×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Tuesday, 13 November 2018

အိပ်မက်တွေ လက်တွေ့ဖြစ်လာစေဖို့

ဘယ်လောက်ပဲကံကောင်းကောင်း ကိုယ့်ရဲ့အိမ်မက်တွေ လက်တွေ့ဖြစ်ဖို့ရန် ကြိုးစားဖို့လိုပါတယ်။

ဘယ်လိုလုပ်ရင် အိမ်မက်တွေ အကောင်အထည်ပေါ်လာမှာလဲ။

၁။ ဘယ်လောက်ပဲခက်ခဲပါစေ ကိုယ့်အတွက် ကတော့ အခွင့်အရေးလို့ တွေးစေချင်ပါတယ်။

အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ လက်မလျှော့ပဲ ရဲရဲတင်းတင်းသာ ရှေ့သို့ ဆက်လျှောက်သင့်ပါတယ်။

၂။ ဘဝဟာ အမြဲတမ်း တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ အရှုံးတွေကို ရင်ဆိုင်ပြီး ဆက်ပြီး ကြိုးစားပါ။

ကိုယ့်ဘဝကို အစစအရာရာ ချုပ်တည်းထားတာ ထက် လုပ်သင့်တဲ့ကိစ္စကို လုပ်သာလုပ်ပါ။ အကယ်၍ မှားခဲ့ရင်လည်း နောက်တစ်ကြိမ် ကြိုးစားပါ။

၃။ အလုပ်ထွက်၊ နေရာပြောင်း၊ အိမ်ပြောင်းပါ။

အိမ်မက်တွေကို အကောင်အထည်ဖော်နေသူများဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ လက်တွေ့လုပ်နေသူများဖြစ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အနှောက်အယှက်ပေးသူများရှိခဲ့ရင်လည်း အဲဒီနေရာကနေ မရရသောနည်းဖြင့် ထွက်ပြီး အိမ်မက်ကို လက်တွေ့ဖြစ်စေမှာပါ။

၎။ အောင်မြင်မယ်လို့ ယုံကြည်ထားသူပါ။

ကိုယ်လုပ်နေတဲ့အလုပ်တွေက တစ်နေ့ကျရင် အောင်မြင်မယ်လို့ ယုံကြည်ထားပါတယ်။ တကယ်ကော ဖြစ်နိုင်ပါ့မလားဆို တာထက် ဖြစ်ကို ဖြစ်ရမယ်လို့ ယုံကြည်ထားပါတယ်။

၅။ ပတ်ဝန်းကျင်ကိုလည်း အကူအညီတောင်းတတ်သူပါ။

တစ်ယောက်တည်းနဲ့ အောင်မြင်ဖို့ရန် ခက်ခဲလှပါတယ်။ လိုအပ်တဲ့အချိန်မှာ အကူအညီကို တောင်းခံတတ်သူများလည်း ဖြစ်ပြီး ပတ်ဝန်းကျင်ကလည်း ဒါကိုလက်ခံတာတွေရှိပါတယ်။

၆။ စာအုပ်ကြီးအတိုင်း မဟုတ်၊ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းရှိပါတယ်။

ပတ်ဝန်းကျင်က သတ်မှတ်ထားသော စည်းမျဉ်းတွေထက် ကိုယ့်ရဲ့ယုံကြည်ချက် စည်းကမ်းတွေအတိုင်းသာ လျှောက်လှမ်းနေကြတာပါ။ သူတို့က ကိုယ်လုပ်ချင်တဲ့အလုပ်ကို ဖြစ်အောင်လုပ်သူများဖြစ်ပါတယ်။

၇။ ကိုယ့်ထက်တော်သောသူကို အမြဲကိုယ့်အနားမှာထားတယ်။

အခြားသောသူများက မလုပ်နိုင်သောအလုပ်ကို လုပ်နေတဲ့အတွက် အခက်အခဲတွေအများကြီး ကြုံတွေ့နိုင်ပါတယ်။ ဒီအတွက်လည်း ကိုယ်ကတိုင်ပင်နိုင်မဲ့သူကို စွမ်းရည်ထက်မြက်သောသူကို အမြဲကိုယ့်အနားမှာထားပါတယ်။

source: thutazone

Read times Last modified on Wednesday, 29 January 2020 15:28
Rate this articles
(1 Vote)