×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 13 November 2019

"ဆရာမ မသင္ေပးတဲ့စာက်က္နည္း"

"ဆရာမ မသင္ေပးတဲ့စာက်က္နည္း" google.com

တစ္ခ်ိဳ႕လူေတြဟာ စာက်က္ျမန္ၾကပါတယ္။ စာက်က္ႏိုင္သူေတြလည္း ျဖစ္ၾကပါတယ္။

သူတို႔ကိုၾကည့္လိုက္ရင္လည္း ပင္ပင္ပန္းပန္း သိပ္မရွိၾကပါဘူး။  ညဏ္ေကာင္းတယ္လို႔ သူတို႔ကို သင့္ဘက္ကလြယ္လြယ္ကူကူ မွတ္ခ်က္ခ်လိုက္ေပမယ့္ သတိထားၾကည့္ရင္ သူတို႔မွာ သူမ်ားထက္သာတဲ့ စာက်က္ပုံေတြ ရွိတာကို ေတြ႕ရမွာပါ။ ရတဲ့အခ်ိန္ျခင္းတူေပမယ့္ သူတို႔ဟာ ပိုၿပီးထိေရာက္တဲ့ ဖတ္ပုံမွတ္ပုံရွိတာေၾကာင့္ သူမ်ားထက္သာတာကို ေတြ႕ရမွာပါ။


၁ - ဘာလဲ ဆိုတာထက္ ဘာေၾကာင့္လဲ
 
တစ္ခုခုကို မွတ္သားမယ္၊ ခ်ည္းကပ္ေလ့လာမယ္ဆိုရင္ ဘာလဲဆိုတဲ့ ေမးခြန္းထက္ ဘာေၾကာင့္လဲ ဆိုတဲ့ ေမးခြန္းကို ေမးရမွာ ျဖစ္ပါတယ္။ ဥပမာ -  စာပိုဒ္တစ္ပိုဒ္ကို က်က္တဲ့အခါ ဘာအေၾကာင္းလဲ၊ ဘာေတြ ေရးထားတာလဲ ဆိုတာထက္ စာပိုဒ္ထဲက အျဖစ္အပ်က္ဟာ ဘာေၾကာင့္ျဖစ္တာလဲဆိုတဲ့ ေမးခြန္းကို ေမးသင့္ပါတယ္။ ဒီအခါ သင္မွတ္သားရမယ့္ အပိုင္းအစဟာ ဦးေႏွာက္ထဲမွာ တစ္စည္းတစ္လုံးနဲ႔ရွိၿပီး အလြယ္တကူ မွတ္မိသြားပါတယ္။ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာကို မွတ္ထားလိုက္တဲ့အခါ ဘယ္သူေတြပါတယ္၊ ဘယ္လိုေတြျဖစ္တယ္ဆိုတာက တစ္ခါတည္း ကပ္ၿပီးပါလာမွာ ျဖစ္ပါတယ္။

 

၂ - ကိုယ့္ကိုယ္ကိုယ္ ရွင္းျပ
 
ကိုသိသြားၿပီလို႔ ခံစားရတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ျပန္ရွင္းျပတာမ်ိဳးကလည္း သင့္မွတ္မိမႈကို ခိုင္မာေစပါတယ္။ ဒါေပမယ့္ စာက်က္ေနတုန္းမွာပဲ လုပ္ရမွာျဖစ္ပါတယ္။ အခ်ိန္ေတြအေတာ္ၾကာမွာ ျပန္လုပ္တာဟာ ေမ့ေတာ့မယ္ဟာကို ျပန္အစေဖာ္ဖို႔ ႀကိဳးစားရသလို ျဖစ္ေနပါလိမ့္မယ္။ စာတစ္ပုဒ္ကို ရၿပီဆိုတာနဲ႔ ကိုယ့္ကိုယ္ကိုယ္ အျခားလူတစ္ေယာက္လို သေဘာထားကာ ျပန္ရွင္းျပတာမ်ိဳး ျဖစ္ပါတယ္။

Recommended For You >>>> "အင္တာဗ်ဴးေျဖတဲ့အခါ လံုးဝမလုပ္သင့္တဲ့ အမွားႀကီး (၅) ခ်က္"


၃ - အႏွစ္ခ်ဳပ္
 
ကိုယ္က်က္ထားတာ၊ကိုယ္မွတ္ထားတာကို ျပန္အႏွစ္ခ်ဳပ္တာဟာ ေက်ာင္းသားေတြအတြက္ အလြန္အသုံးဝင္ပါတယ္။ အထူးသျဖင့္ ေရးေျဖေျဖရမယ္ဆို သိသိသာသာကို အက်ိဳးရွိပါတယ္။ စာေၾကာင္းအနည္းငယ္နဲ႔ အႏွစ္ခ်ဳပ္ေရးသားမယ္ဆိုရင္ပဲ အဆင္ေျပပါတယ္။ တခ်ိဳ႕ကေတာ့ ဒီလိုအႏွစ္ခ်ဳပ္တာဟာ တျခားနည္းလမ္းေတြနဲ႔ ယွဥ္ရင္ သိပ္မထိေရာက္ဘူးလို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ ျပန္ဖတ္တာတို႔၊ လိုင္းတားမွတ္တာတို႔ထက္ ယွဥ္ရင္ အႏွစ္ခ်ဳပ္တာက ပိုထိေရာက္တဲ့ နည္းလမ္းျဖစ္ပါတယ္။


၄ - လိုင္းတားျခင္း
 
ေက်ာင္းသားေတြအသုံးအမ်ားဆုံးနည္းျဖစ္ပါတယ္။ ဒါေပမယ့္ ဒီနည္းက အသုံးမဝင္ဘူးလို႔ သုေတသနေတာ္ေတာ္မ်ားမ်ားက ဆိုပါတယ္။ အေၾကာင္းကေတာ့ ေက်ာင္းသားေတြဟာ လိုင္းတား႐ုံပဲ တားေနၾကလို႔ ျဖစ္ပါတယ္။ လိုင္းတားလိုက္႐ုံနဲ႔ပဲ  ဒီစကားလုံး၊ ဒီစာေၾကာင္းေတြကို မွတ္လိုက္ၿပီလို႔ ထင္သြားတတ္ၾကတာပါ။ ဒီလို လိုင္းတားမွတ္ဖို႔ အားထုတ္မႈ ႀကီးႀကီးမားမား မေပးရတာေၾကာင့္လည္း ပါပါတယ္။ လိုင္းတားျခင္းကို အျခားနည္းလမ္းေတြနဲ႔ ပူးတြဲအသုံးျပဳမွ ထိေရာက္ပါတယ္။ လိုင္းတားထားမယ္၊ တစ္ေယာက္တည္းျပန္ေလ့က်င့္တဲ့အခါ မွတ္စုအျဖစ္ ျပန္ထုတ္မယ္၊ အႏွစ္ခ်ဳပ္မယ္ဆိုတာမ်ိဳးေတြကို  ပူးတြဲလုပ္ေဆာင္သင့္တာ ျဖစ္ပါတယ္။


၅ - ေျဖၾကည့္ျခင္း
 
အေကာင္းဆုံးနည္းလမ္းေတြထဲက တစ္ခုျဖစ္ပါတယ္။ အစမ္းေျဖၾကည့္တာ ျဖစ္ပါတယ္။  ပြဲမဝင္ခင္ အျပင္က က်င္းပဆိုသလိုပါပဲ။ အလြတ္ေရးၾကည့္တာ၊ အလြတ္ေျဖၾကည့္တာေတြဟာ အေကာင္းဆုံးနည္းလမ္း ျဖစ္ပါတယ္။ ရ ထားတာေတြကို ပိုမွတ္မိ႐ုံတင္မကဘဲ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈလည္း ရွိေစပါတယ္။ ကိုယ့္အေျခအေနကိုလည္း ထင္ထင္ရွားရွား သိရပါတယ္။သတိထားရမွာ တကယ့္စာေမးပြဲႀကီးလို ကိုယ့္ကိုယ္ကိုယ္ စစ္ေနစရာ မလိုပါဘူး။ အလြတ္ေျဖၾကည့္၊ ေရးၾကည့္ရင္ပဲ အဆင္ေျပပါတယ္။

- ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။
- ႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။

- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ တြင္ https://www.sayar.com.mm/subjects.html အခမဲ့ ဝင္ေ၇ာက္ရွာေဖြႏိုင္ပါသည္။



UNICODE

"ဆရာမ မသင်ပေးတဲ့စာကျက်နည်း"
တစ်ချို့လူတွေဟာ စာကျက်မြန်ကြပါတယ်။ စာကျက်နိုင်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ကိုကြည့်လိုက်ရင်လည်း ပင်ပင်ပန်းပန်း သိပ်မရှိကြပါဘူး။ ညဏ်ကောင်းတယ်လို့ သူတို့ကို သင့်ဘက်ကလွယ်လွယ်ကူကူ မှတ်ချက်ချလိုက်ပေမယ့် သတိထားကြည့်ရင် သူတို့မှာ သူများထက်သာတဲ့ စာကျက်ပုံတွေ ရှိတာကို တွေ့ရမှာပါ။ ရတဲ့အချိန်ခြင်းတူပေမယ့် သူတို့ဟာ ပိုပြီးထိရောက်တဲ့ ဖတ်ပုံမှတ်ပုံရှိတာကြောင့် သူများထက်သာတာကို တွေ့ရမှာပါ။


၁ - ဘာလဲ ဆိုတာထက် ဘာကြောင့်လဲ

တစ်ခုခုကို မှတ်သားမယ်၊ ချည်းကပ်လေ့လာမယ်ဆိုရင် ဘာလဲဆိုတဲ့ မေးခွန်းထက် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းကို မေးရမှာ ဖြစ်ပါတယ်။ ဥပမာ - စာပိုဒ်တစ်ပိုဒ်ကို ကျက်တဲ့အခါ ဘာအကြောင်းလဲ၊ ဘာတွေ ရေးထားတာလဲ ဆိုတာထက် စာပိုဒ်ထဲက အဖြစ်အပျက်ဟာ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ မေးခွန်းကို မေးသင့်ပါတယ်။ ဒီအခါ သင်မှတ်သားရမယ့် အပိုင်းအစဟာ ဦးနှောက်ထဲမှာ တစ်စည်းတစ်လုံးနဲ့ရှိပြီး အလွယ်တကူ မှတ်မိသွားပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မှတ်ထားလိုက်တဲ့အခါ ဘယ်သူတွေပါတယ်၊ ဘယ်လိုတွေဖြစ်တယ်ဆိုတာက တစ်ခါတည်း ကပ်ပြီးပါလာမှာ ဖြစ်ပါတယ်။

 

၂ - ကိုယ့်ကိုယ်ကိုယ် ရှင်းပြ

ကိုသိသွားပြီလို့ ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်ရှင်းပြတာမျိုးကလည်း သင့်မှတ်မိမှုကို ခိုင်မာစေပါတယ်။ ဒါပေမယ့် စာကျက်နေတုန်းမှာပဲ လုပ်ရမှာဖြစ်ပါတယ်။ အချိန်တွေအတော်ကြာမှာ ပြန်လုပ်တာဟာ မေ့တော့မယ်ဟာကို ပြန်အစဖော်ဖို့ ကြိုးစားရသလို ဖြစ်နေပါလိမ့်မယ်။ စာတစ်ပုဒ်ကို ရပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် အခြားလူတစ်ယောက်လို သဘောထားကာ ပြန်ရှင်းပြတာမျိုး ဖြစ်ပါတယ်။


Recommended For You >>>> "အင်တာဗျူးဖြေတဲ့အခါ လုံးဝမလုပ်သင့်တဲ့ အမှားကြီး (၅) ချက်"

 


၃ - အနှစ်ချုပ်

ကိုယ်ကျက်ထားတာ၊ကိုယ်မှတ်ထားတာကို ပြန်အနှစ်ချုပ်တာဟာ ကျောင်းသားတွေအတွက် အလွန်အသုံးဝင်ပါတယ်။ အထူးသဖြင့် ရေးဖြေဖြေရမယ်ဆို သိသိသာသာကို အကျိုးရှိပါတယ်။ စာကြောင်းအနည်းငယ်နဲ့ အနှစ်ချုပ်ရေးသားမယ်ဆိုရင်ပဲ အဆင်ပြေပါတယ်။ တချို့ကတော့ ဒီလိုအနှစ်ချုပ်တာဟာ တခြားနည်းလမ်းတွေနဲ့ ယှဉ်ရင် သိပ်မထိရောက်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ပြန်ဖတ်တာတို့၊ လိုင်းတားမှတ်တာတို့ထက် ယှဉ်ရင် အနှစ်ချုပ်တာက ပိုထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

 


၄ - လိုင်းတားခြင်း

ကျောင်းသားတွေအသုံးအများဆုံးနည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းက အသုံးမဝင်ဘူးလို့ သုတေသနတော်တော်များများက ဆိုပါတယ်။ အကြောင်းကတော့ ကျောင်းသားတွေဟာ လိုင်းတားရုံပဲ တားနေကြလို့ ဖြစ်ပါတယ်။ လိုင်းတားလိုက်ရုံနဲ့ပဲ ဒီစကားလုံး၊ ဒီစာကြောင်းတွေကို မှတ်လိုက်ပြီလို့ ထင်သွားတတ်ကြတာပါ။ ဒီလို လိုင်းတားမှတ်ဖို့ အားထုတ်မှု ကြီးကြီးမားမား မပေးရတာကြောင့်လည်း ပါပါတယ်။ လိုင်းတားခြင်းကို အခြားနည်းလမ်းတွေနဲ့ ပူးတွဲအသုံးပြုမှ ထိရောက်ပါတယ်။ လိုင်းတားထားမယ်၊ တစ်ယောက်တည်းပြန်လေ့ကျင့်တဲ့အခါ မှတ်စုအဖြစ် ပြန်ထုတ်မယ်၊ အနှစ်ချုပ်မယ်ဆိုတာမျိုးတွေကို ပူးတွဲလုပ်ဆောင်သင့်တာ ဖြစ်ပါတယ်။

 


၅ - ဖြေကြည့်ခြင်း

အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အစမ်းဖြေကြည့်တာ ဖြစ်ပါတယ်။ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလိုပါပဲ။ အလွတ်ရေးကြည့်တာ၊ အလွတ်ဖြေကြည့်တာတွေဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရ ထားတာတွေကို ပိုမှတ်မိရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိစေပါတယ်။ ကိုယ့်အခြေအနေကိုလည်း ထင်ထင်ရှားရှား သိရပါတယ်။သတိထားရမှာ တကယ့်စာမေးပွဲကြီးလို ကိုယ့်ကိုယ်ကိုယ် စစ်နေစရာ မလိုပါဘူး။ အလွတ်ဖြေကြည့်၊ ရေးကြည့်ရင်ပဲ အဆင်ပြေပါတယ်။

- ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။
- ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ/ဆရာမများ၏ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ သင်ကြားပေးသည့်ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေအမျိုးမျိုး တို့ကို လည်း ထည့်သွင်းဖော်ပြပေးထားပါသည်။

- ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ်  https://www.sayar.com.mm/subjects.html တွင် အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

 

sayar.com.mm
Source: Big Think

 

Read times Last modified on Wednesday, 08 January 2020 17:36
Rate this articles
(0 votes)