×

Warning

JUser: :_load: Unable to load user with ID: 81428


Book Review

Thursday, 21 January 2021

" မေ၊ မီ၊ မြိုင်၊ မွှေး၊ မမ "

မြန်မာ့စာပေသမိုင်းတစ်လျောက် ကျော်ကြားခဲ့သော "မ" ငါးလုံး ဝတ္တုများ
" မေ၊ မီ၊ မြိုင်၊ မွှေး၊ မမ "

 

(၁) မေ ~ ဒဂုန်တာရာ (၁၉၄၁ ခုနှစ်)
"မေ ဝတ္တုကို ဖတ်ရသည်မှာ ရှမ်ပိန်အရက်ကို သောက်ရသည်နှင့် တူလေသည်" ဆိုပြီး သခင်ဗဟိန်း အမှာစာရေးပေးထားတဲ့ အတိုင်းလေးပဲ။

ကောလိပ်ကျောင်းသူလေး မေ / လူကုံထံ အသိုင်းကို လှောင်ပြောင်ချင်နေသော မေ အဖြစ်ကနေ သူကိုယ်တိုင် လူကုံထံအသိုင်းအဝိုင်းကြားမှာပဲ မွေ့ပျော်သွားမိပုံတွေ။ လောကရဲ့ သဘောသဘာဝဖြစ်တဲ့ ရမက်နွံတွေထဲက ရုန်းမထွက်နိုင်ပဲ ပျက်စီးသွားပုံတွေ။ အမှားတွေ အမှန်မပြင်နိုင်တော့ဘဲ နောက်ဆုံးအချိန်ထိ ပစ္စည်းဥစ္စာ ရမက်တွေကြားထဲ နှစ်မြှပ်သွားပုံတွေကို ရေးပြသွားတဲ့ ဝတ္တုကောင်းလေးတစ်အုပ်။

 

"အကောင်းကိုရှာ၏ ။ အကောင်းကားမရှိတော့" - (အရေးအသားတွေကတော့ နည်းနည်းကြမ်းတယ်)

Pdf link – https://www.mediafire.com/download/g2v4hgp63m6hlwj

 

(၂) မီ ~ ကြည်အေး (၁၉၄၈ ခုနှစ်)
"မီဟာလှတယ်။ ဒါပေမယ့် ဒါ့ထက်ပိုတာတစ်ခုရှိတယ်။ ဘာလဲတော့ မသိဘူး။ ရှင်းရှင်းပြောရရင် မီ့မှာ ကျွန်တော့်ကို ရူးစေတဲ့ အရာတစ်ခု ရှိတယ်။"

မီဟာ လှတယ်။ ရက်ရောတယ်။ သွေးအေးတယ်။ လျှို့ဝှက်ချက်တွေများတယ် ဆိုတဲ့အတိုင်း မီ့အလှ မီ့ဂုဏ်တွေအောက်မှာ နစ်မြောသွားသော ပုရိသတစ်စုရဲ့ အချစ်တွေ အမုန်းတွေ အငြိုးတွေကို ဆိုလိုရင်းထိထိရောက်နဲ့ ရေးပြသွားသောစာအုပ်။ မီ ဇာတ်ကောင် ကို နားလည်ရခက်သည့်အတိုင်း နောက်ဆုံးအချိန်ထိ နားမလည်နိုင်ခဲ့ဘူး။ ဘလှဝင်း ကို ဘယ်သူမှန်းတောင် မသိလိုက်ရ။

 

"မီ မီ မီ ... မီဟာ … မီမဟုတ်ဘူး။ မီးပဲ ... မီးပဲ ငါ့ကိုရှို့နေတဲ့ မီးပဲ ... မီလေးရယ်"  - (ကိုယ်ခဏ ခဏ ဖတ်ဖြစ်တဲ့စာအုပ်လေး)
Pdf link - https://www.mediafire.com/download/mr1662hva1lkl28

 

(၃) မြိုင် ~ ဗန်းမော်တင်အောင် 

"အနှိပ်စက်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ် အသတ်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ် တိုးတက်မူနဲ့ အမှန်တရားဘက်က ရပ်တည်မယ့်လူတွေသာ သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာခဲ့ရင် လူ့လောကဟာ တိရစ္ဆာန်လောကသာသာလောက်ပဲ ရှိနေဦးတော့မှာပေါ့ မြိုင်ရယ်"

 

အထက်တန်းလွှာက ရေပေါ်ဆီ နေခဲ့ရသော သူဌေးသမီးလေး မြိုင်နဲ့ သတင်းစာသမားလေး ကိုတင်ဦး တို့ရဲ့ဇာတ်လမ်း။ ချစ်ခြင်းနဲ့အစပြုခဲ့ကြပေမယ့် မတူညီတဲ့ လူတန်းစားနှစ်ခု ရဲ့ သဘောထားကွဲလွဲမှုတွေနဲ့ အိမ်ထောင်ရေး မသာယာနိုင်ပုံတွေ ရေးပြပေးသွားတဲ့ စာအုပ်ကောင်းလေး။ အသားကျနေတဲ့ မြိုင့် ရဲ့ စိတ်ဓာတ်ကို ကိုတင်ဦးက ခွင့်လွှတ်နိုင်မလား ပြုပြင်ပေးနိုင်မလားဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းတယ်။

ဆရာဗန်းမော်တင်အောင်ရဲ့ လက်စွမ်းအတိုင်း သတင်းစာသမားလေး ကိုတင်ဦး ရဲ့ဇာတ်ကောင်ကို ရေးပြသွားတာ ဆရာကြီးရဲ့ ကိုယ်ပွား ပြယုဒ် အဖြစ်တောင် သတ်မှတ်ကြပါတယ်။ - (နိုင်ငံရေးဆိုတာ စိတ်ဝင်စားဖို့ လေ့လာဖို့ တာဝန်ရှိတယ် ဆိုတာမျိုး သိလိုက်ရတယ်။)

Pdf link - https://www.mediafire.com/download/k3nj8dcm8sc3ym6

 

 

(၄) မွှေး ~ ခင်နှင်းယု (၁၉၈၇ ခုနှစ် ခန့်မှန်း)
"သာမန်ကြည့်လျှင် မွှေးသည် အိမ်ထောင်ရေး အချစ်ဇာတ်လမ်းတစ်ခုဟု ဆိုနိုင်ပါသော်လည်း ကျွန်မသည် တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓာတ်ကို အခြေခံခဲ့ပါသည်"
ဆရာမ ခင်နှင်းယု တီဘီရောဂါနဲ့ India ကိုဆေးလာရောက်ကုသရာမှ မွှေး နှင့် အတွတ်တို့ ပြန်လည်ဆုံစဉ်းခဲ့ကြပုံ။ ငယ်စဉ်ကလေးဘဝ ထဲက အတူတကွ ကြီးပြင်းလာခဲ့ပြီး "မ ကျည်းတန်လေး ဘဝထဲက မွှေး" အပေါ်ထားတဲ့ အတွတ်ရဲ့ မေတ္တာတရားတွေကို တွေ့ရတယ်။

 

"မွှေးက မိန်းမပေမယ့် မိန်းမမဆန်ပါဘူး" ဆိုတဲ့ အတိုင်း မွှေးရဲ့ ဆုံးဖြတ်ချက်ပြတ်သားပုံတွေ မိသားစုအပေါ် တာဝန်ကျေပုံတွေ။ အိမ်ထောင်ရှင်မကောင်း ပီသပုံတွေ တွေ့ရတယ်။ အချစ်ကို ဖွင့်မပြောတက်ပဲ အမြဲနှောင့်နှေး နောက်ကောက် ကျတတ်တဲ့ "အတွတ်" အတွက်လည်း ရင်မောရ သနားဂရုဏာ သက်ရတယ်။ 

အရင်ခေတ်က တစ်အုပ်စီထွက်ခဲ့ပေမယ့် (မွှေး + ကုသိုလ်ကြမ္မာမမီပါခဲ့ + အတွတ်ရေ + ကျွန်တော်တင်အောင်ထွန်း) ဒီဘက်ခေတ်မှာတော့အကုန်လုံးပေါင်းပြီးတစ်အုပ်ထွက်ထားပေးတယ်။ မိသားစုရေး အချစ်ရေး အိမ်ထောင်ရေး နိုင်ငံရေး အကြောင်းတို့ကိုတစ်စေ့တစ်စောင်း ဖော်ပြပေးသွားသော စာအုပ်ကောင်း။  - (မွှေး ဇာတ်လမ်းဆိုပေမယ့် အတွတ်ဇာတ်လမ်း လို့တောင် ထင်မိတယ်)
Pdf link - https://www.mediafire.com/download/5n5mvc65ct5dt0w

 

(၅) မမ ~ မြသန်းတင့် (၁၉၆၁ ခုနှစ်)
"မင်းကတော် အသိုင်းအဝိုင်းထဲက မမ . . .
ပညာရှိပြီး နာမည်ဂုဏ်သတင်း / လှပသောဂုဏ်သတင်း တို့နဲ့ ကျော်စောလှသော မမ . . .

လူတကာ လေးစားရသော မမ . . ."


ထိုသို့သော မမတစ်ယောက် အချစ်ကို အိမ်ထောင်ဘက်အပြင် အခြားတစ်ယောက်ဆီမှာပါ ရှာမိသွား သောအခါ။ ခင်ပွန်းဖြစ်သူ ဦးသက်ထွန်းရဲ့ ခွင့်လွှတ်နိုင်စွမ်းတွေ ကိုသက်ဆွေရဲ့ အချစ်ကြီးပုံတွေနဲ့ မမ တစ်ယောက် ဝေခွဲမရ မပြတ်သားနိုင်ပုံတွေ။ သစ္စာတရား မေတ္တာတရား ရာဂအမှောင် တွေ အကြောင်း တစ်ဦးဆီကိုယ်စားပြုပြီးရေးပြသွားသော စာအုပ်ကောင်း။ ဇာတ်လမ်းအသွားအလာတွေ စာသားတွေ ဇာတ်သိမ်းသွားပုံတွေ အရမ်းကြိုက်တယ်။

 

"တကယ်တော့ သည်လောကတွင် ယုတ်မာမှုကို ပိုမို၍ ဆိုးသော ယုတ်မာမှုဖြင့် တုံ့ပြန်ဖို့သာကောင်းတော့သည်" - (ဇာတ်ကောင်တွေ ထဲမှာ ကိုယ်တိုင်မျောသွားသလို ခံစားရတယ်။)

Pdf link - https://bit.ly/3916AA

 

ဒီတစ်ပတ် ပိတ်ရက်မှာတော့ စာအုပ်ကောင်းလေးတွေနဲ့ အချိန်ကုန်ကြရအောင်ဗျို့။

Credit – Original Uploader

 

 

ျမန္မာ့စာေပသမိုင္းတစ္ေလ်ာက္ ေက်ာ္ၾကားခဲ့ေသာ "မ" ငါးလုံး ဝတၱဳမ်ား
" ေမ၊ မီ၊ ၿမိဳင္၊ ေမႊး၊ မမ "

 

(၁) ေမ ~ ဒဂုန္တာရာ (၁၉၄၁ ခုႏွစ္)
"ေမ ဝတၱဳကို ဖတ္ရသည္မွာ ရွမ္ပိန္အရက္ကို ေသာက္ရသည္ႏွင့္ တူေလသည္" ဆိုၿပီး သခင္ဗဟိန္း အမွာစာေရးေပးထားတဲ့ အတိုင္းေလးပဲ။

ေကာလိပ္ေက်ာင္းသူေလး ေမ / လူကုံထံ အသိုင္းကို ေလွာင္ေျပာင္ခ်င္ေနေသာ ေမ အျဖစ္ကေန သူကိုယ္တိုင္ လူကုံထံအသိုင္းအဝိုင္းၾကားမွာပဲ ေမြ႕ေပ်ာ္သြားမိပုံေတြ။ ေလာကရဲ့ သေဘာသဘာဝျဖစ္တဲ့ ရမက္ႏြံေတြထဲက ႐ုန္းမထြက္နိုင္ပဲ ပ်က္စီးသြားပုံေတြ။ အမွားေတြ အမွန္မျပင္နိုင္ေတာ့ဘဲ ေနာက္ဆုံးအခ်ိန္ထိ ပစၥည္းဥစၥာ ရမက္ေတြၾကားထဲ ႏွစ္ျမႇပ္သြားပုံေတြကို ေရးျပသြားတဲ့ ဝတၱဳေကာင္းေလးတစ္အုပ္။

 

"အေကာင္းကိုရွာ၏ ။ အေကာင္းကားမရွိေတာ့" - (အေရးအသားေတြကေတာ့ နည္းနည္းၾကမ္းတယ္)

Pdf link – https://www.mediafire.com/download/g2v4hgp63m6hlwj

 

(၂) မီ ~ ၾကည္ေအး (၁၉၄၈ ခုႏွစ္)
"မီဟာလွတယ္။ ဒါေပမယ့္ ဒါ့ထက္ပိုတာတစ္ခုရွိတယ္။ ဘာလဲေတာ့ မသိဘူး။ ရွင္းရွင္းေျပာရရင္ မီ့မွာ ကၽြန္ေတာ့္ကို ႐ူးေစတဲ့ အရာတစ္ခု ရွိတယ္။"

မီဟာ လွတယ္။ ရက္ေရာတယ္။ ေသြးေအးတယ္။ လၽွို့ဝွက္ခ်က္ေတြမ်ားတယ္ ဆိုတဲ့အတိုင္း မီ့အလွ မီ့ဂုဏ္ေတြေအာက္မွာ နစ္ေျမာသြားေသာ ပုရိသတစ္စုရဲ့ အခ်စ္ေတြ အမုန္းေတြ အၿငိဳးေတြကို ဆိုလိုရင္းထိထိေရာက္နဲ႔ ေရးျပသြားေသာစာအုပ္။ မီ ဇာတ္ေကာင္ ကို နားလည္ရခက္သည့္အတိုင္း ေနာက္ဆုံးအခ်ိန္ထိ နားမလည္နိုင္ခဲ့ဘူး။ ဘလွဝင္း ကို ဘယ္သူမွန္းေတာင္ မသိလိုက္ရ။

 

"မီ မီ မီ ... မီဟာ … မီမဟုတ္ဘူး။ မီးပဲ ... မီးပဲ ငါ့ကိုရွို့ေနတဲ့ မီးပဲ ... မီေလးရယ္"  - (ကိုယ္ခဏ ခဏ ဖတ္ျဖစ္တဲ့စာအုပ္ေလး)
Pdf link - https://www.mediafire.com/download/mr1662hva1lkl28

 

(၃) ၿမိဳင္ ~ ဗန္းေမာ္တင္ေအာင္ 

"အႏွိပ္စက္ခံရမွာ ေၾကာက္လို့ပဲျဖစ္ျဖစ္ အသတ္ခံရမွာ ေၾကာက္လို့ပဲျဖစ္ျဖစ္ တိုးတက္မူနဲ႔ အမွန္တရားဘက္က ရပ္တည္မယ့္လူေတြသာ သမိုင္းတစ္ေလၽွာက္မွာ ေပၚေပါက္မလာခဲ့ရင္ လူ႔ေလာကဟာ တိရစၧာန္ေလာကသာသာေလာက္ပဲ ရွိေနဦးေတာ့မွာေပါ့ ၿမိဳင္ရယ္"

အထက္တန္းလႊာက ေရေပၚဆီ ေနခဲ့ရေသာ သူေဌးသမီးေလး ၿမိဳင္နဲ႔ သတင္းစာသမားေလး ကိုတင္ဦး တို့ရဲ့ဇာတ္လမ္း။ ခ်စ္ျခင္းနဲ႔အစျပဳခဲ့ၾကေပမယ့္ မတူညီတဲ့ လူတန္းစားႏွစ္ခု ရဲ့ သေဘာထားကြဲလြဲမွုေတြနဲ႔ အိမ္ေထာင္ေရး မသာယာနိုင္ပုံေတြ ေရးျပေပးသြားတဲ့ စာအုပ္ေကာင္းေလး။ အသားက်ေနတဲ့ ၿမိဳင့္ ရဲ့ စိတ္ဓာတ္ကို ကိုတင္ဦးက ခြင့္လႊတ္နိုင္မလား ျပဳျပင္ေပးနိုင္မလားဆိုတာေတာ့ စိတ္ဝင္စားဖို့ေကာင္းတယ္။
ဆရာဗန္းေမာ္တင္ေအာင္ရဲ့ လက္စြမ္းအတိုင္း သတင္းစာသမားေလး ကိုတင္ဦး ရဲ့ဇာတ္ေကာင္ကို ေရးျပသြားတာ ဆရာႀကီးရဲ့ ကိုယ္ပြား ျပယုဒ္ အျဖစ္ေတာင္ သတ္မွတ္ၾကပါတယ္။ - (နိုင္ငံေရးဆိုတာ စိတ္ဝင္စားဖို့ ေလ့လာဖို့ တာဝန္ရွိတယ္ ဆိုတာမ်ိဳး သိလိုက္ရတယ္။)

Pdf link - https://www.mediafire.com/download/k3nj8dcm8sc3ym6

 

 

(၄) ေမႊး ~ ခင္ႏွင္းယု (၁၉၈၇ ခုႏွစ္ ခန႔္မွန္း)
"သာမန္ၾကည့္လၽွင္ ေမႊးသည္ အိမ္ေထာင္ေရး အခ်စ္ဇာတ္လမ္းတစ္ခုဟု ဆိုနိုင္ပါေသာ္လည္း ကၽြန္မသည္ တိုင္းခ်စ္ျပည္ခ်စ္ မ်ိဳးခ်စ္စိတ္ဓာတ္ကို အေျခခံခဲ့ပါသည္"
ဆရာမ ခင္ႏွင္းယု တီဘီေရာဂါနဲ႔ India ကိုေဆးလာေရာက္ကုသရာမွ ေမႊး ႏွင့္ အတြတ္တို့ ျပန္လည္ဆုံစဥ္းခဲ့ၾကပုံ။ ငယ္စဥ္ကေလးဘဝ ထဲက အတူတကြ ႀကီးျပင္းလာခဲ့ၿပီး "မ က်ည္းတန္ေလး ဘဝထဲက ေမႊး" အေပၚထားတဲ့ အတြတ္ရဲ့ ေမတၱာတရားေတြကို ေတြ႕ရတယ္။

"ေမႊးက မိန္းမေပမယ့္ မိန္းမမဆန္ပါဘူး" ဆိုတဲ့ အတိုင္း ေမႊးရဲ့ ဆုံးျဖတ္ခ်က္ျပတ္သားပုံေတြ မိသားစုအေပၚ တာဝန္ေက်ပုံေတြ။ အိမ္ေထာင္ရွင္မေကာင္း ပီသပုံေတြ ေတြ႕ရတယ္။

 

အခ်စ္ကို ဖြင့္မေျပာတက္ပဲ အျမဲေႏွာင့္ေႏွး ေနာက္ေကာက္ က်တတ္တဲ့ "အတြတ္" အတြက္လည္း ရင္ေမာရ သနားဂ႐ုဏာ သက္ရတယ္။
အရင္ေခတ္က တစ္အုပ္စီထြက္ခဲ့ေပမယ့္ (ေမႊး + ကုသိုလ္ၾကမၼာမမီပါခဲ့ + အတြတ္ေရ + ကၽြန္ေတာ္တင္ေအာင္ထြန္း) ဒီဘက္ေခတ္မွာေတာ့အကုန္လုံးေပါင္းၿပီးတစ္အုပ္ထြက္ထားေပးတယ္။ မိသားစုေရး အခ်စ္ေရး အိမ္ေထာင္ေရး နိုင္ငံေရး အေၾကာင္းတို့ကိုတစ္ေစ့တစ္ေစာင္း ေဖာ္ျပေပးသြားေသာ စာအုပ္ေကာင္း။
(ေမႊး ဇာတ္လမ္းဆိုေပမယ့္ အတြတ္ဇာတ္လမ္း လို့ေတာင္ ထင္မိတယ္)
Pdf link - https://www.mediafire.com/download/5n5mvc65ct5dt0w

 

 

(၅) မမ ~ ျမသန္းတင့္ (၁၉၆၁ ခုႏွစ္)
"မင္းကေတာ္ အသိုင္းအဝိုင္းထဲက မမ . . .
ပညာရွိၿပီး နာမည္ဂုဏ္သတင္း / လွပေသာဂုဏ္သတင္း တို့နဲ႔ ေက်ာ္ေစာလွေသာ မမ . . .

လူတကာ ေလးစားရေသာ မမ . . ."

ထိုသို့ေသာ မမတစ္ေယာက္ အခ်စ္ကို အိမ္ေထာင္ဘက္အျပင္ အျခားတစ္ေယာက္ဆီမွာပါ ရွာမိသြား ေသာအခါ။ ခင္ပြန္းျဖစ္သူ ဦးသက္ထြန္းရဲ့ ခြင့္လႊတ္နိုင္စြမ္းေတြ ကိုသက္ေဆြရဲ့ အခ်စ္ႀကီးပုံေတြနဲ႔ မမ တစ္ေယာက္ ေဝခြဲမရ မျပတ္သားနိုင္ပုံေတြ။ သစၥာတရား ေမတၱာတရား ရာဂအေမွာင္ ေတြ အေၾကာင္း တစ္ဦးဆီကိုယ္စားျပဳၿပီးေရးျပသြားေသာ စာအုပ္ေကာင္း။ ဇာတ္လမ္းအသြားအလာေတြ စာသားေတြ ဇာတ္သိမ္းသြားပုံေတြ အရမ္းႀကိဳက္တယ္။

"တကယ္ေတာ့ သည္ေလာကတြင္ ယုတ္မာမွုကို ပိုမို၍ ဆိုးေသာ ယုတ္မာမွုျဖင့္ တုံ႔ျပန္ဖို့သာေကာင္းေတာ့သည္" - (ဇာတ္ေကာင္ေတြ ထဲမွာ ကိုယ္တိုင္ေမ်ာသြားသလို ခံစားရတယ္။)

Pdf link - https://bit.ly/3916AA

 

ဒီတစ္ပတ္ ပိတ္ရက္မွာေတာ့ စာအုပ္ေကာင္းေလးေတြနဲ႔ အခ်ိန္ကုန္ၾကရေအာင္ဗ်ိဳ႕။

Credit – Original Uploader

Read times Last modified on Friday, 22 January 2021 10:41
Rate this articles
(0 votes)