×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 05 July 2022

အောင်မြင်လိုသူတိုင်း ရှောင်ရှားသင့်သည့် အမူအကျင့်များ

အောင်မြင်လိုသူတိုင်း ရှောင်ရှားသင့်သည့် အမူအကျင့်များ

အောင်မြင်သူတိုင်း (သို့မဟုတ်) အောင်မြင်ချင်တဲ့လူတိုင်းဟာအကျင့်ကောင်း တွေ ရှိတတ်ကြပါတယ်။ စိတ်သစ်၊ လူသစ်နဲ့ အောင်မြင်မှုများစွာ ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အကျင့်ဆိုး (၅) ခုကို ချန်ထားခဲ့ဖို့ လွန်စွာအရေးကြီး လှပါတယ်။

 

အချိန်ဆွဲခြင်း
ဒီပရောဂျက်ကို နောက်ဆုံးပြီးရမယ့် ရက်ကနောက်တစ်ပတ်မှပဲ။ လိုပါသေးတယ် လေ။ အေးဆေးပါ။ သူငယ်ချင်းတွေနဲ့ အပြင်သွားလိုက်ဦးမယ်။ Bar သွားလိုက်ဦးမယ်။ ရုပ်ရှင်သွားကြည့်လိုက်ဦးမယ် ဆိုပြီး တတ်နိုင်သလောက် အချိန်တွေရွှေ့နေတတ်ခြင်းဟာ အကျင့်ဆိုးတစ်ခုပါ။ ငါတို့က နောက်ဆုံး အချိန်ကျမှ အကြံဉာဏ်ကောင်းတွေထွက်လာတတ်တာဆိုပြီး သတ်မှတ်ရက်နားနီးမှ အလုပ်တွေ ကပ်လုပ်ခြင်းဟာလည်း စိတ်ဖိစီး မှုတွေကိုသာ ပိုများလာစေတတ်ပါတယ်။ သတ်မှတ်ရက်ထက် အလုပ်စောပြီးနေခြင်းက သင့်ရဲ့အလုပ်ကို ပိုမိုကောင်းမွန်လာအောင် ထပ်ခါတစ်လဲလဲ ပြင်ဆင်နိုင်တဲ့ အကျိူးကျေးဇူးရရှိစေပါတယ်။

 

Screen Time များလွန်းခြင်း
အခုခေတ်မှာ ကွန်ပျူတာ (သို့မ ဟုတ်) ဖုန်းတွေကိုမကြည့်ဘဲ အလုပ်လုပ်လို့ မရတော့ဘူးဆိုတာ မှန်ပါတယ်။ သို့သော်ငြား လည်း မရှောင်လွှဲနိုင်တဲ့ လုပ်ငန်းခွင်အတွင်း မှာ ကွန်ပျူတာ အသုံးပြုရတဲ့အချိန်အပြင် ကိုယ်ပိုင်ဖုန်းသုံးတဲ့ အချိန်တွေကို တတ်နိုင် သလောက် လျှော့ချဖို့လိုပါတယ်။ ဥပမာ - မိသားစုနဲ့ ထမင်းစားနေရင်း ဖုန်းသုံးနေတာ မျိူးတွေက မိသားစုအတွင်း ဆက်ဆံရေးကို တဖြည်းဖြည်းဆိုးရွားလာစေပါတယ်။ လုပ် ငန်းခွင်အတွင်းမှာလည်း ကွန်ပျူတာတစ်နာရီ လောက်ကြည့်ပြီးတိုင်း မျက်စိကြည်စေတဲ့ အစိမ်းရောင်၊ အပြာရောင်ရှိတဲ့ အရာမျိူးတွေ ကို ခေတ္တကြည့်ပေးခြင်း၊ လုပ်ဖော်ကိုင်ဖက် များနဲ့ ခေတ္တခဏ စကားပြောပေးခြင်းအားဖြင့် တစ်နေ့တာ Screen Time တွေကို လျှော့ချနိုင်ပါတယ်။

 

6Th floor


အချိန်နောက်ကျခြင်း
အချိန်နောက်ကျတယ်ဆိုတာ ဂရုမစိုက်ခြင်း၊ ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း တို့ရဲ့နောက်ဆက်တွဲ အကျိုးဆက်တစ်ခု ဖြစ်ပါ တယ်။ အကယ်၍ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံဖို့ ချိန်းဆိုထားတာကို နောက်ကျခဲ့တယ်ဆိုရင်လည်း ထိုလူအပေါ်တွင် မလေး စားရာ ရောက်ကြောင်း တစ်နည်းတစ်ဖုံ ဖော် ပြနေသလို ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ မိမိ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ကြို တင်ပြင်ဆင်ထားပြီး အချိန်ကိုစနစ်တကျ စီမံခန့်ခွဲထားဖို့ အလွန်အရေးကြီးပါတယ်။

 

အိပ်ချိန်နည်းခြင်း
အိပ်ချိန်နည်းလို့ ဆုရတဲ့လူဆိုတာ မရှိပါဘူး။ အိပ်ချိန်နည်းခြင်းအားဖြင့် ကိုယ်ခံ အားကျဆင်းခြင်း၊ စိတ်ဖိစီးမှု မြင့်မားခြင်းစတဲ့ မကောင်းတဲ့ အကျိူးရလဒ်တွေသာ ရရှိစေပါတယ်။ အိပ်ချိန်အလုံအလောက် ရရှိခြင်း အားဖြင့် သင့်ရဲ့အာရုံစုစည်းနိုင်မှု အားကောင်း လာစေပြီး စိတ်ကြည်လင် ပေါ့ပါးစေနိုင်ပါတယ်။

 

တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်း
“ငါမသိဘူး။ ငါနဲ့မဆိုင်ဘူး။” လို့ပြောရတာ သိပ်လွယ်ပါတယ်။ ဒီလိုပြော လိုက်ပြီးတဲ့ နောက်ဆက်တွဲ အနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ၊ ကိုယ်ရည်ကိုယ်သွေးပိုင်း ဆိုင်ရာတွေအပေါ် အထင်သေးခြင်းခံရတတ် ပါတယ်။ ဒါကြောင့်မို့လို့ အခုအချိန်ကစပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ မိမိရဲ့ စိတ် ဓါတ်နဲ့ အတွေးအခေါ်တွေကို လွှင့်ပစ်ခဲ့ ကြဖို့ လိုအပ်ပါတယ်။

 

အထက်ပါ အကျင့်ဆိုး (၅) ခုကို လွှင့်ပစ်ခဲ့ပြီး အကျင့်ကောင်း တွေကို မွေးမြူရင်း အောင်မြင်ပျော်ရွှင်စွာနဲ့ ဘဝခရီးကို ဖြတ်သန်းနိုင်ကြပါစေဟု ဆန္ဒပြုရင်း ……

Read times
Rate this articles
(1 Vote)