×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 20 August 2020

Comfort Zone ဆိုတာဘာလဲ၊ အမြဲတမ်း Comfort Zone ထဲမှာ နေနေတော့မှာလား

Comfort Zone ဆိုတာဘာလဲ၊ အမြဲတမ်း Comfort Zone ထဲမှာ နေနေတော့မှာလား

မနက်ဆို ပုံမှန်တိုင်းနိုးလာတယ်။ ရုံးသွားတယ်။ နေ့တိုင်းလုပ်နေကျအရာတွေကိုပဲ လုပ်တယ်။ ရုံးဆင်းရင် အိမ်ပြန်တယ်။ ရုပ်ရှင်လေးကြည့်လိုက်၊ မုန့်စားလိုက်နဲ့ ..

နောက်နေ့ နောက်နေ့တွေမှာလဲ ဒီလိုပုံစံနဲ့ပဲ ဘဝကို ငြီးငွေ့စွာ ဖြတ်သန်းတယ်။ လုပ်ရိုးလုပ်ထုံးတွေအတိုင်းပဲ နေပြီးအခွင့်အလမ်းအသစ်တွေ၊ အယူအဆသစ်တွေများစွာကို ရှာဖွေဖို့ မေ့နေကြတယ်။ ဒီလိုနေနေတာနဲ့အမျှ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကျဆင်းလာပြီး လုပ်နေကျအရာတွေကိုပဲ လုပ်နေရင်း ဘဝက အညွှန့်တုံးလာပါလေရော…

အောင်မြင်ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝဆိုတာ Comfort Zone ထဲကထွက်မှစတာပါ။
ဘာကြောင့်လည်းဆိုတော့ Comfort Zone ဆိုတာ မိမိ လက်ရှိ ပိုင်ဆိုင်ပြီးသား နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်က အဲ့ဒီနေရာကို မကြိုက်ဘူးဆိုရင် Comfort Zone ရဲ့ တစ်ဖက်မှာရှိနေတဲ့ Challenge Zone ထဲကို ဝင်ရောက် ထိုးဖောက်ရမှာ ဖြစ်ပါတယ်။ 

Comfort Zone ထဲကနေထွက်ချင်တဲ့၊ အောင်မြင်မှုကို လိုလားတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်မျှဝေပေးချင်တာလေးတွေရှိပါတယ်။

 

(၁)ခြေလှမ်းသေးသေးလေးနဲ့စတင်ပါ
အလွန်မြင့်တဲ့ ဧဝရတ်တောင်ထိပ်ကိုတက်ချင်ရင်တော့ ခြေတစ်လှမ်းတည်းနဲ့ မရောက်နိုင်ပါဘူး။ ခြေလှမ်းသေးသေးလေးတွေနဲ့ နေ့တိုင်းပုံမှန်ရောက်အောင်လျှောက်မှသာ မိတ်ဆွေလိုချင်တဲ့ ဘယ်လိုအောင်မြင်မှုမျိုးကိုမဆို ရမှာပါ။

ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်ဖို့ ပြီးပြည့်စုံတဲ့ ခြေလှမ်းသေးသေးလေးတွေနဲ့ စတင်ရမှာပဲဖြစ်ပါတယ်။

 

(၂)တီထွင်ဖန်တီးမှုအသစ်တွေကို လုပ်ပါ
မသိတဲ့အခါ မေးဖို့ရာ ဝန်မလေးပါနဲ့။ ကိုယ့်ရဲ့ အလုပ်ရှင်၊ Senior တွေဆီမှာ တာဝန်သစ်တွေခွဲပေးဖို့ ရှိမရှိ အမြဲသွားမေးပါ။ တာဝန်သစ်တွေကို လက်ခံခြင်းက ခဏတာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေမဲ့ အသစ်အသစ်တွေကို လက်တွေ့လုပ်ဆောင်ပါများလာတဲ့ အခါ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပိုတိုးလာပြီး နေရာကောင်းနဲ့ လစာကောင်းကောင်းနဲ့ အတွေ့ကြုံအသစ်တွေလဲ ပိုရလာမှာဖြစ်ပါတယ်။ မလုပ်ဖူးတာတွေလုပ်ရဖို့အတွက် အမြဲ "YES" ပြောဖို့ ဝန်မလေးနဲ့နော်။

 

(၃)အကြောက်တရားတွေကို ဖယ်ရှားပါ
ကျွန်တော်တို့တွေဟာ နေ့တိုင်း အသက်ရှူချောင်ချောင်နဲ့ နေရတဲ့ ဘဝမှာ အနေကြာလာတာနဲ့အမျှ တစ်ခုခုကို စွန့်စားလုပ်ကိုင်ရတော့မယ်ဆိုရင် ကြောက်ရွံကြပါတယ်။ ဘာမဆိုလွယ်လွယ်ရနေရင်းက ခက်ခက်ခဲခဲ လုပ်မှရမဲ့ အရာတစ်ခု ကြုံလာရပြီဆို ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ကြပါရော..

ကျွန်တော်တို့ Comfort Zone ထဲက ထွက်နိုင်ဖို့ဆိုရင် အစပိုင်းမှာ ခက်ခဲကြမ်းတမ်းတာတွေရှိမယ်၊ ပင်ပန်းတာတွေကြုံရမယ်၊ ဝမ်းနည်းမှုတွေကြုံရမယ်။
Comfort Zone ထဲက ထွက်နိုင်လာတာနဲ့အမျှ မိတ်ဆွေကြုံတွေ့နေရတဲ့ အကြောက်တရားတွေ ကြမ်းတမ်းပင်ပန်းမှုတွေက မိတ်ဆွေသွားချင်တဲ့ ပန်းတိုင်ကို ရောက်အောင်ပို့ပေးကြမှာပါ။ သွားပါများ ခရီးရောက်ဆိုသလို Comfort Zone ကို ချဲ့ကားထွက်နိုင်လာလေလေ ကျွန်တော်တို့ဘဝတွေက မနေ့ကနဲ့ ယနေ့တောင်တူနေမှာ မဟုတ်တော့ပါဘူး။

 

(၄)ကိုယ့်ကိုစိန်ခေါ်မဲ့ အရာတွေကို ရွေးလုပ်ပါ
မိတ်ဆွေ Comfort Zone ထဲက ရုန်းထွက်နိုင်ပြီဆိုတာနဲ့ နောက်ထပ်လုပ်ရမှာတစ်ခုက ကိုယ့်ကို တုန်လှုပ် ခြောက်ခြားစေမဲ့ အလုပ်တွေ တာဝန်တွေကို လုပ်ဖို့ပါပဲ။ ဘာကိုပြောတာလဲဆိုတော့ ကိုယ်လိုချင်တာရဖို့ နည်းနည်းပဲလိုတော့တဲ့ အရာမျိုး၊ ဒါမှမဟုတ် အခုမှမလုပ်ရင် မရတော့မဲ့ အရာမျိုးကို ပြောတာပါ။

Comfort Zone ထဲကထွက်ဖို့ဆိုရင်တော့ "တစ်ခါမှ မလုပ်ဖူးသေးတာတွေကိုလဲလုပ်ဖို့ မကြောက်ပါနဲ့" နော်။

 

(၅) စပ်စပ်စုစုရှိပါ
စပ်စုတယ်ဆိုတာ ကလေးတွေပဲ လုပ်တာလို့ ပြောမယ်ဆိုရင် မှားလိမ့်မယ်။ စပ်စုတယ်ဆိုလို့ မကောင်းတဲ့အရာတွေကိုလိုက်စပ်စုခိုင်းတာကို ပြောတာမဟုတ်ပါဘူး။ IBM ရဲ့ CEO ဖြစ်သူ Gina Rometty က"အလုပ်ခွင်မှာ လုပ်ရမဲ့ အရေးကြီးဆုံးအရာတစ်ခုက စူးစမ်းလိုစိတ်ရှိခြင်းပါပဲ" လို့ ဆိုပါတယ်။

ကျွန်တော်တို့လို အရွယ်ရောက်ပြီးသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်ဝင်နေတဲ့ သူတွေဆို ယနေ့ ကမ္ဘာကြီးမှာ ပြောင်းလဲဖြစ်ပျက်နေတဲ့ အရာတွေနဲ့ နည်းပညာအခွင့်အလမ်းသစ်တွေကို မျက်ခြေမပျက်လေ့လာနေဖို့လိုပါတယ်။

နည်းပညာအသစ်အဆန်းတစ်ခုခုဆို ချဉ်းကပ်စပ်စုပြီး တီထွင်ဖန်တီးမှုအသစ်တွေကို လိုက်ပါလုပ်ဆောင်နေမယ်ဆိုရင် သူများထက် ခြေတစ်လှမ်းသာနေမှာတော့ အမှန်ပါပဲ။

အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ Comfort Zone ထဲက ထွက်လာတယ်ဆိုတာ သင်ကြားသင်ယူမှုတွေ၊စူးစမ်းလေ့လာမှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခြင်းကို ပြောတာပါ။

မိတ်ဆွေတို့အနေနဲ့လဲ နေ့စဉ် ကိုယ်လုပ်နေကျ အလုပ်တွေနဲ့ပဲ တင်းတိမ်ရောင့်ရဲမနေဘဲ
(၁) တစ်နေ့ကို နာရီဝက်လောက် ကိုယ့်အတွက် အကျိုးရှိမဲ့စာပေဖတ်တာမျိုး
(၂) ကိုယ်တစ်ခါမှ မလုပ်ဖူးတဲ့ တာဝန်အသစ်မျိုးကို လုပ်တာမျိုး
(၃) ကိုယ့်ထက် အတွေ့ကြုံရင့်တဲ့ Senior ဆီက အတွေ့အကြုံအသစ်တွေကို မေးမြန်းပြီး ကူညီလုပ်ဆောင်ပေးတာမျိုး လုပ်မယ်ဆိုရင် မိတ်ဆွေရဲ့ Comfort Zone ဟာ ပိုကျယ်ပြန့်လာပြီး Challenge Zone အဖြစ် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

အခု စလုပ်တော့မယ်လို့ တွေးနေချိန်မှာပဲ မိတ်ဆွေဟာ ခြေတစ်လှမ်း နောက်ကျနေပါပြီ။ ဒါ့ကြောင့် comfort zoneကနေ လက်တွေ့ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။

Credit Original Post

 

 

Comfort Zone ဆိုတာဘာလဲ၊ အၿမဲတမ္း Comfort Zone ထဲမွာ ေနေနေတာ့မွာလား

မနက္ဆို ပုံမွန္တိုင္းႏိုးလာတယ္။ ႐ုံးသြားတယ္။ ေန႔တိုင္းလုပ္ေနက်အရာေတြကိုပဲ လုပ္တယ္။ ႐ုံးဆင္းရင္ အိမ္ျပန္တယ္။ ႐ုပ္ရွင္ေလးၾကည့္လိုက္၊ မုန္႔စားလိုက္နဲ႔ ..

ေနာက္ေန႔ ေနာက္ေန႔ေတြမွာလဲ ဒီလိုပုံစံနဲ႔ပဲ ဘဝကို ၿငီးေငြ႕စြာ ျဖတ္သန္းတယ္။ လုပ္႐ိုးလုပ္ထုံးေတြအတိုင္းပဲ ေနၿပီးအခြင့္အလမ္းအသစ္ေတြ၊ အယူအဆသစ္ေတြမ်ားစြာကို ရွာေဖြဖို႔ ေမ့ေနၾကတယ္။

ဒီလိုေနေနတာနဲ႔အမွ် ကိုယ့္ရဲ႕ စြမ္းေဆာင္ရည္၊ တီထြင္ဖန္တီးႏိုင္စြမ္းေတြက်ဆင္းလာၿပီး လုပ္ေနက်အရာေတြကိုပဲ လုပ္ေနရင္း ဘဝက အၫႊန္႔တုံးလာပါေလေရာ…

ေအာင္ျမင္ေပ်ာ္႐ႊင္စရာ ေကာင္းတဲ့ ဘဝဆိုတာ Comfort Zone ထဲကထြက္မွစတာပါ။


ဘာေၾကာင့္လည္းဆိုေတာ့ Comfort Zone ဆိုတာ မိမိ လက္ရွိ ပိုင္ဆိုင္ၿပီးသား ေနရာတစ္ခုပဲ ျဖစ္ပါတယ္။ ကိုယ္က အဲ့ဒီေနရာကို မႀကိဳက္ဘူးဆိုရင္ Comfort Zone ရဲ႕ တစ္ဖက္မွာရွိေနတဲ့ Challenge Zone ထဲကို ဝင္ေရာက္ ထိုးေဖာက္ရမွာ ျဖစ္ပါတယ္။

Comfort Zone ထဲကေနထြက္ခ်င္တဲ့၊ ေအာင္ျမင္မႈကို လိုလားတဲ့ မိတ္ေဆြေတြအတြက္ ကြၽန္ေတာ္မွ်ေဝေပးခ်င္တာေလးေတြရွိပါတယ္။

 

(၁)ေျခလွမ္းေသးေသးေလးနဲ႔စတင္ပါ
အလြန္ျမင့္တဲ့ ဧဝရတ္ေတာင္ထိပ္ကိုတက္ခ်င္ရင္ေတာ့ ေျခတစ္လွမ္းတည္းနဲ႔ မေရာက္ႏိုင္ပါဘူး။ ေျခလွမ္းေသးေသးေလးေတြနဲ႔ ေန႔တိုင္းပုံမွန္ေရာက္ေအာင္ေလွ်ာက္မွသာ မိတ္ေဆြလိုခ်င္တဲ့ ဘယ္လိုေအာင္ျမင္မႈမ်ိဳးကိုမဆို ရမွာပါ။

ဒါ့ေၾကာင့္ ကိုယ္လိုခ်င္တဲ့ ရည္မွန္းခ်က္ကို ေရာက္ဖို႔ ၿပီးျပည့္စုံတဲ့ ေျခလွမ္းေသးေသးေလးေတြနဲ႔ စတင္ရမွာပဲျဖစ္ပါတယ္။

 

(၂)တီထြင္ဖန္တီးမႈအသစ္ေတြကို လုပ္ပါ
မသိတဲ့အခါ ေမးဖို႔ရာ ဝန္မေလးပါနဲ႔။ ကိုယ့္ရဲ႕ အလုပ္ရွင္၊ Senior ေတြဆီမွာ တာဝန္သစ္ေတြခြဲေပးဖို႔ ရွိမရွိ အၿမဲသြားေမးပါ။ တာဝန္သစ္ေတြကို လက္ခံျခင္းက ခဏတာ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစေပမဲ့ အသစ္အသစ္ေတြကို လက္ေတြ႕လုပ္ေဆာင္ပါမ်ားလာတဲ့ အခါ မိမိရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းေတြ ပိုတိုးလာၿပီး ေနရာေကာင္းနဲ႔ လစာေကာင္းေကာင္းနဲ႔ အေတြ႕ႀကဳံအသစ္ေတြလဲ ပိုရလာမွာျဖစ္ပါတယ္။ မလုပ္ဖူးတာေတြလုပ္ရဖို႔အတြက္ အၿမဲ "YES" ေျပာဖို႔ ဝန္မေလးနဲ႔ေနာ္။

 

(၃)အေၾကာက္တရားေတြကို ဖယ္ရွားပါ
ကြၽန္ေတာ္တို႔ေတြဟာ ေန႔တိုင္း အသက္ရႉေခ်ာင္ေခ်ာင္နဲ႔ ေနရတဲ့ ဘဝမွာ အေနၾကာလာတာနဲ႔အမွ် တစ္ခုခုကို စြန္႔စားလုပ္ကိုင္ရေတာ့မယ္ဆိုရင္ ေၾကာက္႐ြံၾကပါတယ္။ ဘာမဆိုလြယ္လြယ္ရေနရင္းက ခက္ခက္ခဲခဲ လုပ္မွရမဲ့ အရာတစ္ခု ႀကဳံလာရၿပီဆို ေျခမကိုင္မိ လက္မကိုင္မိေတြျဖစ္ၾကပါေရာ..

ကြၽန္ေတာ္တို႔ Comfort Zone ထဲက ထြက္ႏိုင္ဖို႔ဆိုရင္ အစပိုင္းမွာ ခက္ခဲၾကမ္းတမ္းတာေတြရွိမယ္၊ ပင္ပန္းတာေတြႀကဳံရမယ္၊ ဝမ္းနည္းမႈေတြႀကဳံရမယ္။
Comfort Zone ထဲက ထြက္ႏိုင္လာတာနဲ႔အမွ် မိတ္ေဆြႀကဳံေတြ႕ေနရတဲ့ အေၾကာက္တရားေတြ ၾကမ္းတမ္းပင္ပန္းမႈေတြက မိတ္ေဆြသြားခ်င္တဲ့ ပန္းတိုင္ကို ေရာက္ေအာင္ပို႔ေပးၾကမွာပါ။ သြားပါမ်ား ခရီးေရာက္ဆိုသလို Comfort Zone ကို ခ်ဲ႕ကားထြက္ႏိုင္လာေလေလ ကြၽန္ေတာ္တို႔ဘဝေတြက မေန႔ကနဲ႔ ယေန႔ေတာင္တူေနမွာ မဟုတ္ေတာ့ပါဘူး။

 

(၄)ကိုယ့္ကိုစိန္ေခၚမဲ့ အရာေတြကို ေ႐ြးလုပ္ပါ
မိတ္ေဆြ Comfort Zone ထဲက ႐ုန္းထြက္ႏိုင္ၿပီဆိုတာနဲ႔ ေနာက္ထပ္လုပ္ရမွာတစ္ခုက ကိုယ့္ကို တုန္လႈပ္ ေျခာက္ျခားေစမဲ့ အလုပ္ေတြ တာဝန္ေတြကို လုပ္ဖို႔ပါပဲ။ ဘာကိုေျပာတာလဲဆိုေတာ့ ကိုယ္လိုခ်င္တာရဖို႔ နည္းနည္းပဲလိုေတာ့တဲ့ အရာမ်ိဳး၊ ဒါမွမဟုတ္ အခုမွမလုပ္ရင္ မရေတာ့မဲ့ အရာမ်ိဳးကို ေျပာတာပါ။

Comfort Zone ထဲကထြက္ဖို႔ဆိုရင္ေတာ့ "တစ္ခါမွ မလုပ္ဖူးေသးတာေတြကိုလဲလုပ္ဖို႔ မေၾကာက္ပါနဲ႔" ေနာ္။

 

(၅) စပ္စပ္စုစုရွိပါ
စပ္စုတယ္ဆိုတာ ကေလးေတြပဲ လုပ္တာလို႔ ေျပာမယ္ဆိုရင္ မွားလိမ့္မယ္။ စပ္စုတယ္ဆိုလို႔ မေကာင္းတဲ့အရာေတြကိုလိုက္စပ္စုခိုင္းတာကို ေျပာတာမဟုတ္ပါဘူး။ IBM ရဲ႕ CEO ျဖစ္သူ Gina Rometty က"အလုပ္ခြင္မွာ လုပ္ရမဲ့ အေရးႀကီးဆုံးအရာတစ္ခုက စူးစမ္းလိုစိတ္ရွိျခင္းပါပဲ" လို႔ ဆိုပါတယ္။

ကြၽန္ေတာ္တို႔လို အ႐ြယ္ေရာက္ၿပီးသား စီးပြားေရးလုပ္ငန္းရွင္ေတြ၊ လုပ္ငန္းခြင္ဝင္ေနတဲ့ သူေတြဆို ယေန႔ ကမာၻႀကီးမွာ ေျပာင္းလဲျဖစ္ပ်က္ေနတဲ့ အရာေတြနဲ႔ နည္းပညာအခြင့္အလမ္းသစ္ေတြကို မ်က္ေျခမပ်က္ေလ့လာေနဖို႔လိုပါတယ္။

နည္းပညာအသစ္အဆန္းတစ္ခုခုဆို ခ်ဥ္းကပ္စပ္စုၿပီး တီထြင္ဖန္တီးမႈအသစ္ေတြကို လိုက္ပါလုပ္ေဆာင္ေနမယ္ဆိုရင္ သူမ်ားထက္ ေျခတစ္လွမ္းသာေနမွာေတာ့ အမွန္ပါပဲ။

အ႐ိုးရွင္းဆုံးေျပာရမယ္ဆိုရင္ေတာ့ Comfort Zone ထဲက ထြက္လာတယ္ဆိုတာ သင္ၾကားသင္ယူမႈေတြ၊စူးစမ္းေလ့လာမႈေတြ၊ အခက္အခဲေတြကို ရင္ဆိုင္ႏိုင္ျခင္းကို ေျပာတာပါ။

 

မိတ္ေဆြတို႔အေနနဲ႔လဲ ေန႔စဥ္ ကိုယ္လုပ္ေနက် အလုပ္ေတြနဲ႔ပဲ တင္းတိမ္ေရာင့္ရဲမေနဘဲ
(၁) တစ္ေန႔ကို နာရီဝက္ေလာက္ ကိုယ့္အတြက္ အက်ိဳးရွိမဲ့စာေပဖတ္တာမ်ိဳး
(၂) ကိုယ္တစ္ခါမွ မလုပ္ဖူးတဲ့ တာဝန္အသစ္မ်ိဳးကို လုပ္တာမ်ိဳး
(၃) ကိုယ့္ထက္ အေတြ႕ႀကဳံရင့္တဲ့ Senior ဆီက အေတြ႕အႀကဳံအသစ္ေတြကို ေမးျမန္းၿပီး ကူညီလုပ္ေဆာင္ေပးတာမ်ိဳး လုပ္မယ္ဆိုရင္ မိတ္ေဆြရဲ႕ Comfort Zone ဟာ ပိုက်ယ္ျပန္႔လာၿပီး Challenge Zone အျဖစ္ ေျပာင္းလဲလာမွာ ျဖစ္ပါတယ္။

အခု စလုပ္ေတာ့မယ္လို႔ ေတြးေနခ်ိန္မွာပဲ မိတ္ေဆြဟာ ေျခတစ္လွမ္း ေနာက္က်ေနပါၿပီ။ ဒါ့ေၾကာင့္ comfort zoneကေန လက္ေတြ႕ ႐ုန္းထြက္ႏိုင္ေအာင္ ႀကိဳးစားပါ

Credit Original Post

Read times
Rate this articles
(0 votes)