကားတိုင်းကအသွင်တမျိုးစီ
Action Drama Comedy အစုံအလင်ပါဝင်
ပြီးဟာသကားတွေပေမယ့် ဘဝအတွက်masg
တခုအမြဲထည့်ထားတတ်ပါတယ်။ စတီဗင်ချောင်
ဆိုပြီးစသိစေခဲ့ရာက သူ့ရဲ့အမာခံပရိတ်သတ်ဖြစ်
သွားစေခဲ့တဲ့ ကျတော့်အတွက်ကား၂ကားလဲရှိ
တယ်။ ဒါကတော့ကြုံကြိုက်လို့ပြန်ဖောက်သည်ချ
ခြင်းပေါ့။ ပထမကားကတော့ ကျတော်တို့ငယ်ဘ
ဝ အိမ်မှာTVမဝယ်နိုင်လို့ တဆယ်ပေးပြီးကြည့်
ရတဲ့ ကျတော်တို့တစ်တန်းအရွယ်လောက်က
ကား King of Comedy ပါပဲ။ ဒီကားဟာ
စတီဗင်ချောင်ကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူး
ခဲ့သလို ကားနာမည်King of Comedy အဖြစ်
စတီဗင်ချောင်ကိုအာရှရုပ်ရှင်လောကမှာလူပြော
များခဲ့တဲ့ကားတကားပါပဲ။ ၁၉၉၉ခုနှစ်မှာဒီကား
ကိုရုံတင်ပြသခဲ့ပြီး ဟောင်ကောင်ဒေါ်လာသန်း
၄၀ထိရခဲ့တဲ့ကားပါ။ဒါ့အပြင် Hong Kong
Film Awards ကြီးကိုပါရရှိခဲ့ပါတယ်။ဒုတိယ
ကားကတော့ ဗီဒီယိုရုံက "မှော်ဘောလုံး"လို့ပြ
တာကိုကြည့်ခဲ့ရတဲ့ Shaolin Soccerကားပါ
ပဲ။ ဒီကားဟာ စတီဗင်ချောင်ကိုယ်တိုင် ဇာတ်
လမ်း ဒါရိုက်တာ မင်းသားအဖြစ်ပါဝင်ခဲ့တဲ့ကား
တကားပါ။ ဒီကားကိုရိုက်ကူးနေချိန်၁ပတ်အကြာ
မှာမှန်းထားတဲ့ငွေကြေးနဲ့သူလုပ်ချင်သလိုမဖြစ်
နိုင်မှန်းသိလို့ Chow ကကားရိုက်နားလိုက်
တယ်။ ဒါပေမယ့်Chowကိုစောင့်ကြည့်နေတဲ့
Rowan ဆိုတဲ့ Universe ထုတ်လုပ်ရေးက
ကုန်ချင်သလောက်ကုန်ရိုက်မယ်ဆိုပြီးကမ်းလှမ်း
လာခဲ့တယ်။ ထူးခြားမူကတော့ ဒီကားကြည့်ဖူးသူ
တိုင်းသိကြမယ်။ Croma နဲ့ Effect သုံးမူ
Steel String အသုံးပြုမူ ရှောင်လင်သိုင်းကို
Magic နဲ့ရောစပ်မူတော်တော်ပြည့်ဝတဲ့ကားတ
ကားပါ။ ဒီကားရဲ့ Annimationပိုင်းကိုကိုင်ခဲ့
တာကလဲတခြားသူတော့မဟုတ်ဘူး ယနေ့ရုပ်
ရှင်သမိုင်းတလျှောက်ရုံတင်ဝင်ငွေအမြင့်ဆုံးကား
အဖြစ်သမိုင်းဝင်ခဲ့တဲ့ Avatar ကားကိုတာဝန်ယူ
ခဲ့တဲ့ Dante တို့သူငယ်ချင်းတစုပါပဲ။ဒီကားဟာ
စာအုပ်အနေနဲ့ထွက်လာချိန်မှာပဲ အမေရိကန်ရဲ့
Best Seller Comedy Bookဖြစ်ခဲ့ပါတယ်။
ထိုအချိန်ကအမေရိကန်ဒေါ်လာ၄၂သန်းထိဝင်ငွေ
ရခဲ့သလို ယနေ့ထိဆန်းသစ်နေတဲ့အားကစား
ဟာသ အက်ရှင်ကားတကားပါ။

" ကိုယ့်အပေါ်မကောင်းဘူးဆိုရင်
တောင် ကိုယ်ကကောင်းပေးလိုက်ပါ။
ကိုယ်ကောင်းရင်ဘာမှမဖြစ်ပေမယ့်
ကိုယ်ပါမကောင်းခဲ့ရင်တော့
သင်ဟာဥာဏ်နည်းသူတယောက်
ဖြစ်သွားလိမ့်မယ်။ "

စတီဗင်ချောင်

" မိသားစု = ကမ္ဘာပေါ်မှာအတိုဆုံး
နဲ့ အဓိပ္ပာယ်အရှိဆုံး ကဗျာတပုဒ် "

စတီဗင်ချောင်

" ခဗျားဘယ်လောက်တော်ကြောင်း
တခြားသူတွေကိုလိုက်ပြိုင်လိုက်ရန်
တွေ့နေဖို့မလိုဘူး။ ခဗျားတော်တာ
မတော်တာသူတို့နဲ့မဆိုင်ဘူး
ခဗျားကိုယ်တိုင်နဲ့ပဲသက်ဆိုင်တယ်။"

စတီဗင်ချောင်

ဒီဒဿနသမားကြီးရဲ့ကားတွေကိုတ
ကားချင်းပြောနေရင်တော့ကုန်မှာမဟုတ်ဘူး။
CJ7 လိုသိပ္ပံကားတောင်သူက ဒါရိုက်တာ
ဇာတ်လမ်း မင်းသားလုပ်ရိုက်ပြီးHollywood
ထိတိုးခဲ့တာသာကြည့်။ သူ့ရဲ့Brainကသာမာန်
ထက်ထူးခြားတယ်ပြောရမယ်။ ဒါကြောင့်လဲ
အာရှရဲ့ Top10အနုပညာရှင်တွေထဲ ရှာရွတ်ခန်း
ဂျက်ကီချမ်း ဂျက်လီတို့နဲ့အပြိုင် ကမ္ဘာကိုတိုးနိုင်
ခဲ့တာပေါ့။ လက်ရှိထွက်ထားတဲ့ သူဒါရိုက်တာ
လုပ်ထားတဲ့ The Mermaid ဟာလဲတရုတ်
ရုပ်ရှင်သမိုင်းရဲ့ ဝင်ငွေအကောင်းဆုံးကားအဖြစ်
အမေရိကန်ဒေါ်လာ ၅၅၃သန်းကြီးများတောင်
ရထားခဲ့သလို အာရှရဲ့ထိပ်တန်းကားတကားအ
ဖြစ်သမိုင်းဝင်သွားခဲ့ပါပြီ။ ဒါ့အပြင်အာရှရဲ့အမြတ်
အများဆုံးရကားရဲ့ဒါရိုက်တာအဖြစ် Chowက
ခပ်တည်တည်ပဲဝါရင့်ဒါရိုက်တာကြီးတွေကိုကျော်
ပြီးရပ်တည်လာခဲ့ပါတယ်။ပထမဆုံးရုံတင်တဲ့နေ့
မှာတင် အမေရိကန်ဒေါ်ဟာ ၄၀.၉သန်းရရှိပြီး
Hollywood ရဲ့ဒိတ်ဒိတ်ကြဲကားတွေဖြစ်တဲ့
F&F 7 / Star War / Jurassic World 
တို့ကိုကျော်ပြီးရပ်တည်ထားခဲ့တဲ့ တရုတ်ရဲ့သမိုင်း
တွင်သွားတဲ့ကားကြီးတကားပါပဲ။ စတီဗင်ချောင်
ကိုလဲ ဝါရင့်အဘကြီးတွေဖြစ်တဲ့ ဂျက်ကီချမ်း
ဂျက်လီတို့က လေးစားချီးကျူးခဲ့ကြတာသာကြည့်
ပေါ့။ Journey To The West - အားလုံးသိ
ကြတဲ့Chow ရိုက်ကူး ဇာတ်လမ်းအဖြစ်ပါလာတဲ့
ဝူခုန်းလူပြန်ဝင်စားတဲ့ကားကြီးကလဲ ထုတ်လုပ်
သူ ဒါရိုက်တာ ဇာတ်လမ်း ကိုစတီဗင်ချောင်ကြီး
က အမေရိကန်ဒေါ်လာသန်း ၂၁၅သန်းထိရယူ
ထားပြနိုင်ခဲ့တဲ့ကားကြီးပေါ့။ ၂၀၁၃ခုနှစ်ရဲ့ အောင်
မြင်မူတွေကိုရယူထားနိုင်ခဲ့သလို နောက်ပိုင်းဒါ
ရိုက်တာ ဇာတ်ညွှန်း ဇာတ်လမ်းနဲ့သာလုပ်ကိုင်
လာတဲ့ စတီဗင်ချောင်က သူ့တုန်းကကြိုးစားမူ
တွေကိုပါဝင်တဲ့သရုပ်ဆောင်တွေကို ပြောပြပြီး
Rehersal အကြိမ်၁၀၀မကပြုလုပ်တတ်လို့လဲ
သူနဲ့ရိုက်ချင်တဲ့မင်းသားမင်းသမီးခပ်ရှားရှားလို့
တရုတ်မှာသတင်းကြီးနေတဲ့ဒါရိုက်တာကြီးပေါ့။

" ကမ္ဘာကြီးကအကျယ်ကြီးပါ
စင်္ကြဝဋ္ဌာက ပိုကျယ်တယ်။
ဒါကြောင့် ဘယ်အလုပ်မဆို
ရိုးရိုးလေးပဲတွေးပြီးလုပ်ပါ။"

စတီဗင်ချောင်


" ကြေကွဲလို့ ကုန်သွားတဲ့အချိန်
ခံစားလို့ ကုန်သွားတဲ့အချိန်တွေက
နောင်တချိန်ပြန်တွေးရင် နှမြောစရာ
တွေဖြစ်သွားတတ်တယ်။ ပိုင်ဆိုင်
ထားချိန်မှာ အကောင်းဆုံးပေးဆပ်
ပါ။ ဒါတောင်စွန့်ခွာသွားရင် ကံတရား
ကိုအပြစ်တင်လိုက်ပါ။ ဆက်အသက်
ရှည်ဖို့ကြိုးစားပါ။ "

စတီဗင်ချောင်

" ကိုယ့်ကိုယ်ကိုင်ဘဝင်မမြင့်မိစေနဲ့
ကမ္ဘာမြေကြီးနဲ့ ဖိနပ်နဲ့ကပ်နေသ၍
ဘဝင်မြင့်တာနဲ့ ကျရှုံးမှာပဲ "

စတီဗင်ချောင်

" အချစ်ဆိုတာကိုတွေ့တာနဲ့
သတ္တိတွေရလိမ့်မယ်။ လက်ရှိ
ဘဝထက်ပိုကြိုးစားချင်စိတ်မဖြစ်
လာဘူးဆို သင်အချစ်ကို
မတွေ့သေးလို့ပါ။ "

စတီဗင်ချောင်

လူတွေကမင်းကိုပစ်ပယ်လို့
မင်းဘာမှမဖြစ်ဘူး။ မင်းကိုယ်မင်း
လူတွေရဲ့စကားကြောင့်ပစ်ပယ်မှ
ကျရှုံးမှာ "

စတီဗင်ချောင်

Chow ဟာလက်ရှိမှာတော့ မင်းသား
အပြင် ဇာတ်လမ်းဇာတ်ညွှန်းရေးဆရာ အနုပညာ
အကြံပေး ထုတ်လုပ်သူ စာရေးဆရာ ဒါရိုက်တာ
ဟာသသရုပ်ဆောင်နည်းပြ အပြင် တရုတ်အစိုး
ရရဲ့ အစိုးရအကြံပေးအရာရှိအဖြစ်ပါခန့်အပ်ခြင်း
ခံထားရသူပါ။ တချိန်က ဟောင်ကောင်ပျံကျဈေး
ထဲက လက်သည်းညှပ်တွေလိုက်ရောင်းနေတဲ့
ကောင်လေးတယောက် အမဖြစ်သူတွေနဲ့အတူ
စရိုက်ဆန်ဆန်ရန်ဖြစ်ခဲ့တဲ့ကျောင်းသားလေး
ရိုက်ကွင်းကလူတကာခိုင်းဖက် တောက်တိုမယ်ရ
ကောင်လေးက အာရှရဲ့ထိပ်တန်းမင်းသားတဦး
အာရှရဲ့ရုပ်ရှင်သမိုင်းမှာဝင်ငွေအကောင်းဆုံးကား
တွေရဲ့ ဒါရိုက်တာ အစိုးရရဲ့အကြံပေးဖြစ်လာခဲ့ပါ
ပြီ။ ဒါ့အပြင် Chow ဟာ Jade Lifetime
Achievement Award ဆုကြီးကိုလဲရရှိခဲ့
သလို Best Actor / Best Director /
Asia Pacific Film Best Actor /
Blue Ribbon Awards / Amsterdam 
Fantastic Film Awards/ Golden
Horse Awards / Las Vegas Film
Critics Society Awardsဆုတွေကိုပါရရှိ
ထားသူပါ။ ဆုကြီးပေါင်း ၂၆ခုကိုရရှိထားပြီးကမ္ဘာ
ကပေးတဲ့ဆုများစွာလဲရရှိထားခဲ့ပါပြီ။ ဒါ့အပြင်
Stephen Chow ဆိုတဲ့သူဟာ ဂျက်ကီချမ်း
ဂျက်လီ တို့ပါကျော်ပြီး တရုတ်အနုပညာရှင်တွေ
ထဲအနုပညာကြေးအမြင့်ဆုံး The highest
paid star of China အဖြစ် ၂၀၁၆ သြဂုတ်
လ၂၂ရက်နေ့ကတရားဝင်ကြေငြာခြင်းခံခဲ့ရပါ
တယ်။

" လူတွေက မင်းကိုကဲ့ရဲ့လှောင်ပြောင်လိမ့်
မယ်။ အထင်သေးကြလိမ့်မယ်။ ဒါပေမယ့် မင်း
ကိုမင်းမကဲ့ရဲ့မိစေနဲ့ အထင်မသေးမိစေနဲ့ မင်းရဲ့
အိမ်မက်တွေကိုမင်းကိုင်တိုင် မကဲ့ရဲ့သင့်ဘူး။
ဒါဆို မင်းတနေ့ အောင်မြင်လာလိမ့်မယ်။ "

စတီဗင်ချောင်

*စာရေးသူသုံးသပ်ချက်
………………………………

* ချောင်ဟာ ဆင်းရဲသားမိဘကမွေးဖွားခဲ့သူပါ။

* ချောင်ဟာ အနုပညာမျိုးရိုးမရှိပါဘူး။

* ချောင်ဟာ ၇နှစ်သားထဲကဟောင်ကောင်
ပျံကျဈေးထဲကြီးပြင်းခဲ့ရသူပါ။

* ချောင်ဟာ မိသားစုနဲ့အတူပျံကျဈေးထဲက
လက်ညည်းညှပ်ရောင်းခဲ့ရတဲ့ကလေးတယောက်
ပါ။

* အမဖြစ်သူတွေကသူ့ရဲ့ဒုတိယအမေလို့ပြောခဲ့တဲ့
ချောင်ဟာ အမဖြစ်သူမျက်စိကွယ်ခဲ့ရချိန်မှာ
တောင် ဘာမှမလုပ်ပေးနိုင်ခဲ့လို ရွှေရည်စိမ်ဆေး
ရည်ကိုသောက်ခဲ့ပြီး ကံကောင်းလို့မသေခဲ့သူပါ။

* ချောင်ဟာ အထက်တန်းပဲအောင်သူပါ။

* ချောင်ဟာ TVB ညကျောင်းကလွဲရင်ဘာ
သိုင်း ဘာအနုပညာသင်တန်း တက္ကသိုလ်မှ
မတက်ခဲ့ရပါဘူး။

* ချောင်ဟာ လက်ညည်းညှပ်ရောင်းသူ စားပွဲထိုး
အလုပ်ကြမ်းသမား ဘဝကနေ ရိုက်ကွင်းရဲ့
တောက်တိုမယ်ရလုပ်ပေးရသူ မှတဆင့် ဖြတ်
လျှောက် လူစားထိုး အရံ အဖြစ်လုပ်ခဲ့ရပြီး
၆နှစ်တိတိ ဒီဘဝကနေစွန့်ခွာမသွားခဲ့ပဲဆက်ရုန်း
ကန်ခဲ့သူပါ။

* ချောင်ဟာ အက်ရှင်ဟာသလောကရဲ့ ခွဲထွက်
လာတဲ့ဇာတ်ကားတွေကို ချပြခဲ့သူအဖြစ်သမိုင်း
ဝင်ခဲ့သူပါ။

* ချောင်ဟာ တရုတ်ရဲ့ဝင်ငွေအကောင်းဆုံးကား
ကိုရိုက်ကူးခဲ့ပေမယ့် အမေရိကန်ဒေါ်လာသန်း
၅၀၀ကျော်ရရှိတဲ့ကားကိုရိုက်ကူးခဲ့ပေမယ့် ဒါရိုက်
တာပညာကိုဘယ်မှာမှမသင်ခဲ့ရသလို ဘာဘား
ဂျက်မှထောက်ပံ့မူမရတဲ့ကြားကနေ တရုတ်ရုပ်
ရှင်လောကရဲ့ထိပ်တန်းဒါရိုက်တာတဦးဖြစ်လာခဲ့
သူပါ။

* ချောင်ဟာ ဒါရိုက်တာ ဇာတ်လမ်းရေးဆရာ
သရုပ်ဆောင် နည်းပြ အနုပညာအကြံပေး
ထုတ်လုပ်သူ အပြင် အစိုးရရဲ့အကြံပေးအရာရှိ
အဖြစ်ပါခန့်အပ်ခြင်းခံထားရတဲ့ စာရေးဆရာလဲ
ဖြစ်တဲ့လက်ညည်းညှပ်ရောင်းသမားလေးပါ။

* ချောင်ဟာသူကွယ်လွန်ခဲ့လျှင်တောင် သူ့ထုတ်
လုပ်ရေးကိုပြည်သူပိုင်အဖြစ်လှူဒါန်းထားပြီး
ဆက်လက်ရှိနေဦးမှာပါ။

* ချောင်ဟာ အာရှရဲ့ King Of Comedy ပါ။

* ချောင်ဟာ Chow ဆိုတဲ့မစွမ်းမသန်ကလေး
များပရဟိတFoundation တခုကိုလဲတည်
ထောင်ထားသူပါ။

* ချောင်ဟာ အာရှရဲ့ထိပ်တန်းမင်းသားတဦး
ဖြစ်ပေမယ့် ယနေ့ထိသူ့ဘဝကိုမမေ့သေးပဲ
ပျံကျဈေးထဲရံဖန်ရံခါသွားရောက်ပြီး ပရိတ်သတ်
တွေနဲ့ အံ့သြစရာတွေလုပ်ပြနေဆဲပါ။

* ချောင်ဟာ ၂၀၁၆ခုနှစ်မှာတော့ တရုတ်ရဲ့
No.1အနုပညာရှင်အဖြစ် သူရိုက်ခဲ့တဲ့ကားတွေ
ကြောင့်မှတ်တမ်းတင်ခံလိုက်ရပါတယ်။ "

 ဆင်းရဲလို့ လူဖြစ်မရှုံးဘူး
အိမ်မက်မရှိမှလူဖြစ်ရှုံးမှာပါ။
သူများကိုဝေဖန်နေလို့လူတော်မဖြစ်လာဘူး။
ကိုယ်တိုင်ဝေဖန်ခံရတဲ့နေရာရောက်အောင်
ကြိုးစားမှလူတော်ဖြစ်မှာပါ။
အမှောင်ထဲကြွေးကြော်နေလို့ဘာမှမဖြစ်လာဘူး
အိမ်မက်နဲ့အတူ အလင်းထဲရောက်အောင်သွားမှ
အောင်မြင်တဲ့လူတယောက်ဖြစ်မှာပါ

Credit - ထက်ဝန

Ref: Stephen Chow(Lydia sums upit)

Read times Last modified on Thursday, 30 January 2020 15:31
Rate this articles
(1 Vote)