×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Thursday, 28 February 2019

" ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ "

" ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ " google

၁။စာကိုနှစ်ရှည်လများ စနစ်တကျဖတ်ရှုလာသူ တစ်ယောက်ဟာ တက္ကသိုလ် ကောလိပ်ကဲ့သို့ ဘွဲ့လက်မှတ် တစ်စုံတရာ မရရှိပေမယ့် တက္ကသိုလ် ကောလိပ်မှ ဘွဲ့ရလာသူထက်မက အသိဥာဏ်အမြင်နှင့်

ဗဟုသုတတွေ ကြွယ်ဝပြီး လူ့လောကနယ်စုံမှာ

ဦးဆောင်လှုပ်ရှားနိုင်သူတစ်ဦး ဖြစ်လာပါလိမ့်မယ်…

၂။ဘယ်သူမဆို ညအိပ်ရာဝင်ချိန်တွေမှာ မနက်အိပ်ယာထချိန်ထက်

နည်းနည်းတော့ အသိဥာဏ်ပညာ ပိုရှိနေအောင်ကြိုးစားရပါမယ်……

အကယ်၍ အဲ့ဒီလိုရှိအောင်မလုပ်ဆောင်ဘူးဆိုရင်တော့

လူသားတစ်ယောက်အနေနှင့် အကြီးမားဆုံးသော ပြစ်မှုကို ကျူးလွန်ရာရောက်နေမှာပါ…

၃။စာကိုလွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုခွင့်ရတဲ့

ကလေးများဟာ လူမှုဘဝပြဿ နာပေါင်းစုံကိုကိုယ်တွေ့ကြုံစရာမလိုဘဲ

စာမှတစ်ဆင့် သိမြင်ပြီး သင်ခန်းစာ ရရှိနိုင်တာမို့ 

ကိုယ်တိုင် တွေ့ဖူး/မှားဖူးမှ ငါမှားခဲ့တာကိုးလို့ 

သင်ခန်းစာယူနိုင်သည့်စာမတတ်တဲ့ ကလေးများထက်

စာဖတ်ကျင့်ရှိသူကလေးများက များစွာတစ်ပန်းသာနေမှာပါ……

၎။ဝါရင့် စာဖတ်သမားတစ်ယောက်ရဲ့  လက်ထဲက ခဲတံတစ်ချောင်းဟာ

စာအုပ်ထဲက အနှစ်သာရတွေကို တူးဆွဖော်ယူပေးသည့်

လက်နက်ကိရိယာတစ်ခုဖြစ်လာမှာပါ……

၅။လူတိုင်းမှာပညာရေးနှစ်ခုရှိပါတယ်…တစ်ခုက သူတစ်ပါးထံမှရသော ပညာရေးဖြစ်ပြီး နောက်ထပ်ပိုအရေးပါသောပညာရေးတစ်ခုကတော့

ကိုယ်တိုင်ရှာပညာရေး ဖြစ်ပါတယ်……

၆။ခေတ်အဆက်ဆက် ကမ္ဘာ့လူမျိုး တစ်ရာတစ်ပါးတို့ရဲ့ အသိဥာဏ်ပညာ မှန်သမျှကိုဖြစ်စေ လူသားအပေါင်းတို့ကို

နှစ်သက်မှုကို ပေးခဲ့တဲ့ အထွေထွေ အပြားပြားသော

ပုံဝတ္ထုများကိုဖြစ်စေ စာအုပ်တွေထဲမှာ အက္ခရာစာလုံးတွေနဲ့ သိုမှီးသိမ်းဆည်းခဲ့ကြပါတယ်……

အဲ့ဒီစာပေတွေက ကျွန်တော်တို့ အတွက်တော့

စာအုပ်ရှေ့ ဖုံးနဲ့ နောက်ဖုံးများကြားထဲက ရတနာတွေပဲ ဖြစ်ပါတယ်…မပြောပလောက်သောငွေကြေးလေးတွေ ပေးလိုက်ရုံနဲ့  အဲ့ဒီရတနာတွေကို ကျွန်တော်တို့ ယူငင်ရရှိနိုင်နေတာပါ…တစ်ခုပဲမှတ်ထားရမှာက ဘယ်ရတနာဘယ်မှာရှိသည်ဆိုတာသိဖို့နဲ့ 

ကျွန်တော်တို့အတွက်အကျိုးရှိဆုံး ဖြစ်အောင်

ထုတ်ယူအသုံးချတတ်ဖို့တော့ အများကြီးလိုအပ်ပါတယ်……

၇။Knowledge ဆိုတဲ့ အသိဥာဏ်များလာတဲ့အခါ

Wisdom ဆိုတဲ့ ပညာဉာဏ်

အမြော်အမြင်ဖြစ်လာပါတယ်……

စာဖတ်သမားအတွက် အဓိက ဆုလာဒ်ဟာ အဲဒီ Wisdom ပါပဲ…

၈။အတ္ထုပ္ပတ္တိကောင်းများကို ဖတ်ရှုရခြင်းက လူ့အသိုင်းအဝိုင်းအတွင်းမှာ

အထူးချွန် အထက်မြက်ဆုံးပုဂ္ဂိုလ်ကျော်များနဲ့ 

ရင်းနှီးကျွမ်းဝင်ခွင့် ရခြင်းပဲ ဖြစ်ပါတယ်……

သမင်ဟာအမြဲတမ်း ဘာကြောင့် ကျားစာဖြစ်နေတာလဲ

မယုံနိုင်တဲ့ ခွန်အား

၉။စာဖတ်ခြင်းမှာ လုပ်ငန်း လိုအပ်ချက်အရ ဖတ်ရခြင်းနှင့်

ဇိမ်ခံဖတ်ရှုရခြင်းဆိုပြီး စာဖတ်ခြင်း ( ၂ ) မျိုးရှိပါတယ်……

အဲ့ဒီထဲမှာမှ ဒုတိယအမျိုးအစားက ဖျော်ဖြေမှုသဘော

ချမ်းသာသုခခံစားမှုသဘောသက်ဝင်ပါတယ်…

ဈေးကို သွားခြင်းနှင့်မတူပဲ တောထဲ တောင်ထဲ

လည်ပတ်လမ်းလျှောက်သွားခြင်းနဲ့ တူပါတယ်…

အိမ်ပြန်လာတဲ့အခါ စည်သွပ်ဘူးများ ပါပါ မပါပါ

တောက်ပရွှင်လန်းသော မျက်နှာသာ ပါလာမှာပါ…

အဆုတ်များထဲမှာလည်း သန့်ရှင်းလတ်ဆတ်တဲ့

လေအပြည့်ပဲ ပါလာမှာပါ……

၁၀။ဒါ့အပြင် စာမဖတ်သူမှာ တစ်ကိုယ်ရည်အတွေ့အကြုံသာရှိပြီး

အဲ့ဒီအတွေ့အကြုံကိုတော့ ကောင်းကောင်းဆင်ခြင်ခံယူတတ်မှာ

မဟုတ်ပါဘူး…ဗဟုသုတ ရစရာ စာဖတ်လေ့ရှိသူတွေကျတော့

ခေတ်အဆက်ဆက် လူအမျိုးမျိုးတို့ရဲ့ ဘဝအဖုံဖုံ အတွေ့အကြုံ မျိုးစုံကိုရရှိနိုင်ပါတယ်…

ဉာဏ်အမြင်မျိုးစုံနဲ့ လည်း မှားမှန်ခွဲခြား သုံးသပ်ဆင်ခြင်နိုင်ပါတယ် …

source- ဆရာဖေမြင့်

sayar.com

Read times Last modified on Thursday, 30 January 2020 15:46
Rate this articles
(3 votes)