×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 26 November 2019

"အဂၤလိပ္စကားေျပာစြမ္းရည္တိုးတက္ေစဖို႕နည္းလမ္းမ်ား"

"အဂၤလိပ္စကားေျပာစြမ္းရည္တိုးတက္ေစဖို႕နည္းလမ္းမ်ား" freepick

တုိးတက္ေနတဲ့ေခတ္ကာလမွာ လူတိုင္းဟာ မိမိတို႕ရဲ႕ အသက္ေမြးဝမ္းေက်ာင္းအတြက္ ကမၻာသံုးဘာသာစကားတစ္မ်ဳိးျဖစ္တဲ့ အဂၤလိပ္စကားကို ကြ်မ္းကြ်မ္းက်င္က်င္ ေျပာတတ္လိုၾကပါတယ္။ဒီအတြက္ အဂၤလိပ္စကားကို ကြ်မ္းက်င္စြာေျပာတတ္ဖို႕ေလ့က်င့္ရာမွာ အေထာက္အကူျပဳႏိုင္တဲ့ နည္းလမ္းတစ္ခ်ဳိ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

မရွက္မေၾကာက္ မ်ားမ်ားေျပာေပးပါ

မိမိကိုယ္ကို ယံုၾကည္မႈအျပည့္ထားျပီး တတ္ႏိုင္သေလာက္လူေတြမ်ားမ်ားနဲ႕ အဆင္ေျပရင္ေျပသလို စကားမ်ာမ်ားေျပာေပးပါ။မိမိေျပာလိုက္တဲ့စကားက မွားသြားမွာလားဆိုတာကို ေတြးျပီး မရွက္မိဖို႕၊ မေၾကာက္မိဖို႕လိုပါတယ္။စကားေျပာတဲ့အေလ့အက်င့္ေတြမ်ားမ်ားရလာတာနဲ႕အမွ်မိမိကိုယ္မိမိပိုလို႕ယံုၾကည္မႈတိုးလာကာ အခ်ိန္ကာလတစ္ခုအတြင္းမွာ အသံထြက္ေရာ၊ ေဝါဟာရပါ မွန္ကန္ၾကြယ္ဝလာမွာျဖစ္ပါတယ္။ ဒီအတြက္ အဓိက ေသာ့ခ်က္ က မရွက္မေၾကာက္ဘဲနဲ႕ မ်ားမ်ားေျပာေပးဖို႕ဆိုတဲ့ အေၾကာင္းအရင္းတစ္ရပ္ဘဲျဖစ္ပါတယ္။

 

Google Translate ကိုအသံုးျပဳပါ

စကားလံုးတစ္လံုးကို အသံထြက္ျဖစ္ေစ၊ ေဝါဟာရျဖစ္ေစ မေသခ်ာျဖစ္ေနတဲ့အခါ google မွာ ရွာလိုက္ပါ။မိမိသိခ်င္တဲ့စာလံုးေလးကိုရိုက္ထည့္လိုက္ရံုနဲ႕ ေဝါဟာရအဓိပၸယ္ကို သိရသလို audio button ကုိႏွိပ္လုိက္ရံုနဲ႕လည္း မွန္ကန္တဲ့အသံထြက္ကုိေလ့လာနားေထာင္ႏိုင္မွာျဖစ္ပါတယ္။

 

မ်ားမ်ားနားေထာင္ေပးပါ

ရုပ္ျမင္သံၾကားမွာ လာတဲ့ အဂၤလိပ္သတင္းတိုတိုေလးေတြ၊ အဂၤလိပ္သီခ်င္းေတြကို မ်ားမ်ားနားေထာင္ေပးျခင္းျဖင့္ အသံထြက္ေတြကိုနားရည္ဝလာႏိုင္ပါတယ္။ဒီလို မ်ားမ်ားနားေထာင္ေပးျခင္းျဖင့္ စကားလံုးအသစ္အဆန္းေတြကုိေလ့လာမွတ္သားႏိုင္လာကာ ပိုမို အေလ့အက်င့္ျဖစ္လာေစမွာျဖစ္ပါတယ္။

 

က်ယ္က်ယ္ေလး စာဖတ္ပါ

အဂၤလိပ္မဂၢဇင္း၊ သတင္းစာတို႕ဖတ္တဲ့အခါလည္း အသံက်ယ္က်ယ္ေလးနဲ႕ဖတ္ေပးဖို႕လိုပါတယ္။ဒီလိုဖတ္ေပးျခင္းျဖင့္ မိမိရဲ႕အသံထြက္အေနအထားအမွားအမွန္ကို ခြဲျခားသိျမင္ႏိုင္ျပီး ပုိမိုေကာင္းမြန္ေစဖို႕ ျပင္ဆင္သြားႏိုင္မွာျဖစ္ပါတယ္။တစ္ေန႕ကုိ အနည္းဆံုးစာမ်က္ႏွာတစ္မ်က္ႏွာေလာက္ကို မျဖစ္မေနဖတ္ေပးသင့္ပါတယ္။

 

ေန႕စဥ္ စကားလံုးအသစ္တစ္လံုးသင္ယူပါ

တစ္ေန႕ကို စကားလံုးတစ္လံုးေလာက္ ေရြးခ်ယ္ျပီး မတူညီတဲ့ ဝါက်ေတြမွာ ပံုမွန္အသံုးျပဳေလ့က်င့္သြားျခင္းျဖင့္ ေန႕စဥ္ေဝါဟာရ စာလံုးေလးေတြ ေပါၾကြယ္လာမွာျဖစ္ပါတယ္။

 

ရုပ္ရွင္ကားေတြၾကည့္ေပးပါ

အဂၤလိပ္ရွပ္ရွင္ကားေတြကုိၾကည့္ေပးျခင္းျဖင့္ ေဝါဟာရစာလံုးအသစ္ေတြနဲ႕ အသံထြက္ေတြကို ေကာင္းေကာင္း သတိျပဳ မွတ္မိေစမွာျဖစ္ပါတယ္။သရုပ္ေဆာင္တုိ႕ရဲ႕ အသံအေနအထားကို တုပလိုက္လံေျပာဆိုျခင္းဟာလည္း စကားေျပာစြမ္းရည္ကို တိုးတက္ေစႏိုင္တဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။

 

ႏိုင္ငံျခားသားမိတ္ေဆြေတြနဲ႕မိတ္ဖြဲ႕ေျပာဆိုပါ

အဂၤလိပ္စကားေျပာတဲ့သူေတြ၊ အဂၤလိပ္စကားေျပာႏိုင္ဖို႕ေလ့လာေနတဲ့ မိမိလို ဘဝတူေတြ နဲ႕ မိတ္ဖြဲ႕ျပီး ေျပာဆိုေလ့က်င့္ေပးပါ။ ျပီးေတာ့ မိမိရဲ႕ အေတြ႕အၾကံဳ နဲ႕အျမင္ေတြကိုဖလွယ္ပါ။သင္ယူေလ့လာေနတဲ့အေၾကာင္းအရင္းေတြနဲ႕ပတ္သက္ျပီး ေလ့က်င့္ေျပာဆိုေဆြးေႏြးေပးျခင္းဟာလည္း မိမိတို႕ရဲ႕ စကားေျပာစြမး္ရည္ကို တိုးတက္ေစဖို႕ အေထာက္အကူျပဳတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။

 

ျငင္းခံုေဆြးေႏြးပါ

မိမိရဲ႕ သူငယ္ခ်င္းေတြနဲ႕အတူ စိတ္ဝင္စားစရာေကာင္းတဲ့ အဂၤလိပ္ဇာတ္လမ္း၊ပံုျပင္အေၾကာင္းေတြ ကို ျငင္းခံုေဆြးေႏြးပါ။ မိမိလုိခ်င္တဲ့အေၾကာင္းအရာကိုေျပာဆိုတတ္ဖို႕ တတ္ႏိုင္သေလာက္ ေဝါဟာရ စကားလံုးကိုၾကြယ္ဝစြာ အသံုးျပဳေပးျခင္းဟာလည္း စကားေျပာစြမ္းရည္ တိုးတက္ေစဖို႕ အေထာက္အကူျပဳတဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။

 

အဘိဓာန္ ကို အသံုးျပဳပါ

အဘိဓာန္မွာ သန္းေပါင္းမ်ားစြာေသာ စကားလံုးေတြပါဝင္ေနရာ မိမိသိခ်င္တဲ့စကားလံုးေတြကုိ ရွာေဖြသိရိွႏိုင္သလို စကားလံုးတစ္လံုးအားဝါက်ထဲမွာ အသံုးျပဳထားပံုကိုလည္း ေလ့လာေတြ႕ရိွႏိုင္တာေၾကာင့္ အဘိဓာန္အသံုးျပဳျခင္းဟာ လည္း အေထာက္အကူျပဳတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။

 

Sources : Yangon Life

 

UNICODE

"အင်္ဂလိပ်စကားပြောစွမ်းရည်တိုးတက်စေဖို့နည်းလမ်းများ"
တိုးတက်နေတဲ့ခေတ်ကာလမှာ လူတိုင်းဟာ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ကမ္ဘာသုံးဘာသာစကားတစ်မျိုးဖြစ်တဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်လိုကြပါတယ်။ဒီအတွက် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောတတ်ဖို့လေ့ကျင့်ရာမှာ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

မရှက်မကြောက် များများပြောပေးပါ

မိမိကိုယ်ကို ယုံကြည်မှုအပြည့်ထားပြီး တတ်နိုင်သလောက်လူတွေများများနဲ့ အဆင်ပြေရင်ပြေသလို စကားမျာများပြောပေးပါ။မိမိပြောလိုက်တဲ့စကားက မှားသွားမှာလားဆိုတာကို တွေးပြီး မရှက်မိဖို့၊ မကြောက်မိဖို့လိုပါတယ်။စကားပြောတဲ့အလေ့အကျင့်တွေများများရလာတာနဲ့အမျှမိမိကိုယ်မိမိပိုလို့ယုံကြည်မှုတိုးလာကာ အချိန်ကာလတစ်ခုအတွင်းမှာ အသံထွက်ရော၊ ဝေါဟာရပါ မှန်ကန်ကြွယ်ဝလာမှာဖြစ်ပါတယ်။ ဒီအတွက် အဓိက သော့ချက် က မရှက်မကြောက်ဘဲနဲ့ များများပြောပေးဖို့ဆိုတဲ့ အကြောင်းအရင်းတစ်ရပ်ဘဲဖြစ်ပါတယ်။

 

Google Translate ကိုအသုံးပြုပါ

စကားလုံးတစ်လုံးကို အသံထွက်ဖြစ်စေ၊ ဝေါဟာရဖြစ်စေ မသေချာဖြစ်နေတဲ့အခါ google မှာ ရှာလိုက်ပါ။မိမိသိချင်တဲ့စာလုံးလေးကိုရိုက်ထည့်လိုက်ရုံနဲ့ ဝေါဟာရအဓိပ္ပယ်ကို သိရသလို audio button ကိုနှိပ်လိုက်ရုံနဲ့လည်း မှန်ကန်တဲ့အသံထွက်ကိုလေ့လာနားထောင်နိုင်မှာဖြစ်ပါတယ်။

 

များများနားထောင်ပေးပါ

ရုပ်မြင်သံကြားမှာ လာတဲ့ အင်္ဂလိပ်သတင်းတိုတိုလေးတွေ၊ အင်္ဂလိပ်သီချင်းတွေကို များများနားထောင်ပေးခြင်းဖြင့် အသံထွက်တွေကိုနားရည်ဝလာနိုင်ပါတယ်။ဒီလို များများနားထောင်ပေးခြင်းဖြင့် စကားလုံးအသစ်အဆန်းတွေကိုလေ့လာမှတ်သားနိုင်လာကာ ပိုမို အလေ့အကျင့်ဖြစ်လာစေမှာဖြစ်ပါတယ်။

 

ကျယ်ကျယ်လေး စာဖတ်ပါ

အင်္ဂလိပ်မဂ္ဂဇင်း၊ သတင်းစာတို့ဖတ်တဲ့အခါလည်း အသံကျယ်ကျယ်လေးနဲ့ဖတ်ပေးဖို့လိုပါတယ်။ဒီလိုဖတ်ပေးခြင်းဖြင့် မိမိရဲ့အသံထွက်အနေအထားအမှားအမှန်ကို ခွဲခြားသိမြင်နိုင်ပြီး ပိုမိုကောင်းမွန်စေဖို့ ပြင်ဆင်သွားနိုင်မှာဖြစ်ပါတယ်။တစ်နေ့ကို အနည်းဆုံးစာမျက်နှာတစ်မျက်နှာလောက်ကို မဖြစ်မနေဖတ်ပေးသင့်ပါတယ်။

 

နေ့စဉ် စကားလုံးအသစ်တစ်လုံးသင်ယူပါ

တစ်နေ့ကို စကားလုံးတစ်လုံးလောက် ရွေးချယ်ပြီး မတူညီတဲ့ ဝါကျတွေမှာ ပုံမှန်အသုံးပြုလေ့ကျင့်သွားခြင်းဖြင့် နေ့စဉ်ဝေါဟာရ စာလုံးလေးတွေ ပေါကြွယ်လာမှာဖြစ်ပါတယ်။

 

ရုပ်ရှင်ကားတွေကြည့်ပေးပါ

အင်္ဂလိပ်ရှပ်ရှင်ကားတွေကိုကြည့်ပေးခြင်းဖြင့် ဝေါဟာရစာလုံးအသစ်တွေနဲ့ အသံထွက်တွေကို ကောင်းကောင်း သတိပြု မှတ်မိစေမှာဖြစ်ပါတယ်။သရုပ်ဆောင်တို့ရဲ့ အသံအနေအထားကို တုပလိုက်လံပြောဆိုခြင်းဟာလည်း စကားပြောစွမ်းရည်ကို တိုးတက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

 

နိုင်ငံခြားသားမိတ်ဆွေတွေနဲ့မိတ်ဖွဲ့ပြောဆိုပါ

အင်္ဂလိပ်စကားပြောတဲ့သူတွေ၊ အင်္ဂလိပ်စကားပြောနိုင်ဖို့လေ့လာနေတဲ့ မိမိလို ဘဝတူတွေ နဲ့ မိတ်ဖွဲ့ပြီး ပြောဆိုလေ့ကျင့်ပေးပါ။ ပြီးတော့ မိမိရဲ့ အတွေ့အကြုံ နဲ့အမြင်တွေကိုဖလှယ်ပါ။သင်ယူလေ့လာနေတဲ့အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး လေ့ကျင့်ပြောဆိုဆွေးနွေးပေးခြင်းဟာလည်း မိမိတို့ရဲ့ စကားပြောစွမ်းရည်ကို တိုးတက်စေဖို့ အထောက်အကူပြုတဲ့အချက်တစ်ခုဖြစ်ပါတယ်။

 

ငြင်းခုံဆွေးနွေးပါ

မိမိရဲ့ သူငယ်ချင်းတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းတဲ့ အင်္ဂလိပ်ဇာတ်လမ်း၊ပုံပြင်အကြောင်းတွေ ကို ငြင်းခုံဆွေးနွေးပါ။ မိမိလိုချင်တဲ့အကြောင်းအရာကိုပြောဆိုတတ်ဖို့ တတ်နိုင်သလောက် ဝေါဟာရ စကားလုံးကိုကြွယ်ဝစွာ အသုံးပြုပေးခြင်းဟာလည်း စကားပြောစွမ်းရည် တိုးတက်စေဖို့ အထောက်အကူပြုတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

 

အဘိဓာန် ကို အသုံးပြုပါ

အဘိဓာန်မှာ သန်းပေါင်းများစွာသော စကားလုံးတွေပါဝင်နေရာ မိမိသိချင်တဲ့စကားလုံးတွေကို ရှာဖွေသိရှိနိုင်သလို စကားလုံးတစ်လုံးအားဝါကျထဲမှာ အသုံးပြုထားပုံကိုလည်း လေ့လာတွေ့ရှိနိုင်တာကြောင့် အဘိဓာန်အသုံးပြုခြင်းဟာ လည်း အထောက်အကူပြုတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

 

sayar.com.mm

Sources : Yangon Life

 

 

Read times Last modified on Monday, 30 December 2019 17:29
Rate this articles
(0 votes)