×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 08 November 2021

လူတွေကို အုပ်စုအလိုက် ခွဲခြားသတ်မှတ်ကြည့်မယ်ဆိုရင် . . . . .

လူတွေကို အုပ်စုအလိုက် ခွဲခြားသတ်မှတ်ကြည့်မယ်ဆိုရင် . . . . .

 

တစ်ကမ္ဘာလုံးက လူတွေကို အုပ်စု (၅) မျိုး ခွဲခြားသတ်မှတ်လို့ ရပါတယ်။

အုပ်စု (၁)။ အရမ်းဆင်းရဲသူများ

အုပ်စု (၂)။ ဆင်းရဲသူများ

အုပ်စု (၃)။ အလယ်အလတ်တန်းစားလူများ

အုပ်စု (၄)။ ချမ်းသာသူများ

အုပ်စု (၅)။ အရမ်းချမ်းသာသူများ (Millionaires, Billionaires)

 


အဆင့်အလိုက် သူတို့တွေရဲ့ စဉ်းစားတွေးတောမှုကို သုံးသပ်ကြည့်ရင်

အုပ်စု (၁)။ အရမ်းဆင်းရဲသူများဟာ တစ်နေ့တာအတွက်ပဲ စဉ်းစားကြတယ်။

အုပ်စု (၂)။ ဆင်းရဲသူများဟာ တစ်ပါတ်စာအတွက်ပဲ စဉ်းစားကြတယ်။

အုပ်စု (၃)။ အလယ်အလတ်တန်းစားလူတွေဟာ တစ်လစာပဲ စဉ်းစားကြတယ်။

အုပ်စု (၄)။ ချမ်းသာသူများဟာ တစ်နှစ်စာအတွက်ပဲ စဉ်းစားကြတယ်။

အုပ်စု (၅)။ အရမ်းချမ်းသာသူတွေကတော့ အနည်းဆုံး ၁၀ နှစ်စာ အထိ စဉ်းစားကြတယ်။

 

# သူတို့ရဲ့ အဓိကရည်မှန်းချက်တွေကို သုံးသပ်ကြည့်ပြန်ရင်

အုပ်စု (၁) နဲ့ (၂) - ဆင်းရဲနဲ့ အရမ်းဆင်းရဲအုပ်စုရဲ့ ရည်မှန်းချက်က အသက်ရှင်ရပ်တည်ရေးတစ်ခုပဲ။

အုပ်စု (၃) - အလယ်လတ်တန်းစားလူတွေရဲ့ ရည်မှန်းချက်က ချောင်ချောင်လည်လည် နေနိုင်ဖို့ပါ။

အုပ်စု (၄) နဲ့ (၅) - ချမ်းသာနဲ့ အရမ်းချမ်းသာအုပ်စုက ပူပန်ကြောင့်ကျကင်းတဲ့ ဘဝကို ရရှိဖို့ပါ။

 


# အခုတစ်ခါ အုပ်စုတွေက လူတွေဟာ ဘယ်လိုလူမျိုးတွေလဲ။

အုပ်စု (၁) အရမ်းဆင်းရဲသူများမှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အလုပ်ကြမ်းသမာတွေ၊ နေ့စား အလုပ်အလုပ်သမားတွေပါဝင်ကြပါတယ်။ နေ့စဉ်နေ့တိုင်း စားဖို့သောက်ဖို့ ပူပန်နေကြရတယ်။

အုပ်စု (၂)။ ဆင်းရဲသူများဟာ တစ်ပါတ်စာလုပ်ခရတာလေးနဲ့ တစ်ပါတ်စာ လောက်ငအောင် သုံးကြသူတွေပါ။ တစ်ပါတ်တခါ ပိုက်ဆံ ကုန်ခါနီးကျရင် ပူတတ်သူတွေပါ။

အုပ်စု (၃)။ အလယ်အလတ်တန်းစားလူတွေကတော့ လခစားဝန်ထမ်းတွေပါ။ သူတို့ဟာ လကုန်ခါနီးကျရင် နောက်လဆန်းတာနဲ့ ရေဖိုး၊ မီဖိုး၊ အိမ်ခန်းငှားခ၊ ကလေးကျောင်းလခပေးဖို့တွေ ပူပန်နေကြရပြီ။ တစ်လတစ်ခါ ပူပန်နေကြရသူတွေပါ။

အုပ်စု (၄)။ ချမ်းသာသူများဟာ တစ်နှစ်စာဝင်ငွေကို ရှိနေကြလို့ တစ်နှစ်မှ တစ်ခါလောက် ပူပန်ကြတယ်။

အုပ်စု (၅)။ အရမ်းချမ်းသာသူတွေကတော့ ဝင်ငွေ စုဆောင်းငွေ အများကြီးရနေသူတွေမို့ သူတို့ဟာ အနည်းဆုံး ၁၀ နှစ်စာအထိ အနာဂါတ်ကို စဉ်းစားထားကြတယ်။

 

အုပ်စု (၃) ထဲမှာပါပြီး လခစားလုပ်နေတဲ့ ကျနော်ဟာ ဒီအချက်တွေကို သိလာတဲ့အတွက် ပထမဆုံး တစ်နှစ်တာအတွက် ဝင်ငွေရအောင် စဉ်းစားတဲ့ အကျင့်တစ်ခု လုပ်လိုက်တယ်။ ကျနော့်ကိုယ် ကျနော် ပြန်မေးတယ်။ "ငါ့ဝင်ငွေကို ဒီတနှစ်အတွင်း ၂ ဆ တိုးအောင် ဘယ်လိုလုပ်ရမလဲ"။ အဲဒီလို တကယ်တွေး ကြည့်လိုက်တော့ ဝင်ငွေရနိုင်မယ့် နည်းလမ်းတွေကို ရှာတွေ့လာတယ်။ လုပ်ကြည့်တယ်။ ဝင်ငွေဟာ ၂ ဆ အထိ တိုးမသွားပေမဲ့ အရင်ကထက် အများကြီး တိုးလာခဲ့တယ်။ ကျနော် အားတက်လာတယ်။

 

ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားရှာဖွေအားတက်လာလို့ လခစားအလုပ်က ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်းတစ်ခုလုပ်လိုက်တယ်။ နောက်ပိုင်းမှာ ၁၀ နှစ်စာ ဝင်ငွေတိုးဖို့ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားလာတယ်။ ရှာတွေ့တဲ့ နည်းလမ်းတွေကို အသီအစဉ်ချမှတ်ပြီး အကောင်အထည် ဖေါ်တယ်။ ဝင်ငွေတွေ အများကြီး တိုးလာတယ်။ အခု ကျနော်ဟာ အချမ်းသာဆုံးလူတစ်ယောက်လို့ မပြောနိုင်သေးပေမဲ့ အုပ်စု (၄) လူချမ်းသာစာရင်း ဝင်နေပါပြီ။ အခု လက်ရှိမှာတော့ ကျနော်ဟာ နောင်အနှစ်၂၀ ကာလအတွက် တွေးနေပါပြီ။

အဲဒါဟာ မီလျံနာသန်းကြွယ်သူဋ္ဌေးကြီးတွေရဲ့ စဉ်းစားပုံ၊ တွေးခေါ်ပုံ တစ်ခုပါ။

 

သင်လဲ ကြီးပွားချမ်းသာချင်ရင် ရေရှည်အတွက် စဉ်းစားတွေးခေါ်ပါ။ စဉ်းစားတွေးခေါ်ဖို့ အရင်းအနှီး စိုက်စရာ၊ ငွေတစ်ပြားမှ ပေးစရာ မလိုသလို ခက်ခဲရှုပ်ထွေးတဲ့ အလုပ်လည်း မဟုတ်ပါဘူး။ နေ့စဉ် အချိန်တစ်ခု ပေးပြီး အာရုံစိုက် စဉ်းစားသွားရင် အကျင့်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဦးနှောက်ဟာခန္ဓာကိုယ်က ကြွက်သားတွေလိုပါပဲ။ လေ့ကျင့်ခန်းလုပ်ရင် ကြွက်သားတွေ သန်မာလာစေသလို များများ စဉ်းစားပေးရင် ဦးနှောက်ဉာဏ် ထက်သန်လာပါလိမ့်မယ်။

 

စဉ်းစားချင်တယ်၊ မစဉ်းစားချင်ဘူးဆိုတာကတော့ သင့်အပေါ်မှာ မူတည်ပါတယ်။ လူဖြစ်လာတဲ့ ဘဝတာလေးမှာ အပူအပင်ကင်းကင်းနဲ့ စိတ်ရှိသလောက် လှူနိုင်တန်းနိုင်တဲ့ ဘဝနဲ့ ကုန်ဆုံးသွားမလား၊ တစ်န့စားဖို့ တစ်န့ ပူပင်နေရတဲ့ ဘဝနဲ့ ကုန်ဆုံးသွားချင်သလား ဆိုတာတော့ သင့်ပေါ်မှာပဲ မူတည်နေပါတယ်။ သင် စဉ်းစားဖို့ ဘယ်သူကမှ သင့်ကို တိုက်တွန်းလို့ မရပါဘူး။ ဒါပေမဲ့ အသက်ကြီးလို့ နေစရာမရှိ၊ စားရမဲ့ သောက်ရမဲ့ ဘဝဖြစ်တဲ့အခါကျရင် ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ သင့်ကိုယ်သင်ပဲ အပြစ်တင်ပါ။

 

ပထမ စဉ်းစာဖို့ လိုပါတယ်။ ဒုတိယ စဉ်းစားမိတာကို အကောင်အထည်ဖေါ်ဖို့ လိုပါတယ်။ စဉ်းစားရုံပဲ စဉ်းစားနေပြီး အကောင်အထည်မဖေါ်ရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

 

မှတ်ချက်။ Keith Cameron Smith ရေးတဲ့ "The Top 10 Habits of Millionaires" စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို မှီးထားတာပါ။

Credit - ဗန်းမော်သိန်းဖေ - မြင့်ဦး

 

 

လူေတြကို အုပ္စုအလိုက္ ခြဲျခားသတ္မွတ္ၾကည့္မယ္ဆိုရင္ . . . . .

 

တစ္ကမာၻလုံးက လူေတြကို အုပ္စု (၅) မ်ိဳး ခြဲျခားသတ္မွတ္လို႔ ရပါတယ္။

အုပ္စု (၁)။ အရမ္းဆင္းရဲသူမ်ား

အုပ္စု (၂)။ ဆင္းရဲသူမ်ား

အုပ္စု (၃)။ အလယ္အလတ္တန္းစားလူမ်ား

အုပ္စု (၄)။ ခ်မ္းသာသူမ်ား

အုပ္စု (၅)။ အရမ္းခ်မ္းသာသူမ်ား (Millionaires, Billionaires)

 


အဆင့္အလိုက္ သူတို႔ေတြရဲ႕ စဥ္းစားေတြးေတာမႈကို သုံးသပ္ၾကည့္ရင္

အုပ္စု (၁)။ အရမ္းဆင္းရဲသူမ်ားဟာ တစ္ေန႔တာအတြက္ပဲ စဥ္းစားၾကတယ္။

အုပ္စု (၂)။ ဆင္းရဲသူမ်ားဟာ တစ္ပါတ္စာအတြက္ပဲ စဥ္းစားၾကတယ္။

အုပ္စု (၃)။ အလယ္အလတ္တန္းစားလူေတြဟာ တစ္လစာပဲ စဥ္းစားၾကတယ္။

အုပ္စု (၄)။ ခ်မ္းသာသူမ်ားဟာ တစ္ႏွစ္စာအတြက္ပဲ စဥ္းစားၾကတယ္။

အုပ္စု (၅)။ အရမ္းခ်မ္းသာသူေတြကေတာ့ အနည္းဆုံး ၁၀ ႏွစ္စာ အထိ စဥ္းစားၾကတယ္။

 

# သူတို႔ရဲ႕ အဓိကရည္မွန္းခ်က္ေတြကို သုံးသပ္ၾကည့္ျပန္ရင္

အုပ္စု (၁) နဲ႔ (၂) - ဆင္းရဲနဲ႔ အရမ္းဆင္းရဲအုပ္စုရဲ႕ ရည္မွန္းခ်က္က အသက္ရွင္ရပ္တည္ေရးတစ္ခုပဲ။

အုပ္စု (၃) - အလယ္လတ္တန္းစားလူေတြရဲ႕ ရည္မွန္းခ်က္က ေခ်ာင္ေခ်ာင္လည္လည္ ေနႏိုင္ဖို႔ပါ။

အုပ္စု (၄) နဲ႔ (၅) - ခ်မ္းသာနဲ႔ အရမ္းခ်မ္းသာအုပ္စုက ပူပန္ေၾကာင့္က်ကင္းတဲ့ ဘဝကို ရရွိဖို႔ပါ။

 


# အခုတစ္ခါ အုပ္စုေတြက လူေတြဟာ ဘယ္လိုလူမ်ိဳးေတြလဲ။

အုပ္စု (၁) အရမ္းဆင္းရဲသူမ်ားမွာ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ အလုပ္ၾကမ္းသမာေတြ၊ ေန႔စား အလုပ္အလုပ္သမားေတြပါဝင္ၾကပါတယ္။ ေန႔စဥ္ေန႔တိုင္း စားဖို႔ေသာက္ဖို႔ ပူပန္ေနၾကရတယ္။

အုပ္စု (၂)။ ဆင္းရဲသူမ်ားဟာ တစ္ပါတ္စာလုပ္ခရတာေလးနဲ႔ တစ္ပါတ္စာ ေလာက္ငေအာင္ သုံးၾကသူေတြပါ။ တစ္ပါတ္တခါ ပိုက္ဆံ ကုန္ခါနီးက်ရင္ ပူတတ္သူေတြပါ။

အုပ္စု (၃)။ အလယ္အလတ္တန္းစားလူေတြကေတာ့ လခစားဝန္ထမ္းေတြပါ။ သူတို႔ဟာ လကုန္ခါနီးက်ရင္ ေနာက္လဆန္းတာနဲ႔ ေရဖိုး၊ မီဖိုး၊ အိမ္ခန္းငွားခ၊ ကေလးေက်ာင္းလခေပးဖို႔ေတြ ပူပန္ေနၾကရၿပီ။ တစ္လတစ္ခါ ပူပန္ေနၾကရသူေတြပါ။

အုပ္စု (၄)။ ခ်မ္းသာသူမ်ားဟာ တစ္ႏွစ္စာဝင္ေငြကို ရွိေနၾကလို႔ တစ္ႏွစ္မွ တစ္ခါေလာက္ ပူပန္ၾကတယ္။

အုပ္စု (၅)။ အရမ္းခ်မ္းသာသူေတြကေတာ့ ဝင္ေငြ စုေဆာင္းေငြ အမ်ားႀကီးရေနသူေတြမို႔ သူတို႔ဟာ အနည္းဆုံး ၁၀ ႏွစ္စာအထိ အနာဂါတ္ကို စဥ္းစားထားၾကတယ္။

 

အုပ္စု (၃) ထဲမွာပါၿပီး လခစားလုပ္ေနတဲ့ က်ေနာ္ဟာ ဒီအခ်က္ေတြကို သိလာတဲ့အတြက္ ပထမဆုံး တစ္ႏွစ္တာအတြက္ ဝင္ေငြရေအာင္ စဥ္းစားတဲ့ အက်င့္တစ္ခု လုပ္လိုက္တယ္။ က်ေနာ့္ကိုယ္ က်ေနာ္ ျပန္ေမးတယ္။ "ငါ့ဝင္ေငြကို ဒီတႏွစ္အတြင္း ၂ ဆ တိုးေအာင္ ဘယ္လိုလုပ္ရမလဲ"။ အဲဒီလို တကယ္ေတြး ၾကည့္လိုက္ေတာ့ ဝင္ေငြရႏိုင္မယ့္ နည္းလမ္းေတြကို ရွာေတြ႕လာတယ္။ လုပ္ၾကည့္တယ္။ ဝင္ေငြဟာ ၂ ဆ အထိ တိုးမသြားေပမဲ့ အရင္ကထက္ အမ်ားႀကီး တိုးလာခဲ့တယ္။ က်ေနာ္ အားတက္လာတယ္။

 

ဝင္ေငြရႏိုင္တဲ့ နည္းလမ္းေတြကို စဥ္းစားရွာေဖြအားတက္လာလို႔ လခစားအလုပ္က ထြက္ၿပီး ကိုယ္ပိုင္ လုပ္ငန္းတစ္ခုလုပ္လိုက္တယ္။ ေနာက္ပိုင္းမွာ ၁၀ ႏွစ္စာ ဝင္ေငြတိုးဖို႔ ဘာလုပ္ရမယ္ဆိုတာ စဥ္းစားလာတယ္။ ရွာေတြ႕တဲ့ နည္းလမ္းေတြကို အသီအစဥ္ခ်မွတ္ၿပီး အေကာင္အထည္ ေဖၚတယ္။ ဝင္ေငြေတြ အမ်ားႀကီး တိုးလာတယ္။ အခု က်ေနာ္ဟာ အခ်မ္းသာဆုံးလူတစ္ေယာက္လို႔ မေျပာႏိုင္ေသးေပမဲ့ အုပ္စု (၄) လူခ်မ္းသာစာရင္း ဝင္ေနပါၿပီ။ အခု လက္ရွိမွာေတာ့ က်ေနာ္ဟာ ေနာင္အႏွစ္၂၀ ကာလအတြက္ ေတြးေနပါၿပီ။

အဲဒါဟာ မီလ်ံနာသန္းႂကြယ္သူေ႒းႀကီးေတြရဲ႕ စဥ္းစားပုံ၊ ေတြးေခၚပုံ တစ္ခုပါ။

 

သင္လဲ ႀကီးပြားခ်မ္းသာခ်င္ရင္ ေရရွည္အတြက္ စဥ္းစားေတြးေခၚပါ။ စဥ္းစားေတြးေခၚဖို႔ အရင္းအႏွီး စိုက္စရာ၊ ေငြတစ္ျပားမွ ေပးစရာ မလိုသလို ခက္ခဲရႈပ္ေထြးတဲ့ အလုပ္လည္း မဟုတ္ပါဘူး။ ေန႔စဥ္ အခ်ိန္တစ္ခု ေပးၿပီး အာ႐ုံစိုက္ စဥ္းစားသြားရင္ အက်င့္တစ္ခု ျဖစ္လာပါလိမ့္မယ္။ ဦးေႏွာက္ဟာခႏၶာကိုယ္က ႂကြက္သားေတြလိုပါပဲ။ ေလ့က်င့္ခန္းလုပ္ရင္ ႂကြက္သားေတြ သန္မာလာေစသလို မ်ားမ်ား စဥ္းစားေပးရင္ ဦးေႏွာက္ဥာဏ္ ထက္သန္လာပါလိမ့္မယ္။

စဥ္းစားခ်င္တယ္၊ မစဥ္းစားခ်င္ဘူးဆိုတာကေတာ့ သင့္အေပၚမွာ မူတည္ပါတယ္။ လူျဖစ္လာတဲ့ ဘဝတာေလးမွာ အပူအပင္ကင္းကင္းနဲ႔ စိတ္ရွိသေလာက္ လႉႏိုင္တန္းႏိုင္တဲ့ ဘဝနဲ႔ ကုန္ဆုံးသြားမလား၊ တစ္န႔စားဖို႔ တစ္န႔ ပူပင္ေနရတဲ့ ဘဝနဲ႔ ကုန္ဆုံးသြားခ်င္သလား ဆိုတာေတာ့ သင့္ေပၚမွာပဲ မူတည္ေနပါတယ္။ သင္ စဥ္းစားဖို႔ ဘယ္သူကမွ သင့္ကို တိုက္တြန္းလို႔ မရပါဘူး။ ဒါေပမဲ့ အသက္ႀကီးလို႔ ေနစရာမရွိ၊ စားရမဲ့ ေသာက္ရမဲ့ ဘဝျဖစ္တဲ့အခါက်ရင္ ဘယ္သူ႔ကိုမွ အျပစ္မတင္ပါနဲ႔။ သင့္ကိုယ္သင္ပဲ အျပစ္တင္ပါ။

ပထမ စဥ္းစာဖို႔ လိုပါတယ္။ ဒုတိယ စဥ္းစားမိတာကို အေကာင္အထည္ေဖၚဖို႔ လိုပါတယ္။ စဥ္းစား႐ုံပဲ စဥ္းစားေနၿပီး အေကာင္အထည္မေဖၚရင္ေတာ့ ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။

 

မွတ္ခ်က္။ Keith Cameron Smith ေရးတဲ့ "The Top 10 Habits of Millionaires" စာအုပ္ထဲက ေဆာင္းပါးတစ္ပုဒ္ကို မွီးထားတာပါ။


Credit - ဗန္းေမာ္သိန္းေဖ - ျမင့္ဦး

Read times
Rate this articles
(0 votes)