Lifestyle

Tuesday, 15 June 2021

ခေါင်းဆောင်နှင့် ခေါင်းရှောင်

ခေါင်းဆောင်နှင့် ခေါင်းရှောင်

အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေ အားလုံး ဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ ခေါင်းဆောင်မှု ဟောပြောသူ ဆရာကြီး ဂျွန်မက်စ်ဝဲလ်က ဆိုပါတယ်။ အဖွဲ့အစည်းတိုင်း အတွက်အဓိကအရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါ တယ်။ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေ ရှိနေတဲ့ အဖွဲ့အစည်းဟာဆိုရင်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက် ဖွံ့ဖြိုးမှုတွေကို ဖြစ်စေပါတယ်။


အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေရှိတတ်သလို တစ်ချို့အဖွဲ့အစည်းတွေမှာတော့ ခေါင်းဆောင်လို့ မိမိကိုယ်ကို ခံယူ ထားတဲ့ ခေါင်းဆောင်မဟုတ်သူတွေကိုလည်း တွေ့ရတတ်ပါတယ်။ အဖွဲ့ အစည်းတစ်ခုမှာ ရာထူးကြီးရုံနဲ့ ခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်လက်အောက်မှာ ကိုယ်စေခိုင်းညွှန်ကြားနိုင်တဲ့လူတွေရှိတိုင်း ခေါင်းဆောင် လို့ မသတ်မှတ်နိုင်ပါဘူး။ ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ပြည့်စုံပြီး အဖွဲ့ အစည်းကို ပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်မှသာ ခေါင်းဆောင် ဖြစ်မှာပါ။

 

တကယ်တော့ ခေါင်းဆောင်မှုဆိုတာ အာဏာပါဝါရှိရုံနဲ့ မသက်ဆိုင်ပါဘူး။ အစစ်အမှန်ဟာ “သြဇာပါဝါ” ရှိတာနဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ “အာဏာ ပါဝါ” ရှိပြီး “သြဇာပါဝါ” မရှိရင် ခေါင်းဆောင် အစစ်မဖြစ်နိုင်ပါဘူး။ လုပ်ငန်းတစ်ခု ရဲ့ အကြီးအကဲသက်သက်သာ ဖြစ်မှာပါ။ ရာထူးအာဏာရလာရင်တော့ ဘယ်သူ မဆို အကြီးအကဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ဖို့ဆိုရင်တော့ ရာထူးအာဏာထက် ခေါင်းဆောင်မှု အရည်အသွေးနဲ့ စိတ်နှလုံးသားမြင့်မြတ် မှုပေါ်မှာ အများကြီးမူတည်ပါတယ်။

 

ခေါင်းဆောင်မှန်ရင် တာဝန်ယူမှု အပြည့်ရှိရပါမယ်။ တချို့သော ခေါင်းဆောင်လုပ်နေသူတွေကတော့ တာဝန်ယူမှုထက် အခွင့်အရေး ယူမှု ကိုသာ ဦးစားပေးတတ်တယ်။ ဒီလို ဦးဆောင်သူမျိုးဟာ ခေါင်းဆောင် မဟုတ်ပါဘူး။ တာဝန်ကို ရှောင်ပြီး အခွင့်အရေးကိုသာ ယူတတ်လို့ သူတို့ကို “ခေါင်းရှောင်”လို့သာ ခေါ်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင် နဲ့ ခေါင်းရှောင် ဘာတွေကွာခြားသလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ်။

 

“ခေါင်းဆောင်” ဟာ တာဝန်ယူတတ်တယ်။ “ခေါင်းရှောင်”ဟာ အခွင့် အရေး ယူတတ်တယ်။ “မှန် နဲ့ ပြတင်းပေါက်” ဆိုတဲ့ သာဓကလေး တစ်ခုကို ကြားဖူးပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်လာရင် “ခေါင်းရှောင်” ဟာ မှန်ကြည့် တတ်တယ်တဲ့။ မှန်ကြည့်တော့ သူ့မျက်နှာ သူမြင်ရတာပေါ့။ အဖွဲ့အစည်းတိုးတက်လာတာ “ငါ့ကြောင့်ကွ” လို့ အမှတ်ယူတတ်တယ်။ သူက အဖွဲ့အစည်းတိုးတက်နေရင်သာ အမှတ်ယူတတ်တာ။ အဖွဲ့ အစည်းအခက် အခဲနဲ့ ပြဿနာတွေကြုံနေပြီဆိုလို့ရှိရင် တာဝန်မယူချင်တော့ဘူး။ ဒီအခါ သူကမှန် ကိုမှောက်ထားပြီး ပြတင်း ပေါက်ကို ဖွင့်ကြည့်ပါတယ်။ ပြီးရင် တွေ့သမျှလူကို တာဝန်လွှဲချလေ့ ရှိတတ်ပါတယ်။ အပြစ်ပုံချလေ့ရှိတတ်ပါတယ်။

 

ခေါင်းဆောင်ဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အဖွဲ့ အစည်း အောင်မြင်တိုးတက်လာရင် ခေါင်းဆောင်က ပြတင်းပေါက်ကြည့်တယ်။ လူတွေကို အားပေးဂုဏ်ပြုတယ်။ အခုလို အောင်မြင်လာတာ မင်းတို့ကြောင့်လို့ ချီးကျူးတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာ တွေ ကြုံလာပြီဆို ရင် ခေါင်းဆောင်ဟာ မှန်ကိုကြည့်ပါတယ်။ ငါ့အဖွဲ့ အတွက် ငါ့မှာ တာဝန်အပြည့် ရှိတယ်ဆိုတာ အမှတ်ရအောင်ပေါ့။ ဒါမှ ခေါင်းဆောင်အစစ်ဖြစ်မှာပါ။ ပြဿနာကြုံ လို့ ခေါင်းရှောင်ပြီး တာဝန်ကို သူများအပေါ် ပုံချတတ်တာ ဟာ ခေါင်းရှောင်ကောင်းတွေ လုပ်လေ့ရှိတဲ့ အချက်ပါ။

 

အဖွဲ့အစည်းကို ဦးဆောင်တဲ့နေရာမှာ ခေါင်းဆောင်မှု ပုံစံလေးတွေ (Leadership Style) အမျိုးစုံရှိပါတယ်။ ခေါင်းဆောင်ကောင်းတိုင်းဟာ လည်း ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုပုံစံ (Style) နဲ့ ဦးဆောင်ရမယ်ဆိုတာ သိရှိနေ ဖို့လိုပါတယ်။ အဖွဲ့အစည်းရဲ့ ရှေ့ဆုံးမှ ဦးဆောင်ခြင်း၊ အလယ်မှ ဦးဆောင်ခြင်း နဲ့ အနောက်က ဦးဆောင်မှုပေးခြင်းဆိုပြီး အကြမ်းဖျင်း အနေနဲ့ မှတ်သားနိုင်ပါ တယ်။

 

ခေါင်းဆောင်လုပ်သူဟာ အဖွဲ့အစည်းအရှိန်ရလို့ ကောင်းကျိုးတွေနဲ့ တွေ့ ကြုံနေချိန်မှာ အနောက်ကနေ ဦးဆောင်မှုပေးပါတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာတစ်စုံတစ်ရာ ကြုံလာပြီဆိုရင်တော့အရှေ့ကိုတက်လာပြီး ရှေ့ ဆုံးက မားမားမတ်မတ်ရပ်တည် ဦးဆောင်ပါတယ်။

 

ခေါင်းရှောင်သူဆိုတာကတော့ အဖွဲ့အစည်း ကောင်းစားချိန်မှာ ရှေ့ဆုံး ကနေ လက်မထောင်ပြီး လူလုံးပြလေ့ရှိပေမယ့် အဖွဲ့အစည်းမှာ အခက်အခဲ တစ်စုံတစ်ရာကြုံလာတဲ့အခါ နောက်ဆုံးကိုပြေးပြီး ရှောင်ပုန်း တတ်တဲ့သူပါ။ အဓိကကတော့ တာဝန်ယူဖြေရှင်းရဲတတ် သတ်္တိမရှိတာပေါ့။ အဖွဲ့အစည်းအပေါ် စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓာတ်မရှိ တာပေါ့။ခေါင်းဆောင်ဟာ ကိုယ်အနစ်နာခံပြီး အဖွဲ့အစည်းကောင်းစား အောင်ကြိုးစားတတ် တယ်။ ခေါင်းရှောင်ကတော့ အဖွဲ့အစည်းကို နစ်နာ အောင်လုပ်ပြီး (နင်းတက်ပြီး) ကိုယ်ကောင်းစားအောင် ကြိုးပမ်းအား ထုတ်တတ်တယ်။

 

တာဝန်ကိုရှောင်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ အကြီးအကဲဟာ ဘယ်လိုမှ ခေါင်းဆောင်မတင်ထိုက်တဲ့သူပါ။ ခေါင်းဆောင် မဖြစ်ထိုက်တဲ့ ခေါင်းရှောင်သူဟာ လိပ်လို လူမျိုးပါ။ လိပ်ဟာ ကိုယ့်ဘက်သာ ကိုယ်ယက်တတ်ပြီး အန္တရာယ်အခက်အခဲကြုံလာရင် ခေါင်းကိုဝှက်ထားတတ်ပါ တယ်။ ဒီလိုခေါင်းဆောင်မျိုးဆိုရင်တော့လက်ရှိမှာအဆင့်တစ်နေရာရောက်နေပေ မယ့် မကြာခင်မှာ ခေါင်းဆောင်အဖြစ်က ကျရှုံးမှာဖြစ်ပါတယ်။

 

ခေါင်းဆောင်လုပ်သူကိုယ်တိုင်က တာဝန်တွေရှောင်၊ ပြဿနာဖြေ ရှင်းမှုတွေ ကို ရှောင်ဖယ်ပြီးနေရင် သူဦးဆောင်နေတဲ့ အဖွဲ့သားတွေ ကိုယ်တိုင်ကလည်း သူ့လိုပဲ ခေါင်းရှောင်တွေဖြစ်လာကြမှာပါပဲ။ ဒီလို ခေါင်းရှောင်သူတွေ အဖွဲ့ အစည်းတွေမှာ ၊ နိုင်ငံတွေမှာ များပြားလာပြီ ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်တော့ပါဘူး။


ဒါကြောင့် ခေါင်းဆောင်အမည်ခံထားပြီးတာဝန်မယူတတ်တဲ့ ခေါင်းရှောင်သူ မဖြစ်စေဘဲ ခေါင်းဆောင်ကောင်းတွေဖြစ်စေဖို့ ကျင့်သုံးရ မယ့် အချက်လေးတွေ ကို မျှဝေပါရစေ။

၁။ ခေါင်းဆောင်ကောင်းအဖြစ် ယူထိုက်တဲ့ တာဝန်တွေကို သတ်္တိရှိရှိယူရဲပါ။ ဆင်ခြေဆင်လက်တွေပေးပြီး တာဝန်ရှောင်ဖို့ မစဉ်းစားပါနဲ့။ အဖွဲ့အစည်းရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ ခေါင်းဆောင်မှာ တာဝန်ရှိ တယ်လို့ ခံယူထားပါ။

၂။ အဖွဲ့အစည်းရဲ့ ပန်းတိုင်အတွက်သာမက နောက်လိုက်ငယ်သားများရဲ့ လိုအပ်ချက်တွေကိုပါ တာဝန်ယူဖြေရှင်းပေးနိုင်သူဖြစ်အောင် ကြိုးစားပါ။ ဒါမှသာ နောက်လိုက်ငယ်သားများက ခေါင်းဆောင်ဖြစ်သူကို ယုံကြည် ကိုးစားလာပြီး ခေါင်းဆောင်ကောင်းအဖြစ် အသိမှတ်ပြုခြင်း ရှိလာမှာဖြစ်ပါတယ်။

၃။ တာဝန်ကို ရှောင်တတ်တာဟာ ခေါင်းဆောင်မှု ကျဆုံးခြင်းရဲ့ လမ်းစဖြစ် တယ်ဆိုတာကို အမြဲသတိတရရှိနေဖို့ လိုအပ်ပါတယ်။

၄။ အဖွဲ့အစည်းရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အဖွဲ့သားတွေ အားလုံးရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင် နေထိုင်ပါ။

၅။ တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်း ဆိုသလို အဖွဲ့အစည်းမကောင်း ခေါင်းဆောင်ခေါင်းဆိုတာကို သတိရပြီး အဖွဲ့အစည်း အတွက် အနစ်နာခံ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါစေ။

 

Original Writer - Phoo Kyaw Zin (Future Wave) - JOB seekers Journal Vol.2,No.52

 

 

ေခါင္းေဆာင္ႏွင့္ ေခါင္းေရွာင္

အဖြဲ႕အစည္းတစ္ခုရဲ႕ တိုးတက္ျခင္း၊ ဆုတ္ယုတ္ျခင္းေတြ အားလုံး ဟာ ေခါင္းေဆာင္မႈအေပၚမွာ အဓိကမူတည္ေနတယ္လို႔ ေခါင္းေဆာင္မႈ ေဟာေျပာသူ ဆရာႀကီး ဂြၽန္မက္စ္ဝဲလ္က ဆိုပါတယ္။ အဖြဲ႕အစည္းတိုင္း အတြက္အဓိကအေရးႀကီးဆုံးအခ်က္မွာ ေခါင္းေဆာင္ပဲျဖစ္ပါတယ္။ ေခါင္းေဆာင္ေကာင္းရွိရင္ ေနာက္လိုက္ေကာင္းေတြလည္း ထြက္ေပၚလာတတ္ပါ တယ္။ ေခါင္းေဆာင္ေကာင္းနဲ႔ ေနာက္လိုက္ေကာင္းေတြ ရွိေနတဲ့ အဖြဲ႕အစည္းဟာဆိုရင္လည္း အရွိန္အဟုန္ျပင္းစြာ တိုးတက္ ဖြံ႕ၿဖိဳးမႈေတြကို ျဖစ္ေစပါတယ္။


အဖြဲ႕အစည္းတိုင္းမွာ ေခါင္းေဆာင္မႈေပးႏိုင္တဲ့ ေခါင္းေဆာင္ေကာင္းေတြရွိတတ္သလို တစ္ခ်ိဳ႕အဖြဲ႕အစည္းေတြမွာေတာ့ ေခါင္းေဆာင္လို႔ မိမိကိုယ္ကို ခံယူ ထားတဲ့ ေခါင္းေဆာင္မဟုတ္သူေတြကိုလည္း ေတြ႕ရတတ္ပါတယ္။ အဖြဲ႕ အစည္းတစ္ခုမွာ ရာထူးႀကီး႐ုံနဲ႔ ေခါင္းေဆာင္လို႔ မသတ္မွတ္ႏိုင္ပါဘူး။ ကိုယ့္လက္ေအာက္မွာ ကိုယ္ေစခိုင္းၫႊန္ၾကားႏိုင္တဲ့လူေတြရွိတိုင္း ေခါင္းေဆာင္ လို႔ မသတ္မွတ္ႏိုင္ပါဘူး။ ေခါင္းေဆာင္မႈ အရည္အခ်င္းေတြနဲ႔ ျပည့္စုံၿပီး အဖြဲ႕ အစည္းကို ပန္းတိုင္ေရာက္ေအာင္ စြမ္းေဆာင္ႏိုင္မွသာ ေခါင္းေဆာင္ ျဖစ္မွာပါ။

 

တကယ္ေတာ့ ေခါင္းေဆာင္မႈဆိုတာ အာဏာပါဝါရွိ႐ုံနဲ႔ မသက္ဆိုင္ပါဘူး။ အစစ္အမွန္ဟာ “ၾသဇာပါဝါ” ရွိတာနဲ႔သာ သက္ဆိုင္တာ ျဖစ္ပါတယ္။ “အာဏာ ပါဝါ” ရွိၿပီး “ၾသဇာပါဝါ” မရွိရင္ ေခါင္းေဆာင္ အစစ္မျဖစ္ႏိုင္ပါဘူး။ လုပ္ငန္းတစ္ခု ရဲ႕ အႀကီးအကဲသက္သက္သာ ျဖစ္မွာပါ။ ရာထူးအာဏာရလာရင္ေတာ့ ဘယ္သူ မဆို အႀကီးအကဲ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမဲ့ ေခါင္းေဆာင္ျဖစ္ဖို႔ဆိုရင္ေတာ့ ရာထူးအာဏာထက္ ေခါင္းေဆာင္မႈ အရည္အေသြးနဲ႔ စိတ္ႏွလုံးသားျမင့္ျမတ္ မႈေပၚမွာ အမ်ားႀကီးမူတည္ပါတယ္။

 

ေခါင္းေဆာင္မွန္ရင္ တာ၀န္ယူမႈ အျပည့္ရွိရပါမယ္။ တခ်ိဳ႕ေသာ ေခါင္းေဆာင္လုပ္ေနသူေတြကေတာ့ တာ၀န္ယူမႈထက္ အခြင့္အေရး ယူမႈ ကိုသာ ဦးစားေပးတတ္တယ္။ ဒီလို ဦးေဆာင္သူမ်ိဳးဟာ ေခါင္းေဆာင္ မဟုတ္ပါဘူး။ တာ၀န္ကို ေရွာင္ၿပီး အခြင့္အေရးကိုသာ ယူတတ္လို႔ သူတို႔ကို “ေခါင္းေရွာင္”လို႔သာ ေခၚပါတယ္။ ဒီေနရာမွာ ေခါင္းေဆာင္ နဲ႔ ေခါင္းေရွာင္ ဘာေတြကြာျခားသလဲဆိုတာ သိရွိဖို႔လိုအပ္ပါတယ္။

 

“ေခါင္းေဆာင္” ဟာ တာ၀န္ယူတတ္တယ္။ “ေခါင္းေရွာင္”ဟာ အခြင့္ အေရး ယူတတ္တယ္။ “မွန္ နဲ႔ ျပတင္းေပါက္” ဆိုတဲ့ သာဓကေလး တစ္ခုကို ၾကားဖူးပါတယ္။ အဖြဲ႕အစည္းတစ္ခု ေအာင္ျမင္တိုးတက္လာရင္ “ေခါင္းေရွာင္” ဟာ မွန္ၾကည့္ တတ္တယ္တဲ့။ မွန္ၾကည့္ေတာ့ သူ႔မ်က္ႏွာ သူျမင္ရတာေပါ့။ အဖြဲ႕အစည္းတိုးတက္လာတာ “ငါ့ေၾကာင့္ကြ” လို႔ အမွတ္ယူတတ္တယ္။ သူက အဖြဲ႕အစည္းတိုးတက္ေနရင္သာ အမွတ္ယူတတ္တာ။ အဖြဲ႕ အစည္းအခက္ အခဲနဲ႔ ျပႆနာေတြႀကဳံေနၿပီဆိုလို႔ရွိရင္ တာ၀န္မယူခ်င္ေတာ့ဘူး။ ဒီအခါ သူကမွန္ ကိုေမွာက္ထားၿပီး ျပတင္း ေပါက္ကို ဖြင့္ၾကည့္ပါတယ္။ ၿပီးရင္ ေတြ႕သမွ်လူကို တာ၀န္လႊဲခ်ေလ့ ရွိတတ္ပါတယ္။ အျပစ္ပုံခ်ေလ့ရွိတတ္ပါတယ္။

 

ေခါင္းေဆာင္ဆိုတာကေတာ့ သူနဲ႔ ဆန္႔က်င္ဘက္ပါပဲ။ အဖြဲ႕ အစည္း ေအာင္ျမင္တိုးတက္လာရင္ ေခါင္းေဆာင္က ျပတင္းေပါက္ၾကည့္တယ္။ လူေတြကို အားေပးဂုဏ္ျပဳတယ္။ အခုလို ေအာင္ျမင္လာတာ မင္းတို႔ေၾကာင့္လို႔ ခ်ီးက်ဴးတယ္။ အဖြဲ႕အစည္းမွာ အခက္အခဲနဲ႔ ျပႆနာ ေတြ ႀကဳံလာၿပီဆို ရင္ ေခါင္းေဆာင္ဟာ မွန္ကိုၾကည့္ပါတယ္။ ငါ့အဖြဲ႕ အတြက္ ငါ့မွာ တာ၀န္အျပည့္ ရွိတယ္ဆိုတာ အမွတ္ရေအာင္ေပါ့။ ဒါမွ ေခါင္းေဆာင္အစစ္ျဖစ္မွာပါ။ ျပႆနာႀကဳံ လို႔ ေခါင္းေရွာင္ၿပီး တာ၀န္ကို သူမ်ားအေပၚ ပုံခ်တတ္တာ ဟာ ေခါင္းေရွာင္ေကာင္းေတြ လုပ္ေလ့ရွိတဲ့ အခ်က္ပါ။

 

အဖြဲ႕အစည္းကို ဦးေဆာင္တဲ့ေနရာမွာ ေခါင္းေဆာင္မႈ ပုံစံေလးေတြ (Leadership Style) အမ်ိဳးစုံရွိပါတယ္။ ေခါင္းေဆာင္ေကာင္းတိုင္းဟာ လည္း ကိုယ့္အဖြဲ႕အစည္းကို ဘယ္လိုပုံစံ (Style) နဲ႔ ဦးေဆာင္ရမယ္ဆိုတာ သိရွိေန ဖို႔လိုပါတယ္။ အဖြဲ႕အစည္းရဲ႕ ေရွ႕ဆုံးမွ ဦးေဆာင္ျခင္း၊ အလယ္မွ ဦးေဆာင္ျခင္း နဲ႔ အေနာက္က ဦးေဆာင္မႈေပးျခင္းဆိုၿပီး အၾကမ္းဖ်င္း အေနနဲ႔ မွတ္သားႏိုင္ပါ တယ္။

 

ေခါင္းေဆာင္လုပ္သူဟာ အဖြဲ႕အစည္းအရွိန္ရလို႔ ေကာင္းက်ိဳးေတြနဲ႔ ေတြ႕ ႀကဳံေနခ်ိန္မွာ အေနာက္ကေန ဦးေဆာင္မႈေပးပါတယ္။ အဖြဲ႕အစည္းမွာ အခက္အခဲနဲ႔ ျပႆနာတစ္စုံတစ္ရာ ႀကဳံလာၿပီဆိုရင္ေတာ့အေရွ႕ကိုတက္လာၿပီး ေရွ႕ ဆုံးက မားမားမတ္မတ္ရပ္တည္ ဦးေဆာင္ပါတယ္။

 

ေခါင္းေရွာင္သူဆိုတာကေတာ့ အဖြဲ႕အစည္း ေကာင္းစားခ်ိန္မွာ ေရွ႕ဆုံး ကေန လက္မေထာင္ၿပီး လူလုံးျပေလ့ရွိေပမယ့္ အဖြဲ႕အစည္းမွာ အခက္အခဲ တစ္စုံတစ္ရာႀကဳံလာတဲ့အခါ ေနာက္ဆုံးကိုေျပးၿပီး ေရွာင္ပုန္း တတ္တဲ့သူပါ။ အဓိကကေတာ့ တာ၀န္ယူေျဖရွင္းရဲတတ္ သတ္ၱိမရွိတာေပါ့။ အဖြဲ႕အစည္းအေပၚ စြန္႔လႊတ္အနစ္နာခံမယ္ဆိုတဲ့ စိတ္ဓာတ္မရွိ တာေပါ့။ေခါင္းေဆာင္ဟာ ကိုယ္အနစ္နာခံၿပီး အဖြဲ႕အစည္းေကာင္းစား ေအာင္ႀကိဳးစားတတ္ တယ္။ ေခါင္းေရွာင္ကေတာ့ အဖြဲ႕အစည္းကို နစ္နာ ေအာင္လုပ္ၿပီး (နင္းတက္ၿပီး) ကိုယ္ေကာင္းစားေအာင္ ႀကိဳးပမ္းအား ထုတ္တတ္တယ္။

 

တာ၀န္ကိုေရွာင္ၿပီး ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္တတ္တဲ့ အႀကီးအကဲဟာ ဘယ္လိုမွ ေခါင္းေဆာင္မတင္ထိုက္တဲ့သူပါ။ ေခါင္းေဆာင္ မျဖစ္ထိုက္တဲ့ ေခါင္းေရွာင္သူဟာ လိပ္လို လူမ်ိဳးပါ။ လိပ္ဟာ ကိုယ့္ဘက္သာ ကိုယ္ယက္တတ္ၿပီး အႏၲရာယ္အခက္အခဲႀကဳံလာရင္ ေခါင္းကိုဝွက္ထားတတ္ပါ တယ္။ ဒီလိုေခါင္းေဆာင္မ်ိဳးဆိုရင္ေတာ့လက္ရွိမွာအဆင့္တစ္ေနရာေရာက္ေနေပ မယ့္ မၾကာခင္မွာ ေခါင္းေဆာင္အျဖစ္က က်ရႈံးမွာျဖစ္ပါတယ္။

 

ေခါင္းေဆာင္လုပ္သူကိုယ္တိုင္က တာ၀န္ေတြေရွာင္၊ ျပႆနာေျဖ ရွင္းမႈေတြ ကို ေရွာင္ဖယ္ၿပီးေနရင္ သူဦးေဆာင္ေနတဲ့ အဖြဲ႕သားေတြ ကိုယ္တိုင္ကလည္း သူ႔လိုပဲ ေခါင္းေရွာင္ေတြျဖစ္လာၾကမွာပါပဲ။ ဒီလို ေခါင္းေရွာင္သူေတြ အဖြဲ႕ အစည္းေတြမွာ ၊ ႏိုင္ငံေတြမွာ မ်ားျပားလာၿပီ ဆိုလို႔ရွိရင္ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုတာ ဘယ္ေတာ့မွ ရွိမွာ မဟုတ္ေတာ့ပါဘူး။


ဒါေၾကာင့္ ေခါင္းေဆာင္အမည္ခံထားၿပီးတာ၀န္မယူတတ္တဲ့ ေခါင္းေရွာင္သူ မျဖစ္ေစဘဲ ေခါင္းေဆာင္ေကာင္းေတြျဖစ္ေစဖို႔ က်င့္သုံးရ မယ့္ အခ်က္ေလးေတြ ကို မွ်ေဝပါရေစ။

၁။ ေခါင္းေဆာင္ေကာင္းအျဖစ္ ယူထိုက္တဲ့ တာ၀န္ေတြကို သတ္ၱိရွိရွိယူရဲပါ။ ဆင္ေျခဆင္လက္ေတြေပးၿပီး တာ၀န္ေရွာင္ဖို႔ မစဥ္းစားပါနဲ႔။ အဖြဲ႕အစည္းရဲ႕ ေကာင္းျခင္း ဆိုးျခင္းဟာ ေခါင္းေဆာင္မွာ တာ၀န္ရွိ တယ္လို႔ ခံယူထားပါ။

၂။ အဖြဲ႕အစည္းရဲ႕ ပန္းတိုင္အတြက္သာမက ေနာက္လိုက္ငယ္သားမ်ားရဲ႕ လိုအပ္ခ်က္ေတြကိုပါ တာ၀န္ယူေျဖရွင္းေပးႏိုင္သူျဖစ္ေအာင္ ႀကိဳးစားပါ။ ဒါမွသာ ေနာက္လိုက္ငယ္သားမ်ားက ေခါင္းေဆာင္ျဖစ္သူကို ယုံၾကည္ ကိုးစားလာၿပီး ေခါင္းေဆာင္ေကာင္းအျဖစ္ အသိမွတ္ျပဳျခင္း ရွိလာမွာျဖစ္ပါတယ္။

၃။ တာ၀န္ကို ေရွာင္တတ္တာဟာ ေခါင္းေဆာင္မႈ က်ဆုံးျခင္းရဲ႕ လမ္းစျဖစ္ တယ္ဆိုတာကို အၿမဲသတိတရရွိေနဖို႔ လိုအပ္ပါတယ္။

၄။ အဖြဲ႕အစည္းရဲ႕ ေရွ႕ကေန မားမားမတ္မတ္ရပ္တည္ၿပီး အဖြဲ႕သားေတြ အားလုံးရဲ႕ စံျပပုဂၢိုလ္တစ္ေယာက္ျဖစ္ေအာင္ ေနထိုင္ပါ။

၅။ တပည့္မေကာင္း ဆရာ့ေခါင္း၊ သားသမီးမေကာင္း မိဘေခါင္း ဆိုသလို အဖြဲ႕အစည္းမေကာင္း ေခါင္းေဆာင္ေခါင္းဆိုတာကို သတိရၿပီး အဖြဲ႕အစည္း အတြက္ အနစ္နာခံ ဦးေဆာင္ႏိုင္တဲ့ ေခါင္းေဆာင္ေကာင္း ျဖစ္ပါေစ။

 

Original Writer - Phoo Kyaw Zin (Future Wave) - JOB seekers Journal Vol.2,No.52

Read times
Rate this articles
(0 votes)