ရည်မှန်းချက် ပန်းတိုင်ကို အကောင်အထည်ဖော်နေတုန်း အခက်အခဲတွေကြုံတဲ့အခါ ခြေကုန်လက်ပန်းကျတာတွေလည်းရှိမယ်။ မဖြစ်နိုင်တော့ပါဘူးလို့ ထင်တာတွေလည်း ရှိမယ်။
ဘာလို့လဲဆိုတော့ တချို့ ရည်မှန်းချက်တွေက ရောက်ဖို့ အလှမ်းဝေးနေသေးတာတမျိုး၊ လက်တွေ့အကောင်အထည်မဖော်နိုင်သေးတာတမျိုး၊ အကောင်အထည်ဖော်နေတုန်းမှာ အခက်အခဲတွေ့တာမျိုး ဒါတွေကြောင့်ဖြစ်တတ်တယ်။
ဒီလိုအခါမျိုးမှာ
- ကိုယ့်ကိုယ်ကို ခဏအနားပေးလိုက်မယ်။ တရေးလောက် အိပ်လိုက်မယ်။
- အနာဂတ်ကိုပဲ လှမ်းမျှော်ကြည့်နေတာတွေကို ရပ်ပြီး လက်ရှိအချိန်မှာ ကိုယ်လုပ်နိုင်တာလေးတွေ လုပ်မယ်။
- နောက်ပြီးတော့ ကိုယ်ဘာကို လိုချင်တာလဲ၊ ကိုယ်ဘာဖြစ်ချင်နေတာလဲ ကိုယ့်ကိုကိုပြန်ဆန်းစစ်မယ်။
- ကိုယ် ဘယ်အပိုင်းတွေမှာ ပိုတိုးတက်အောင်လုပ်ရမလဲ၊ ဘယ်အပိုင်းတွေမှာတော့ ကိုယ်လုပ်တာတော်တယ် ဆိုတာကို ပြန်သုံးသပ်မယ်။
- မေးလို့ရလာတဲ့ အဖြေကို ခဏသိမ်းထားပြီး ကိုယ်အနားယူပြီးလို့ အားအင်ပြန်ပြည့်လာတဲ့အခါ စနစ်တကျ အစီအစဉ်ဆွဲပြီး ရည်မှန်းချက်ပန်းတိုင်ကို အရောက် ဆက်သွားမယ်။
Source: Dr. Pyae Sone Ko Ko