မြန်မာ-ဂျပန်အသင်း (MJA) ရဲ့ ပညာရည်ထူးချွန်ဆုနဲ့ ဂျပန်နိုင်ငံ လေ့လာရေးအစီအစဉ် ၂၀၁၈ အတွက် အဆိုပြုလွှာ ခေါ်ယူလျှက်ရှိပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ကျောင်းသူတစ်ချို့နဲ့ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့က ဂျပန်ဘာသာ အဓိကသင်ကြားနေသူတွေထဲမှ ထူးချွန်ကျောင်းသားကျောင်းသူ အချို့ကို ရွေးချယ်ပေါင်းစပ်ဖွဲ့စည်းကာ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ စေလွှတ်သွားမှာဖြစ်ပါတယ်။
အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရရှိသူ သိပ္ပံဘာသာတွဲမှ ၁၀ ဦး၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲမှ ၁၀ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် (နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်) အမှတ်အများဆုံးရရှိသူ ငါးဦးစီ ပေါင်း ၇၅ ဦး၊ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန် YUFL နှင့် မန္တလေး MUFL ) ဂျပန်ဘာသာ တတိယနှစ် အတန်းတွေမှ ပဏာမအဆင့် ရွေးချယ်မှုတွင် အောင်မြင်သူ ၂၅ ဦးစီ ပေါင်းအယောက် ၅၀ တို့က တင်သွင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။
အဆိုပြုလွှာတွေကို မြန်မာ-ဂျပန်အသင်းရုံး၊ Shwe Zabu River View Complex, 23G-1, No 3B, Tower A & C ပထမထပ်၊ ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ကို ဆက်သွယ်ကာ အခမဲ့ ထုတ်ယူနိုင်ပြီး ဇူလိုင်လ ၂၇ ရက်နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဒေါက်တာဌေးလွင်၊ အတွင်းရေးမှူး (၀၉-၂၆၂၇၇၂၇၀၅) နှင့် ဦးနေ၀င်းထက်၊ ရုံးအဖွဲ့မှူး (၀၉-၄၂၁၁၆၂၃၃၁) ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံတွင် သွားရောက်ပညာသင်ကြားလိုသော လူငယ်များအနေနဲ့ အင်္ဂလိပ်ဘာသာစကားအပြင် ဂျပန်ဘာသာစကားလည်း ကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ်ပါတယ်။ ဒီအတွက် စိတ်မပူပါနဲ့ သင့်ဆီသို့ အနီးကပ် တိုက်ရိုက်လာရောက်သင်ကြားပေးနိုင်မယ့် ဆရာ ဆရာမတွေကို sayar.com.mm တွင် ခုပဲ ဝင်ရောက်ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Source; InternetJournal
Recommended for you - ဥာဏ်ကြီးရှင်တယောက်ဖြစ်ရန် နည်းကောင်းများ***