×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 01 April 2020

ထူးချွန်ထက်မြက်သော ကျောင်းသားများတွင် တွေ့ရတတ်သည့်အလေ့အကျင့်များ

ထူးချွန်ထက်မြက်သော ကျောင်းသားများတွင် တွေ့ရတတ်သည့်အလေ့အကျင့်များ google

ထူးချွန်ထက်မြက်သော ကျောင်းသားသူတော်တော်များများကို ကြည့်လျှင် သူတို့မှာထူးခြားသော စရိုက်လက္ခဏာတွေ ကိုယ်စီရှိတတ်ကြပါတယ်။

သူတို့မှာ ရည်မှန်းချက်ရှိတယ်၊ အလုပ် လုပ်ရာမှာ စည်းစနစ်ကျပြီး အသေးစိတ်ဂရုတစိုက် လုပ်တတ်ကြတယ်။ ဒါတွေဟာ ပညာရေးဘက်တွင် ပေါက်မြောက်အောင်မြင်စေမည့် အရည်အချင်းကောင်းများ၊ သို့မဟုတ် အလေ့အကျင့်ကောင်းများပင် ဖြစ်ပါတယ်။

လူတစ်ယောက်၏ အကျင့် ၊ စရိုက်လက္ခဏာဟူသည် တစ်စုံတစ်ရာကို ထပ်တလဲလဲ အချိန်ကြာကြာလုပ်ကိုင်ရင်းမှ စွဲမြဲလာသောအရာပြင်ဖြစ်တယ်။ ဒါကြောင့်သင့် ရဲ့ဘဝကိုကောင်းမွန်လိုလျှင် သင်မှာရှိတဲ့ မကောင်းသော အကျင့်စရိုက်များကို ပယ်ဖျောက်၍ ကောင်းသောအကျင့်များကို မွေးမြူဖို့ လိုအပ်ပါလိမ့်မယ်။ အောင်မြင်လိုသူသည် အောင်မြင်မှု စိတ်ဓာတ်ကိုမွေးရမည်။ အောင်မြင်မည့် အလုပ်မျိုးကိုသာ လုပ်ရပါမယ်။

"ကျွန်တော် မလုပ်တတ်ဘူး၊ မဖြစ်ပါဘူး၊ ကျွန်တော်မှ တစ်ခါမှ မလုပ်ဖူးတာ၊ အခြေအနေပေးရင်း ဖြစ်မှာပေါ့၊ မပေးရင်တော့လည်း မတတ်နိုင်ဘူး" စသည့်အတွေးမျိုး အပြောမျိုးကို ပြောဆိုသူတို့သည် အောက်ခြေမှ နေမည့်သူတို့၏ အတွေးအပြောများသာဖြစ်တယ်။ ထိပ်တန်းရောက်မည့်သူများကား ရဲဝံ့ကြသည်။ မိမိ ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိကြပြီး အခက်အခဲကို မကြောက်၊ ဇွဲရှိသည်၊ တစ်ကြိမ်မအောင်မြင်ရုံနဲ့ နောက်မဆုတ်တတ်သော စိတ်ဓာတ်ရှိကြတယ်။ သင်ရော စာမေးပွဲအောင်ချင်တာလား၊ ဂုဏ်ထူးထွက်ချင်သလား၊ နံပါတ်(၁) ဖြစ်ချင်တာလား။

မြင်ယောင်ကြည့်လိုက်ပါ။ စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူးနှင့် အောင်သောသင်၊ တစ်ကျောင်းလုံး၊ တစ်နယ်လုံး၊ တစ်နိုင်ငံလုံးမှာ ထိပ်ဆုံးရောက်သွားသောသင်။ ဘယ်လောက်တောင် အားတတ်ကြည်နူးစရာ ကောင်းပါလိမ့်မလဲ။ အဲ့ဒီ စိတ်ဓာတ်နဲ့ ကြိုးစားကြည့်ပါ။ အောင်မြင်ရမည် ဟူသော စိတ်ဓာတ်သည် အောင်မြင်မှု ရရှိရေးအတွက် လိုအပ်သည့် အခြေခံအချက်ပါ။ သို့သော် အောင်မြင်ချင်ရုံနဲ့ မပြီးပါ၊ အောင်မြင်အောင် လုပ် ရပါအုန်းမယ်။


ထူးချွန်အောင်မြင်လိုသည့် ကျောင်းသားသည် စာကို ကျေညက်ရပါမည်။ ကျောင်းစာအုပ်ပါ သင်ခန်းစာကိုဖြစ်စေ၊ ဆရာ သို့မဟုတ် တခြားတစ်စုံတစ်ယောက်မှ ရရှိလာသော မှတ်စုကိုဖြစ်စေ၊ အသားလွတ်ကျက်မှတ်ခြင်းမျိုးမလုပ်ပဲ နားလည်သဘောပေါက်အောင် အရင်ဦးဆုံးကြိုးစားဖို့ လိုပါတယ်။ နားလည်သဘောပေါက်ပြီးမှေ မိမိနားလည်သည့်အရာကို တစ်စုံတစ်ယောက်ကသိလိုသည် ဆိုလျှင် မည်သို့ရှင်းလင်းပြောဆိုရမည်၊ စာမေးပွဲ တွင်မေးလာပါက မည်သို့ဖြေကြားမည် ဆိုတာကို စဉ်းစားပြင်ဆင်ရပါမယ်။

စာမေးပွဲတွင် အမှတ်အများဆုံးရတတ်သည့် ကျောင်းသားများသည် သင်ခန်းစာများကိုကောင်းစွာကျက်မှတ်ပြီး နောက်တွင်သက်ဆိုင်ရာ ကဏ္ဍအသီးသီးနှင့် ပက်သက်၍ မေးခွန် ရှည်မေးလာလျှင်မည်သို့ဖြေရမယ်၊ အတိုမေးလာလျှင် မည်သို့ဖြေရမယ် စသည်ဖြင့် စာမေးပွဲခန်းအတွက်ပါ ကြိုတင်လေ့ကျင့်ပြင်ဆင်ထားလေ့ ရှိပါတယ်။

(Zaw gyi)

90251442 832926683874316 4730726126572273664 n

 

register

ထူးခြ်န္ထက္ျမက္ေသာ ေက်ာင္းသားမ်ားတြင္ ေတြ့ရတတ္သည့္အေလ့အက်င့္မ်ား

ထူးခြ်န္ထက္ျမက္ေသာ ေက်ာင္းသားသူေတာ္ေတာ္မ်ားမ်ားကို ၾကည့္လ်ွင္ သူတို႔မွာထူးျခားေသာ စရိုက္လကၡဏာေတြ ကိုယ္စီရွိတတ္ၾကပါတယ္။ သူတို႔မွာ ရည္မွန္းခ်က္ရွိတယ္၊ အလုပ္ လုပ္ရာမွာ စည္းစနစ္က်ျပီး အေသးစိတ္ဂရုတစိုက္ လုပ္တတ္ၾကတယ္။ ဒါေတြဟာ ပညာေရးဘက္တြင္ ေပါက္ေျမာက္ေအာင္ျမင္ေစမည့္ အရည္အခ်င္းေကာင္းမ်ား၊ သို့မဟုတ္ အေလ့အက်င့္ေကာင္းမ်ားပင္ ျဖစ္ပါတယ္။

လူတစ္ေယာက္၏ အက်င့္ ၊ စရိုက္လကၡဏာဟူသည္ တစ္စံုတစ္ရာကို ထပ္တလဲလဲ အခ်ိန္ၾကာၾကာလုပ္ကိုင္ရင္းမွ စြဲျမဲလာေသာအရာျပင္ျဖစ္တယ္။ ဒါေၾကာင့္သင့္ ရဲ႔ဘ၀ကိုေကာင္းမြန္လိုလ်ွင္ သင္မွာရွိတဲ့ မေကာင္းေသာ အက်င့္စရိုက္မ်ားကို ပယ္ေဖ်ာက္၍ ေကာင္းေသာအက်င့္မ်ားကို ေမြးျမဴဖို႔ လိုအပ္ပါလိမ့္မယ္။ ေအာင္ျမင္လိုသူသည္ ေအာင္ျမင္မႈ စိတ္ဓာတ္ကိုေမြးရမည္။ ေအာင္ျမင္မည့္ အလုပ္မ်ိဳးကိုသာ လုပ္ရပါမယ္။

"ကြ်န္ေတာ္ မလုပ္တတ္ဘူး၊ မျဖစ္ပါဘူး၊ ကြ်န္ေတာ္မွ တစ္ခါမွ မလုပ္ဖူးတာ၊ အေျခအေနေပးရင္း ျဖစ္မွာေပါ့၊ မေပးရင္ေတာ့လည္း မတတ္ႏိုင္ဘူး" စသည့္အေတြးမ်ိဳး အေျပာမ်ိဳးကို ေျပာဆိုသူတို႔သည္ ေအာက္ေျခမွ ေနမည့္သူတို႔၏ အေတြးအေျပာမ်ားသာျဖစ္တယ္။ ထိပ္တန္းေရာက္မည့္သူမ်ားကား ရဲ၀ံ့ၾကသည္။ မိမိ ကိုယ္ကိုယ္လည္း ယံုၾကည္မႈ ရွိၾကျပီး အခက္အခဲကို မေၾကာက္၊ ဇြဲရွိသည္၊ တစ္ၾကိမ္မေအာင္ျမင္ရုံနဲ႔ ေနာက္မဆုတ္တတ္ေသာ စိတ္ဓာတ္ရွိၾကတယ္။ သင္ေရာ စာေမးပြဲေအာင္ခ်င္တာလား၊ ဂုဏ္ထူးထြက္ခ်င္သလား၊ နံပါတ္(၁) ျဖစ္ခ်င္တာလား။

ျမင္ေယာင္ၾကည့္လိုက္ပါ။ စာေမးပြဲတြင္ ဘာသာစံု ဂုဏ္ထူးႏွင့္ ေအာင္ေသာသင္၊ တစ္ေက်ာင္းလံုး၊ တစ္နယ္လံုး၊ တစ္ႏိုင္ငံလံုးမွာ ထိပ္ဆံုးေရာက္သြားေသာသင္။ ဘယ္ေလာက္ေတာင္ အားတတ္ၾကည္ႏူးစရာ ေကာင္းပါလိမ့္မလဲ။ အဲ့ဒီ စိတ္ဓာတ္နဲ့ ၾကိဳးစားၾကည့္ပါ။ ေအာင္ျမင္ရမည္ ဟူေသာ စိတ္ဓာတ္သည္ ေအာင္ျမင္မႈ ရရွိေရးအတြက္ လိုအပ္သည့္ အေျခခံအခ်က္ပါ။ သို႔ေသာ္ ေအာင္ျမင္ခ်င္ရုံနဲ႔ မျပီးပါ၊ ေအာင္ျမင္ေအာင္ လုပ္ ရပါအုန္းမယ္။


ထူးခၽြန္ေအာင္ျမင္လိုသည့္ ေက်ာင္းသားသည္ စာကို ေက်ညက္ရပါမည္။ ေက်ာင္းစာအုပ္ပါ သင္ခန္းစာကိုျဖစ္ေစ၊ ဆရာ သို႔မဟုတ္ တျခားတစ္စံုတစ္ေယာက္မွ ရရွိလာေသာ မွတ္စုကိုျဖစ္ေစ၊ အသားလြတ္က်က္မွတ္ျခင္းမ်ိဳးမလုပ္ပဲ နားလည္သေဘာေပါက္ေအာင္ အရင္ဦးဆံုးၾကိဳးစားဖို႔ လိုပါတယ္။ နားလည္သေဘာေပါက္ျပီးေမွ မိမိနားလည္သည့္အရာကို တစ္စံုတစ္ေယာက္ကသိလိုသည္ ဆိုလွ်င္ မည္သို႔ရွင္းလင္းေျပာဆိုရမည္၊ စာေမးပြဲ တြင္ေမးလာပါက မည္သို႔ေျဖၾကားမည္ ဆိုတာကို စဥ္းစားျပင္ဆင္ရပါမယ္။

စာေမးပြဲတြင္ အမွတ္အမ်ားဆံုးရတတ္သည့္ ေက်ာင္းသားမ်ားသည္ သင္ခန္းစာမ်ားကိုေကာင္းစြာက်က္မွတ္ျပီး ေနာက္တြင္သက္ဆိုင္ရာ က႑အသီးသီးႏွင့္ ပက္သက္၍ ေမးခြန္ ရွည္ေမးလာလ်ွင္မည္သို႔ေျဖရမယ္၊ အတိုေမးလာလ်ွင္ မည္သို႔ေျဖရမယ္ စသည္ျဖင့္ စာေမးပြဲခန္းအတြက္ပါ ၾကိဳတင္ေလ့က်င့္ျပင္ဆင္ထားေလ့ ရွိပါတယ္။

 

ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။
- ႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။

- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ တြင္ https://www.sayar.com.mm/subjects.html အခမဲ့ ဝင္ေ၇ာက္ရွာေဖြႏိုင္ပါသည္။

https://www.sayar.com.mm/

Read times Last modified on Wednesday, 01 April 2020 13:36
Rate this articles
(0 votes)