×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 16 February 2021

AQ ဆိုသည်မှာ

AQ ဆိုသည်မှာ

ယေဘူယျအားဖြင့် ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်သူတွေကို IQ (Intellective Quotient) ကောင်းတဲ့သူများလို့ သတ်မှတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူများကိုတော့ EQ (Emotional Quotient) ကောင်းမွန်သူများလို့ သတ်မှတ်လေ့ရှိကြပါတယ်။

ဒီ IQ, EQ တွေနည်းတူ နောက်ထပ် မသိမဖြစ် သိရမယ့် "Q" တစ်လုံး ထပ်ရှိပါသေးတယ်။ အဲ့ဒါကတော့ အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်တဲ့ အရည်အသွေး လို့ခေါ်တဲ့ Adversity Quotient ( AQ ) ဖြစ်ပါတယ်။

 

AQ အကြောင်းမရှင်းခင်မှာ ဉာဏ်ရည်ဉာဏ်သွေး IQ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အရင် လေ့လာကြည့်ရအောင်..

IQ (Intellective Quotient) ဆိုတာကတော့ လူတစ်ဦးချင်း တစ်ယောက်ချင်းဆီရဲ့ ဉာဏ်ရည်ဉာဏ်သွေး အဆင့်ကို တိုင်းတာတာဖြစ်ပြီး သက်တူ၊ ရွယ်တူများရဲ့ ဉာဏ်ရည်ဉာဏ်သွေးများနဲ့ နှိုင်းယှဉ်ရရှိတဲ့ အတိုင်းအတာတစ်ခုလည်းဖြစ်ပါတယ်။ IQ ဆိုတာ မျိုးရိုး၊ မွေးရာပါအရည်အချင်းများနဲ့ အများကြီး သက်ဆိုင်ပါတယ်။ IQ ဆိုတာ ပင်ကိုယ်အရည်အသွေးဖြစ်လို့ လိုက်လံတုပဖို့ခက်ခဲပါတယ်။ ဉာဏ်မကောင်းတဲ့သူတွေအဖို့ ကံနဲ့ ဝိရိယကို ပိုမိုအားစိုက်ရလေ့ရှိပါတယ်။

 

ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ လူတွေဟာ ကိုယ့်ကိုယ်ကို နိုင်နင်းမှု၊ စိတ်စွမ်းရည်ပြည့်ဝမှုနဲ့သက်ဆိုင်တဲ့ EQ (Emotional Quotient) ကို ပိုမို အလေးအထားလာကြပါတယ်။ အလျင်အမြန် တိုးတက်နေတဲ့ခေတ်ကြီးမှာ သုတေသနပြုလုပ်ထားတဲ့ စစ်တမ်းများအရ IQ နဲ့ EQ မြင့်မားခြင်းဟာ လူဘဝတိုးတက်ဖို့အတွက် အလွန်အရေးပါတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

ဒါပေမယ့် အောင်မြင်တဲ့သူတော်တော်များများကို လေ့လာကြည့်တဲ့အခါမှာတော့ ဒီ IQ, EQ တွေထက် အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်တဲ့စိတ်စွမ်းရည် AQ (Adversity Quotient) က ပိုမိုအရေးပါနေကြောင်း တွေ့ရှိရပါတယ်။ AQ ကို စတင်ဖေါ်ထုတ်သူ အမေရိကန်ပညာရှင် Paul Si Tuoci ရဲ့ အဆိုအရ AQ ကောင်းမွန်သူများဟာ အောက်ပါ အချက် ( ၄ )ချက်နဲ့ ကိုက်ညီမှုရှိတယ်လို့ ဆိုပါတယ်။

 

၁။ AQ မြင့်မားသူများဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားကြတယ်။
အခြေအနေ ဘယ်လောက်ပဲ ဆိုးဝါးဆိုးဝါး၊ AQ မြင့်မားသူများဟာ အဆိုးထဲကနေ ကောင်းတဲ့အကွက်ကို အမြဲ ရှာဖွေတွေ့ရှိတတ်ပါတယ်။ သူတို့ဟာ ကိုယ့်စိတ်ကို နိုင်နင်းကြပြီး အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိသူများ ဖြစ်ကြတယ်။

 

၂။ AQ မြင့်မားသူများဟာ ပြသနာရဲ့ အကြောင်းရင်းကို မိမိထံမှ အရင်စရှာဖွေတတ်ပါတယ်။
လူတော်တော်များများဟာ အဆင်ပြေအောင်မြင်နေတဲ့အချိန်မှာ မိမိအရည်အချင်းမြင့်မားတယ်ဟု ယူဆကြပြီး တစ်ခုခု ဆုံးရှုံးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပြသနာအခက်အခဲတွေ့ရှိတဲ့အခါမှာပဲ ဖြစ်ဖြစ် ဟိုသူ့ကြောင့်၊ ဒီသူ့ကြောင့် စသည်ဖြင့် ပြင်ပကနေ အကြောင်းအရင်းအမျိုးမျိုး ရှာဖွေတတ်ကြပါတယ်။ AQ မြင့်မားသူများကတော့ ပြင်ပမှာ အကြောင်းရင်းရှာဖွေခြင်းထက် မိမိကိုယ်တွင်းကနေ အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို စတင်ရှာဖွေတတ်ကြပါတယ်။

 

၃။ AQ မြင့်မားသူများဟာ အခက်အခဲနဲ့ ပြသနာကို ပုံကြီးမချဲ့တတ်ပါဘူး။
လူဆိုတာ အသက်တစ်ရာမနေရပေမဲ့ အမှုတစ်ရာ တွေ့ရတတ်ပါတယ်။ အခက်အခဲကို ပုံကြီးချဲ့ တတ်သူများဟာ နည်းနည်းကြီးတဲ့ အခက်အခဲ ကြုံတွေ့ရုံနဲ့ နလန်မထူနိုင်တော့ပါ။ AQ မြင့်မားသူများကတော့ အခက်အခဲကို အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်တတ်ပြီး ပြသနာကို ဘယ်တော့အခါမှ ပုံကြီးမချဲ့တတ်ပါဘူး။

 

၄။ AQ မြင့်သူများဟာ သည်းခံနိုင်စွမ်း မြင့်မားသူများ ဖြစ်ကြပါတယ်။
သမိုင်းတွေမှာ လေ့လာကြည့်ရင် အောင်မြင်တဲ့ သူများအားလုံးလိုလို အကြီးအကျယ်ဆုံးရှုံမှုများကို ကြုံတွေ့ခဲ့ရသူများချည်း ဖြစ်ပါတယ်။ သူတို့ဟာ ဆုံးရှုံးမှုရဲ့ဒဏ်ကို၊ ကျရောက်လာတဲ့ ဖိစီးမူပေါင်းစုံတွေကို အထူးသည်းခံ နိုင်စွမ်းရှိသူများ ဖြစ်ကြပါတယ်။ သည်းခံနိုင်စွမ်းရှိတဲ့သူများဟာ သာမာန်သူများထက် ပိုမိုငြိမ်သက်ကြပါတယ်။ ပြသနာတစ်ခု ဘယ်လောက်ပဲကြီးကြီး သူတို့ရှေ့ ရောက်လာပြီဆိုရင် သူတို့ဟာ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။

 

AQ မြင့်မားအောင် ဘယ်လိုလေ့ကျင့်ကြမလဲ
-----------------------------------------
အိုင်တီခေတ်နောက်ပိုင်းမှာ ခေတ်က အလျင်အမြန်တိုးတက်လာတဲ့အချိန်မှာ လူတွေဟာ AQ ရဲ့ တန်ဖိုးကို ပိုမိုသိမြင်လာကြပါတယ်။ အရေးကြီးလှတဲ့ AQ မြင့်မားလာအောင် ဘယ်လိုလေ့ကျင့်သင့်ပါသလဲဆိုတာကို လေ့လာကြရအောင်။

 

၁။ ဆုံးရှုံးမူကို သတ္တိရှိရှိ ရင်ဆိုင်မယ်။
ဆုံးရှုံးမူကို ရှောင်ရှားခြင်းထက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရပါမယ်။ ဆုံးရှုံးမူဒဏ် ရင်ထဲမှာ လွှမ်းမိုးလာပြီဆိုရင် ရင်တွင်းမှာ ခဏသိမ်းဆည်းထားလိုက်ပါ။ ပြီးရင် ရင်ထဲက ပြန်လည် ထွက်ပေါ်လာတဲ့ မကျေမနပ်သံများကို သေသေချာချာ နားထောင်ပေးပါ။ ရင်ထဲက မကျေနပ်ချက်များ အားလုံး အန်ထွက်ပြီးဆုံးသွားရင် စိတ်လက်ပေါ့ပါးစပြုလာပါမယ် ။ ဆုံးရှုံးမှုဒဏ် လွှမ်းမိုးခြင်းဟာ ရေလွှမ်းခြင်းနဲ့တူတတ်ပါတယ်။ တားဆီးပိတ်ပင်လို့ မလွယ်ကူပါ။ ရေများကို လမ်းလွှဲရှာပေးရပါမယ်။

 

၂။ စိတ်ဒုက္ခများကို ချက်ချင်းရေးချလိုက်ပါ။
လူတော်တော်များများက စိတ်ဒုက္ခများ၊ စိတ်သောကများကို မှတ်တမ်းတင်ဖို့ အားမပေးကြပါ။ ဒါပေမဲ့ တကယ်စိတ်ဒုက္ခခံစားရပြီဆိုရင် ရေးချလိုက်ပါက စိတ်သက်သာရာ ရသွားနိုင်ပါတယ်။ ရေးရင်းရေးရင်းနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကိုပါ တစ်ပါတည်း တွေ့ရှိသွားနိုင်ပါတယ်။
စိတ်လှုပ်ရှားတယ်၊ ဒေါသထွက်တယ်၊ သောကခံစားနေရတယ်၊ စိတ်ညစ်တယ် စသည်တို့ဟာ ယာယီခံစားမူများဖြစ်နေတတ်ပြီး ရေးချထားလိုက်ပါ။ နောက်တစ်နေ့ ပြန်ဖတ်ကြည့်ပါ။ အသေးအဖွဲ ဖြစ်သွားပါလိမ့်မယ်။

 

၃။ အခက်အခဲပြသနာကို ဘောင်ခတ်ပါ။
အလုပ်လုပ်တဲ့ လူတိုင်းနီးပါး မတူတဲ့နေရာမှာ မတူညီတဲ့ ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေရပါတယ်။ ဆိုပါစို့၊ အလုပ်ခွင်မှာ ဒေါသထွက်စေလောက်တဲ့ ပြသနာတစ်ခုခု ရင်ဆိုင်ခဲ့မိရင် အဆိုပါပြသနာကို အလုပ်ခွင်မှာပဲ ဘောင်ခတ်ထားလိုက်ပါ။ ရုံးဆင်းလို့ အိမ်ပြန်ရောက်ရင် ချစ်စရာကောင်းတဲ့ ခင်ပွန်း၊ လေးစားထိုက်တဲ့ ဖခင်နေရာ ပြန်ရောက်သွားပါစေ။ အလုပ်နဲ့ နေအိမ် အပြန်အလှန် စိတ်အနှောက်အယှက် မပေးမိအောင် သူ့နေရာနဲ့ သူ၊ သူ့ပြသနာနဲ့ သူ ဘောင်ခတ်တတ်ဖို့ လိုပါတယ်။

 

၄။ ပြီးမြောက်အောင်မြင်ရန် လွယ်ကူစေတဲ့ ရည်မှန်းချက်အငယ်ကလေးများကို များများချမှတ်ထားပါ။
ရည်ရွယ်ချက်ကြီးမားလေ အောင်မြင်မှု ကြီးမားလေ ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကြီးမားလေ စိန်ခေါ်မူ ကြီးမားလေ ဖြစ်ပါတယ်။ ဘယ်လောက် ဇွဲလုံ့လ ဝီရိယ နဲ့ ပြည့်စုံတဲ့လူ ဖြစ်နေပါစေ၊ ဆုံးရှုံးမှုရဲ့ ဒဏ်ကို ဆက်တိုက် ခံစားနိုင်စွမ်းမရှိပါဘူး။
ဒါကြောင့်မို့လို့ လက်တွေ့ကျတဲ့၊ စွမ်းဆောင်မှု သိပ်မခက်ခဲတဲ့ ရည်မှန်းချက်အငယ်စား များများအောင်မြင်ခြင်းဖြင့် တစ်ဖြည်းဖြည်း ရည်ရွယ်ချက်ကြီးကြီးတွေကို အကောင်အထည် ဖေါ် ဆောင်နိုင်ဖို့ တက်လှမ်းစေတတ်ပါတယ်။

 

၅။ ဝါသနာတစ်ခုခု ပျိုးထောင်ထားပါ။
လူတိုင်းလူတိုင်းမှာ ဝါတနာတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ အခက်အခဲကို ရင်ဆိုင်ရတဲ့အခါမျိုးမှာ ဝါသနာပါရာကို လုပ်ကိုင်ခြင်းအားဖြင့် အာရုံလွှဲပြောင်းစေနိုင်ပါတယ်။ ဝါသနာပါတဲ့အလုပ်ကို လုပ်နေတဲ့အချိန်မှာပဲ ကိုယ့်ပြသနာကို ရှင်းဖို့ နည်းလမ်းတွေ့ရှိသွားစေနိုင်ပါတယ်။

 

၆။ အပြုသဘောဆောင်တတ်တဲ့၊ အကောင်းမြင်တတ်တဲ့ မိတ်ဆွေ သူငယ်ချင်းများကိုပေါင်းပါ။
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး၊ လူဆိုတာ ဓါတ်တူချင်းဆွဲဆောင်တဲ့ သဘောရှိတတ်ပါတယ်။ အနှုတ်လက္ခဏာဆောင်တဲ့၊ အဆိုးမြင်သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောစကားတွေဟာ အမှိုက်များနဲ့ တူတတ်ပါတယ်။ ကိုယ်က သူတို့နဲ့ ပေါင်းသင်းရင် အမှိုက်ပုံးဖြစ်သွားတတ်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့၊ အပြုသဘောဆောင်တဲ့ မိတ်ဆွေများနဲ့ နေရင် အရာရာကို အကောင်းဘက်ကနေ စဉ်းစားတတ်ပြီး အောင်မြင်မူနဲ့ ပိုမိုနီးစပ်သွားစေတတ်ပါတယ်။

 


မောင်ငယ်၊ ညီမငယ်တို့အနေနဲ့ အရေးကြီးပြီး တန်ဖိုးကြီးလှတဲ့ မိမိရဲ့ AQ ကို ပိုမိုမြှင့်တင်လာအောင် ပြုစုပျိုးထောင်နိုင်ကြပါစေ။


Source - စာပေလွင်ပြင်
Refer: Amon Kani

 

AQ ဆိုသည္မွာ

ေယဘူယ်အားျဖင့္ ဉာဏ္ရည္ဉာဏ္ေသြးေကာင္းမြန္သူေတြကို IQ (Intellective Quotient) ေကာင္းတဲ့သူမ်ားလို႔ သတ္မွတ္ၿပီး ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္သူမ်ားကိုေတာ့ EQ (Emotional Quotient) ေကာင္းမြန္သူမ်ားလို႔ သတ္မွတ္ေလ့ရွိၾကပါတယ္။

ဒီ IQ, EQ ေတြနည္းတူ ေနာက္ထပ္ မသိမျဖစ္ သိရမယ့္ "Q" တစ္လုံး ထပ္ရွိပါေသးတယ္။ အဲ့ဒါကေတာ့ အခက္အခဲကို ေျဖရွင္းေက်ာ္လႊားႏိုင္တဲ့ အရည္အေသြး လို႔ေခၚတဲ့ Adversity Quotient ( AQ ) ျဖစ္ပါတယ္။

 

AQ အေၾကာင္းမရွင္းခင္မွာ ဉာဏ္ရည္ဉာဏ္ေသြး IQ ရဲ႕ အဓိပၸာယ္ဖြင့္ဆိုခ်က္ကို အရင္ ေလ့လာၾကည့္ရေအာင္..

IQ (Intellective Quotient) ဆိုတာကေတာ့ လူတစ္ဦးခ်င္း တစ္ေယာက္ခ်င္းဆီရဲ႕ ဉာဏ္ရည္ဉာဏ္ေသြး အဆင့္ကို တိုင္းတာတာျဖစ္ၿပီး သက္တူ၊ ႐ြယ္တူမ်ားရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးမ်ားနဲ႔ ႏႈိင္းယွဥ္ရရွိတဲ့ အတိုင္းအတာတစ္ခုလည္းျဖစ္ပါတယ္။ IQ ဆိုတာ မ်ိဳး႐ိုး၊ ေမြးရာပါအရည္အခ်င္းမ်ားနဲ႔ အမ်ားႀကီး သက္ဆိုင္ပါတယ္။ IQ ဆိုတာ ပင္ကိုယ္အရည္အေသြးျဖစ္လို႔ လိုက္လံတုပဖို႔ခက္ခဲပါတယ္။ ဉာဏ္မေကာင္းတဲ့သူေတြအဖို႔ ကံနဲ႔ ဝိရိယကို ပိုမိုအားစိုက္ရေလ့ရွိပါတယ္။

 

ဒါေၾကာင့္မို႔လို႔ ေနာက္ပိုင္းမွာ လူေတြဟာ ကိုယ့္ကိုယ္ကို ႏိုင္နင္းမႈ၊ စိတ္စြမ္းရည္ျပည့္ဝမႈနဲ႔သက္ဆိုင္တဲ့ EQ (Emotional Quotient) ကို ပိုမို အေလးအထားလာၾကပါတယ္။ အလ်င္အျမန္ တိုးတက္ေနတဲ့ေခတ္ႀကီးမွာ သုေတသနျပဳလုပ္ထားတဲ့ စစ္တမ္းမ်ားအရ IQ နဲ႔ EQ ျမင့္မားျခင္းဟာ လူဘဝတိုးတက္ဖို႔အတြက္ အလြန္အေရးပါတယ္ဆိုတာကို ေလ့လာေတြ႕ရွိရပါတယ္။

 

ဒါေပမယ့္ ေအာင္ျမင္တဲ့သူေတာ္ေတာ္မ်ားမ်ားကို ေလ့လာၾကည့္တဲ့အခါမွာေတာ့ ဒီ IQ, EQ ေတြထက္ အခက္အခဲကို ေျဖရွင္းေက်ာ္လႊားႏိုင္တဲ့စိတ္စြမ္းရည္ AQ (Adversity Quotient) က ပိုမိုအေရးပါေနေၾကာင္း ေတြ႕ရွိရပါတယ္။ AQ ကို စတင္ေဖၚထုတ္သူ အေမရိကန္ပညာရွင္ Paul Si Tuoci ရဲ႕ အဆိုအရ AQ ေကာင္းမြန္သူမ်ားဟာ ေအာက္ပါ အခ်က္ ( ၄ )ခ်က္နဲ႔ ကိုက္ညီမႈရွိတယ္လို႔ ဆိုပါတယ္။

 

၁။ AQ ျမင့္မားသူမ်ားဟာ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္း ျမင့္မားၾကတယ္။

အေျခအေန ဘယ္ေလာက္ပဲ ဆိုးဝါးဆိုးဝါး၊ AQ ျမင့္မားသူမ်ားဟာ အဆိုးထဲကေန ေကာင္းတဲ့အကြက္ကို အၿမဲ ရွာေဖြေတြ႕ရွိတတ္ပါတယ္။ သူတို႔ဟာ ကိုယ့္စိတ္ကို ႏိုင္နင္းၾကၿပီး အေျခအေနကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိသူမ်ား ျဖစ္ၾကတယ္။

 

၂။ AQ ျမင့္မားသူမ်ားဟာ ျပသနာရဲ႕ အေၾကာင္းရင္းကို မိမိထံမွ အရင္စရွာေဖြတတ္ပါတယ္။
လူေတာ္ေတာ္မ်ားမ်ားဟာ အဆင္ေျပေအာင္ျမင္ေနတဲ့အခ်ိန္မွာ မိမိအရည္အခ်င္းျမင့္မားတယ္ဟု ယူဆၾကၿပီး တစ္ခုခု ဆုံးရႈံးသြားတဲ့အခါမွာပဲျဖစ္ျဖစ္၊ ျပသနာအခက္အခဲေတြ႕ရွိတဲ့အခါမွာပဲ ျဖစ္ျဖစ္ ဟိုသူ႔ေၾကာင့္၊ ဒီသူ႔ေၾကာင့္ စသည္ျဖင့္ ျပင္ပကေန အေၾကာင္းအရင္းအမ်ိဳးမ်ိဳး ရွာေဖြတတ္ၾကပါတယ္။ AQ ျမင့္မားသူမ်ားကေတာ့ ျပင္ပမွာ အေၾကာင္းရင္းရွာေဖြျခင္းထက္ မိမိကိုယ္တြင္းကေန အေၾကာင္းရင္းနဲ႔ ေျဖရွင္းႏိုင္တဲ့နည္းလမ္းကို စတင္ရွာေဖြတတ္ၾကပါတယ္။

 

၃။ AQ ျမင့္မားသူမ်ားဟာ အခက္အခဲနဲ႔ ျပသနာကို ပုံႀကီးမခ်ဲ႕တတ္ပါဘူး။
လူဆိုတာ အသက္တစ္ရာမေနရေပမဲ့ အမႈတစ္ရာ ေတြ႕ရတတ္ပါတယ္။ အခက္အခဲကို ပုံႀကီးခ်ဲ႕ တတ္သူမ်ားဟာ နည္းနည္းႀကီးတဲ့ အခက္အခဲ ႀကဳံေတြ႕႐ုံနဲ႔ နလန္မထူႏိုင္ေတာ့ပါ။ AQ ျမင့္မားသူမ်ားကေတာ့ အခက္အခဲကို အက်ိဳးသင့္ အေၾကာင္းသင့္ စဥ္းစားဆင္ျခင္တတ္ၿပီး ျပသနာကို ဘယ္ေတာ့အခါမွ ပုံႀကီးမခ်ဲ႕တတ္ပါဘူး။

 

၄။ AQ ျမင့္သူမ်ားဟာ သည္းခံႏိုင္စြမ္း ျမင့္မားသူမ်ား ျဖစ္ၾကပါတယ္။
သမိုင္းေတြမွာ ေလ့လာၾကည့္ရင္ ေအာင္ျမင္တဲ့ သူမ်ားအားလုံးလိုလို အႀကီးအက်ယ္ဆုံးရႈံမႈမ်ားကို ႀကဳံေတြ႕ခဲ့ရသူမ်ားခ်ည္း ျဖစ္ပါတယ္။ သူတို႔ဟာ ဆုံးရႈံးမႈရဲ႕ဒဏ္ကို၊ က်ေရာက္လာတဲ့ ဖိစီးမူေပါင္းစုံေတြကို အထူးသည္းခံ ႏိုင္စြမ္းရွိသူမ်ား ျဖစ္ၾကပါတယ္။ သည္းခံႏိုင္စြမ္းရွိတဲ့သူမ်ားဟာ သာမာန္သူမ်ားထက္ ပိုမိုၿငိမ္သက္ၾကပါတယ္။ ျပသနာတစ္ခု ဘယ္ေလာက္ပဲႀကီးႀကီး သူတို႔ေရွ႕ ေရာက္လာၿပီဆိုရင္ သူတို႔ဟာ စိတ္ေအးေအးနဲ႔ ေျဖရွင္းႏိုင္စြမ္းရွိၾကပါတယ္။

 

AQ ျမင့္မားေအာင္ ဘယ္လိုေလ့က်င့္ၾကမလဲ
-----------------------------------------
အိုင္တီေခတ္ေနာက္ပိုင္းမွာ ေခတ္က အလ်င္အျမန္တိုးတက္လာတဲ့အခ်ိန္မွာ လူေတြဟာ AQ ရဲ႕ တန္ဖိုးကို ပိုမိုသိျမင္လာၾကပါတယ္။ အေရးႀကီးလွတဲ့ AQ ျမင့္မားလာေအာင္ ဘယ္လိုေလ့က်င့္သင့္ပါသလဲဆိုတာကို ေလ့လာၾကရေအာင္။

 

၁။ ဆုံးရႈံးမူကို သတၱိရွိရွိ ရင္ဆိုင္မယ္။
ဆုံးရႈံးမူကို ေရွာင္ရွားျခင္းထက္ ရဲရဲဝံ့ဝံ့ ရင္ဆိုင္ရပါမယ္။ ဆုံးရႈံးမူဒဏ္ ရင္ထဲမွာ လႊမ္းမိုးလာၿပီဆိုရင္ ရင္တြင္းမွာ ခဏသိမ္းဆည္းထားလိုက္ပါ။ ၿပီးရင္ ရင္ထဲက ျပန္လည္ ထြက္ေပၚလာတဲ့ မေက်မနပ္သံမ်ားကို ေသေသခ်ာခ်ာ နားေထာင္ေပးပါ။ ရင္ထဲက မေက်နပ္ခ်က္မ်ား အားလုံး အန္ထြက္ၿပီးဆုံးသြားရင္ စိတ္လက္ေပါ့ပါးစျပဳလာပါမယ္ ။ ဆုံးရႈံးမႈဒဏ္ လႊမ္းမိုးျခင္းဟာ ေရလႊမ္းျခင္းနဲ႔တူတတ္ပါတယ္။ တားဆီးပိတ္ပင္လို႔ မလြယ္ကူပါ။ ေရမ်ားကို လမ္းလႊဲရွာေပးရပါမယ္။

 

၂။ စိတ္ဒုကၡမ်ားကို ခ်က္ခ်င္းေရးခ်လိုက္ပါ။
လူေတာ္ေတာ္မ်ားမ်ားက စိတ္ဒုကၡမ်ား၊ စိတ္ေသာကမ်ားကို မွတ္တမ္းတင္ဖို႔ အားမေပးၾကပါ။ ဒါေပမဲ့ တကယ္စိတ္ဒုကၡခံစားရၿပီဆိုရင္ ေရးခ်လိုက္ပါက စိတ္သက္သာရာ ရသြားႏိုင္ပါတယ္။ ေရးရင္းေရးရင္းနဲ႔ ေျဖရွင္းတဲ့ နည္းလမ္းကိုပါ တစ္ပါတည္း ေတြ႕ရွိသြားႏိုင္ပါတယ္။
စိတ္လႈပ္ရွားတယ္၊ ေဒါသထြက္တယ္၊ ေသာကခံစားေနရတယ္၊ စိတ္ညစ္တယ္ စသည္တို႔ဟာ ယာယီခံစားမူမ်ားျဖစ္ေနတတ္ၿပီး ေရးခ်ထားလိုက္ပါ။ ေနာက္တစ္ေန႔ ျပန္ဖတ္ၾကည့္ပါ။ အေသးအဖြဲ ျဖစ္သြားပါလိမ့္မယ္။

 

၃။ အခက္အခဲျပသနာကို ေဘာင္ခတ္ပါ။
အလုပ္လုပ္တဲ့ လူတိုင္းနီးပါး မတူတဲ့ေနရာမွာ မတူညီတဲ့ ပုဂၢိဳလ္အျဖစ္ ရပ္တည္ေနရပါတယ္။ ဆိုပါစို႔၊ အလုပ္ခြင္မွာ ေဒါသထြက္ေစေလာက္တဲ့ ျပသနာတစ္ခုခု ရင္ဆိုင္ခဲ့မိရင္ အဆိုပါျပသနာကို အလုပ္ခြင္မွာပဲ ေဘာင္ခတ္ထားလိုက္ပါ။ ႐ုံးဆင္းလို႔ အိမ္ျပန္ေရာက္ရင္ ခ်စ္စရာေကာင္းတဲ့ ခင္ပြန္း၊ ေလးစားထိုက္တဲ့ ဖခင္ေနရာ ျပန္ေရာက္သြားပါေစ။ အလုပ္နဲ႔ ေနအိမ္ အျပန္အလွန္ စိတ္အေႏွာက္အယွက္ မေပးမိေအာင္ သူ႔ေနရာနဲ႔ သူ၊ သူ႔ျပသနာနဲ႔ သူ ေဘာင္ခတ္တတ္ဖို႔ လိုပါတယ္။

 

၄။ ၿပီးေျမာက္ေအာင္ျမင္ရန္ လြယ္ကူေစတဲ့ ရည္မွန္းခ်က္အငယ္ကေလးမ်ားကို မ်ားမ်ားခ်မွတ္ထားပါ။
ရည္႐ြယ္ခ်က္ႀကီးမားေလ ေအာင္ျမင္မႈ ႀကီးမားေလ ဆိုတာမွန္ပါတယ္။ ဒါေပမဲ့ ရည္႐ြယ္ခ်က္ႀကီးမားေလ စိန္ေခၚမူ ႀကီးမားေလ ျဖစ္ပါတယ္။ ဘယ္ေလာက္ ဇြဲလုံ႔လ ဝီရိယ နဲ႔ ျပည့္စုံတဲ့လူ ျဖစ္ေနပါေစ၊ ဆုံးရႈံးမႈရဲ႕ ဒဏ္ကို ဆက္တိုက္ ခံစားႏိုင္စြမ္းမရွိပါဘူး။
ဒါေၾကာင့္မို႔လို႔ လက္ေတြ႕က်တဲ့၊ စြမ္းေဆာင္မႈ သိပ္မခက္ခဲတဲ့ ရည္မွန္းခ်က္အငယ္စား မ်ားမ်ားေအာင္ျမင္ျခင္းျဖင့္ တစ္ျဖည္းျဖည္း ရည္႐ြယ္ခ်က္ႀကီးႀကီးေတြကို အေကာင္အထည္ ေဖၚ ေဆာင္ႏိုင္ဖို႔ တက္လွမ္းေစတတ္ပါတယ္။

 

၅။ ဝါသနာတစ္ခုခု ပ်ိဳးေထာင္ထားပါ။
လူတိုင္းလူတိုင္းမွာ ဝါတနာတစ္ခုစီေတာ့ ရွိတတ္ၾကပါတယ္။ အခက္အခဲကို ရင္ဆိုင္ရတဲ့အခါမ်ိဳးမွာ ဝါသနာပါရာကို လုပ္ကိုင္ျခင္းအားျဖင့္ အာ႐ုံလႊဲေျပာင္းေစႏိုင္ပါတယ္။ ဝါသနာပါတဲ့အလုပ္ကို လုပ္ေနတဲ့အခ်ိန္မွာပဲ ကိုယ့္ျပသနာကို ရွင္းဖို႔ နည္းလမ္းေတြ႕ရွိသြားေစႏိုင္ပါတယ္။

 

၆။ အျပဳသေဘာေဆာင္တတ္တဲ့၊ အေကာင္းျမင္တတ္တဲ့ မိတ္ေဆြ သူငယ္ခ်င္းမ်ားကိုေပါင္းပါ။
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး၊ လူဆိုတာ ဓါတ္တူခ်င္းဆြဲေဆာင္တဲ့ သေဘာရွိတတ္ပါတယ္။ အႏႈတ္လကၡဏာေဆာင္တဲ့၊ အဆိုးျမင္သူငယ္ခ်င္း အေပါင္းအသင္းေတြရဲ႕ ေျပာစကားေတြဟာ အမႈိက္မ်ားနဲ႔ တူတတ္ပါတယ္။ ကိုယ္က သူတို႔နဲ႔ ေပါင္းသင္းရင္ အမႈိက္ပုံးျဖစ္သြားတတ္ပါတယ္။ အေပါင္းလကၡဏာေဆာင္တဲ့၊ အျပဳသေဘာေဆာင္တဲ့ မိတ္ေဆြမ်ားနဲ႔ ေနရင္ အရာရာကို အေကာင္းဘက္ကေန စဥ္းစားတတ္ၿပီး ေအာင္ျမင္မူနဲ႔ ပိုမိုနီးစပ္သြားေစတတ္ပါတယ္။


ေမာင္ငယ္၊ ညီမငယ္တို႔အေနနဲ႔ အေရးႀကီးၿပီး တန္ဖိုးႀကီးလွတဲ့ မိမိရဲ႕ AQ ကို ပိုမိုျမႇင့္တင္လာေအာင္ ျပဳစုပ်ိဳးေထာင္ႏိုင္ၾကပါေစ။


Source - စာေပလြင္ျပင္
Refer: Amon Kani

Read times Last modified on Tuesday, 16 February 2021 11:15
Rate this articles
(1 Vote)