×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 03 January 2020

"ျမန္မာ့လြတ္လပ္ေရးေန႔ မွတ္စုမ်ား"

"ျမန္မာ့လြတ္လပ္ေရးေန႔ မွတ္စုမ်ား" google.com

မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ကြီးကို ၁၉၄၉ ခုနှစ်၌ မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က တည်ဆောက်ခဲ့၏။

၁၉၅၀ ပြည့်နှစ် နိုဝင်ဘာ၂၆ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ စည်သူဦးတင်မှာ ရန်ကုန်မြို့တော်ခန်းမ၊ ရန်ကုန်ဘူတာကြီး၊ မြို့မကျောင်း စသော ရှေးဟောင်းအဆောက်အအုံများကို တည်ဆောက်ခဲ့သူဖြစ်ပါသည်။
‘တိုင်းပြည်တစ်ပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊ အတက် အကျ၊ လောကဓံအမျိုးမျိုးကို တွေ့ရ တယ်ဆိုတာ၊ ကမ္ဘာ့ရာဇဝင်သိတဲ့လူတိုင်းတော့ ဆင်ခြင်နိုင် ကြမှာပါ။ ဒါကြောင့် အမြင်ကျယ်ကျယ်၊ အမြော်အမြင်ကြီးကြီးနဲ့ စိတ်မပျက်လက်မပျက်ဘဲ၊ ရသမျှ အခွင့်အရေးကိုရတုန်း၊ မိမိရရယူကြရလိမ့်မယ်၊ ဒါမှ ကျုပ်တို့ မြန်မာပြည်ကြီးကျုပ်တို့ ချစ်ရာရောက်မယ်။ ကျုပ်တို့ ပြန်လည်ထူထောင်နိုင်မယ်’
(၁၉၄၄ ခုနှစ် နိုဝင်ဘာလ ဗိုလ်ချုပ်အောင်ဆန်း)

BA_021.jpeg


တိုင်းတစ်ပါးသားတို့၏ စိုးမိုးအုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်လာခဲ့ သော တိုင်းပြည်၌အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ် ရေးနေ့ဟု အမြတ်တနိုးသတ်မှတ်ကြပါသည်။
မြန်မာနိုင်ငံသည် ရှေးပဝေသဏီကပင် ကိုယ့်မင်းကိုယ့် ချင်း ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ခဲ့ကြပါသည်။ အေဒီ(၁)ရာစု ဝန်းကျင်၌ ဗိဿနိုး၊ ဟန်လင်း၊ တကောင်း၊ သရေ ခေတ္တရာဒေသ များတွင် ပဒေသရာဇ်နိုင်ငံများကို ပျူလူမျိုးများက ထူထောင်ခဲ့ကြ၏။ သုဝဏ္ဏဘုမ္မိ ခေါ် သထုံပြည်လည်း ထင်ရှားရှိခဲ့သည်။


ပထမမြန်မာနိုင်ငံတော်ကို ပုဂံခေတ်၌ အနော်ရထာမင်း အေဒီ ၁၀၄၄-၁၀၇၇ ခုနှစ်က စတင်တည်ထောင်နိုင်ခဲ့သည်။ ဒုတိယ မြန်မာနိုင်ငံတော်၌ ဘုရင့်နောင်ကျော်ထင်နော်ရထာ အေဒီ ၁၅၅၁-၁၅၈၁ ခုနှစ်က တည်ထောင်ခဲ့၏။ တတိယမြန်မာ နိုင်ငံတော်ကို ကုန်းဘောင်ခေတ်၌ အလောင်းမင်းတရားကြီးက အေဒီ ၁၇၅၂ -၁၇၆၁ ခုနှစ်က တည်ထောင်နိုင်ခဲ့သည်။ ယနေ့ ကာလသည် စတုတ္ထမြန်မာနိုင်ငံတော်ကာလ ဖြစ်ပါ၏။ ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားများ စုပေါင်းတည်ထောင်နေကြ သည်ဟု ဆိုချင်ပါသည်။


ကမ္ဘာလှည့်ပြီး နယ်ချဲ့စိုးမိုးလိုစိတ်၊ မတော်လောဘစိတ် ပြင်းပြနေသော စစ်အင်အား၊ လက်နက်အင်အားကြီးမားသည့် ဗြိတိသျှတို့သည် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေး စသည့် နည်းမျိုးစုံအသုံးချ၍ မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက် လာကြပါသည်။
၁၈၂၄ ခုနှစ်၌ ဗြိတိသျှ-မြန်မာ ပထမအကြိမ် စစ်ဖြစ်၏။ ရှင်မဖြူကျွန်းအရေးအခင်း၊ ရခိုင်နယ်စပ်ပြဿနာဖြစ်၏။ ရန္တပို စာချုပ်ဖြင့် စစ်ပြေငြိမ်းခဲ့ရ၏။ တနင်္သာရီနှင့် ရခိုင်နယ်တို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။

obilek-with-sule-paya.jpeg


၅-၄-၁၈၅၂ ရက်မှ ၃၀-၆-၁၈၅၇ ရက်အထိ ဗြိတိသျှ- မြန်မာတို့ ဒုတိယစစ်ပွဲ ဖြစ်ပွားပြန်သည်။ ရန်ကုန်မြို့ဝန် ဦးအုပ် နှင့် ဆက်စပ်သောအကြောင်းပြချက်ဖြစ်၏။ အောက်မြန်မာပြည် သရက်မြို့အထိ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြန်သည်။
၁၄-၁၁-၁၈၈၅ ရက်မှ ၂၉-၁၁-၁၈၈၅ ရက်အထိ တတိယအကြိမ် ဗြိတိသျှ-မြန်မာ စစ်ဖြစ်ပွားခဲ့၏။ သို့သော်တိုက်ပွဲမည်မည်ရရ မတိုက်ခဲ့ရပါ။ မြန်မာဘုရင် သီပေါမင်းနှင့် စုဖုရားလတ်တို့ကို ကြက်ငှက်သဖွယ် ဖမ်းဆီးခံရ၏။ ဘုံဘေ ဘားမားကုမ္ပဏီ၏ သစ်ခိုးမှုပြဿနာက စခဲ့၏။ ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် မြန်မာတို့၏ အချုပ်အခြာအာဏာ လက် လွတ်ခဲ့ရ၏။ မြန်မာ့လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် ရောက် တိုင်း မိမိတို့ သူ့ကျွန်ဘဝရောက်ခဲ့ရသည့်နေ့ ဇန်နဝါရီ ၁ ရက်နေ့ ကိုလည်း မမေ့ထားအပ်ပေ။


ဗြိတိသျှလက်အောက်ရောက်ပြီးနောက် အစဦးပိုင်း တော်လှန်ရေးများနှင့် လက်နက်စွဲကိုင်တိုက်ခိုက်မှုများသည် နယ်မြေဒေသအလိုက် ဖြစ်ကြ၏။ အရေးနိမ့်ခဲ့ကြ၏။ ၁၈၈၅ ခုနှစ်မှ ၁၉၀၀ ပြည့်နှစ်အထိ အမျိုးသားတော်လှန်မှုကို နယ်ချဲ့တို့ အဆက်မပြတ် ရင်ဆိုင်ခဲ့ကြရ၏။ နယ်ချဲ့တို့က စစ်အင်အား၊ လက်နက်အင်အား အသာစီးဖြင့် နည်းမျိုးစုံစွာ ဖိနှိပ်အုပ်ချုပ် သည်။ မြန်မာတိုင်းရင်းသားများစွာတို့၏ ဇာတိမာန်ပျောက် ကွယ် မသွားခဲ့ပါ။ အားမတန်၍သာ မာန်လျှော့ခဲ့ကြရခြင်းဖြစ်၏။
၁၉၀၆ ခုနှစ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ ၁၉၁၉ ခုနှစ်၌ မြန်မာအမျိုးသမီး ကုမ္မာရီအသင်း၊ ၁၉၂၀ ပြည့်နှစ်၌ GCBA အသင်းများသည် နိုင်ငံရေး မျိုးစေ့ ချပေး နိုင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ် နယ်ချဲ့ပညာရေးကို ဆန့်ကျင် သည့် ကျောင်းသားသပိတ်ဖြစ်ပွားခဲ့၏။ ၁၉၃၀ ပြည့်နှစ် ဒီဇင် ဘာလ၌ ဆရာစံဦးဆောင်သော တောင်သူလယ်သမားများက ရရာ လက်နက်ဖြင့် တော်လှန်ခဲ့ကြသည်။ ၁၉၃၀ ပြည့်နှစ်တွင် သခင်အသင်းခေါ် တို့ဗမာအစည်းအရုံးကြီး ပေါ်လာသည်။ နိုင်ငံရေးလှုပ်ရှားမှုများဖြင့် နိုးကြားတက်ကြွလာသည်။ ၁၃၀၀ ပြည့် ရေနံမြေသပိတ်အရေးတော်ပုံကြီဖြင့် နယ်ချဲ့ကို စတင် အံတုခဲ့ကြသည်။ သခင်အောင်ဆန်း အတွင်းရေးမှူးဖြစ်သော ဗမာ့ထွက်ရပ်ဂိုဏ်းကြီး ဖွဲ့စည်းနိုင်ခဲ့သည်။ ‘လွတ်လပ်ရေးသည် တောင်းယူ၍မရ၊ တိုက်ယူမှရမည်’ဟု သိမြင် နိုးကြားလာခဲ့သည်။


၁၉၄၀ ပြည့်နှစ် ဩဂုတ် ၈ ရက်တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် တိုင်လီသင်္ဘောဖြင့် ဂျပန်သို့ထွက်ခွာခဲ့သည်။ ဤသည်ပင် မြန်မာ့တပ်မတော်အစ၊ မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲအစဖြစ်၏။
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ထိုင်းနိုင်ငံ ဦးလွန်းဖေ အိမ်၌ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကာ အင်အား ၃၀၀၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၂ ခုနှစ် ၌ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးသည် ဂျပန်တို့နှင့်အတူ မြန်မာပြည်တွင်းသို့ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် ဝင်ရောက် လာခဲ့ကြသည်။ မတ်လ ၈ ရက်တွင် ရန်ကုန်ကို သိမ်းပိုက်နိုင်ခဲ့၏။ ၂၇-၇-၁၉၄၂ ရက်၌ BIA ကို BDA (ဗမာ့ကာကွယ်ရေး တပ်မတော်)ဟု အမည်ပြောင်းခဲ့သည်။
မြန်မာ့လွတ်လပ်ရေးသမိုင်းမှတ်စုတွင် ဂျပန်ခေတ်ကို ချန်လှပ်၍မရပါ။ ရဲဘော်သုံးကျိပ်ဦးဆောင်သော ဗမာ့တော် လှန်ရေးအင်အားစုများသည် ဂျပန်နှင့်ပူးပေါင်း၍ ဗြိတိသျှ နယ်ချဲ့တို့ကို တိုက်ခိုက်ခဲ့ကြပါသည်။ တိုင်းရင်းသား လူမျိုးစု များစွာပါဝင်ကာ ဗြိတိသျှတို့ကို မောင်းထုတ်ခဲ့ကြခြင်းသည် မြန်မာပြည်လွတ်လပ်ရေးအတွက်သာ ဖြစ်ခဲ့၏။


ဂျပန်အစိုးရက ချွေးသိပ်သည့်အနေဖြင့် ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် မြန်မာနိုင်ငံအား ကမ္ဘာသိအောင်ကြေညာ၍ လွတ်လပ်ရေး ပေးခဲ့သည်။ ဂျပန်၏ ကြေညာချက်ကြောင့် မြန်မာ့လွတ်လပ်ရေးကို ဝန်ရိုးစွန်းတမ်းနိုင်ငံများက အသိအမှတ် ပြုခဲ့ကြ၏။ ဘာလင် ဂျာမန်အစိုးရ၊ နန်တင်းတရုတ်အမျိုးသား အစိုးရ၊ ဆင်ကင်းမြို့မှ မန်ချူးရီးယားအစိုးရ၊ ဗန်ကောက်ထိုင်း အစိုးရ၊ စပိန်အစိုးရ၊ အစ္စတန်ဘူလ်မြို့မှ စလိုဗက်စကီးအစိုးရ တို့က ဝမ်းမြောက်စွာ အသိအမှတ်ပြုကြောင်း ကြေးနန်းရိုက် ပေးပို့ခဲ့ကြပါသည်။


မြန်မာနိုင်ငံ၌ ထိုဩဂုတ်လ ၁ ရက်ကို ]အောင်သပြေနေ့}ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ မြန်မာတစ်နိုင်ငံလုံး မြို့တိုင်း၊ မြို့တိုင်း သပြေပင်များကို အခမ်းအနားဖြင့် စိုက်စေခဲ့သည်။ ]လွတ်လပ် ပြီ၊ လွတ်လပ်ပြီ၊ တို့ပြေလွတ်လပ်ပြီ၊ အောင်သေပြေကို ဆွတ်ခါ တည်၊ ငါတို့ကိုင်ဆောင်မည်}ဟူသော အောင်သပြေသီချင်းသံ သည် တစ်နိုင်ငံလုံးကို ဖုံးလွှမ်းခဲ့ပါသည်။ မြန်မာ့သမိုင်းဆရာ များက ထိုဩဂုတ်လ ၁ ရက်ကို ရွှေရည်စိမ်လွတ်လပ်ရေးနေ့ ဟုလည်း ခေါ်ဝေါ်ကြပါသည်။


မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် သမိုင်းဝင်စာချုပ်ငါးခု ရှိသည်.............................
(၁) ကန္ဒီစာချုပ်သည် ၁၇-၉-၁၉၄၅ ရက်တွင် သီရိ လင်္ကာနိုင်ငံ ကန္ဒီမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် လော့ဒ်လူဝီ မောင့်ဘက်တန်တို့ စာချုပ်ချုပ်ဆိုခဲ့ပါသည်။ ယင်း စာချုပ်အရ အရာရှိ ၂၀၀ နှင့် စစ်သည်အင်အား ၅၀၀၀ ဖြင့်သာ ဖွဲ့စည်းခွင့်ပြုခဲ့သည်။


(၂) အောင်ဆန်း-အက်တလီစာချုပ်သည် မြန်မာ့လွတ်လပ်ရေးရရှိရေးအတွက် ဗိုလ်ချုပ်နှင့် ဝန်ကြီးအက်တလီ တို့သည် ၂၇-၁-၁၉၄၇ ရက်တွင် လန်ဒန်မြို့ ဒေါင်းနှင်းလမ်း အမှတ်(၁၀)ရှိ ဝန်ကြီးချုပ်အိမ်၌ တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးရန် ချုပ်ဆိုသော စာချုပ်ဖြစ်၏။


(၃) ပင်လုံစာချုပ်ကို မြန်မာနိုင်ငံ၏ တိုင်းရင်းသား ကိုယ်စားလှယ် ၂၃ ဦး လက်မှတ်ရေးထိုးခဲ့သည့် ၁၂-၂-၁၉၄၇ ရက်တွင် ချုပ်ဆိုခဲ့ပါသည်။ ပြည်နယ်ပြည်မ မခွဲခြားဘဲ လွတ်လပ် ရေး၏ အသီးအပွင့်ကို အညီအမျှ ခံစားကြမည်ဟူသော ကတိ ပြုချက်စာချုပ်ဖြစ်ပါသည်။


(၄) လက်ျာ-ဖရီးမန်းစာချုပ်ကို ၂၇-၈-၁၉၄၇ ရက်၌ သီရိလင်္ကာနိုင်ငံ ကန္ဒီ မြို့၌ တပ်မတော်အနာဂတ်ရေးအတွက် ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ကာကွယ်ရေးဝန်ကြီး ဗိုလ် လက်ျာနှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး မစ္စတာဖရီးမန်းတို့ချုပ်ဆိုခဲ့သည့် စာချုပ်ဖြစ်သည်။


(၅) နု-အက်တလီစာချုပ် ဆိုသည်မှာ နယ်ချဲ့လက်ပါးစေ သစ္စာဖောက် လူတစ်စုကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်များသည် ၁၉-၇-၁၉၄၇ ရက်တွင်ကျဆုံးခဲ့ရ၍ ဝန်ကြီးချုပ် ဦးနုနှင့် ၁၇-၁၀-၁၉၄၇ ရက်၌ အက်တလီနှင့်ချုပ်ဆိုခဲ့ရသော စာချုပ်ဖြစ်သည်။


ထိုစာချုပ်အရ တတိယမြန်မာစစ်ပွဲအပြီး သူ့ကျွန်ဘ၀ ရောက်ခဲ့ရာမှ ၄-၁-၁၉၄၈ ရက်တွင် လွတ်လပ်ရေးပြန်လည် ရရှိခဲ့၏။ ဖက်ဆစ်ဂျပန်တို့၏ ရွှေရည်စိမ်လွတ်လပ်ရေးကြောင့် ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်၌ ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ ပါသည်။ ဂျပန်ကိုမောင်းထုတ်နိုင်သော်လည်း နယ်ချဲ့ဗြိတိသျှတို့ သည် မြန်မာပြည်ကို ဆက်လက်အုပ်ချုပ်ကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး တိုင်းရင်းသားများအပါအဝင် အားလုံးစည်းလုံးညီညွတ်မှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ပါသည်။ လွတ်လပ်ရေး၏ ဦးဆောင်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ သည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်၌ နယ်ချဲ့လက်ပါးစေများ လက်ချက်ဖြင့် ကျဆုံးခဲ့ကြပါသည်။
ရန်ကုန်မြို့ရှိ ဗြိတိသျှဘုရင်ခံအိမ်တော်တွင် မြန်မာနိုင်ငံ ၏လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားမှာ ဤသို့ဖြစ်၏။5a76be4b42ee706e98151f865364e17eb4fcf429.jpg


မြန်မာ့ပထမဆုံးသော နိုင်ငံတော်သမ္မတကြီး (ယာယီ) ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ ပထမဆုံးမြန်မာအစိုးရ အဖွဲ့ (ယာယီ)ဝန်ကြီးချုပ် သခင်နု၊ ပါလီမန်ဥက္ကဋ္ဌကြီး ပျော်ဘွယ် ဦးမြနှင့် အစိုးရအဖွဲ့၏ ဝန်ကြီးများ၊ အတွင်းဝန်များ၊ ဖဆပလ အဖွဲ့ချုပ်အမှုဆောင်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်ဆိပ်ကမ်းရှိ ဘာမင်ဂမ်ဗြိတိသျှစစ်သင်္ဘောမှ အခါတော်ကျ အမြောက်သံများ ထွက်ပေါ်လာ၏။ ကရင်သေနတ် ကိုင်တပ်ရင်း၊ ဘင်ခရာအဖွဲ့က တီးမှုတ်ကြပါသည်။


ဗြိတိသျှရေတပ်ဗိုလ်က အလံတိုင်ပေါ်မှ ဗြိတိသျှတို့၏ ယူနီယံအလံကို တဖြည်းဖြည်းဆွဲချသည်။ မြန်မာတပ်မတော် ရေတပ်ဗိုလ်က အနီရောင်အောက်ခံ၊ ထိပ်ထောင့်စွန်း အပြာရင့် ရောင်ပေါ်၌ ကြယ်ဖြူငယ်ငါးလုံး ဝန်းရံသော ကြယ်ဖြူကြီး တစ်လုံးပါ ပထမဆုံး မြန်မာအလံတော်ကြီးသည် ကောင်းကင်ယံ သို့ တဖြည်းဖြည်း ဆွဲတင်လိုက်ပါသည်။ ထိုအချိန်၌ ကရင်သေနတ် ကိုင်စစ်တီးဝိုင်း၏ ပထမဆုံးသော တရားဝင်နိုင်ငံတော်သီချင်းကို တီးမှုတ်လိုက်ကြသည်။


မြန်မာ့လွတ်လပ်ရေးနေ့ ပထမဆုံးအလံတင်အခမ်း အနား ပြီးဆုံးပြီးနောက် သမ္မတကြီးသည် လွှတ်တော်ခန်းမ၌‘လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတရာထူးကို လက်ခံသိမ်းပိုက်လိုက် ကြောင်း ကြေညာလိုက်ပါသည်။

ထို့နောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုကြောင်း မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်ကြားသည်။ လွတ်လပ်ရေးကြေညာ စာတမ်းမှ လူငယ်မျိုးဆက်သစ်များ၊ သိသင့်သော စာပိုဒ်များကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါသည်-
‘ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ စသည်ဖြင့် တစ်သွေးတစ်သား တစ်မိဖွားဖြစ်ကြကုန်သောငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက်ရေတွက်ခြင်းငှာ
မတတ်နိုင်ရာသော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ တညီ တညွတ် တစုတရုံး၊ လွတ်လပ်သောလူမျိုးအဖြစ် တည်ခဲ့
ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ပုဂံ၊ မြင်းစိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏
လွတ်လပ်ရေးသည် နေရောင်လဝါပမာကဲ့သို့ တဖြာဖြာ တဝင်းဝင်း ကမ္ဘာစစ်အောင် ထွန်းလင်းခဲ့ပေ၏။ သိကြကုန် လော့၊ ယနေ့မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့် အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတနိုင်ငံ ကြီးကို တည်ထောင်ပြီး ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော် ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိုင်းမရိုင်တည်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစားစောင့်စည်းမည်’။

Sayar-Htay.jpg


မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင် ကြီးကို ၁၉၄၉ ခုနှစ်၌ မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင် က တည်ဆောက်ခဲ့၏။ ၁၉၅၀ ပြည့်နှစ် နိုဝင်ဘာ ၂၆ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ စည်သူဦးတင်မှာ ရန်ကုန်မြို့တော်
ခန်းမ၊ ရန်ကုန်ဘူတာကြီး၊ မြို့မကျောင်းစသော ရှေးဟောင်း အဆောက်အအုံများကို တည်ဆောက်ခဲ့သူဖြစ်ပါသည်။ မြန်မာ့ လွတ်လပ်ရေးကျောက်တိုင်ကြီးသည် အမြင့်ပေ ၁၅၀ရှိ၏။ မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်း၊ လွတ်လပ်ရေးသန္နိဋ္ဌာန် တို့ကိုကျောက်ထက်အက္ခရာ ကမ္ပည်းတင်ထားပါသည်။


မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်ရေးနေ့ အလံ တင်အခမ်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်၌ သိမ်ဖြူ လမ်းရှိ ယခင်အတွင်းဝန်ရုံး၌ ကျင်းပခဲ့၏။ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများကို ယခင် ကနေဒီကျွန်း (ယခု ကန်တော်ကြီး ဥယျာဉ်)၌ ကျင်းပခဲ့သည်။ နောက်ပိုင်းတွင် လွတ်လပ်ရေးနေ့ အခမ်းအနားများကို ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်တို့၌ ပြောင်းလဲကျင်းပခဲ့ပါသည်။ ၂၀၁၆ ခုနှစ်ထိ ကျင်းပခဲ့၏။ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့်သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းကြမည်ဟု ဦးတည် ချက်ထားကာ အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ခဲ့ပါသည်။


Sources : စံတော်ချိန်

ZAWGYI

ျမန္မာ့လြတ္လပ္ေရးေန႔ မွတ္စုမ်ား
မဟာဗႏၶဳလပန္းၿခံအတြင္းရွိ လြတ္လပ္ေရးေက်ာက္တိုင္ႀကီးကို ၁၉၄၉ ခုႏွစ္၌ ျမန္မာ့ဗိသုကာပညာရွင္ စည္သူဦးတင္က တည္ေဆာက္ခဲ့၏။ ၁၉၅၀ ျပည့္ႏွစ္ ႏိုဝင္ဘာ၂၆ ရက္တြင္ ဖြင့္လွစ္ႏိုင္ခဲ့သည္။ စည္သူဦးတင္မွာ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၊ ရန္ကုန္ဘူတာႀကီး၊ ၿမိဳ႕မေက်ာင္း စေသာ ေရွးေဟာင္းအေဆာက္အအုံမ်ားကို တည္ေဆာက္ခဲ့သူျဖစ္ပါသည္။
‘တိုင္းျပည္တစ္ျပည္ ထူေထာင္တာဟာ ဘယ္ေလာက္ ခက္ခဲတယ္၊ အတက္ အက်၊ ေလာကဓံအမ်ိဳးမ်ိဳးကို ေတြ႕ရ တယ္ဆိုတာ၊ ကမၻာ့ရာဇဝင္သိတဲ့လူတိုင္းေတာ့ ဆင္ျခင္ႏိုင္ ၾကမွာပါ။ ဒါေၾကာင့္ အျမင္က်ယ္က်ယ္၊ အေျမာ္အျမင္ႀကီးႀကီးနဲ႔ စိတ္မပ်က္လက္မပ်က္ဘဲ၊ ရသမၽွ အခြင့္အေရးကိုရတုန္း၊ မိမိရရယူၾကရလိမ့္မယ္၊ ဒါမွ က်ဳပ္တို႔ ျမန္မာျပည္ႀကီးက်ဳပ္တို႔ ခ်စ္ရာေရာက္မယ္။ က်ဳပ္တို႔ ျပန္လည္ထူေထာင္ႏိုင္မယ္’
(၁၉၄၄ ခုႏွစ္ ႏိုဝင္ဘာလ ဗိုလ္ခ်ဳပ္ေအာင္ဆန္း)

BA_021.jpeg


တိုင္းတစ္ပါးသားတို႔၏ စိုးမိုးအုပ္ခ်ဳပ္မႈလက္ေအာက္မွ လြတ္ေျမာက္လာခဲ့ ေသာ တိုင္းျပည္၌အခ်ဳပ္အျခာအာဏာပိုင္ လြတ္လပ္ေသာႏိုင္ငံအျဖစ္သို႔ ေရာက္သည့္ေန႔ကို လြတ္လပ္ ေရးေန႔ဟု အျမတ္တႏိုးသတ္မွတ္ၾကပါသည္။
ျမန္မာႏိုင္ငံသည္ ေရွးပေဝသဏီကပင္ ကိုယ့္မင္းကိုယ့္ ခ်င္း ကိုယ့္ထီးကိုယ့္နန္းျဖင့္ ေနထိုင္ခဲ့ၾကပါသည္။ ေအဒီ(၁)ရာစု ဝန္းက်င္၌ ဗိႆႏိုး၊ ဟန္လင္း၊ တေကာင္း၊ သေရ ေခတၱရာေဒသ မ်ားတြင္ ပေဒသရာဇ္ႏိုင္ငံမ်ားကို ပ်ဴလူမ်ိဳးမ်ားက ထူေထာင္ခဲ့ၾက၏။ သုဝဏၰဘုမၼိ ေခၚ သထုံျပည္လည္း ထင္ရွားရွိခဲ့သည္။


ပထမျမန္မာႏိုင္ငံေတာ္ကို ပုဂံေခတ္၌ အေနာ္ရထာမင္း ေအဒီ ၁၀၄၄-၁၀၇၇ ခုႏွစ္က စတင္တည္ေထာင္ႏိုင္ခဲ့သည္။ ဒုတိယ ျမန္မာႏိုင္ငံေတာ္၌ ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ ေအဒီ ၁၅၅၁-၁၅၈၁ ခုႏွစ္က တည္ေထာင္ခဲ့၏။ တတိယျမန္မာ ႏိုင္ငံေတာ္ကို ကုန္းေဘာင္ေခတ္၌ အေလာင္းမင္းတရားႀကီးက ေအဒီ ၁၇၅၂ -၁၇၆၁ ခုႏွစ္က တည္ေထာင္ႏိုင္ခဲ့သည္။ ယေန႔ ကာလသည္ စတုတၳျမန္မာႏိုင္ငံေတာ္ကာလ ျဖစ္ပါ၏။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ တိုင္းရင္းသားမ်ား စုေပါင္းတည္ေထာင္ေနၾက သည္ဟု ဆိုခ်င္ပါသည္။


ကမၻာလွည့္ၿပီး နယ္ခ်ဲ႕စိုးမိုးလိုစိတ္၊ မေတာ္ေလာဘစိတ္ ျပင္းျပေနေသာ စစ္အင္အား၊ လက္နက္အင္အားႀကီးမားသည့္ ၿဗိတိသၽွတို႔သည္ စစ္ေရး၊ စီးပြားေရး၊ ႏိုင္ငံေရး၊ သံတမန္ေရး စသည့္ နည္းမ်ိဳးစုံအသုံးခ်၍ ျမန္မာႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ လာၾကပါသည္။
၁၈၂၄ ခုႏွစ္၌ ၿဗိတိသၽွ-ျမန္မာ ပထမအႀကိမ္ စစ္ျဖစ္၏။ ရွင္မျဖဴကၽြန္းအေရးအခင္း၊ ရခိုင္နယ္စပ္ျပႆနာျဖစ္၏။ ရႏၲပို စာခ်ဳပ္ျဖင့္ စစ္ေျပၿငိမ္းခဲ့ရ၏။ တနသၤာရီႏွင့္ ရခိုင္နယ္တို႔ လြတ္လပ္ေရးဆုံး႐ႈံးခဲ့ရသည္။

obilek-with-sule-paya.jpeg


၅-၄-၁၈၅၂ ရက္မွ ၃၀-၆-၁၈၅၇ ရက္အထိ ၿဗိတိသၽွ- ျမန္မာတို႔ ဒုတိယစစ္ပြဲ ျဖစ္ပြားျပန္သည္။ ရန္ကုန္ၿမိဳ႕ဝန္ ဦးအုပ္ ႏွင့္ ဆက္စပ္ေသာအေၾကာင္းျပခ်က္ျဖစ္၏။ ေအာက္ျမန္မာျပည္ သရက္ၿမိဳ႕အထိ လြတ္လပ္ေရး ဆုံး႐ႈံးခဲ့ရျပန္သည္။
၁၄-၁၁-၁၈၈၅ ရက္မွ ၂၉-၁၁-၁၈၈၅ ရက္အထိ တတိယအႀကိမ္ ၿဗိတိသၽွ-ျမန္မာ စစ္ျဖစ္ပြားခဲ့၏။ သို႔ေသာ္တိုက္ပြဲမည္မည္ရရ မတိုက္ခဲ့ရပါ။ ျမန္မာဘုရင္ သီေပါမင္းႏွင့္ စုဖုရားလတ္တို႔ကို ၾကက္ငွက္သဖြယ္ ဖမ္းဆီးခံရ၏။ ဘုံေဘ ဘားမားကုမၸဏီ၏ သစ္ခိုးမႈျပႆနာက စခဲ့၏။ ၁၈၈၆ ခုႏွစ္ ဇန္နဝါရီ ၁ ရက္တြင္ ျမန္မာတို႔၏ အခ်ဳပ္အျခာအာဏာ လက္ လြတ္ခဲ့ရ၏။ ျမန္မာ့လြတ္လပ္ေရးေန႔ ဇန္နဝါရီ ၄ ရက္ ေရာက္ တိုင္း မိမိတို႔ သူ႕ကၽြန္ဘ၀ေရာက္ခဲ့ရသည့္ေန႔ ဇန္နဝါရီ ၁ ရက္ေန႔ ကိုလည္း မေမ့ထားအပ္ေပ။


ၿဗိတိသၽွလက္ေအာက္ေရာက္ၿပီးေနာက္ အစဦးပိုင္း ေတာ္လွန္ေရးမ်ားႏွင့္ လက္နက္စြဲကိုင္တိုက္ခိုက္မႈမ်ားသည္ နယ္ေျမေဒသအလိုက္ ျဖစ္ၾက၏။ အေရးနိမ့္ခဲ့ၾက၏။ ၁၈၈၅ ခုႏွစ္မွ ၁၉၀၀ ျပည့္ႏွစ္အထိ အမ်ိဳးသားေတာ္လွန္မႈကို နယ္ခ်ဲ႕တို႔ အဆက္မျပတ္ ရင္ဆိုင္ခဲ့ၾကရ၏။ နယ္ခ်ဲ႕တို႔က စစ္အင္အား၊ လက္နက္အင္အား အသာစီးျဖင့္ နည္းမ်ိဳးစုံစြာ ဖိႏွိပ္အုပ္ခ်ဳပ္ သည္။ ျမန္မာတိုင္းရင္းသားမ်ားစြာတို႔၏ ဇာတိမာန္ေပ်ာက္ ကြယ္ မသြားခဲ့ပါ။ အားမတန္၍သာ မာန္ေလၽွာ႔ခဲ့ၾကရျခင္းျဖစ္၏။
၁၉၀၆ ခုႏွစ္၌ ဗုဒၶဘာသာကလ်ာဏယု၀အသင္း (YMBA)၊ ၁၉၁၉ ခုႏွစ္၌ ျမန္မာအမ်ိဳးသမီး ကုမၼာရီအသင္း၊ ၁၉၂၀ ျပည့္ႏွစ္၌ GCBA အသင္းမ်ားသည္ ႏိုင္ငံေရး မ်ိဳးေစ့ ခ်ေပး ႏိုင္ခဲ့သည္။ ၁၉၂၀ ျပည့္ႏွစ္ နယ္ခ်ဲ႕ပညာေရးကို ဆန္႔က်င္ သည့္ ေက်ာင္းသားသပိတ္ျဖစ္ပြားခဲ့၏။ ၁၉၃၀ ျပည့္ႏွစ္ ဒီဇင္ ဘာလ၌ ဆရာစံဦးေဆာင္ေသာ ေတာင္သူလယ္သမားမ်ားက ရရာ လက္နက္ျဖင့္ ေတာ္လွန္ခဲ့ၾကသည္။ ၁၉၃၀ ျပည့္ႏွစ္တြင္ သခင္အသင္းေခၚ တို႔ဗမာအစည္းအ႐ုံးႀကီး ေပၚလာသည္။ ႏိုင္ငံေရးလႈပ္ရွားမႈမ်ားျဖင့္ ႏိုးၾကားတက္ႂကြလာသည္။ ၁၃၀၀ ျပည့္ ေရနံေျမသပိတ္အေရးေတာ္ပုံႀကီျဖင့္ နယ္ခ်ဲ႕ကို စတင္ အံတုခဲ့ၾကသည္။ သခင္ေအာင္ဆန္း အတြင္းေရးမႉးျဖစ္ေသာ ဗမာ့ထြက္ရပ္ဂိုဏ္းႀကီး ဖြဲ႕စည္းႏိုင္ခဲ့သည္။ ‘လြတ္လပ္ေရးသည္ ေတာင္းယူ၍မရ၊ တိုက္ယူမွရမည္’ဟု သိျမင္ ႏိုးၾကားလာခဲ့သည္။


၁၉၄၀ ျပည့္ႏွစ္ ဩဂုတ္ ၈ ရက္တြင္ သခင္ေအာင္ဆန္းႏွင့္ သခင္လွၿမိဳင္တို႔သည္ တိုင္လီသေဘၤာျဖင့္ ဂ်ပန္သို႔ထြက္ခြာခဲ့သည္။ ဤသည္ပင္ ျမန္မာ့တပ္မေတာ္အစ၊ ျမန္မာ့ လြတ္လပ္ေရးတိုက္ပြဲအစျဖစ္၏။
ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (BIA) ကို ထိုင္းႏိုင္ငံ ဦးလြန္းေဖ အိမ္၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္ကာ အင္အား ၃၀၀၀ ေက်ာ္ျဖင့္ စတင္ဖြဲ႕စည္းခဲ့သည္။ ၁၉၄၂ ခုႏွစ္ ၌ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ႀကီးသည္ ဂ်ပန္တို႔ႏွင့္အတူ ျမန္မာျပည္တြင္းသို႔ ၿဗိတိသၽွတို႔ကို တိုက္ခိုက္ရန္ ဝင္ေရာက္ လာခဲ့ၾကသည္။ မတ္လ ၈ ရက္တြင္ ရန္ကုန္ကို သိမ္းပိုက္ႏိုင္ခဲ့၏။ ၂၇-၇-၁၉၄၂ ရက္၌ BIA ကို BDA (ဗမာ့ကာကြယ္ေရး တပ္မေတာ္)ဟု အမည္ေျပာင္းခဲ့သည္။
ျမန္မာ့လြတ္လပ္ေရးသမိုင္းမွတ္စုတြင္ ဂ်ပန္ေခတ္ကို ခ်န္လွပ္၍မရပါ။ ရဲေဘာ္သုံးက်ိပ္ဦးေဆာင္ေသာ ဗမာ့ေတာ္ လွန္ေရးအင္အားစုမ်ားသည္ ဂ်ပန္ႏွင့္ပူးေပါင္း၍ ၿဗိတိသၽွ နယ္ခ်ဲ႕တို႔ကို တိုက္ခိုက္ခဲ့ၾကပါသည္။ တိုင္းရင္းသား လူမ်ိဳးစု မ်ားစြာပါဝင္ကာ ၿဗိတိသၽွတို႔ကို ေမာင္းထုတ္ခဲ့ၾကျခင္းသည္ ျမန္မာျပည္လြတ္လပ္ေရးအတြက္သာ ျဖစ္ခဲ့၏။


ဂ်ပန္အစိုးရက ေခၽြးသိပ္သည့္အေနျဖင့္ ၁၉၄၃ ခုႏွစ္ ဩဂုတ္ ၁ ရက္တြင္ ျမန္မာႏိုင္ငံအား ကမၻာသိေအာင္ေၾကညာ၍ လြတ္လပ္ေရး ေပးခဲ့သည္။ ဂ်ပန္၏ ေၾကညာခ်က္ေၾကာင့္ ျမန္မာ့လြတ္လပ္ေရးကို ဝန္႐ိုးစြန္းတမ္းႏိုင္ငံမ်ားက အသိအမွတ္ ျပဳခဲ့ၾက၏။ ဘာလင္ ဂ်ာမန္အစိုးရ၊ နန္တင္းတ႐ုတ္အမ်ိဳးသား အစိုးရ၊ ဆင္ကင္းၿမိဳ႕မွ မန္ခ်ဴးရီးယားအစိုးရ၊ ဗန္ေကာက္ထိုင္း အစိုးရ၊ စပိန္အစိုးရ၊ အစၥတန္ဘူလ္ၿမိဳ႕မွ စလိုဗက္စကီးအစိုးရ တို႔က ဝမ္းေျမာက္စြာ အသိအမွတ္ျပဳေၾကာင္း ေၾကးနန္း႐ိုက္ ေပးပို႔ခဲ့ၾကပါသည္။


ျမန္မာႏိုင္ငံ၌ ထိုဩဂုတ္လ ၁ ရက္ကို ]ေအာင္သေျပေန႔}ဟု ေခၚေဝၚခဲ့ၾကပါသည္။ ျမန္မာတစ္ႏိုင္ငံလုံး ၿမိဳ႕တိုင္း၊ ၿမိဳ႕တိုင္း သေျပပင္မ်ားကို အခမ္းအနားျဖင့္ စိုက္ေစခဲ့သည္။ ]လြတ္လပ္ ၿပီ၊ လြတ္လပ္ၿပီ၊ တို႔ေျပလြတ္လပ္ၿပီ၊ ေအာင္ေသေျပကို ဆြတ္ခါ တည္၊ ငါတို႔ကိုင္ေဆာင္မည္}ဟူေသာ ေအာင္သေျပသီခ်င္းသံ သည္ တစ္ႏိုင္ငံလုံးကို ဖုံးလႊမ္းခဲ့ပါသည္။ ျမန္မာ့သမိုင္းဆရာ မ်ားက ထိုဩဂုတ္လ ၁ ရက္ကို ေ႐ႊရည္စိမ္လြတ္လပ္ေရးေန႔ ဟုလည္း ေခၚေဝၚၾကပါသည္။


ျမန္မာ့လြတ္လပ္ေရးသမိုင္းတြင္ သမိုင္းဝင္စာခ်ဳပ္ငါးခု ရွိသည္.............................
(၁) ကႏၵီစာခ်ဳပ္သည္ ၁၇-၉-၁၉၄၅ ရက္တြင္ သီရိ လကၤာႏိုင္ငံ ကႏၵီၿမိဳ႕၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ေလာ့ဒ္လူဝီ ေမာင့္ဘက္တန္တို႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါသည္။ ယင္း စာခ်ဳပ္အရ အရာရွိ ၂၀၀ ႏွင့္ စစ္သည္အင္အား ၅၀၀၀ ျဖင့္သာ ဖြဲ႕စည္းခြင့္ျပဳခဲ့သည္။


(၂) ေအာင္ဆန္း-အက္တလီစာခ်ဳပ္သည္ ျမန္မာ့လြတ္လပ္ေရးရရွိေရးအတြက္ ဗိုလ္ခ်ဳပ္ႏွင့္ ဝန္ႀကီးအက္တလီ တို႔သည္ ၂၇-၁-၁၉၄၇ ရက္တြင္ လန္ဒန္ၿမိဳ႕ ေဒါင္းႏွင္းလမ္း အမွတ္(၁၀)ရွိ ဝန္ႀကီးခ်ဳပ္အိမ္၌ တစ္ႏွစ္အတြင္း လြတ္လပ္ေရး ေပးရန္ ခ်ဳပ္ဆိုေသာ စာခ်ဳပ္ျဖစ္၏။


(၃) ပင္လုံစာခ်ဳပ္ကို ျမန္မာႏိုင္ငံ၏ တိုင္းရင္းသား ကိုယ္စားလွယ္ ၂၃ ဦး လက္မွတ္ေရးထိုးခဲ့သည့္ ၁၂-၂-၁၉၄၇ ရက္တြင္ ခ်ဳပ္ဆိုခဲ့ပါသည္။ ျပည္နယ္ျပည္မ မခြဲျခားဘဲ လြတ္လပ္ ေရး၏ အသီးအပြင့္ကို အညီအမၽွ ခံစားၾကမည္ဟူေသာ ကတိ ျပဳခ်က္စာခ်ဳပ္ျဖစ္ပါသည္။


(၄) လက္်ာ-ဖရီးမန္းစာခ်ဳပ္ကို ၂၇-၈-၁၉၄၇ ရက္၌ သီရိလကၤာႏိုင္ငံ ကႏၵီ ၿမိဳ႕၌ တပ္မေတာ္အနာဂတ္ေရးအတြက္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္မွ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ လက္်ာႏွင့္ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး မစၥတာဖရီးမန္းတို႔ခ်ဳပ္ဆိုခဲ့သည့္ စာခ်ဳပ္ျဖစ္သည္။


(၅) ႏု-အက္တလီစာခ်ဳပ္ ဆိုသည္မွာ နယ္ခ်ဲ႕လက္ပါးေစ သစၥာေဖာက္ လူတစ္စုေၾကာင့္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ႏွင့္တကြ အာဇာနည္ေခါင္းေဆာင္မ်ားသည္ ၁၉-၇-၁၉၄၇ ရက္တြင္က်ဆုံးခဲ့ရ၍ ဝန္ႀကီးခ်ဳပ္ ဦးႏုႏွင့္ ၁၇-၁၀-၁၉၄၇ ရက္၌ အက္တလီႏွင့္ခ်ဳပ္ဆိုခဲ့ရေသာ စာခ်ဳပ္ျဖစ္သည္။


ထိုစာခ်ဳပ္အရ တတိယျမန္မာစစ္ပြဲအၿပီး သူ႕ကၽြန္ဘ၀ ေရာက္ခဲ့ရာမွ ၄-၁-၁၉၄၈ ရက္တြင္ လြတ္လပ္ေရးျပန္လည္ ရရွိခဲ့၏။ ဖက္ဆစ္ဂ်ပန္တို႔၏ ေ႐ႊရည္စိမ္လြတ္လပ္ေရးေၾကာင့္ ၁၉၄၅ ခုႏွစ္ မတ္ ၂၇ ရက္၌ ဂ်ပန္တို႔ကို ေတာ္လွန္တိုက္ခိုက္ခဲ့ ပါသည္။ ဂ်ပန္ကိုေမာင္းထုတ္ႏိုင္ေသာ္လည္း နယ္ခ်ဲ႕ၿဗိတိသၽွတို႔ သည္ ျမန္မာျပည္ကို ဆက္လက္အုပ္ခ်ဳပ္ၾကျပန္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေခါင္းေဆာင္ၿပီး တိုင္းရင္းသားမ်ားအပါအဝင္ အားလုံးစည္းလုံးညီၫြတ္မႈေၾကာင့္ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၄ ရက္တြင္ လြတ္လပ္ေရးရရွိခဲ့ပါသည္။ လြတ္လပ္ေရး၏ ဦးေဆာင္ဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ေခါင္းေဆာင္မ်ား သည္ ၁၉၄၇ ခုႏွစ္ ဇူလိုင္ ၁၉ ရက္၌ နယ္ခ်ဲ႕လက္ပါးေစမ်ား လက္ခ်က္ျဖင့္ က်ဆုံးခဲ့ၾကပါသည္။
ရန္ကုန္ၿမိဳ႕ရွိ ၿဗိတိသၽွဘုရင္ခံအိမ္ေတာ္တြင္ ျမန္မာႏိုင္ငံ ၏လြတ္လပ္ေရးေန႔ အလံတင္အခမ္းအနားမွာ ဤသို႔ျဖစ္၏။

5a76be4b42ee706e98151f865364e17eb4fcf429.jpg


ျမန္မာ့ပထမဆုံးေသာ ႏိုင္ငံေတာ္သမၼတႀကီး (ယာယီ) ေညာင္ေ႐ႊေစာ္ဘြားႀကီး စဝ္ေ႐ႊသိုက္၊ ပထမဆုံးျမန္မာအစိုးရ အဖြဲ႕ (ယာယီ)ဝန္ႀကီးခ်ဳပ္ သခင္ႏု၊ ပါလီမန္ဥကၠ႒ႀကီး ေပ်ာ္ဘြယ္ ဦးျမႏွင့္ အစိုးရအဖြဲ႕၏ ဝန္ႀကီးမ်ား၊ အတြင္းဝန္မ်ား၊ ဖဆပလ အဖြဲ႕ခ်ဳပ္အမႈေဆာင္မ်ား၊ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ ၾကပါသည္။ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၄ ရက္ နံနက္ ၄ နာရီ မိနစ္ ၂၀ တြင္ ရန္ကုန္ဆိပ္ကမ္းရွိ ဘာမင္ဂမ္ၿဗိတိသၽွစစ္သေဘၤာမွ အခါေတာ္က် အေျမာက္သံမ်ား ထြက္ေပၚလာ၏။ ကရင္ေသနတ္ ကိုင္တပ္ရင္း၊ ဘင္ခရာအဖြဲ႕က တီးမႈတ္ၾကပါသည္။


ၿဗိတိသၽွေရတပ္ဗိုလ္က အလံတိုင္ေပၚမွ ၿဗိတိသၽွတို႔၏ ယူနီယံအလံကို တျဖည္းျဖည္းဆြဲခ်သည္။ ျမန္မာတပ္မေတာ္ ေရတပ္ဗိုလ္က အနီေရာင္ေအာက္ခံ၊ ထိပ္ေထာင့္စြန္း အျပာရင့္ ေရာင္ေပၚ၌ ၾကယ္ျဖဴငယ္ငါးလုံး ဝန္းရံေသာ ၾကယ္ျဖဴႀကီး တစ္လုံးပါ ပထမဆုံး ျမန္မာအလံေတာ္ႀကီးသည္ ေကာင္းကင္ယံ သို႔ တျဖည္းျဖည္း ဆြဲတင္လိုက္ပါသည္။ ထိုအခ်ိန္၌ ကရင္ေသနတ္ ကိုင္စစ္တီးဝိုင္း၏ ပထမဆုံးေသာ တရားဝင္ႏိုင္ငံေတာ္သီခ်င္းကို တီးမႈတ္လိုက္ၾကသည္။


ျမန္မာ့လြတ္လပ္ေရးေန႔ ပထမဆုံးအလံတင္အခမ္း အနား ၿပီးဆုံးၿပီးေနာက္ သမၼတႀကီးသည္ လႊတ္ေတာ္ခန္းမ၌‘လြတ္လပ္ေသာ အခ်ဳပ္အျခာအာဏာပိုင္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၏ သမၼတရာထူးကို လက္ခံသိမ္းပိုက္လိုက္ ေၾကာင္း ေၾကညာလိုက္ပါသည္။

ထို႔ေနာက္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒကို အတည္ျပဳေၾကာင္း ျမန္မာ့လြတ္လပ္ေရး ေၾကညာစာတမ္းကို ဖတ္ၾကားသည္။ လြတ္လပ္ေရးေၾကညာ စာတမ္းမွ လူငယ္မ်ိဳးဆက္သစ္မ်ား၊ သိသင့္ေသာ စာပိုဒ္မ်ားကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ပါသည္-
‘ဤေျမမြန္ေျမျမတ္၌ ရွမ္း၊ ကခ်င္၊ ခ်င္း၊ မြန္၊ ဗမာ စသည္ျဖင့္ တစ္ေသြးတစ္သား တစ္မိဖြားျဖစ္ၾကကုန္ေသာငါတို႔သည္ ႏွစ္ေပါင္းေထာင္ရာ သခ်ၤာပြားတက္ေရတြက္ျခင္းငွာ
မတတ္ႏိုင္ရာေသာ ရာဇဝင္ရွည္ေဝး ေရွးပေဝသဏီမွစ၍ တညီ တၫြတ္ တစုတ႐ုံး၊ လြတ္လပ္ေသာလူမ်ိဳးအျဖစ္ တည္ခဲ့
ၾက၏။ တေကာင္း၊ သေရေခတၱရာ၊ပုဂံ၊ ျမင္းစိုင္း၊ စစ္ကိုင္း၊ ပင္းယ၊ အင္း၀၊ ကုန္းေဘာင္ ထို႔ေနာက္ မႏၲေလးအထိ ငါတို႔၏
လြတ္လပ္ေရးသည္ ေနေရာင္လဝါပမာကဲ့သို႔ တျဖာျဖာ တဝင္းဝင္း ကမၻာစစ္ေအာင္ ထြန္းလင္းခဲ့ေပ၏။ သိၾကကုန္ ေလာ့၊ ယေန႔မဂၤလာအေပါင္းႏွင့္ျပည့္စုံေသာ ဤအခ်ိန္မွစ၍ ငါတို႔၏ မူလအပိုင္ျဖစ္ေသာ လုံး၀လြတ္လပ္ေရးကို ငါတို႔ျပန္၍ ယူၿပီ။ တိုင္းရင္းသားအေပါင္းတို႔ ေသြးစည္းညီၫြတ္လ်က္ အခြင့္ အေရး၊ အဆင့္အတန္း တူညီသည့္ ျပည္ေထာင္စုသမၼတႏိုင္ငံ ႀကီးကို တည္ေထာင္ၿပီး ငါတို႔လြတ္လပ္ေရးႏွင့္ ငါတို႔ႏိုင္ငံေတာ္ ႀကီး၏ သစၥာကို ကမၻာဆုံးတိုင္ မယိုင္းမ႐ိုင္တည္မည္။ ငါတို႔၏ လြတ္လပ္ေရးကို ငါတို႔ခ်စ္ျမတ္ႏိုးသည္ႏွင့္အညီ တစ္ပါးသူတို႔၏ လြတ္လပ္ေရးကိုလည္း ငါတို႔ ေလးစားေစာင့္စည္းမည္’။

Sayar-Htay.jpg


မဟာဗႏၶဳလပန္းၿခံအတြင္းရွိ လြတ္လပ္ေရးေက်ာက္တိုင္ ႀကီးကို ၁၉၄၉ ခုႏွစ္၌ ျမန္မာ့ဗိသုကာပညာရွင္ စည္သူဦးတင္ က တည္ေဆာက္ခဲ့၏။ ၁၉၅၀ ျပည့္ႏွစ္ ႏိုဝင္ဘာ ၂၆ ရက္တြင္ ဖြင့္လွစ္ႏိုင္ခဲ့သည္။ စည္သူဦးတင္မွာ ရန္ကုန္ၿမိဳ႕ေတာ္
ခန္းမ၊ ရန္ကုန္ဘူတာႀကီး၊ ၿမိဳ႕မေက်ာင္းစေသာ ေရွးေဟာင္း အေဆာက္အအုံမ်ားကို တည္ေဆာက္ခဲ့သူျဖစ္ပါသည္။ ျမန္မာ့ လြတ္လပ္ေရးေက်ာက္တိုင္ႀကီးသည္ အျမင့္ေပ ၁၅၀ရွိ၏။ ျမန္မာ့လြတ္လပ္ေရးေၾကညာစာတမ္း၊ လြတ္လပ္ေရးသႏၷိ႒ာန္ တို႔ကိုေက်ာက္ထက္အကၡရာ ကမၸည္းတင္ထားပါသည္။


ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ လြတ္လပ္ေရးေန႔ အလံ တင္အခမ္းအနားကို ၁၉၄၈ ခုႏွစ္ ဇန္နဝါရီ ၄ ရက္၌ သိမ္ျဖဴ လမ္းရွိ ယခင္အတြင္းဝန္႐ုံး၌ က်င္းပခဲ့၏။ လြတ္လပ္ေရးေန႔ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားကို ယခင္ ကေနဒီကၽြန္း (ယခု ကန္ေတာ္ႀကီး ဥယ်ာဥ္)၌ က်င္းပခဲ့သည္။ ေနာက္ပိုင္းတြင္ လြတ္လပ္ေရးေန႔ အခမ္းအနားမ်ားကို ျပည္သူ႕ဥယ်ာဥ္ႏွင့္ ျပည္သူ႕ရင္ျပင္တို႔၌ ေျပာင္းလဲက်င္းပခဲ့ပါသည္။ ၂၀၁၆ ခုႏွစ္ထိ က်င္းပခဲ့၏။ဒီမို ကေရစီဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚေရးအတြက္ ဒီမိုကေရစီ စံခ်ိန္စံၫႊန္းမ်ားႏွင့္အညီ ႏိုင္ငံေတာ္ႏွင့္သင့္ေလ်ာ္သည့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒတစ္ရပ္ေပၚေပါက္ရန္ ႀကိဳးပမ္းၾကမည္ဟု ဦးတည္ ခ်က္ထားကာ အႏွစ္သာရျပည့္၀စြာ က်င္းပႏိုင္ခဲ့ပါသည္။

 


Sources : စံေတာ္ခ်ိန္

Read times Last modified on Friday, 03 January 2020 16:35
Rate this articles
(0 votes)