အသက်ရာကျော်ဘိုးဘွားတို့ရဲ့ မှတ်သားဖွယ်ရာ အဆုံးအမများ
“ သက်ကြီးစကား သက်ငယ်ကြား ” ဆိုတဲ့အတိုင်း အတွေ့အကြုံအများကြီး ရှိတဲ့ လူကြီးတွေ ရဲ့ အဆုံးအမတွေ က ရွှေလိုမျိုး တန်ဖိုးရှိလှပါတယ် ။ ရာစုနှစ် တစ်ခုစာ ဖြတ်သန်းပြီးမှ ရရှိလာတဲ့ ဘဝ အတွေ့အကြုံတွေ က သင့်အနေနဲ့ ကိုယ်တိုင် ရရှိနိုင်ဖို့ ကြိုးစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ ဘာလို့ဆို သင် က အသက်တစ်ရာနီးပါး အသက်ရှင်ပါမယ် လို့ တပ်အပ် မပြောနိုင်လို့ပါ ။ ဒါကြောင့် အသက်ရာကျော်ဘိုးဘွားတွေ ရဲ့ ဘဝအတွေ့အကြုံတွေကို အရင်းခံထားတဲ့ ဆုံးမစကားတချို့ ကို တင်ပြလိုက်ပါတယ် ။
Fauja Singh
သူ့ကို (၁၉၁၁) ခုနှစ်တွင်မွေးဖွားခဲ့ပါတယ်။ ခုချိန်မှာတော့ သူ့အသက်ကတော့ (၁၀၉)နှစ်ပေါ့။ သူ့ခြေထောက်က သေးပြီးအားနည်းတဲ့အတွက်ကြောင့် အသက် (၅) နှစ်သားအရွယ်ရောက်သည့်အထိ လမ်းလျှောက်ရတာ ပြဿနာရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ အသက်အကြီးဆုံး မာရသွန် အပြေးသမားတစ်ယောက်ဖြစ်နေပါပြီ။ သူ ပြောတဲ့ စကားထဲက မှတ်သားစရာစကားတချို့ကတော့ -
"သင် ကျန်းမာနေမှ သင် ပျော်ရွှင်မှာပါ။ ကျွန်တော်ကတော့ ကျွန်တော့်ပျော်ရွှင်မှုအတွက် ပြေးပါတယ်။ ပြေးနိုင်တဲ့သူတွေအားလုံး ကျန်းမာမှာပါပဲ။"
Ida Keeling
ခုချိန်မှာ အသက် (105) နှစ်ရှိနေပြီဖြစ်တဲ့ သူမကို (၁၉၁၅) ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ ငယ်ရွယ်စဉ်မှာ အဖေဖြစ်သူဆုံးပါးသွားတယ်။ အသက် (၄၂) နှစ်အရွယ်မှာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတယ်။ သားသမီး (၄) ယောက်မှာ (၂) ယောက်က အသက်ခံရတယ်။ ဒီလို ပြင်းထန်လွန်းတဲ့ လောကဓံ အမျိုးမျိုး ကို တွေ့ကြုံခဲ့ရပေမဲ့ သူမ က အခုဆို သက်ကြီးပိုင်း မီတာ (၆၀-၁၀၀) အပြေးပြိုင်ပွဲတွေမှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားနေပါပြီ။ သူမ ဘယ်လို ခံယူချက်တွေနဲ့ လောကဓံအားလုံး ကို အကောင်းဆုံး ကျော်လွှားနိုင်ခဲ့လဲ ဆိုတော့ ……
"သင့်အနေနဲ့ ဘဝကို လက်လျှော့အရှုံးပေးလိုက်ရင် ရှက်စရာပါပဲ။
ကိုယ့်ကိုယ်ကိုယ်မနှိပ်စက်ပါနဲ့၊ သင်နဲ့ သင့်ခန္ဓာကိုယ်ဟာ အချစ်ခံထိုက်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။"
Richard Arvin Overton
Richard Arvin Overton (မေလ ၁၁ ရက်၊ ၁၉၀၆ - ဒီဇင်ဘာ ၂၇၊ ၂၀၁၈) သည်အသက် ၁၂၂ နှစ်ရှိပြီး၊ အမေရိကန်ပြည်ထောင်စုရှိသက်တမ်းအရင့်ဆုံးသောဒုတိယကမ္ဘာစစ်စစ်မှုထမ်းဟောင်းဖြစ်ပြီးအမေရိကန်ပြည်ထောင်စု၌အသက်အကြီးဆုံးဖြစ်သည်။ သူသည်အမေရိကန်ပြည်ထောင်စုစစ်တပ်တွင်အမှုထမ်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်သမ္မတဘားရက်အိုဘားမားကဂုဏ်ပြုခဲ့သည်။ သူ့ရဲ့မှတ်သားစရာ စကားကတော့
"ဖြစ်ချိန်တန်ရင် ဖြစ်လာမှာပါပဲ။ စိတ်ဓာတ်ကောင်းတွေ မွေးမြူပါ။
လက်မလျှော့ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် သံသယတွေလည်း မဝင်ပါနဲ့။"
Joan Willet
အသက် (104)နှစ် ရှိနေပြီဖြစ်တဲ့ Joan Willet က "British Heart Foundation" အတွက် ရန်ပုံငွေရှာနိုင်ရန် ရည်ရွယ်ပြီး သူမရဲ့ အိမ်အနီးမှာရှိတဲ့ မတ်စောက်တောင် တောင်ကုန်းတွေပေါ် လျှောက်လှမ်းခဲ့ပြီး ရန်ပုံငွေပေါင်း (ပေါင် - 51000 ကျော်) ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ သူမရဲ့ လက်သုံးစကားကတော့ -
"ဖြစ်ပျက်နေသမျှအရာအားလုံးမှာ စိတ်ဝင်စားမှုရှိနေဖို့က အရေးကြီးပါတယ်။ ဖြစ်ချင်ရာဖြစ် ဆိုပြီး ထိုင်မနေပါနဲ့ အလုပ်ကြိုးစားပါ။
သင့်မှာဦးနှောက်ရှိပါတယ်။ သင့်ဦးနှောက်ကိုအသုံးချပါ။" တဲ့
အခု ဖော်ပြခဲ့တဲ့ အသက်ရာကျော်ဘိုးဘွားတို့ ရဲ့ အဆုံးအမ တွေ က အားလုံးနဲ့ ရင်းနှီးနှင့်ပြီးသား စကားတွေ ဖြစ်ပေမဲ့ အမှုမဲ့ အမှတ်မဲ့ သတိမပြုမိကြတဲ့ အရာတွေ ဆိုတာ ငြင်းလို့ ကို မရပါဘူး ။ အဲ့တာကြောင့် အခုပဲ ဖြစ်ဖြစ် ဒီ မှတ်သားစရာအဆုံးအမ တွေ က နေ သင် သတိမပြုမိတဲ့ အကြောင်းအချက်တွေ ကို သတိပြုနိုင်အောင် တင်ပြပေးလိုက်ရပါတယ် ။
အသက္ရာေက်ာ္ဘိုးဘြားတို႔ရဲ႕ မွတ္သားဖြယ္ရာ အဆုံးအမမ်ား
“ သက္ႀကီးစကား သက္ငယ္ၾကား ” ဆိုတဲ့အတိုင္း အေတြ႕အႀကဳံအမ်ားႀကီး ရွိတဲ့ လူႀကီးေတြ ရဲ႕ အဆုံးအမေတြ က ေ႐ႊလိုမ်ိဳး တန္ဖိုးရွိလွပါတယ္ ။ ရာစုႏွစ္ တစ္ခုစာ ျဖတ္သန္းၿပီးမွ ရရွိလာတဲ့ ဘဝ အေတြ႕အႀကဳံေတြ က သင့္အေနနဲ႔ ကိုယ္တိုင္ ရရွိႏိုင္ဖို႔ ႀကိဳးစားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး ။ ဘာလို႔ဆို သင္ က အသက္တစ္ရာနီးပါး အသက္ရွင္ပါမယ္ လို႔ တပ္အပ္ မေျပာႏိုင္လို႔ပါ ။ ဒါေၾကာင့္ အသက္ရာေက်ာ္ဘိုးဘြားေတြ ရဲ႕ ဘဝအေတြ႕အႀကဳံေတြကို အရင္းခံထားတဲ့ ဆုံးမစကားတခ်ိဳ႕ ကို တင္ျပလိုက္ပါတယ္ ။
Fauja Singh
သူ႔ကို (၁၉၁၁) ခုႏွစ္တြင္ေမြးဖြားခဲ့ပါတယ္။ ခုခ်ိန္မွာေတာ့ သူ႔အသက္ကေတာ့ (၁၀၉)ႏွစ္ေပါ့။ သူ႔ေျခေထာက္က ေသးၿပီးအားနည္းတဲ့အတြက္ေၾကာင့္ အသက္ (၅) ႏွစ္သားအ႐ြယ္ေရာက္သည့္အထိ လမ္းေလွ်ာက္ရတာ ျပႆနာရွိခဲ့တယ္။ ဒါေပမဲ့ အခုေတာ့ အသက္အႀကီးဆုံး မာရသြန္ အေျပးသမားတစ္ေယာက္ျဖစ္ေနပါၿပီ။ သူ ေျပာတဲ့ စကားထဲက မွတ္သားစရာစကားတခ်ိဳ႕ကေတာ့
"သင္ က်န္းမာေနမွ သင္ ေပ်ာ္႐ႊင္မွာပါ။ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္ေပ်ာ္႐ႊင္မႈအတြက္ ေျပးပါတယ္။ ေျပးႏိုင္တဲ့သူေတြအားလုံး က်န္းမာမွာပါပဲ။"
Ida Keeling
ခုခ်ိန္မွာ အသက္ (105) ႏွစ္ရွိေနၿပီျဖစ္တဲ့ သူမကို (၁၉၁၅) ခုႏွစ္မွာေမြးဖြားခဲ့ပါတယ္။ ငယ္႐ြယ္စဥ္မွာ အေဖျဖစ္သူဆုံးပါးသြားတယ္။ အသက္ (၄၂) ႏွစ္အ႐ြယ္မွာ ခင္ပြန္းျဖစ္သူ ဆုံးပါးသြားတယ္။ သားသမီး (၄) ေယာက္မွာ (၂) ေယာက္က အသက္ခံရတယ္။ ဒီလို ျပင္းထန္လြန္းတဲ့ ေလာကဓံ အမ်ိဳးမ်ိဳး ကို ေတြ႕ႀကဳံခဲ့ရေပမဲ့ သူမ က အခုဆို သက္ႀကီးပိုင္း မီတာ (၆၀-၁၀၀) အေျပးၿပိဳင္ပြဲေတြမွာ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ထားေနပါၿပီ။ သူမ ဘယ္လို ခံယူခ်က္ေတြနဲ႔ ေလာကဓံအားလုံး ကို အေကာင္းဆုံး ေက်ာ္လႊားႏိုင္ခဲ့လဲ ဆိုေတာ့ ……
"သင့္အနေနဲ႔ ဘဝကို လက္ေလွ်ာ့အရႈံးေပးလိုက္ရင္ ရွက္စရာပါပဲ။
ကိုယ့္ကိုယ္ကိုယ္မႏွိပ္စက္ပါနဲ႔၊ သင္နဲ႔ သင့္ခႏၶာကိုယ္ဟာ အခ်စ္ခံထိုက္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ပါ။"
Richard Arvin Overton
Richard Arvin Overton (ေမလ ၁၁ ရက္၊ ၁၉၀၆ - ဒီဇင္ဘာ ၂၇၊ ၂၀၁၈) သည္အသက္ ၁၂၂ ႏွစ္ရွိၿပီး၊ ရက္ေပါင္း အမေရိကန္ျပည္ေထာင္စုရွိသက္တမ္းအရင့္ဆုံးေသာဒုတိယကမာၻစစ္စစ္မႈထမ္းေဟာင္းျဖစ္ၿပီးအေမရိကန္ျပည္ေထာင္စု၌အသက္အႀကီးဆုံးျဖစ္သည္။ သူသည္အေမရိကန္ျပည္ေထာင္စုစစ္တပ္တြင္အမႈထမ္းခဲ့သည္။ ၂၀၁၃ ခုႏွစ္တြင္သမၼတဘားရက္အိုဘားမားကဂုဏ္ျပဳခဲ့သည္။ သူ႔ရဲ႕မွတ္သားစရာ စကားကေတာ့့့့့့့့့့့့့့့့့့့
"ျဖစ္ခ်ိန္တန္ရင္ ျဖစ္လာမွာပါပဲ။ စိတ္ဓာတ္ေကာင္းေတြ ေမြးျမဴပါ။
လက္မေလွ်ာ့ပါနဲ႔၊ ကိုယ့္ကိုယ္ကိုယ္ သံသယေတြလည္း မဝင္ပါနဲ႔။"
Joan Willet
အသက္ (104)ႏွစ္ ရွိေနၿပီျဖစ္တဲ့ Joan Willet က "British Heart Foundation" အတြက္ ရန္ပံုေငြရွာႏိုင္ရန္ ရည္ရြယ္ၿပီး သူမရဲ႕ အိမ္အနီးမွာရွိတဲ့ မတ္ေစာက္ေတာင္ ေတာင္ကုန္းေတြေပၚ ေလွ်ာက္လွမ္းခဲ့ၿပီး ရန္ပံုေငြေပါင္း (ေပါင္ - 51000 ေက်ာ္) ကို ရွာေဖြေပးႏိုင္ခဲ့ပါတယ္။ သူမရဲ႕ လက္သံုးစကားကေတာ့
"ျဖစ္ပ်က္ေနသမွ်အရာအားလုံးမွာ စိတ္ဝင္စားမႈရွိေနဖို႔က အေရးႀကီးပါတယ္။ ျဖစ္ခ်င္ရာျဖစ္ ဆိုၿပီး ထိုင္မေနပါနဲ႔ အလုပ္ႀကိဳးစားပါ။
သင့္မွာဦးေႏွာက္ရွိပါတယ္။ သင့္ဦးေႏွာက္ကိုအသုံးခ်ပါ။" တဲ့
အခု ေဖာ္ျပခဲ့တဲ့ အသက္ရာေက်ာ္ဘိုးဘြားတို႔ ရဲ႕ အဆုံးအမ ေတြ က အားလုံးနဲ႔ ရင္းႏွီးႏွင့္ၿပီးသား စကားေတြ ျဖစ္ေပမဲ့ အမႈမဲ့ အမွတ္မဲ့ သတိမျပဳမိၾကတဲ့ အရာေတြ ဆိုတာ ျငင္းလို႔ ကို မရပါဘူး ။ အဲ့တာေၾကာင့္ အခုပဲ ျဖစ္ျဖစ္ ဒီ မွတ္သားစရာအဆုံးအမ ေတြ က ေန သင္ သတိမျပဳမိတဲ့ အေၾကာင္းအခ်က္ေတြ ကို သတိျပဳႏိုင္ေအာင္ တင္ျပေပးလိုက္ရပါတယ္ ။