×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Saturday, 23 March 2019

သင့်ဝါသနာကို တကယ် ရှာဖွေတွေ့ရှိနိုင်မယ့် နည်းလမ်း

အခုခေတ်လူငယ်တွေ တော်တော်များများက ၀ါသနာ၊ ရည်မှန်းချက်တွေ ပျောက်ကုန်ကြတယ်။ ငွေနောက်လိုက်ရင်း ကိုယ် ဘာကို ၀ါသနာပါတာလဲကို မစဉ်းစားမိကြတော့ဘူး။ အဓိကက မိဘတွေကြောင့်လို့ ပြောရမှာပါပဲ။

မိဘတွေက သားသမီး ၀ါသနာပါတဲ့အရာထက် သူတို့ဖြစ်စေချင်တဲ့ ဆန္ဒကိုပဲ လုပ်ခိုင်းတတ်ကြတယ်။ ဒါကြောင့် လူငယ်တွေ လမ်းပျောက်ကုန်ကြတာပါ။

(၁) အသစ်အဆန်းကို လုပ်ကြည့်ပါ။

အသစ်အဆန်းတစ်ခုခုကို မလုပ်ကြည့်ဘဲ သင့်စိတ်ဝင်စားရာ ၊ ၀ါသနာတွေကို ရှာဖွေနိုင်မှာ မဟုတ်ပါဘူး။ အသစ်အဆန်းတစ်ခုခုကို လုပ်ကြည့်ပါ။ ဥပမာ – bowling လှိမ့်တာကို ၀ါသနာပါရင်ပါပေမယ့် နောက်အသစ်အဆန်း တစ်ခုခုကို မလုပ်ကြည့်ဘဲနဲ့ ဘယ်အရာ ကို တကယ်ဝါသနာပါတာလဲဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။

(၂) ၀ါသနာပါရာ လုပ်နေသူတွေနဲ့ စကားပြောကြည့်ပါ။

တကယ်လို့ သင့်ဘေးနားမှာ ငွေနောက်လိုက်နေသူမဟုတ်ဘဲ ၀ါသနာပါရာအလုပ်ကို လုပ်နေသူတွေရှိခဲ့ရင် သူတို့နဲ့ စကားပြောကြည့်ပါ။ သူတို့စိတ်ဝင်စားတဲ့ ၀ါသနာကို ဘယ်လိုရှာဖွေ့သိရှိခဲ့တာလဲ ဆိုပြီးမေးပါ။ သူတို့ပြောတာတွေနဲ့ ပတ်သက်ပြီး လိုက်နာ မှတ်ယူပြီးရင် သင်ဝါသနာပါရာကို စဉ်းစားကြည့်ပေးပါ။

(၃) ကလေးတုန်းက ဘယ်လိုအရာတွေကို ကြိုက်ခဲ့လဲ။

ဒီအချက်က နည်းနည်းတော့ လက်တွေ့မဆန်ပေမယ့် ကိုယ်ငယ်ငယ်က ၀ါသနာပါပါ လုပ်ခဲ့တာတွေက ကြီးလာတဲ့အခါမှာ အသုံးဝင် လာတတ်ပါတယ်။ ဥပမာ – ငယ်ငယ်က စာရေးဝါသနာပါတဲ့ကလေး ၊ အသက်ကြီးလာတော့လည်း စာရေး ဆရာမဖြစ်လာတယ်။ ကလေးဘ၀က ၀ါသနာပါခဲ့တာတွေကို တွေးကြည့်ပြီး သင့်ဝါသနာပါတဲ့အရာကို ပြန်ရှာကြည့်ပါ။

(၄) နည်းနည်း စွန့်စားကြည့်ပါ။

ဘယ်အရာမှ မစွန့်စားဘဲ ၊ မလုပ်ကြည့်ဘဲ အကောင်းဆုံးမဖြစ်လာပါဘူး။ သင့်ရည်မှန်းချက် ၊ ဖြစ်ချင်တဲ့ ၀ါသနာ ၊ အိပ်မက် တွေကို ရှာဖို့ဆိုရင် မှန်ကန်နေဖို့တော့လိုပါတယ်။ ဥပမာ- skydiving မလုပ်ဖူးဘဲနဲ့ skydivingက သင့်ဝါသနာ ၊ သင့်အိပ်မက်ပါလို့ ပြောလို့မရပါဘူး။ ဒါကမှားပါတယ်။ သင့်တကယ်လုပ်ကြည့်ဖူးတဲ့အရာတွေထဲကမှ သင့်ဝါသနာ ၊ အိပ်မက်တွေကို ရှာရမှာပါ။ skydiving အမြဲလုပ်နေတဲ့သူ skydiving က သူ့ဝါသနာဆိုတာကမှ မှန်တာပါ။ ဒါကြောင့် နည်းနည်းစွန့်စားကြည့်လိုက်ရင် သင့်ဝါသနာကို သိလာမှာပါ။

(၅) အတွေးတွေကို ဖွင့်ထားပါ။

သင့်ဝါသနာ၊ သင်ဘာဖြစ်ချင်လဲ ဆိုတာကို ရှာဖွေ့နေရင် သင့်စိတ် ၊ သင့်အတွေးတွေကို ဖွင့်ထားပေးဖို့လိုပါတယ်။ စိတ်ကို ပိတ်ထားမယ်ဆိုရင်တော့ သင်ဘာဖြစ်ချင်လဲ ဆိုတာကို သိနိုင်မှာမဟုတ်ပါဘူး။ ပျော်စရာမကောင်းဘူးထင်တဲ့အရာတွေကို တကယ်လို့ မလုပ်ကြည့်ဘဲနဲ့ အထင်နဲ့ မဆုံးဖြတ်လိုက်ပါနဲ့။ အရင်ဆုံး ဒါဘာလဲဆိုတာသိသွားအောင် လုပ်ကြည့်ပါ ၊ အဲ့ထဲကနေ သင် ၀ါသနာပါတာကို ရှာဖွေကြည့်ပါ။

credit: everytimestory

Read times Last modified on Tuesday, 04 February 2020 15:05
Rate this articles
(1 Vote)