လူငယ်တွေဆိုတာ တက်ကြွတဲ့ခြေလှမ်းနဲ့ နေ့သစ်တိုင်းကို လန်းဆန်းစွာ ကျော်ဖြတ်နိုင်မယ့် စိတ်ခွန်အားတွေ ပြည့်ဝနေဖို့လိုပါတယ်။ လူငယ်များအတွက် စိတ်ဓာတ်ခွန်အားတချို့ …
ဘာကိစ္စပဲဖြစ်ဖြစ် ရေတိုမတွေးပါနဲ့။
ဘယ်ကိစ္စမဆို ရေတိုတွက်စဉ်းစားတာဟာ တကယ်တော့မထိရောက်ပါဘူး။ အလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင် ရေရှည်တွက်စဉ်းစားပြီးမှ လုပ်ပါ။ မနက်ဖြန် သဘက်ခါ လောက်ပဲ ပြေလည်ဖို့ တွေးတောမလုပ်ပါနဲ့။ အဲ့ဒါဆိုရင် သင်မနက်ဖြန် သဘက်ခါပြီးရင်လည်း အခက်တွေ့နေအုံးမှာပါပဲ။
အဆိုးနောက်မှာ အကောင်းရှိတာမမေ့ပါနဲ့။
ကျနော်တို့ဟာ လူလောကကြီးထဲမှာ ရှင်သန်ခြင်းဆိုတာက အကောင်းအဆိုး ဒွန်တွဲနေတာကို သတိပြုမိကြတာပါပဲ။ ဒါပင်မဲ့ ကျနော်တို့ အဆိုးတွေကို လက်မခံရဲကြပါဘူး။ တကယ်တော့ အဆိုးဖြစ်ဖို့ကံပါလာရင်ငြင်းလို့မရပါဘူး အဲ့အဆိုးတွေကို ငြီးငြူနေမည့်အစား ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ယုံကြည်ထားရမှာက အဆိုးနောက်မှာ အကောင်းတွေ ရှိလာမယ်ဆိုတာပါပဲ ပြီးတော့ အဲ့ အဆိုးတွေထဲကနေ သင်ခန်းစာ ယူတက်မှ ဘဝဟာပိုတိုးတက်နိုင်မှာပါ။
အကောင်းဆုံးတွေကို မျှော်လင့်နေချိန်မှာ အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားဖို့လည်း မမေ့ပါနဲ့။
တစ်ခါတစ်လေမှာ ကျနော်တို့ ဟာ အကောင်းဆုံးတွေကို စဉ်စားပြီး ပြုလုပ်တတ်ကြပါတယ်၊ အဲ့ချိန် ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတဲ့ အခါ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး ဦးတည်ရာလမ်းကြောင်း လွဲသွားတတ်ပါတယ်။ တချို့ဆိုလျှင် ပန်းတိုင်ပါ ပျောက်သွားကြတယ်။ အဓိကကတော့ အကောင်းဆုံးကို မျှော်လင့်နေချိန် အဆိုးဆုံးတွေဝင်လာရင် ဘယ်လို ဖြေရှင်းမလဲဒါကို အဆင်သင့် ပြင်ဆင်ထားလျှင်ပိုအောင်မြင်လာမှာပါ။
ဘဝထဲက ပထမဆုံးအမှတ်တရတွေကို မမေ့ပါနဲ့။
မိမိဘဝမှာ အမှတ်တရနေ့လေးတွေ လုပ်ရပ်လေးတွေ အစရှိသဖြင့် အမှတ်တရလေးတွေကို ဥပက္ခာ မပြုလိုက်ပါနဲ့။ အထူးသဖြင့် မိမိချစ်သူ/အိမ်ထောင်ဖက် တို့နှင့် စတွေ့ခဲ့တဲ့ပုံရိပ်ကလေးတွေ ဓါတ်ပုံလေးတွေ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ ကို အမြတ်တနိုးတန်ဖိုးထားပါ။ သို့မဟုတ် မိမိ လုပ်ငန်းသစ်တစ်ခုကို စထောင်လိုက်တာတို့ အလုပ်သစ်တစ်ခု စဝင်လိုက်တာတို့ အဲ့လိုနေ့လေးတွေ မမေ့ပါနဲ့ သင်စိတ်ပျက် ဝမ်းနည်း အားငယ်နေချိန်မှာ အဲ့အမှတ်တရလေးတွေက သင့်စိတ်ကို ခွန်အားပေးနိုင်မယ့် အရာတွေဖြစ်နေပါလိမ့်မယ်။
ပန်းတိုင်အတွက် စံပြထားဖို့ မမေ့ပါနဲ့။
ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့ဖြစ်ချင်တဲ့ အိမ်မက်တွေ ကိုယ်စီကိုယ်စီရှိကြပါတယ်။ ကိုယ်ရောက်ချင်တဲ့ နေရာမျိုးကို ရောက်နေသူတွေလည်းရှိကြပါတယ်။ အဲ့လို ပန်းတိုင်တစ်ခုကို သွားဖို့တွက် ကျနော်တို့ကို စိတ်ခွန်အား ဉာဏ်ခွန်အား အစစအရာရာပေးနိုင်မည့် Role Model တစ်ယောက်ဆိုတာ ရှိသင့်ပါတယ်။ သူဘယ်လိုအောင်မြင်လာသလဲ သူအခက်ခဲတွေ ဘယ်လိုဖြေရှင်းကျော်ဖြတ်ခဲ့သလဲ သူပန်းတိုင်ကို ဘယ်နည်းနဲ့ ရောက်အောင်သွားသလဲ ဆိုတာတွေကို ကျနော်တို့က မျက်ခြေမပျက်လေ့လာစည်းပူးသင့်ပါတယ်။ ဒါမှသာလျှင် ကျနော်တို့ သွားလိုတဲ့ ပန်းတိုင်းကို လွယ်လွယ်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။