×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Saturday, 30 January 2021

မေဂျာမျိုးစုံ လျှောက်လို့ရတဲ့ MEXT ဘွဲ့ကြိုပညာသင်ဆု

ဆေးဘက်ဆိုင်ရာ ဘာသာရပ်တွေဖြစ်တဲ့ Medicine, Dentistry နဲ့ Architecture , Civil Engineering, Business, Law စတဲ့ မေဂျာမျိုးစုံ လျှောက်လို့ရတဲ့ MEXT ဘွဲ့ကြိုပညာသင်ဆု က မကြာမီ လျှောက်လွှာခေါ်တော့မှာမို့ ခုကတည်းက ကြိုတင်ပြင်စရာရှိတာတွေ ပြင်ဆင်ထားလို့ရအောင် MEXT Scholarship အကြောင်းကို ရေးလိုက်တာဖြစ်ပါတယ်။

 

• MEXT Scholarship မှာ ဆယ်တန်းအမှတ်ကန့်သတ်ချက်လည်း မရှိပါဘူး။ ဆယ်တန်းအမှတ် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လျှောက်လို့ရပါတယ်။


•MEXT Scholarship က တော်တော်နာမည်ကြီးတာရယ် ရေးဖြေစာမေးပွဲလည်း ဖြေရတာမို့ သည်ပညာသင်ဆုက လွယ်လွယ်နဲ့ မရနိုင်ဘူးဆိုတာ သိထားစေချင်ပါတယ်။


•ပြီးတော့သည်ပညာသင်ဆုရဲ့ Application Process က တခြားစကောလားရှစ်နဲ့ လုံးဝမတူပါဘူး။ အဲ့ဒါကဘာလဲဆိုတော့ Application Essay တွေကိုရေးပြီး လျှောက်ရတာ မဟုတ်ဘဲ ရေးဖြေစာမေးပွဲဖြေရတာပါ။ ရေးဖြေစာမေးပွဲတွေအောင်မှသာ အင်တာဗျူးခေါ်ခံရမှာ ဖြစ်ပါတယ်။


•အဲ့ကြောင့် ကိုယ့်ဘက်က ဘာစာမှ မလုပ်ထားရင် ရေးြဖေစာမေးပွဲ ြဖေနိုင်မှာ မဟုတ်ပါဘူး။


•စာတွေကြိုလုပ်ထားလို့ရအောင် 2007-2016 မေးခွန်းဟောင်းတွေကိုလည်း အောက်က Link ထဲဝင်ပြီး Save ထားလို့ရပါတယ်။


•ဆယ်တန်းအမှတ်နည်းလို့ ဒါမှမဟုတ် အြကောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံက ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို မတက်နိုင်ဘူးဆိုရင် MEXT Scholarship အတွက် အချိန်သေချာပေး ကြိုးစားပြင်ဆင်ပြီး လျှောက်ကြည့်စေချင်ပါတယ်။

 

#MEXTစကောလားရှစ်ဆိုတာဘာလဲ
ဂျပန်ဝန်ကြီး ဌာနတစ်ခုဖြစ်တဲ့ The Ministry of Education, Culture , Sports & Technology (MEXT) က ဂျပန်မှာ ကျောင်းတက်ဖို့ နိုင်ငံတကာကျောင်းသားတွေကို ပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆု တစ်ခု ဖြစ်ပါတယ်။

 

#ပညာသင်ဆုမှာဘာတွေပါဝင်လဲ
•ဘွဲ့ရတဲ့အထိ ကျောင်းစရိတ်ကင်းလွတ်ခွင့်
• လစဉ်နေထိုင်စားသောက်စရိတ်အတွက် 117,000 Yen (မြန်မာငွေ တစ်လကို ၁၅ သိန်းဝန်းကျင်)
• လေယာဉ်စရိတ်

 

#ဘာမေဂျာတွေလျှောက်လို့ရလဲ
⭕ (1) Social Sciences and Humanities
☘️ Social Sciences and Humanities A
1. Law 2. Politics 3. Pedagogy 4. Sociology 5. Literature 6. History 7. Japanese Language 8. Others (excluding “1. Economics” and “2. Business Administration” in Humanities B.)

☘️ Social Sciences and Humanities - B
1. Economics 2. Business Administration

 

⭕ (2) Natural Sciences
☘️ Natural Sciences - A
⚫ Science (1. Mathematics 2. Physics 3. Chemistry)
⚫ Electric and Electronic Studies (4. Electronics 5.Electrical Engineering 6. Information Engineering)
⚫ Mechanical Studies (7. Mechanical Engineering 8. Naval Architecture)
⚫ Civil Engineering and Architecture (9. Civil Engineering 10. Architecture 11. Environmental Engineering)
⚫ Chemical Studies (12. Applied Chemistry 13. Chemical Engineering 14. Industrial Chemistry 15. Textile Engineering)
⚫ Other Fields (16. Metallurgical Engineering 17. Mining Engineering 18. Maritime Engineering 19. Biotechnology)

 

☘️ Natural Sciences - B
⚫ Agricultural Studies (1. Agriculture 2. Agricultural Chemistry 3. Agricultural Engineering 4. Animal Science 5. Veterinary Medicine 6. Forestry 7. Food Science 8. Fisheries)
⚫ Hygienic Studies (9. Pharmacy 10. Hygienics 11. Nursing)
⚫ Science (12. Biology)

 

☘️ Natural Sciences C
1. Medicine 2. Dentistry

 

#ရွေးချယ်ခံရတဲ့ပထမဆုံးနှစ်မှာဘာလုပ်ရမှာလဲ

•Social Sciences & Humanities ထဲက ဘာသာရပ်ကို ရွေးချယ်တဲ့သူက Tokyo University of Foreign Studies မှာ တက်ရမှာ ဖြစ်ပြီးတော့
•Natural Sciences ထဲက ဘာသာရပ်ကို ရွေးချယ်တဲ့သူကတော့ Osaka University မှာ တစ်နှစ်တက်ရမှာ ဖြစ်ပါတယ်။


#သည်ပထမဆုံးနှစ်မှာဘာတွေသင်ရမှာလဲ
ပထမဆုံးနှစ်မှာ Preparatory Course တက်ရမှာ ဖြစ်ပါတယ်။ Preparatory Course မှာဘာတွေပါဝင်မှာလဲဆိုတော့ ဂျပန်စာကို တစ်နှစ် Intensive သင်ရမှာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်တာတွေကို ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

 

#တက္ကသိုလ်ကဘယ်ချိန်လျှောက်ရမလဲ
တစ်နှစ်ကြာတဲ့ Preparatory Course ကိုတက်ပြီးမှသာ တက္ကသိုလ်ကို လျှောက်ရမှာ ဖြစ်ပါတယ်။

 

#Direct_Placementဆိုတာဘာလဲ
Direct Placement ဆိုတာ Preparatory Course မတက်ဘဲ တက္ကသိုလ်ကို တန်းတက်တာ ဖြစ်ပါတယ်။
•ဂျပန်စာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပါက Preparatory Course ကိုမတက်ဘဲ တက္ကသိုလ်ကို တန်းလျှောက်လို့ရပါတယ်။
• ကိုယ်လျှောက်မယ့်တက္ကသိုလ် နဲ့ ကိုယ်ရွေးချယ်တဲ့ ဘာသာရပ်က ဂျပန်စာမလိုဘူးဆိုရင် Preparatory Course မတက်ဘဲ တက္ကသိုလ်ကို တန်းလျှောက်လို့ ရပါတယ်။

 

#ဘယ်သူတွေလျှောက်လို့ရလဲ

•မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
• April 2, 1996 နောက်ပိုင်း မွေးဖွားတဲ့သူ ဖြစ်ရပါမယ်။ ြပောရမယ်ဆိုရင် ၂၅ နှစ်အောက်ဆို လျှောက်လို့ရပါတယ်။ (သည်ဟာက 2020 ရဲ့ Guideline ထဲကပါ)
• အထက်တန်း အောင်မြင်ထားသူ ဖြစ်ရပါမယ်။
• ဂျပန်စာကို စိတ်အားထက်သန်စွာ လေ့လာလိုသူဖြစ်ရပါမယ်။
• etc

 

#ရွေးချယ်ခံရရင်ဘယ်တော့သွားတက်ရမလဲ

နောက်နှစ်April မှာ ဂျပန် သွားရမှာဖြစ်ပါတယ်။

 

#ဂျပန်မှာကျောင်းဘယ်နှနှစ် သွားတက်ရမှာလဲ
ကိုယ်ရွေးချယ်တဲ့မေဂျာပေါ်မူတည်ပြီးတော့ အနည်းဆုံး ၄ နှစ် အများဆုံး ၇ နှစ် တက်ရမှာ ဖြစ်ပါတယ်။

 

#သည်စကောလားရှစ်ဘယ်လိုလျှောက်ရမလဲ
အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ Form တင်တာ အပါအဝင် အဆင့် (၅) ဆင့်ရှိတယ်လို့ ပြောလို့ရပါတယ်။

⭕ STEP 1 : လိုအပ်တဲ့စာရွက်စာတမ်းနဲ့ Form တွေဖြည့်ပြီး တင်ရပါမယ်။ (ဘာစာရွက်စာတမ်းတွေလိုအပ်လဲ၊ ဘာဖောင်တွေ ဖြည့်ရမလဲဆိုတာ သူတို့လျှောက်လွှာခေါ်တဲ့ချိန်ကျ Page မှာ အသေးစိတ် ပြန်တင်ပေးပါမယ်)

⭕ STEP 2 : MAJA မှာ ရေးဖြေစာမေးပွဲ ဖြေရပါမယ်။
⭕ STEP 3 : MAJA မှာ အင်တာဗျူးဖြေရပါမယ်။
⭕ STEP 4 : ဂျပန်သံရုံးကလုပ်တဲ့ ရေးဖြေစာမေးပွဲဖြေရပါမယ်။
⭕STEP 5: ဂျပန်သံရုံးကစစ်မယ့် အင်တာဗျူး ဖြေရပါမယ်။ အဲ့ဒါအောင်ရင်တော့ စကောလားရှစ်ရပါပြီ။
(တစ်ဆင့်ချင်းစီအောင်မှသာ နောက်တစ်ဆင့် တက်နိုင်မှာပါ)

 

#ရေးြဖေကဘယ်ဘာသာရပ်တွေဖြေရမလဲ
ကိုယ့်ရွေးတဲ့ Courses ပေါ်မူတည်ပြီး ဖြေရတဲ့ ဘာသာရပ်တွေက မတူပါဘူး။
? Social Sciences and Humanities A နဲ့ B ကိုရွေးရင် (၃) ဘာသာ ဖြေရပါမယ်။
➡️ Japanese, English, and Mathematics(A)


? Natural Sciences A ကိုရွေးရင် (၅) ဘာသာဖြေရပါမယ်။
➡️ Japanese, English, Mathematics(B), Chemistry, and Physics


? Natural Sciences B နဲ့ C ကိုရွေးရင် (၅) ဘာသာဖြေရပါမယ်။
➡️ Japanese, English, Mathematics(B), Chemistry, and Biology

 

#စာမေးပွဲဖြေတဲ့အချိန်ဂျပန်ဘာသာမဖြေလို့ရလား
ရပါတယ်။ ကိုယ်က ဂျပန်စာ မလုပ်ရသေးရင် ဂျပန်ဘာသာရပ်ကို မဖြေလည်း ရပါတယ်။ ကျန်တဲ့ ဘာသာရပ်တော့ မဖြစ်မနေ ဖြေရမှာ ဖြစ်ပါတယ်။

 

 

#စာမေးပွဲဖြေဖို့ဘာတွေပြင်ဆင်ထားရမလဲ
မေးခွန်းဟောင်းတွေကို အောက်က Link ထဲဝင်ပြီး လေ့ကျင့်ထားလို့ရပါတယ်။
◾ 2007-2016 မေးခွန်းဟောင်းများ
https://onmyrandommind.wordpress.com/2016/09/18/soal-s1/

 

 

#သည်စကောလားရှစ်ရဖို့ခက်လား
သည်ပညာသင်ဆုက စာမေးပွဲအောင်မှသာ အင်တာဗျူးခေါ်ခံရမှာ ဖြစ်တဲ့အတွက်ကြောင့် အချိန်လချီပေးပြီး စာလုပ်ထားဖို့လိုပါတယ်။ စာတွေကလည်း လုံးဝ မလွယ်ပါဘူး။ အချိန်အများကြီးပေးပြီး စာတွေကို ကြိုလုပ်ထားမှသာ ဖြေနိုင်မှာ ဖြစ်ပါတယ်

 

#လျှောက်လွှာဘယ်ချိန်ခေါ်လေ့ရှိလဲ
နှစ်တိုင်း April-May မှာ လျှောက်လွှာခေါ်လေ့ ရှိပါတယ်။ လျှောက်လွှာခေါ်တဲ့ချိန်ကျရင် Page မှာ အသေးစိတ် တင်ပေးမယ်နော်။
MEXT Scholarship ရဖို့က လုံးဝ မလွယ်တာမို့ လျှောက်လွှာမခေါ်ခင်ကတည်းက စာတွေကို ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။

 

(Note : အပေါ်က အချက်အလက်တွေက၂၀၂၀ တုန်းက ထုတ်ထားတဲ့ MEXT Application Guidelines ကိုကြည့်ပြီးရေးထားတာဖြစ်တာမို့ သည် ၂၀၂၁ မှာ အပြောင်းအလဲ ရှိချင်လည်း ရှိနိုင်ပါတယ်ဆိုတဲ့အကြောင်းကို သိထားစေချင်ပါတယ်)

ကိုယ်နဲ့အတူတူ လျှောက်စေချင်တဲ့ သူငယ်ချင်း (သို့) ညီလေးညီမလေးတွေကို Mention ခေါ်လိုက်ပါအုံး 

Credit : Guide with Mahuyar

 

 

ေဆးဘက္ဆိုင္ရာ ဘာသာရပ္ေတြျဖစ္တဲ့ Medicine, Dentistry နဲ႔ Architecture , Civil Engineering, Business, Law စတဲ့ ေမဂ်ာမ်ိဳးစုံ ေလွ်ာက္လို႔ရတဲ့ MEXT ဘြဲ႕ႀကိဳပညာသင္ဆု က မၾကာမီ ေလွ်ာက္လႊာေခၚေတာ့မွာမို႔ ခုကတည္းက ႀကိဳတင္ျပင္စရာရွိတာေတြ ျပင္ဆင္ထားလို႔ရေအာင္ MEXT Scholarship အေၾကာင္းကို ေရးလိုက္တာျဖစ္ပါတယ္။

 

• MEXT Scholarship မွာ ဆယ္တန္းအမွတ္ကန႔္သတ္ခ်က္လည္း မရွိပါဘူး။ ဆယ္တန္းအမွတ္ နည္းသည္ျဖစ္ေစ မ်ားသည္ျဖစ္ေစ ေလွ်ာက္လို႔ရပါတယ္။


•MEXT Scholarship က ေတာ္ေတာ္နာမည္ႀကီးတာရယ္ ေရးေျဖစာေမးပြဲလည္း ေျဖရတာမို႔ သည္ပညာသင္ဆုက လြယ္လြယ္နဲ႔ မရႏိုင္ဘူးဆိုတာ သိထားေစခ်င္ပါတယ္။


•ၿပီးေတာ့သည္ပညာသင္ဆုရဲ႕ Application Process က တျခားစေကာလားရွစ္နဲ႔ လုံးဝမတူပါဘူး။ အဲ့ဒါကဘာလဲဆိုေတာ့ Application Essay ေတြကိုေရးၿပီး ေလွ်ာက္ရတာ မဟုတ္ဘဲ ေရးေျဖစာေမးပြဲေျဖရတာပါ။ ေရးေျဖစာေမးပြဲေတြေအာင္မွသာ အင္တာဗ်ဴးေခၚခံရမွာ ျဖစ္ပါတယ္။


•အဲ့ေၾကာင့္ ကိုယ့္ဘက္က ဘာစာမွ မလုပ္ထားရင္ ေရး​ျေဖစာေမးပြဲ ​ျေဖႏိုင္မွာ မဟုတ္ပါဘူး။


•စာေတြႀကိဳလုပ္ထားလို႔ရေအာင္ 2007-2016 ေမးခြန္းေဟာင္းေတြကိုလည္း ေအာက္က Link ထဲဝင္ၿပီး Save ထားလို႔ရပါတယ္။


•ဆယ္တန္းအမွတ္နည္းလို႔ ဒါမွမဟုတ္ အ​ျေကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျမန္မာႏိုင္ငံက ကိုယ္တက္ခ်င္တဲ့ တကၠသိုလ္ကို မတက္ႏိုင္ဘူးဆိုရင္ MEXT Scholarship အတြက္ အခ်ိန္ေသခ်ာေပး ႀကိဳးစားျပင္ဆင္ၿပီး ေလွ်ာက္ၾကည့္ေစခ်င္ပါတယ္။

 

#MEXTစေကာလားရွစ္ဆိုတာဘာလဲ
ဂ်ပန္ဝန္ႀကီး ဌာနတစ္ခုျဖစ္တဲ့ The Ministry of Education, Culture , Sports & Technology (MEXT) က ဂ်ပန္မွာ ေက်ာင္းတက္ဖို႔ ႏိုင္ငံတကာေက်ာင္းသားေတြကို ေပးအပ္ခ်ီးျမႇင့္တဲ့ ပညာသင္ဆု တစ္ခု ျဖစ္ပါတယ္။

 

#ပညာသင္ဆုမွာဘာေတြပါဝင္လဲ
•ဘြဲ႕ရတဲ့အထိ ေက်ာင္းစရိတ္ကင္းလြတ္ခြင့္
• လစဥ္ေနထိုင္စားေသာက္စရိတ္အတြက္ 117,000 Yen (ျမန္မာေငြ တစ္လကို ၁၅ သိန္းဝန္းက်င္)
• ေလယာဥ္စရိတ္

 

 #ဘာေမဂ်ာေတြေလွ်ာက္လို႔ရလဲ
⭕ (1) Social Sciences and Humanities
☘️ Social Sciences and Humanities A
1. Law 2. Politics 3. Pedagogy 4. Sociology 5. Literature 6. History 7. Japanese Language 8. Others (excluding “1. Economics” and “2. Business Administration” in Humanities B.)

☘️ Social Sciences and Humanities - B
1. Economics 2. Business Administration

 

⭕ (2) Natural Sciences
☘️ Natural Sciences - A
⚫ Science (1. Mathematics 2. Physics 3. Chemistry)
⚫ Electric and Electronic Studies (4. Electronics 5.Electrical Engineering 6. Information Engineering)
⚫ Mechanical Studies (7. Mechanical Engineering 8. Naval Architecture)
⚫ Civil Engineering and Architecture (9. Civil Engineering 10. Architecture 11. Environmental Engineering)
⚫ Chemical Studies (12. Applied Chemistry 13. Chemical Engineering 14. Industrial Chemistry 15. Textile Engineering)
⚫ Other Fields (16. Metallurgical Engineering 17. Mining Engineering 18. Maritime Engineering 19. Biotechnology)

 

☘️ Natural Sciences - B
⚫ Agricultural Studies (1. Agriculture 2. Agricultural Chemistry 3. Agricultural Engineering 4. Animal Science 5. Veterinary Medicine 6. Forestry 7. Food Science 8. Fisheries)
⚫ Hygienic Studies (9. Pharmacy 10. Hygienics 11. Nursing)
⚫ Science (12. Biology)

 

☘️ Natural Sciences C
1. Medicine 2. Dentistry

 

#ေ႐ြးခ်ယ္ခံရတဲ့ပထမဆုံးႏွစ္မွာဘာလုပ္ရမွာလဲ
•Social Sciences & Humanities ထဲက ဘာသာရပ္ကို ေ႐ြးခ်ယ္တဲ့သူက Tokyo University of Foreign Studies မွာ တက္ရမွာ ျဖစ္ၿပီးေတာ့
•Natural Sciences ထဲက ဘာသာရပ္ကို ေ႐ြးခ်ယ္တဲ့သူကေတာ့ Osaka University မွာ တစ္ႏွစ္တက္ရမွာ ျဖစ္ပါတယ္။

 

#သည္ပထမဆုံးႏွစ္မွာဘာေတြသင္ရမွာလဲ
ပထမဆုံးႏွစ္မွာ Preparatory Course တက္ရမွာ ျဖစ္ပါတယ္။ Preparatory Course မွာဘာေတြပါဝင္မွာလဲဆိုေတာ့ ဂ်ပန္စာကို တစ္ႏွစ္ Intensive သင္ရမွာျဖစ္ၿပီး တကၠသိုလ္ဝင္ခြင့္အတြက္ လိုအပ္တာေတြကို ျပင္ဆင္ေပးမွာ ျဖစ္ပါတယ္။

 

#တကၠသိုလ္ကဘယ္ခ်ိန္ေလွ်ာက္ရမလဲ
တစ္ႏွစ္ၾကာတဲ့ Preparatory Course ကိုတက္ၿပီးမွသာ တကၠသိုလ္ကို ေလွ်ာက္ရမွာ ျဖစ္ပါတယ္။

 

#Direct_Placementဆိုတာဘာလဲ
Direct Placement ဆိုတာ Preparatory Course မတက္ဘဲ တကၠသိုလ္ကို တန္းတက္တာ ျဖစ္ပါတယ္။
•ဂ်ပန္စာ ကြၽမ္းကြၽမ္းက်င္က်င္ တတ္ေျမာက္ထားပါက Preparatory Course ကိုမတက္ဘဲ တကၠသိုလ္ကို တန္းေလွ်ာက္လို႔ရပါတယ္။
• ကိုယ္ေလွ်ာက္မယ့္တကၠသိုလ္ နဲ႔ ကိုယ္ေ႐ြးခ်ယ္တဲ့ ဘာသာရပ္က ဂ်ပန္စာမလိုဘူးဆိုရင္ Preparatory Course မတက္ဘဲ တကၠသိုလ္ကို တန္းေလွ်ာက္လို႔ ရပါတယ္။

 

 

#ဘယ္သူေတြေလွ်ာက္လို႔ရလဲ
•ျမန္မာႏိုင္ငံသားျဖစ္ရပါမယ္။
• April 2, 1996 ေနာက္ပိုင္း ေမြးဖြားတဲ့သူ ျဖစ္ရပါမယ္။ ​ျေပာရမယ္ဆိုရင္ ၂၅ ႏွစ္ေအာက္ဆို ေလွ်ာက္လို႔ရပါတယ္။ (သည္ဟာက 2020 ရဲ႕ Guideline ထဲကပါ)
• အထက္တန္း ေအာင္ျမင္ထားသူ ျဖစ္ရပါမယ္။
• ဂ်ပန္စာကို စိတ္အားထက္သန္စြာ ေလ့လာလိုသူျဖစ္ရပါမယ္။
• etc

 

 

#ေ႐ြးခ်ယ္ခံရရင္ဘယ္ေတာ့သြားတက္ရမလဲ
ေနာက္ႏွစ္April မွာ ဂ်ပန္ သြားရမွာျဖစ္ပါတယ္။

 

 

#ဂ်ပန္မွာေက်ာင္းဘယ္ႏွႏွစ္ သြားတက္ရမွာလဲ
ကိုယ္ေ႐ြးခ်ယ္တဲ့ေမဂ်ာေပၚမူတည္ၿပီးေတာ့ အနည္းဆုံး ၄ ႏွစ္ အမ်ားဆုံး ၇ ႏွစ္ တက္ရမွာ ျဖစ္ပါတယ္။

 

#သည္စေကာလားရွစ္ဘယ္လိုေလွ်ာက္ရမလဲ
အၾကမ္းအားျဖင့္ ေျပာရမယ္ဆိုရင္ေတာ့ Form တင္တာ အပါအဝင္ အဆင့္ (၅) ဆင့္ရွိတယ္လို႔ ေျပာလို႔ရပါတယ္။

⭕ STEP 1 : လိုအပ္တဲ့စာ႐ြက္စာတမ္းနဲ႔ Form ေတြျဖည့္ၿပီး တင္ရပါမယ္။ (ဘာစာ႐ြက္စာတမ္းေတြလိုအပ္လဲ၊ ဘာေဖာင္ေတြ ျဖည့္ရမလဲဆိုတာ သူတို႔ေလွ်ာက္လႊာေခၚတဲ့ခ်ိန္က် Page မွာ အေသးစိတ္ ျပန္တင္ေပးပါမယ္)

⭕ STEP 2 : MAJA မွာ ေရးေျဖစာေမးပြဲ ေျဖရပါမယ္။
⭕ STEP 3 : MAJA မွာ အင္တာဗ်ဴးေျဖရပါမယ္။
⭕ STEP 4 : ဂ်ပန္သံ႐ုံးကလုပ္တဲ့ ေရးေျဖစာေမးပြဲေျဖရပါမယ္။
⭕STEP 5: ဂ်ပန္သံ႐ုံးကစစ္မယ့္ အင္တာဗ်ဴး ေျဖရပါမယ္။ အဲ့ဒါေအာင္ရင္ေတာ့ စေကာလားရွစ္ရပါၿပီ။
(တစ္ဆင့္ခ်င္းစီေအာင္မွသာ ေနာက္တစ္ဆင့္ တက္ႏိုင္မွာပါ)

 

#ေရး​ျေဖကဘယ္ဘာသာရပ္ေတြေျဖရမလဲ
ကိုယ့္ေ႐ြးတဲ့ Courses ေပၚမူတည္ၿပီး ေျဖရတဲ့ ဘာသာရပ္ေတြက မတူပါဘူး။
? Social Sciences and Humanities A နဲ႔ B ကိုေ႐ြးရင္ (၃) ဘာသာ ေျဖရပါမယ္။
➡️ Japanese, English, and Mathematics(A)


? Natural Sciences A ကိုေ႐ြးရင္ (၅) ဘာသာေျဖရပါမယ္။
➡️ Japanese, English, Mathematics(B), Chemistry, and Physics


? Natural Sciences B နဲ႔ C ကိုေ႐ြးရင္ (၅) ဘာသာေျဖရပါမယ္။
➡️ Japanese, English, Mathematics(B), Chemistry, and Biology

 

#စာေမးပြဲေျဖတဲ့အခ်ိန္ဂ်ပန္ဘာသာမေျဖလို႔ရလား
ရပါတယ္။ ကိုယ္က ဂ်ပန္စာ မလုပ္ရေသးရင္ ဂ်ပန္ဘာသာရပ္ကို မေျဖလည္း ရပါတယ္။ က်န္တဲ့ ဘာသာရပ္ေတာ့ မျဖစ္မေန ေျဖရမွာ ျဖစ္ပါတယ္။

 

#စာေမးပြဲေျဖဖို႔ဘာေတြျပင္ဆင္ထားရမလဲ
ေမးခြန္းေဟာင္းေတြကို ေအာက္က Link ထဲဝင္ၿပီး ေလ့က်င့္ထားလို႔ရပါတယ္။
◾ 2007-2016 ေမးခြန္းေဟာင္းမ်ား
https://onmyrandommind.wordpress.com/2016/09/18/soal-s1/

 

#သည္စေကာလားရွစ္ရဖို႔ခက္လား
သည္ပညာသင္ဆုက စာေမးပြဲေအာင္မွသာ အင္တာဗ်ဴးေခၚခံရမွာ ျဖစ္တဲ့အတြက္ေၾကာင့္ အခ်ိန္လခ်ီေပးၿပီး စာလုပ္ထားဖို႔လိုပါတယ္။ စာေတြကလည္း လုံးဝ မလြယ္ပါဘူး။ အခ်ိန္အမ်ားႀကီးေပးၿပီး စာေတြကို ႀကိဳလုပ္ထားမွသာ ေျဖႏိုင္မွာ ျဖစ္ပါတယ္

 

#ေလွ်ာက္လႊာဘယ္ခ်ိန္ေခၚေလ့ရွိလဲ
ႏွစ္တိုင္း April-May မွာ ေလွ်ာက္လႊာေခၚေလ့ ရွိပါတယ္။ ေလွ်ာက္လႊာေခၚတဲ့ခ်ိန္က်ရင္ Page မွာ အေသးစိတ္ တင္ေပးမယ္ေနာ္။
MEXT Scholarship ရဖို႔က လုံးဝ မလြယ္တာမို႔ ေလွ်ာက္လႊာမေခၚခင္ကတည္းက စာေတြကို ႀကိဳျပင္ဆင္ထားဖို႔ လိုပါတယ္။

(Note : အေပၚက အခ်က္အလက္ေတြက၂၀၂၀ တုန္းက ထုတ္ထားတဲ့ MEXT Application Guidelines ကိုၾကည့္ၿပီးေရးထားတာျဖစ္တာမို႔ သည္ ၂၀၂၁ မွာ အေျပာင္းအလဲ ရွိခ်င္လည္း ရွိႏိုင္ပါတယ္ဆိုတဲ့အေၾကာင္းကို သိထားေစခ်င္ပါတယ္)

ကိုယ္နဲ႔အတူတူ ေလွ်ာက္ေစခ်င္တဲ့ သူငယ္ခ်င္း (သို႔) ညီေလးညီမေလးေတြကို Mention ေခၚလိုက္ပါအုံး 
အားလုံးကံေကာင္းၾကပါေစ 

 

Credit : Guide with Mahuyar

 

Read times
Rate this articles
(1 Vote)