×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 21 December 2018

ကျောင်းသားတွေကို စိတ်အားထက်သန်နေအောင် ဘယ်လိုလုပ်မလဲ

ကျွန်မကတော့ အဲဒါကို ပျော်ရွှင်ခိုင်မာတဲ့ အိမ်ထောင်ရေးတစ်ခုနဲ့ နှိုင်းယှဉ်ပမာပေးလိုပါတယ်။ ချစ်ခင်နှစ်သက်ခြင်းလိုမျိုး စိတ်ခံစားမှုလိုဘဲ စိတ်အားထက်သန်မှုဆိုတာ မှန်မှန်လေးပြုစုပျိုးထောင်ပေးတာမျိုး

မပြုလုပ်ပေးရင် တဖြည်းဖြည်း မှေးမှိန်လျော့ရဲသွားတတ်ပါတယ်။

အဲ့ဒါက အချိန်၊ အားစိုက်မှုနဲ့ စွမ်းအားတို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကြိုးစားရကျိုးနပ်ပါတယ်။

ကျွန်မရဲ့ အတွေ့အကြုံအရပြောရရင် ကျောင်းသားတွေကို စိတ်အားထက်သန်အောင် လုပ်နိုင်တဲ့ သူဟာ စိတ်အားထက်သန်မှုရှိတဲ့ ဆရာသာလျှင် ဖြစ်ပါတယ်။

သင်ဟာ စာသင်ခြင်းအပေါ် နှစ်သက်စွဲလမ်းမှု ရှိမယ်ဆိုရင် သင့်ကျောင်းသားတွေကလည်း သူတို့ရဲ့ သင်ကြားရေးအပေါ်နှစ်သက်စွဲ လမ်းမှုကို ပြသနိုင်ခြေ ပိုများပါတယ်။

ဒါပေမဲ့ အဲ့ဒါရဲ့ ဆန့်ကျင်ဘက် အပြုအမူမှာလည်း ဆန့်ကျင်ဘက် သက်ရောက်မှုမျိုး ဖြစ်တတ်တယ်လို့ ပြောပါရစေ။ အကယ်လို့ သင်က စာသင်ရတာကို စိတ်မဝင်စားရင် သင့်ရဲ့ ကျောင်းသားတွေကလည်း စာသင်ကြားရေးကို စိတ်ပါကြမှာ မဟုတ်ပါဘူး။

ဒါကြောင့် နှစ်ပေါင်းအတော်ကြာ စုဆောင်းမိထားတဲ့ ကျွန်မရဲ့ စာသင်အတွေ့အကြုံထဲက ကောင်းနိုးရာရာ အကြံပြုချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

ကျောင်းသားတွေကို ပါဝင်လုပ်ကိုင်စေပါ။ ကျောင်းသားတွေကို အတန်းထဲမှာ ပူးပေါင်း ပါဝင်လုပ်ကိုင်စေတာ၊ ဦးဆောင်တက်ကြွ လှုပ်ရှားမှုတွေမှာ ပါဝင်စေတာမျိုး မလုပ်ရင်တော့ သူတို့တွေကို တက်ကြွမှု ဖြစ်စေမှာ မဟုတ်ပါဘူး။

ဆရာကဘဲ အရှေ့ကနေ အချိန်ပြည့် တတွတ်တွတ်ပြောသွားပြီး ကျောင်းသားတွေက လိုက်မှတ်ရတဲ့ ခေတ်က ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပါပြီ။

စာသင်ခန်းတွေဟာ ကျောင်းသားကို ဗဟိုပြုတာဖြစ်သင့်ပါပြီ။ သင်ယူမှု အဆင့်ဆင့်မှာ ဆရာတစ်ယောက်ဟာ နည်းပြ သို့မဟုတ် ကြားဝင်ဆောင်ရွက်သူတစ်ဦး အသွင်နဲ့သာ ကူညီတာ၊ လမ်းညွှန်တာ၊ ထိန်းကြောင်းတာမျိုးသာ လုပ်သင့်ပါတယ်။

ကျောင်းသားတွေကို ထွန်းလင်း တောက်ပခွင့် ပေးပါ။ ကျောင်းသားတွေကို အောင်မြင်မှုရဲ့ အရသာကို ခံစားခွင့်ပေးဖို့ အရေးကြီးပါတယ်။

သူတို့ရဲ့ ကြိုးစားမှု အသီးအပွင့် ရလာဒ်ကို မြင်သာတဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ခိုင်းပါ။ ခက်ခဲတဲ့ လေ့ကျင့်ခန်းတစ်ခုကို အောင်မြင် ပြီးမြောက်သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ “Yeah, I did it!” (ဟေး၊ အောင်ပြီကွ!) ဆိုတဲ့ ခံစားမှု အရသာဟာ ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုကို မြင့်မားစေပါတယ်။

သင်ယူခြင်းကို ပျော်စရာကောင်းအောင်လုပ်ပါ
သင့်အတန်းကို စွဲလန်းစရာ၊ အမှတ်ရစရာတွေ ဖြစ်အောင်လုပ်ပါ။ ကစားပွဲတွေ၊ပြိုင်ပွဲတွေ လုပ်ပေးပါ။ လူတိုင်းဟာ ပြိုင်ပွဲတွေကို နှစ်ခြိုက်ကြပြီး အဲ့ဒါက ကျောင်းသားတွေကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြောဆိုဆက်ဆံရအောင်၊ ပျော်ရွှင်ဖွယ်ဖြစ်ပြီး သင်ယူခြင်းကိုပါ တပြိုင်နက်တည်း ဖြစ်ပေါ်နေစေအောင် အခွင့်အရေးတွေ ဖန်တီးပေးပါတယ်။

ဖတ်စာအုပ်တွေကနေ ဝေးဝေးနေပါ
သင့်ကျောင်းသားတွေကို သူတို့ရဲ့ လိုအပ်ချက်၊ စိတ်ဝင်စားမှု စတာတွေနဲ့ ကိုက်ညီမယ့်၊ လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ပေးမယ့် ပြင်ပက တစ်ကယ့်အကြောင်းအရာတွေ ကိုသင်ကြားရေးမှာသုံးပါ။

သင့်ကိုယ်ပိုင် သင်ခန်းစာတွေကို ဖန်တီးကာ သူတို့တွေ အောင်မြင်ဖို့အတွက် သင်က ဘယ်လောက် ကြိုးပမ်းအားထုတ်မှုတွေ၊ အချိန်ေ
တွ ရင်းနှီးပြီး ကူညီပေးနေတယ်ဆိုတာ ပြသပါ။

အချို့အရာတွေကို ဘာကြောင့်လုပ်ရသလဲဆိုတာ ရှင်းပြပါ
ကျောင်းသားတွေကို ဖတ်စာအုပ်ဖွင့်ပြီး ’စာမျက်နှာ ၂၂ က လေ့ကျင့်ခန်း ၅ ကိုလုပ်ပါ’ လို့ ခိုင်းတာလောက် ပျင်းစရာကောင်းတာ မရှိပါ။ လေ့ကျင့်ခန်းတစ်ခုကို လုပ်ခိုင်းတော့မယ်ဆိုရင် ကျောင်းသားတွေကို အဲ့ဒီလေ့ကျင့်ခန်းကို လုပ်ဖို့ ဘာကြောင့် အရေးကြီးကြောင်းနဲ့ အဲ့ဒါကို လုပ်လို့ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာကိုပါ ရှင်းပြဖို့ လိုအပ်ပါတယ်။

ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေပေးပါ
လေ့ကျင့်ခန်းတစ်ခု လုပ်ခိုင်းတော့မယ်ဆိုရင် ရှင်းရှင်းလင်းလင်း ညွှန်ကြားပြီး ကျောင်းသားတွေကိုလည်း ဦးစွာပထမ ပြင်ဆင်ဖို့ရယ် ပြီးတော့ မရှင်းလင်းတာတွေ မေးမြန်းဖို့ရယ်အတွက် အချိန်ပေးရပါမယ်။

လုပ်ရမယ့် လေ့ကျင့်ခန်းကို သေသေချာချာ နားမလည်လို့ ကောင်းကောင်းမလုပ်နိုင်တာလောက် ကျောင်းသားတွေကို စိတ်ပျက်စေတဲ့ အရာ မရှိတော့ပါဘူး။

ဒါဟာ ကျောင်းသားတွေအတွက် အရမ်းအရေးကြီးပါတယ်။ သူတို့တွေ လုပ်ရမယ့်အရာဟာ ဘာလဲဆိုတာ သူတို့တွေ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။

Source: Myanmar Network

Read times Last modified on Thursday, 30 January 2020 14:20
Rate this articles
(1 Vote)