×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 06 November 2020

စိတ်နေသဘောထား (Positive Attitude) များ ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တဲ့ နည်းလမ်းများ

စိတ်နေသဘောထား (Positive Attitude) များ ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တဲ့ နည်းလမ်းများ

 

တကယ်လို့ သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်တော့ အရေးအကြီးဆုံးအနေနဲ့ /ပထမဆုံးအနေနဲ့ အပြုသဘောဆိုင်တဲ့ မိမိရဲ့ သဘောထား၊ စိတ်ကူးများ ("Positive Attitude") ကို ဖန်တီးရမှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်၊ ရည်မှန်းချက်ကြီးမှု၊ စိတ်အားထက်သန်မှု . . . အစရှိတဲ့ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ကိုယ့်ဆီမှာဝင်လာပြီဆိုတာနဲ့ ပြသနာများက သေးငယ်(သို့)ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

 

မင်းဟာ ခေါင်းဆောင်တစ်ဦးဖြစ်မယ်ဆိုလျှင်လည်း အကောင်းမြင်စိတ်ရှိပြီး ကောင်းမွန်တဲ့အတွေးအခေါ်ရှိမှသာ မိမိရဲ့ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ဆွဲဆောင်နိုင်မှာဖြစ်ပြီး သူတို့ရဲ့အကောင်းဆုံးလုပ်ဆောင်ပေးမယ့် စွမ်းအားကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ အပျက်သဘောဆောင်တဲ့ ခေါင်းဆောင်တစ်ဦး၊ မကောင်းမြင်စိတ်များနေတဲ့ခေါင်းဆောင်တစ်ဦးဖြစ်မယ်ဆိုရင်တော့ လက်အောက်ငယ်သားတွေရဲ့ ကြောက်ရွံ့ခြင်းနဲ့ သူတို့ကို ဖိအားဖြစ်စေတာအပြင် ကောင်းမွန်တာတွေတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

 

အရေးအကြီးဆုံးကတော့ မင်းက အမြဲတမ်း စိတ်ဆိုး၊ ဒေါသထွက်၊ စိုးရိမ်ပူပန်မှုတွေများနေမယ်ဆိုရင်တော့ အောင်မြင်မှုက မင်းအတွက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကဲ . . . သင်ရဲ့စိတ်နေစိတ်ထား၊ သဘောထားကို အကောင်းမြင်ဘက်ရောက်အောင် ဘယ်လိုတွေ ပြုပြင်ရမလဲ . . .???

 

(၁) ရည်ရွယ်ချက်၊ ဦးတည်ချက်တစ်ခုနဲ့ အမြဲတမ်းလုပ်ဆောင်ပါ။

သင်က တစ်ခုခုကို လုပ်ဆောင်တော့မယ်ဆိုရင် ကိုယ့်ရဲ့ပန်းတိုင်ကဘာလဲ၊ အောင်မြင်မှုအတွက် ဘယ်လိုတွေလုပ်ဆောင်ရမလဲ၊ စတာတွေကို အရင်ဆုံး ချမှတ်ဖို့လိုပါတယ်။ ဒီလိုမှ မလုပ်ဆောင်ဘူးဆိုရင်တော့ သင့်လုပ်ဆောင်ချက်၊ အချိန်နဲ့ ခွန်အားကို ဖြုန်းတီးရာရောက်နေမှာ မလွဲဧကန်ပါ။

 

(၂) သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို တစ်နေ့ပြီးတစ်နေ့ ပိုမိုမြှင့်တင်ပါ။
လုပ်နေကျအလုပ်တွေကိုပဲ နေ့စဉ် ထပ်တလဲလဲလုပ်ဆောင်နေမယ်ဆိုရင်၊ အတိတ်ကအောင်မြင်ခဲ့တာ ရွှေထီးဆောင်းခဲ့တာတွေကို ပြန်လည်မြင်ယောင်ပြီး အတိတ်ထဲကမထွက်နိုင်ဘူးဆိုရင် သင့်က သင့်ရဲ့လက်ရှိဘဝကို ကျေနပ်မှုရှိမှာမဟုတ်ပါဘူး။ အောင်မြင်မှုက အားကစားသမားတစ်ယောက်လိုပါပဲ။ စဉ်ဆက်မပြတ် လေ့ကျင့်နေသူ၊ ကြိုးစားနေသူကသာ အောင်မြင်မှုကို ရရှိနိုင်မှာပါ။ဒါကြောင့် သင်ဟာ နေ့စဉ်လုပ်ဆောင်နေတဲ့အလုပ်အပြင် ထပ်တိုးပြီး မိမိရဲ့လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပါ။

 

(၃) ဘယ်လိုရလဒ်ထွက်လာမယ်ဆိုတာကို တွေးပူမနေပဲ လုပ်ဆောင်စရာရှိတဲ့ကိစ္စရပ်များကို စွမ်းစွမ်းတမံ လုပ်ဆောင်ပါ။
မိမိရဲ့လုပ်ဆောင်ရမယ့်လုပ်ငန်းအပေါ် ထွက်ပေါ်မလာသေးတဲ့ရလဒ်တွေကို တွေးပူမနေဘဲ လုပ်စရာရှိတဲ့ကိစ္စရပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါ။ သင့်ရဲ့အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းကို အများမြင်အောင် ချပြပါ။

 

(၄) သင့်လိုပဲ အကောင်းမြင်တဲ့၊ အပြုသဘောထားရှိသူတွေကို ရှာဖွေပါ။
သင်ကိုယ်တိုင်မသိလိုက်ရတဲ့ သင့်ဦးနှောက်ရဲ့ ထူးဆန်းတဲ့အမူအကျင့်တစ်ခုရှိပါတယ်။ ဒါဟာဘာလဲဆိုရင် သင့်ကို သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အပြုအမူ၊ ပြောဆိုပုံတွေကို အလိုအလျောက် တုပနိုင်တယ်ဆိုတာပါပဲ။ အဲ့ဒါကို အင်္ဂလိပ်လိုဆိုရင်တော့ "Mirror Neuron" လို့ ခေါ်ပါတယ်။ ဒီ့အတွက် သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက အရေးကြီးလှတယ်။ မကောင်းမြင်တဲ့သူတစ်ဦးတစ်ယောက်ရဲ့ အတွေးအမြင်တွေ၊ အယူအဆတွေသာ သင့်ကိုမသိမသာ လွှမ်းမိုးသွားမယ်ဆိုရင် မခက်ပါလား . . . ။ ဒီ့အတွက် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်းမြင်သမား၊ အပြုသဘောဆောင်သူများကို ရှာဖွေပေါင်းသင်းဖို့ လိုအပ်ပါတယ်။

 

(၅) သင့်ကိုယ်သင် အလွန်အမင်း ထိန်းချုပ်ခြင်းကို ရှောင်ကျဉ်ပါ။
သင်ကိုယ်တိုင် ပျော်ရွှင်နေမှ၊ သက်တောင့်သက်သာရှိနေမှသာ သင့်ပတ်ဝန်းကျင်ကလူတွေကို ပျော်ရွှင်စေနိုင်မှာပါ။ အထူးသဖြင့် သင်ကိုယ်တိုင် ကျန်းမာပျော်ရွှင်နေမှာသာ စိတ်ကူးစိတ်သန်းကောင်းတွေ ပိုမိုပေါ်ထွက်လာစေနိုင်သလို ကိုယ်လုပ်ချင်တဲ့အရာတွေကိုလည်း လုပ်ဆောင်နိုင်မှာပါ။ ဒီလိုပျော်ရွှင်ဖို့ဆိုရင်တော့ ကိုယ့်ကိုကိုယ်အလွန်အမင်း ထိန်းချုပ်ခြင်းကို ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။

 

(၆) ကျေးဇူးတင်စကား ပြောတတ်ပါစေ။
ကျေးဇူးတင်စိတ်၊ ကျေးဇူးတင်စကား၊ အပြုံး . . . စတာတွေက သင့်ကိုအောင်မြင်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီ့အတွက် တစ်ဘက်သားကို အပြုံး . . .ကျေးဇူးတင်စကား . . . စတာတွေပြောဖို့ လုံးဝကို မတွန့်တိုပါနဲ့နော်။

 

ကဲ ဒီအချက်အလက်လေးတွေကဆိုရင် သင့်ရဲ့စိတ်နေစိတ်ထားကို ပိုမိုကောင်းမွန်စေပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။ ဒီ့အတွက် ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး "Positive Attitude" များ ဖန်တီးကြပါစို့။

 

 

စိတ္ေနသေဘာထား (Positive Attitude) မ်ား ပိုမိုတိုးတက္ေကာင္းမြန္ေစႏိုင္တဲ့ နည္းလမ္းမ်ား

 

တကယ္လို႔ သင္ဟာ ေအာင္ျမင္ခ်င္တယ္ဆိုရင္ေတာ့ အေရးအႀကီးဆံုးအေနနဲ႔ /ပထမဆံုးအေနနဲ႔ အျပဳသေဘာဆိုင္တဲ့ မိမိရဲ႕ သေဘာထား၊ စိတ္ကူးမ်ား ("Positive Attitude") ကို ဖန္တီးရမွာျဖစ္ပါတယ္။ အေကာင္းျမင္စိတ္၊ ရည္မွန္းခ်က္ၾကီးမႈ၊ စိတ္အားထက္သန္မႈ . . . အစရွိတဲ့ ေကာင္းမြန္တဲ့ စိတ္ကူးစိတ္သန္းေတြ ကိုယ့္ဆီမွာ၀င္လာၿပီဆိုတာနဲ႔ ျပသနာမ်ားက ေသးငယ္(သို႔)ေပ်ာက္ကြယ္သြားမွာပဲျဖစ္ပါတယ္။

 

မင္းဟာ ေခါင္းေဆာင္တစ္ဦးျဖစ္မယ္ဆိုလွ်င္လည္း အေကာင္းျမင္စိတ္ရွိၿပီး ေကာင္းမြန္တဲ့အေတြးအေခၚရွိမွသာ မိမိရဲ႕၀န္ထမ္းေတြ၊ လုပ္ေဖာ္ကိုင္ဘက္ေတြကို ဆြဲေဆာင္ႏိုင္မွာျဖစ္ၿပီး သူတို႔ရဲ႕အေကာင္းဆံုးလုပ္ေဆာင္ေပးမယ့္ စြမ္းအားကို ရရွိႏိုင္မွာပဲျဖစ္ပါတယ္။ အပ်က္သေဘာေဆာင္တဲ့ ေခါင္းေဆာင္တစ္ဦး၊ မေကာင္းျမင္စိတ္မ်ားေနတဲ့ေခါင္းေဆာင္တစ္ဦးျဖစ္မယ္ဆိုရင္ေတာ့ လက္ေအာက္ငယ္သားေတြရဲ႕ ေၾကာက္ရြံ႕ျခင္းနဲ႔ သူတို႔ကို ဖိအားျဖစ္ေစတာအျပင္ ေကာင္းမြန္တာေတြေတာ့ ျဖစ္လာမွာ မဟုတ္ပါဘူး။

 

အေရးအႀကီးဆံုးကေတာ့ မင္းက အၿမဲတမ္း စိတ္ဆိုး၊ ေဒါသထြက္၊ စိုးရိမ္ပူပန္မႈေတြမ်ားေနမယ္ဆိုရင္ေတာ့ ေအာင္ျမင္မႈက မင္းအတြက္ ျဖစ္လာမွာ မဟုတ္ပါဘူး။ ကဲ . . . သင္ရဲ႕စိတ္ေနစိတ္ထား၊ သေဘာထားကို အေကာင္းျမင္ဘက္ေရာက္ေအာင္ ဘယ္လိုေတြ ျပဳျပင္ရမလဲ . . .???

 

(၁) ရည္ရြယ္ခ်က္၊ ဦးတည္ခ်က္တစ္ခုနဲ႔ အၿမဲတမ္းလုပ္ေဆာင္ပါ။
သင္က တစ္ခုခုကို လုပ္ေဆာင္ေတာ့မယ္ဆိုရင္ ကိုယ့္ရဲ႕ပန္းတိုင္ကဘာလဲ၊ ေအာင္ျမင္မႈအတြက္ ဘယ္လိုေတြလုပ္ေဆာင္ရမလဲ၊ စတာေတြကို အရင္ဆံုး ခ်မွတ္ဖို႔လိုပါတယ္။ ဒီလုိမွ မလုပ္ေဆာင္ဘူးဆိုရင္ေတာ့ သင့္လုပ္ေဆာင္ခ်က္၊ အခ်ိန္နဲ႔ ခြန္အားကို ျဖဳန္းတီးရာေရာက္ေနမွာ မလြဲဧကန္ပါ။

 

(၂) သင့္ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းကို တစ္ေန႔ၿပီးတစ္ေန႔ ပိုမိုျမွင့္တင္ပါ။
လုပ္ေနက်အလုပ္ေတြကိုပဲ ေန႔စဥ္ ထပ္တလဲလဲလုပ္ေဆာင္ေနမယ္ဆိုရင္၊ အတိတ္ကေအာင္ျမင္ခဲ့တာ ေရႊထီးေဆာင္းခဲ့တာေတြကို ျပန္လည္ျမင္ေယာင္ၿပီး အတိိတ္ထဲကမထြက္ႏိုင္ဘူးဆိုရင္ သင့္က သင့္ရဲ႕လက္ရွိဘ၀ကို ေက်နပ္မႈရွိမွာမဟုတ္ပါဘူး။ ေအာင္ျမင္မႈက အားကစားသမားတစ္ေယာက္လိုပါပဲ။ စဥ္ဆက္မျပတ္ ေလ့က်င့္ေနသူ၊ ႀကိဳးစားေနသူကသာ ေအာင္ျမင္မႈကို ရရွိႏိုင္မွာပါ။ဒါေၾကာင့္ သင္ဟာ ေန႔စဥ္လုပ္ေဆာင္ေနတဲ့အလုပ္အျပင္ ထပ္တိုးၿပီး မိမိရဲ႕လုပ္ေဆာင္ႏိုင္စြမ္းကို ျမွင့္တင္ပါ။

 

(၃) ဘယ္လိုရလဒ္ထြက္လာမယ္ဆိုတာကို ေတြးပူမေနပဲ လုပ္ေဆာင္စရာရွိတဲ့ကိစၥရပ္မ်ားကို စြမ္းစြမ္းတမံ လုပ္ေဆာင္ပါ။
မိမိရဲ႕လုပ္ေဆာင္ရမယ့္လုပ္ငန္းအေပၚ ထြက္ေပၚမလာေသးတဲ့ရလဒ္ေတြကို ေတြးပူမေနဘဲ လုပ္စရာရွိတဲ့ကိစၥရပ္ေတြကို အေကာင္းဆံုးျဖစ္ေအာင္လုပ္ေဆာင္ပါ။ သင့္ရဲ႕အေကာင္းဆံုးလုပ္ေဆာင္ႏိုင္စြမ္းကို အမ်ားျမင္ေအာင္ ခ်ျပပါ။

 

(၄) သင့္လိုပဲ အေကာင္းျမင္တဲ့၊ အျပဳသေဘာထားရွိသူေတြကို ရွာေဖြပါ။
သင္ကိုယ္တိုင္မသိလိုက္ရတဲ့ သင့္ဦးေႏွာက္ရဲ႕ ထူးဆန္းတဲ့အမူအက်င့္တစ္ခုရွိပါတယ္။ ဒါဟာဘာလဲဆိုရင္ သင့္ကို သင့္ပတ္၀န္းက်င္မွာရွိတဲ့ အျပဳအမူ၊ ေျပာဆိုပံုေတြကို အလိုအေလ်ာက္ တုပႏိုင္တယ္ဆိုတာပါပဲ။ အဲ့ဒါကို အဂၤလိပ္လိုဆိုရင္ေတာ့ "Mirror Neuron" လို႔ ေခၚပါတယ္။ ဒီ့အတြက္ သင့္ပတ္၀န္းက်င္မွာရွိတဲ့သူေတြက အေရးႀကီးလွတယ္။ မေကာင္းျမင္တဲ့သူတစ္ဦးတစ္ေယာက္ရဲ႕ အေတြးအျမင္ေတြ၊ အယူအဆေတြသာ သင့္ကိုမသိမသာ လႊမ္းမိုးသြားမယ္ဆိုရင္ မခက္ပါလား . . . ။ ဒီ့အတြက္ သင့္ပတ္၀န္းက်င္မွာရွိတဲ့ အေကာင္းျမင္သမား၊ အျပဳသေဘာေဆာင္သူမ်ားကို ရွာေဖြေပါင္းသင္းဖို႔ လိုအပ္ပါတယ္။

 

(၅) သင့္ကိုယ္သင္ အလြန္အမင္း ထိန္းခ်ဳပ္ျခင္းကို ေရွာင္က်ဥ္ပါ။
သင္ကိုယ္တိုင္ ေပ်ာ္ရႊင္ေနမွ၊ သက္ေတာင့္သက္သာရွိေနမွသာ သင့္ပတ္၀န္းက်င္ကလူေတြကို ေပ်ာ္ရႊင္ေစႏိုင္မွာပါ။ အထူးသျဖင့္ သင္ကိုယ္တိုင္ က်န္းမာေပ်ာ္ရႊင္ေနမွာသာ စိတ္ကူးစိတ္သန္းေကာင္းေတြ ပိုမိုေပၚထြက္လာေစႏိုင္သလို ကိုယ္လုပ္ခ်င္တဲ့အရာေတြကိုလည္း လုပ္ေဆာင္ႏိုင္မွာပါ။ ဒီလိုေပ်ာ္ရႊင္ဖို႔ဆိုရင္ေတာ့ ကိုယ့္ကိုကိုယ္အလြန္အမင္း ထိန္းခ်ဳပ္ျခင္းကို ေရွာင္က်ဥ္ဖို႔လိုအပ္ပါတယ္။

 

(၆) ေက်းဇူးတင္စကား ေျပာတတ္ပါေစ။
ေက်းဇူးတင္စိတ္၊ ေက်းဇူးတင္စကား၊ အၿပံဳး . . . စတာေတြက သင့္ကိုေအာင္ျမင္ေစႏိုင္တဲ့ အခ်က္ေတြပါပဲ။ ဒီ့အတြက္ တစ္ဘက္သားကို အၿပံဳး . . .ေက်းဇူးတင္စကား . . . စတာေတြေျပာဖို႔ လံုး၀ကို မတြန္႔တိုပါနဲ႔ေနာ္။

 

ကဲ ဒီအခ်က္အလက္ေလးေတြကဆိုရင္ သင့္ရဲ႕စိတ္ေနစိတ္ထားကို ပိုမိုေကာင္းမြန္ေစၿပီး အျပဳသေဘာေဆာင္တဲ့ နည္းလမ္းေကာင္းေတြပဲျဖစ္ပါတယ္။ ဒီ့အတြက္ ဒီနည္းလမ္းေလးေတြကို အသံုးျပဳၿပီး "Positive Attitude" မ်ား ဖန္တီးၾကပါစို႔။

 

Read times
Rate this articles
(0 votes)