×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 22 March 2019

အင်္ဂလိပ်စကားပြောတတ်ဖို့ အရေးကြီးဆုံးအရာတစ်ခု

အင်္ဂလိပ်စကားပြောတတ်ဖို့ အရေးကြီးဆုံးအရာတစ်ခု google

"အင်္ဂလိပ်စကား အမြန်ဆုံး ပြောတတ်ဖို့" အခန်း (၁)

Passion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)

“အရူးအမူးစွဲလမ်းပြီးဝါသနာကြီးခြင်းသည်

ပါရမီရှင်၊ ဥာဏ်ကြီးရှင်များကိုဖြစ်ပေါ်စေသော

မူလဘူတ အကြောင်းအရင်းဖြစ်သည်။

-Galileo Galilei

၂၀၀၇ ခုနှစ်၊ ကျွန်တော် ဆယ်တန်းကျောင်းသားအရွယ်၊

အတန်း ထဲမှာ အဆင့်၁၀ရခဲ့တယ်။ အရင်က တစ်ခါမှ အဲ့ဒီ

အဆင့်လောက်ထိ မရခဲ့ဖူးပါ။အဖေက 1 to 10 ဝင်ရင်

ကျွန်တော်ကြိုက်တဲ့ လက်ဆောင် ပေးမယ်လို့ ကျွန်တော့်

ကို ပြောဖူးပါတယ်။ ကျွန်တော် တောင်းခဲ့တဲ့ လက်ဆောင်

က ရေဒီယိုတစ်လုံးပါ။ ဘာ့ကြောင့် ကျွန်တော် ရေဒီယိုကို

တောင်းခဲ့လဲဆိုရင် အကြောင်းရှိပါတယ်။ ကျွန်တော် ရေဒီယို

ကနေ ဘီဘီစီ အင်္ဂလိပ် သတင်းတွေကို နားထောင်ချင်လို့ပါ။

ဒီလိုပြောလို့ ကျွန်တော် အဲ့ဒီအချိန်က အင်္ဂလိပ်စကားကို

နားလည်တဲ့ အဆင့်ရှိ နေတယ်လို့ မထင်လိုက်ပါနဲ့။

ကျွန်တော်တစ်လုံးမှ နားမလည်ပါဘူး။ ဒါပေမယ့် အဲ့ဒီ

နားမလည်တာကိုပဲ နားထောင်ချင်နေတာပါ။ တစ်နေ့

ဘီဘီစီက သတင်းကြေငြာတဲ့ အင်္ဂလိပ်တွေ စကားပြော

သလို အင်္ဂလိပ်စကားကိုကျွန်တော်ပြောတတ်ချင်ခဲ့တယ်။

ဒါက ကျွန်တော့်ရဲ့ အင်္ဂလိပ်စကားအပေါ် စတင်ရူးမူးခဲ့ခြင်းပါ။

ကျွန်တော် ဒီဝါသနာကို အဖေ့ဆီက လက်ဆင့်ကမ်းရခဲ့

တာပါ။ အဖေကလည်း အင်္ဂလိပ်စကားကို အရမ်းပြောတတ်

ချင်သူပါ။ အဖေ့ ကို ကျွန်တော့်အဘိုးက လက်ဆောင်ပေးဖူး

တဲ့ အင်္ဂလိပ်စကားပြော စာအုပ်လေး တစ်အုပ် ရှိပါတယ်။

အဲ့ဒီစာအုပ်လေးလည်း ကျွန်တော် ခဏခဏယူဖတ်လေ့ရှိ

ပါတယ်။အဖေကတော့ နေ့စဉ် စားဝတ်နေရေး အလုပ်တွေ

ကြောင့် အင်္ဂလိပ်စာကို မလေ့လာအားပါဘူး။ ဒါပေမယ့်

ကျွန်တော့်ကိုတော့ အဲ့ဒီဝါသနာ လက်ဆင့်ကမ်းပေးခဲ့ပါ

တယ်။

ကျွန်တော့်ကို အင်္ဂလိပ်စာဆရာ တစ်ယောက်က ပြောဖူး

တယ်။ “အိပ်နေရင်း ယောင်ရင်တောင် အင်္ဂလိပ်လို ထယောင်

တဲ့နေ့ လမ်းကြောင်း အမှန်ပေါ်ကို မင်းရောက်တဲ့နေ့ပဲ” တဲ့။

သူပြောတဲ့ စကားက အရမ်းကို မှန်ပါတယ်။ အင်္ဂလိပ်စကား

သင်ယူနေတဲ့ လူအချို့ဟာ လေ့လာဖို့ကို ပျင်းရိတတ်ကြပါ

တယ်။

တကယ်ကို စွဲစွဲလမ်းလမ်း၊ ရူးရူးမူးမူး လေ့လာတဲ့သူပဲ

အိပ်နေရင်း ထယောင်ရင်တောင် အင်္ဂလိပ်လိုယောင်မှာ

ဖြစ်ပါတယ်။ အဲ့ဒါက သူ့ရဲ့ ခေါင်းထဲမှာ အင်္ဂလိပ်စကားက

အချိန်တော်တော်များများမှာ အပိုင်ယူ ထားလို့ပါ။

အင်္ဂလိပ်စကား ပြောတတ်ဖို့ ဘာအရေးကြီးဆုံးလဲလို့

ကျွန်တော့် ကို လူငယ်တွေက မေးလေ့ရှိပါတယ်။

တကယ်တော့ အင်္ဂလိပ်စကား ပြောတတ်ဖို့ လိုအပ်တာ

တွေအများကြီးရှိပါတယ်။ ဒါပေမယ့် အခြေခံ အကျဆုံး

ရှိသင့်တဲ့အရာကတော့ Passion ပါပဲ။ Passion မရှိရင်

အင်္ဂလိပ်စာ လေ့လာတာမှ မဟုတ်ပါဘူး၊ အခြား ဘယ်အရာ

မှာမှ မအောင်မြင်နိုင်ပါဘူး။

ဒီခေတ်ထဲမှာ Passion မရှိပဲ မိဘပိုက်ဆံကို သင်တန်း

တွေ အများ ကြီးတတ်ပြီး ဖြုန်းနေတဲ့ ကလေးတွေကို တွေ့တဲ့

အခါ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။သူတို့မိဘတွေ

က ချမ်းသာရင်တော့ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် နယ်က

မိဘတွေက ပိုက်ဆံတွေအမြဲ ပို့ပြီး ကျောင်းထားပေးနေတာ

ဆိုရင်တော့ မိဘတွေကို ပြန်ပြီး ကြည့်သင့် ပါတယ်။ သင်တန်း

ပေါင်းစုံ လျှောက်တတ်ပြီး အင်္ဂလိပ်စကားကို နည်းနည်းလေး

တောင် မပြောတတ်တဲ့ သူမျိုးတွေ ကျွန်တော်မြင်ဖူးလို့ ပါ။

တကယ်တော့ ဘယ်လောက်တော်တဲ့ဆရာပဲ သင်ပါစေ။

သင့်မှာ Passion မရှိရင် ဘယ်တော့မှ ပညာရပ်တစ်ခုကို

ထူးချွန်စွာ တတ်မြောက်မှာ မဟုတ်ပါဘူး။

ဒီစာအုပ်ကို သင်ဖတ်နေတယ်ဆိုရင် သင်ဟာ အင်္ဂလိပ်

စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်သူ ဆိုတာ

သေချာပါတယ်။ ဝါသနာသာမပါခဲ့ရင် ဒီစာအုပ်ကို သင်ဝယ်

ဖတ်မှာကို မဟုတ်ပါဘူး။ ဒါပေမယ့် ဝါသနာဆိုတာ Passion

ဆိုတဲ့ စာလုံးနဲ့မကိုက်သေးပါဘူး။ Passionဆိုတာ ဝါဿနာ

ကြီးပြီး ရူးရူးမူးမူးလေ့လာတာကို ပြောတာ ပါ။ အခုအချိန်ထိ

အင်္ဂလိပ်စကား မပြောတတ်သေးဘူးဆိုလည်း ကိုယ့်ကိုယ်ကို

လုံးဝ စိတ်မပျက်ပါနဲ့။ ဒီစာအုပ်ဖတ်ပြီးချိန်က စပြီး ပြန်လေ့လာ

ပါ။ ဒါပေမယ့် တစ်ခုတော့မှတ်ထားပါ။ အရင်ဆုံး သင့်မှာ

Passion ရှိဖို့လိုပါတယ်။

Passion ရှိအောင်ဘယ်လိုလုပ်မလဲ

အင်္ဂလိပ်စာလေ့လာနေတဲ့သူ တော်တော်များများက

အင်္ဂလိပ်စာ ကို တကယ် ဝါဿနာ ပါပြီးသားတွေပါ။ ဒါပေမယ့်

မရူးသွပ်ကြတာပါ။ ရူးသွပ်ဖို့ဆိုတာ သင်ပေးလို့ရတဲ့ အရာ

တစ်ခုတော့ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ လူတိုင်း

တစ်ယောက်နဲ့တစ်ယောက် ဝါသနာ မတူကြလို့ပါ။

တစ်ချိန်တည်းမှာပဲ အင်္ဂလိပ်စာကို ဝါသနာမပါပဲ အလုပ်မှာ

မဖြစ် မနေသုံးရမှာမို့ သင်ယူကြရတဲ့သူတွေလည်း ရှိပြန်ပါ

တယ်။ အစတည်း က ဝါသနာမပါ၊ စိတ်မပါပဲ သင်ယူရတဲ့

အတွက် လေ့လာရမှာကို ပိုမိုပျင်းလေ့ရှိကြပါတယ်။

ဒါပေမယ့် ပြန်စဉ်းစားကြည့်ရအောင်။ အင်္ဂလိပ်စာဟာ ဘဝမှာ

အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ဖို့ ဝါသနာပါသင့်တဲ့ အရာလို့

သင်မထင်ဘူးလား၊ ကျွန်တော့်ကို မေးရင်တော့ အင်္ဂလိပ်စာဟာ

အောင်မြင်ချင်တဲ့ လူတိုင်း တတ်ထားသင့်တဲ့ အရာလို့ ထင်ပါ

တယ်။ နောက်ဆုံး အင်္ဂလိပ်စကား မပြောရတဲ့ လုပ်ငန်း တစ်ခု

ကို လုပ်နေဦးတော့ အင်္ဂလိပ်စကား တတ်ထားခြင်းက တစ်ခါ

တစ်ရံ အရေးကြုံလာတဲ့အခါ အရမ်းကို အသုံးဝင် တတ်ပါတယ်။

သားသမီးတွေ အတွက်လည်း အသုံးဝင်တတ်ပါတယ်။ ဝင်ငွေ

ပိုပြီး ကောင်းစေပါတယ်။

ပတ်ဝန်းကျင်က အင်္ဂလိပ်စကား ကောင်းကောင်း ပြောတတ်လို့

ဝင်ငွေကောင်းနေသူတွေကို ကြည့်ပါ။ အလုပ်မှာ မိမိထက်

အင်္ဂလိပ် စကားပြောကောင်းလို့ ရာထူးတိုးသွားတဲ့ လူတွေကို

ကြည့်ပါ။ မနာလို မဖြစ်ပါနဲ့။ တကယ်တော့ သင်လိုအပ်မှန်း

သိရဲ့သားနဲ့ မလေ့လာ တာပါ။ မအားဘူးဆိုပြီး ဆင်ခြေတွေနဲ့

အမြဲ အချိန်ကုန်ခဲ့လို့ပါ။ အခုအချိန်ကစပြီး လေ့လာလည်း

မှီပါသေးတယ်။ ကျွန်တော် အကြံပေးချင်တာက Passion

မရှိရင် ရှိအောင်လုပ်ပါ။ လူတိုင်း အောင်မြင်ချင်ကြပါတယ်။

အောင်မြင်ဖို့ အင်္ဂလိပ်စကားဟာ အရမ်းကို အရေးကြီးပါ

တယ်။ အင်္ဂလိပ်စကား ပြောတတ်ဖို့ Passionဟာ အရေး

ကြီးပြန်ပါတယ်။ ဒီတော့ Passion=>English=>Success

ဖြစ်သွားပါပြီ။ အင်္ဂလိပ်စာ တတ်ရုံနဲ့ အောင်မြင်တဲ့သူ

တစ်ယောက် ဖြစ်နိုင်တယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။

အင်္ဂလိပ်စာဟာ အောင်မြင်ခြင်းဆီကို သွားဖို့ လိုအပ်တဲ့

အရာတွေထဲက တစ်ခုဖြစ်ပါ တယ်။ ဒါ့ကြောင့်အခြေခံ

အကျဆုံးPassionကို ရှိအောင် အရင်လုပ်ပါ။

 

 

Read More ; ဘယ်အသက်အရွယ် ရောက်ရောက် မရပ်တန့်သင့်တဲ့ အလုပ် (၈)မျိုး

Credit - မိုးရှင်း (I.M.T)

Read times Last modified on Tuesday, 04 February 2020 15:03
Rate this articles
(0 votes)