၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှအခြေခံအမှတ်များနှင့်သိမှတ်ဖွယ်ရာများ
✅ ဆေးတက္ကသိုလ်များ (ကျား ၅၀% မ ၅၀%)
ရမှတ်-၄၅၀နှင့်အထက် (လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။ကျောင်းပြီးပါကအလုပ်ဝင်ရမည်။)
သိပ္ပံတွဲနှင့်အောင်ရမည်။
✅ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ (ကျား ၆၀% မ ၄၀%)
ရမှတ် - ၄၅၀နှင့်အထက် (လူတွေ့နှုတ်မေးစာမေးပွဲဖြေရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။)
သိပ္ပံတွဲနှင့်အောင်ရမည်။
✅ ဆေးဝါးတက္ကသိုလ်များ
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။ ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။
✅ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။ ကျား၊မရာခိုင်နှုန်းမခွဲခြားပါ။
✅ သူနာပြုတက္ကသိုလ်များ (ကျား ၁၀% မ ၉၀%)
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
✅ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) (ကျား ၈၀% မ ၂၀%)
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
✅ တိုင်းရင်းဆေးတက္ကသိုလ် (ကျား ၅၀% မ ၅၀%)
သိပ္ပံတွဲနှင့်အောင်ရမည်။ ကျောင်းပြီးပါကအလုပ်ဝင်ရမည်။
✅ ရန်ကုန်နည်းပညာတက္ကသိုလ် (ကျား ၂၂၀ဦး မ ၁၈၀ဦးလက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
✅ မန္တလေးနည်းပညာတက္ကသိုလ်
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၃၀၀နှင့်အထက်ရရမည်။
✅ ဇီဝနည်းပညာသင်တန်း (ကျား ၂၃၅ဦး မ ၁၈၅ဦးလက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ဇီဝ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။
✅ နည်းပညာတက္ကသိုလ်(မန္တလေး) (ကျား ၆၀% မ ၄၀% စုစုပေါင်း ၄၁၅ယောက်လက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
✅ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) (ကျား ၅၀% မ ၅၀% စုစုပေါင်း၃၅၀ယောက်လက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။
၆ဘာသာရမှတ်စုစုပေါင်း ၄၂၀နှင့်အထက် ရရမည်။
✅ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် (ကျား ၇၀% မ ၃၀% စုစုပေါင်း ၃၅ယောက်လက်ခံမည်။)
အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၈၀နှင့်အထက်ရရမည်။ လူတွေ့စစ်ဆေးခြင်းခံရမည်။
✅ နည်းပညာတက္ကသိုလ်များ (ကျား ၆၀% မ ၄၀% လက်ခံမည်။)
- ရန်ကုန်အနောက်ပိုင်း၊သန်လျင်၊မှော်ဘီ၊ပြည်၊ကျောက်ဆည်၊မိတ္ထီလာ၊စစ်ကိုင်း၊မုံရွာ၊မကွေး၊ပခုက္ကူ၊တောင်ငူ၊မော်လမြိုင်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၆၀နှင့်အထက်ရရမည်။
- မြစ်ကြီးနား၊ဗန်းမော်၊လွိုင်ကော်၊ဘားအံ၊ကလေး၊တောင်ကြီး၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ရမည်းသင်း၊ပုသိမ်၊ဟင်္သာတ၊မအူပင်၊စစ်တွေ၊ထားဝယ်၊မြိတ်တို့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်း ၂၄၀နှင့်အထက်ရရမည်။
✅ အစိုးရနည်းပညာကောလိပ်များ
သိပ္ပံတွဲ၊ဝိပ္ပံတွဲ တစ်ခုခုဖြင့်အောင်ရမည်။
သင်ကြားခွင့်ပြုမည့် ဦးစားပေးဘာသာရပ်ကို အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ ၄ဘာသာပေါင်းရမှတ် (လိုအပ်ပါက ၆ဘာသာပေါင်းရမှတ်)ကိုကြည့်၍ ကျောင်းသားကျောင်းသူလက်ခံနိုင်မှု ဦးရေကန့်သတ်ချက်ပေါ်တွင်မူတည်ပြီး ခွဲဝေသတ်မှတ်ပေးမည်။
✅ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ကျောင်းသား၊ကျောင်းသူ ၅၀၀ဦး လက်ခံမည်။)
ရမှတ် - ၄၅၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
✅ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။)
ရမှတ် - ၄၅၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
✅ မန္တလေးကွန်ပျူတာတက္ကသိုလ် (ကျောင်းသား၊ကျောင်းသူ ၂၀၀ဦး လက်ခံမည်။)
ရမှတ် - ၄၃၀နှင့်အထက်ရရမည်။
အင်္ဂလိပ်၊သင်္ချာ ၂ဘာသာပေါင်း ၁၄၀နှင့်အထက်ရရမည်။
ဓာတု၊ရူပပါသောဘာသာတွဲများဖြင့်အောင်ရမည်။
✅ ကွန်ပျူတာတက္ကသိုလ်များ
- မြစ်ကြီးနား၊ဗန်းမော်၊ဘားအံ၊သထုံ၊စစ်တွေ၊တောင်ကြီး၊မန္တလေး၊မိတ္ထီလာ၊မုံရွာ၊မကွေး၊ပခုက္ကူ၊ပြည်၊တောင်ငူ၊ပုသိမ်၊ဟင်္သာတ၊မအူပင်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၄၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။
- လွိုင်ကော်၊လားရှိုး၊ပင်လုံ၊ကျိုင်းတုံ၊ကလေး၊ထားဝယ်၊မြိတ်တို့သို့ ၆ဘာသာစုစုပေါင်းရမှတ် ၃၂၀နှင့်အထက် ရသူများလျှောက်ထားနိုင်ပါသည်။
✅ ရန်ကုန်တက္ကသိုလ်
- မြန်မာစာ-မြန်မာစာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- မြန်မာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- အင်္ဂလိပ်စာ-အင်္ဂလိပ်စာ ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
- ပထဝီဝင်-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- သမိုင်း-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- ဒဿနိကဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- စိတ်ပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- အရှေ့တိုင်းပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- နိုင်ငံတကာဆက်ဆံရေးပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။ (လူတွေ့စစ်ဆေးခံရမည်။)
- နိုင်ငံရေးသိပ္ပံ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- မနုဿဗေဒ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- ရှေးဟောင်းသုတေသနပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- စာကြည့်တိုက်နှင့်သုတပညာ-အင်္ဂလိပ်စာ ၅၅မှတ်ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- ဥပဒေပညာ-အင်္ဂလိပ်စာ ၆၀ရရမည်။၆ဘာသာရမှတ် ၄၀၀ရရမည်။
- ဓာတုဗေဒ-ဓာတုရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
- ဇီဝဓာတုဗေဒ-ဓာတုနှင့်ဇီဝ ၇၀စီရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
- ကုန်ထုတ်ဓာတုဗေဒ-ဓာတု ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။ (လူတွေ့စစ်ဆေးခြင်းခံရမည်။)
- ရူပဗေဒ-ရူပရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
- သင်္ချာ-သင်္ချာရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
- သတ္တဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
- ရုက္ခဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၈၀ရရမည်။
- အဏုဇီဝဗေဒ-ဇီဝရမှတ် ၇၀ရရမည်။၆ဘာသာရမှတ် ၃၆၀ရရမည်။
- ဘူမိဗေဒ-၆ဘာသာရမှတ် ၃၈၀ရရမည်။ (အမျိုးသမီးဦးရေကို ၁၀%အထိသာ လက်ခံမည်။) မိုင်၂၀လမ်းလျှောက်နိုင်ရမည်။ ကျန်းမာရေး (က)အဆင့် ရှိရမည်။
- ကွန်ပျူတာသိပ္ပံ-သင်္ချာရမှတ် ၆၅မှတ်ရရမည်။ ၆ဘာသာရမှတ် ၃၈၀ရရမည်။
- ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်-အင်္ဂလိပ် ၆၀၊ဇီဝ ၇၀ ရရမည်။ ၆ဘာသာရမှတ် ၄၀၀ရရမည်။
- *** မန္တလေးတက္ကသိုလ်-ရန်ကုန်နှင့် အားလုံးနီးပါးတူပါသည်။
✅ စီးပွားတက္ကသိုလ်များ
- လှိုင်နယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၈၀နှင့်အထက် ရရမည်။
- ရွာသာကြီးနယ်မြေအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။
- မုံရွာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။
- မိတ္ထီလာအတွက် ၆ဘာသာစုစုပေါင်းရမှတ် ၃၅၀နှင့်အထက် ရရမည်။
✅ ပညာရေးတက္ကသိုလ်များ (ကျား ၅၀ % မ ၅၀%)
- စစ်ကိုင်းနှင့်ရန်ကုန်တွင် ကျောင်းသားကျောင်းသူ ၆၀၀စီ လက်ခံမည်။ သိပ္ပံတွဲ-၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။
- ကျန်ပညာရေးတက္ကသိုလ်များတွင် အယောက် ၃၀၀စီ လက်ခံမည်။ (ကျား ၅၀ % မ ၅၀%)
ဝိပ္ပံတွဲ-၆ဘာသာရမှတ်၃၆၀နှင့်အထက်ရရမည်။ အယောက် ၁၅၀စီ လက်ခံမည်။ ကျောင်းပြီးပါက အလုပ်ဝင်ရမည်။
- ဝိဇ္ဇာတွဲ-၆ဘာသာရမှတ်၃၅၀နှင့်အထက်ရရမည်။ (ကျား ၅၀ % မ ၅၀%) အယောက် ၁၅၀စီ လက်ခံမည်။ ကျောင်းပြီးပါက အလုပ်ဝင်ရမည်။
✅ နိုင်ငံခြားသာတက္ကသိုလ်များ
၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရမည်။
- တရုတ်၊အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန်၊ဂျပန်၊ကိုရီးယား၊ရုရှား၊ထိုင်းဘာသာတို့ကို ပို့ချမည်။
- ရန်ကုန်တွင် တိုးချဲ့ပို့ချမည့် English for Professional Communicationဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၅မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။
- မန္တလေးတွင် တိုးချဲ့ပို့ချမည့် English for Business Purposesဘာသာရပ်အတွက် အင်္ဂလိပ်စာ၌ ၆၀မှတ်နှင့် ၆ဘာသာရမှတ်၃၈၀နှင့်အထက်ရရှိလျှင် လျှောက်ထားနိုင်သည်။
✅ ပညာရေးဒီဂရီကောလိပ်များ
အမှတ်ကန့်သတ်မထား။ ကျောင်းပြီးပါက အလုပ်ဝင်ရမည်။ လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းခံရမည်။
✅ သတင်းစာများတွင် သီးခြားကြော်ငြာခေါ်၍ တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ်များ
- အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်
- မန္တလာတက္ကသိုလ်
- ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
- မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ရေဆင်း
- သစ်တောတက္ကသိုလ်၊ရေဆင်း
- မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
- သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ
- သမဝါယမကောလိပ်များ
- ယွန်းပညာကောလိပ်၊ပုဂံ
- အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်
- မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
*** ရန်ကုန်နှင့်မန္တလေးမဟုတ်သော အခြားဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များမှာ ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲတွင် အမှတ်ကန့်သတ်ပေးထားခြင်းမတွေ့ပါ။
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
Credit