ယနေ့ခေတ်တွင် အသုံးပြုနေတဲ့ အချို့ "Modern Word" များဟာ ကျွန်တော်တို့ထင်ထားတာထက် ပိုမို၍ ခေတ်ကာလကြာရှည်နေပြီဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။
(1) Spork -
ဇွန်း+ခရင်း ပေါင်းထားတဲ့ (ဇွန်းမကျ၊ ခရင်းမကျ) အသုံးအဆောင်ပစ္စည်းကို Spork (Spoon + Fork) လို့ ခေါ်ပါတယ်။ ဒီစကားလုံးဟာဆိုရင် 1909 (Century Dictionary) ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 1800s နှစ် အလည်ပိုင်းခေတ်တွေမှာကတည်းက ဒီမီးဖိုချောင်သုံး အသုံးအဆောင်ပစ္စည်းကို စတင်အသုံးပြုနေပြီပဲဖြစ်ပါတယ်။
(2) Truthiness - အမှန်တရား
ဒီစကားလုံးဟာဆိုရင်ဖြင့် သူရော်စာများကိုရေးသားတဲ့ "Stephen Colbert" ဆိုသူကြောင့် 2005 ခုနှစ်မှာ လူသုံးများလာခဲ့တယ်။ အမှန်တကယ်မှာတော့ ဒီစကားလုံးကို (1824) ခုနှစ်မှာကတည်းက "Oxford English Dictionary" မှာ ထည့်သွင်းဖော်ပြထားခဲ့တာဖြစ်ပါတယ်။ "Truthfulness" ဆိုတဲ့ စကားလုံးမှ ပြောင်းလဲအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။
(3) Not!
မဟုတ်ဘူး! . . . ဒီအငြင်းစကားစုလေးဟာဆိုရင် 1980s နှောင်းပိုင်းကာလတွေကစတင်ပြီး လူသိများ၊ အသုံးများခဲ့တဲ့ စကားစုလေးဖြစ်ပါတယ်။
(4) Smash hit -
1920s ခုနှစ်မှာ ကုန်သွယ်ရေးမင်္ဂဇင်းတစ်ခုမှ အောင်မြင်နေတဲ့ ရုပ်ရှင်ဇာတ်ကားကို ချီးကျူးထောပနာပြုတဲ့အနေနဲ့ စတင်အသုံးပြုခဲ့တာဲဖြစ်ပါတယ်။ "Smash hit"
(5) Gossip - အတင်းအဖျင်း
ဒီ အတင်းအဖျင်း ဆိုတဲ့စကားလုံးလေးတွေကတော့ 1800s ခုနှစ်တွေမှ စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ အစပထမမှာတော့ အတင်းအဖျင်းဆိုတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။ သူငယ်ချင်းအချင်းချင်း၊ ယုံကြည်ရတဲ့သူအချင်းချင်း ပြောတဲ့ တီးတိုးစကားပေါ့။ "Gossib" ဆိုတဲ့ စကားမှတဆင့် "Gossip" ဆိုပြီး ဖြစ်လာခဲ့ပါတယ်။
(6) Barbecue - အသားကင်
ဒီစကားလုံးကတော့ 1600s နှစ်အလည်ပိုင်းတွေတွမှစ ပေါ်ပေါက်လာခဲ့တဲ့ စပိန်ဘာသာစကား "Barbacoa" မှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။
(7) Influencer- သြဇာလွှမ်းမိုးမှု
ဒီနေ့ခေတ်လူငယ်တွေနဲ့ အရမ်းကိုရင်းနှီးတဲ့ စကားလုံးလေးဖြစ်မှာပါ။ ဒီစကားလုံးလေးကတော့ 1660s ခုနှစ်မှစ ပေါ်ပေါက်လာတဲ့ စကားလုံးလေးပါ။ အဲ့ဒီ့အချိန်တုန်းကတော့ ဒီစကားလုံးက ခုခေတ်လို အလုပ်ကိုရည်ညွှန်းတာမျိုးတော့မဟုတ်ပါဘူး။ သြဇာလွှမ်းမိုးနေတဲ့သူတွေ၊ အခြေအနေ၊ အကြောင်းအရာတွေကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။ ဥပမာ - Money was the biggest influencer on her decision to change careers.
(8) OMG - Oh My God (အောင်မလေး - ဘုရားသခင်)
1917 -The Oxford English Dictionary မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အာမေဋိတ်တစ်ခုပေါ့။
(9) Unfriend
Unfriend ဆိုတဲ့စကားလုံးလေးကို ဒီနေ့ခေတ် Facebook အသုံးပြုနေတဲ့သူတိုင်း ရင်းနှီးပြီးသားပါ။ ဒီစကားလုံးလေးရဲ့အစကတော့ 1600s နှစ်တွေမှစ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူငယ်ချင်းသံယောဇဉ်ပြီးဆုံးသွားပြီ၊ သူငယ်ချင်းမဟုတ်တော့ဘူးပေါ့။ သူငယ်ချင်းရဲ့ဆန့်ကျင်ဘက် "ရန်သူ" လို့ ယူဆပါတယ်။ Thomas Fuller ဆိုတဲ့ပညာရှင် 1659 မှာရေးခဲ့တဲ့ ဝါကျလေးကို လေ့လာကြည့်ပါအုန်း။ “I hope, Sir, that we are not mutually Un-friended by this Difference which hath happened betwixt us,”
(10) Bluetooth
ဒီနေ့ခေတ် networking technology လောကမှာ ဒီစကားလုံးလေးက ရေပန်းစားလှပါတယ်။ ၁၀ရာစုနှစ် - ဒိန်းမတ်ဘုရင် "Harold Bluetooth" ရဲ့အမည်မှစ၍ ပေါ်ပေါက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။
ဒီဆောင်းပါးကိုဖတ်ခြင်းအားဖြင့် ဗဟုသုတ တစ်ခုခုရရှိခဲ့တယ်ဆိုရင်တော့ သူငယ်ချင်းတွေကို မျှဝေပေးပါအုန်း။
ဘာသာရပ်အသီးသီးကို သင်ကြားပေးနေတဲ့ ဆရာ/ဆရာမများကိုရှာဖွေလိုပါလျှင် "www.sayar.com.mm" မှာ အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။
ယေန႔ေခတ္တြင္ အသံုးျပဳေနတဲ့ အခ်ိဳ႕ "Modern Word" မ်ားဟာ ကၽြန္ေတာ္တို႔ထင္ထားတာထက္ ပိုမို၍ ေခတ္ကာလၾကာရွည္ေနၿပီျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။
(1) Spork -
ဇြန္း+ခရင္း ေပါင္းထားတဲ့ (ဇြန္းမက်၊ ခရင္းမက်) အသံုးအေဆာင္ပစၥည္းကို Spork (Spoon + Fork) လို႔ ေခၚပါတယ္။ ဒီစကားလံုးဟာဆိုရင္ 1909 (Century Dictionary) ထဲမွာ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။ 1800s ႏွစ္ အလည္ပိုင္းေခတ္ေတြမွာကတည္းက ဒီမီးဖိုေခ်ာင္သံုး အသံုးအေဆာင္ပစၥည္းကို စတင္အသံုးျပဳေနၿပီပဲျဖစ္ပါတယ္။
(2) Truthiness - အမွန္တရား
ဒီစကားလံုးဟာဆိုရင္ျဖင့္ သူေရာ္စာမ်ားကိုေရးသားတဲ့ "Stephen Colbert" ဆိုသူေၾကာင့္ 2005 ခုႏွစ္မွာ လူသံုးမ်ားလာခဲ့တယ္။ အမွန္တကယ္မွာေတာ့ ဒီစကားလံုးကို (1824) ခုႏွစ္မွာကတည္းက "Oxford English Dictionary" မွာ ထည့္သြင္းေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။ "Truthfulness" ဆိုတဲ့ စကားလံုးမွ ေျပာင္းလဲအသံုးျပဳခဲ့ျခင္းျဖစ္ပါတယ္။
(3) Not!
မဟုတ္ဘူး! . . . ဒီအျငင္းစကားစုေလးဟာဆိုရင္ 1980s ေႏွာင္းပိုင္းကာလေတြကစတင္ၿပီး လူသိမ်ား၊ အသံုးမ်ားခဲ့တဲ့ စကားစုေလးျဖစ္ပါတယ္။
(4) Smash hit -
1920s ခုႏွစ္မွာ ကုန္သြယ္ေရးမဂၤဇင္းတစ္ခုမွ ေအာင္ျမင္ေနတဲ့ ရုပ္ရွင္ဇာတ္ကားကို ခ်ီးက်ဴးေထာပနာျပဳတဲ့အေနနဲ႔ စတင္အသံုးျပဳခဲ့တာဲျဖစ္ပါတယ္။ "Smash hit"
(5) Gossip - အတင္းအဖ်င္း
ဒီ အတင္းအဖ်င္း ဆိုတဲ့စကားလံုးေလးေတြကေတာ့ 1800s ခုႏွစ္ေတြမွ စတင္ေပၚေပါက္လာခဲ့တာပဲျဖစ္ပါတယ္။ အစပထမမွာေတာ့ အတင္းအဖ်င္းဆိုတဲ့ ရည္ရြယ္ခ်က္မဟုတ္ပါဘူး။ သူငယ္ခ်င္းအခ်င္းခ်င္း၊ ယံုၾကည္ရတဲ့သူအခ်င္းခ်င္း ေျပာတဲ့ တီးတိုးစကားေပါ့။ "Gossib" ဆိုတဲ့ စကားမွတဆင့္ "Gossip" ဆိုၿပီး ျဖစ္လာခဲ့ပါတယ္။
(6) Barbecue - အသားကင္
ဒီစကားလံုးကေတာ့ 1600s ႏွစ္အလည္ပိုင္းေတြတြမွစ ေပၚေပါက္လာခဲ့တဲ့ စပိန္ဘာသာစကား "Barbacoa" မွ စတင္ခဲ့ျခင္းျဖစ္ပါတယ္။
(7) Influencer- ၾသဇာလႊမ္းမိုးမႈ
ဒီေန႔ေခတ္လူငယ္ေတြနဲ႔ အရမ္းကိုရင္းႏွီးတဲ့ စကားလံုးေလးျဖစ္မွာပါ။ ဒီစကားလံုးေလးကေတာ့ 1660s ခုႏွစ္မွစ ေပၚေပါက္လာတဲ့ စကားလံုးေလးပါ။ အဲ့ဒီ့အခ်ိန္တုန္းကေတာ့ ဒီစကားလံုးက ခုေခတ္လို အလုပ္ကိုရည္ညႊန္းတာမ်ိဳးေတာ့မဟုတ္ပါဘူး။ ၾသဇာလႊမ္းမိုးေနတဲ့သူေတြ၊ အေျခအေန၊ အေၾကာင္းအရာေတြကို ရည္ညႊန္းတာပဲျဖစ္ပါတယ္။ ဥပမာ - Money was the biggest influencer on her decision to change careers.
(8) OMG - Oh My God (ေအာင္မေလး - ဘုရားသခင္)
1917 -The Oxford English Dictionary မွာ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။ စိတ္၀င္စားဖြယ္ေကာင္းတဲ့ အာေမဋိတ္တစ္ခုေပါ့။
(9) Unfriend
Unfriend ဆိုတဲ့စကားလံုးေလးကို ဒီေန႔ေခတ္ Facebook အသံုးျပဳေနတဲ့သူတိုင္း ရင္းႏွီးၿပီးသားပါ။ ဒီစကားလံုးေလးရဲ႕အစကေတာ့ 1600s ႏွစ္ေတြမွစ ေပၚေပါက္လာခဲ့တာပဲ ျဖစ္ပါတယ္။ သူငယ္ခ်င္းသံေယာဇဥ္ၿပီးဆံုးသြားၿပီ၊ သူငယ္ခ်င္းမဟုတ္ေတာ့ဘူးေပါ့။ သူငယ္ခ်င္းရဲ႕ဆန္႔က်င္ဘက္ "ရန္သူ" လို႔ ယူဆပါတယ္။ Thomas Fuller ဆိုတဲ့ပညာရွင္ 1659 မွာေရးခဲ့တဲ့ ၀ါက်ေလးကို ေလ့လာၾကည့္ပါအုန္း။ “I hope, Sir, that we are not mutually Un-friended by this Difference which hath happened betwixt us,”
(10) Bluetooth
ဒီေန႔ေခတ္ networking technology ေလာကမွာ ဒီစကားလံုးေလးက ေရပန္းစားလွပါတယ္။ ၁၀ရာစုႏွစ္ - ဒိန္းမတ္ဘုရင္ "Harold Bluetooth" ရဲ႕အမည္မွစ၍ ေပၚေပါက္လာခဲ့ျခင္းပဲျဖစ္ပါတယ္။
ဒီေဆာင္းပါးကိုဖတ္ျခင္းအားျဖင့္ ဗဟုသုတ တစ္ခုခုရရွိခဲ့တယ္ဆိုရင္ေတာ့ သူငယ္ခ်င္းေတြကို မွ်ေ၀ေပးပါအုန္း။
ဘာသာရပ္အသီးသီးကို သင္ၾကားေပးေနတဲ့ ဆရာ/ဆရာမမ်ားကိုရွာေဖြလိုပါလွ်င္ "www.sayar.com.mm" မွာ အခမဲ့ ၀င္ေရာက္ရွာေဖြႏိုင္ပါတယ္။