×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 07 May 2019

"ရုပ်ရှင်တွေကတစ်ဆင့် အင်္ဂလိပ်စာသင်ယူနည်း(၇) ခု"

"ရုပ်ရှင်တွေကတစ်ဆင့် အင်္ဂလိပ်စာသင်ယူနည်း(၇) ခု" google

. ကိုယ့်ရဲ့လက်ရှိ အင်္ဂလိပ်စာအဆင့်နဲ့ ကိုက်ညီတဲ့ ရုပ်ရှင်ကို ရွေးပါ။

ဥပမာ beginner ဆိုရင် ကာတွန်းကားတွေကို ရွေးပါ။ အဓိကကတော့ ကာတွန်းကားတွေမှာ အင်္ဂလိပ်စာက နားလည်လွယ်ပြီး စိတ်ဝင်စားစရာ ကောင်းလို့ပါပဲ။

. စိတ်င်စားစရာ ရုပ်ရှင်ကို ရွေးပါ။

ပျင်းစရာရုပ်ရှင်ကို ကြည့်မိရင် ပျင်းလာပြီး အာရုံမစိုက်မိတော့ပါဘူး။ ရုပ်ရှင်တွေကို အကြိုသုံးသပ်တဲ့ Rotten Tomatoes ဆိုတဲ့ ၀က်ဘ်ဆိုက်ရှိပြီး အဲဒီအထဲကနေ ရုပ်ရှင်တစ်ကားကို မကြည့်ခင် အကဲခတ်လို့ ရပါတယ်။

. အဘိဓာန်ယူသွားပါ။

မသိတဲ့စကားလုံးတွေ့ရင် ကြည့်ပါ။ အဲဒီစကားလုံးကြောင့် ကိုယ် အခက်တွေ့ရတဲ့အတွက် အဲဒီစကားလုံးကို အကြာကြီး မှတ်မိနေပါလိမ့်မယ်။

.ါကျတိုလေးတွေကို လိုက်ဆိုကြည့်ပါ။

တစ်ခါတလေ ရုပ်ရှင်ထဲမှာ တချို့ဝါကျတွေကို မကြာမကြာ ကြားရပါတယ်။ ဥပမာ “hell yeah!” တို့၊ “sure thing” တို့ “you betcha!” ပါ။ ဒါတွေက အင်္ဂလိပ်စကားမှာ အသုံးများတယ်။ ဒါတွေကို လိုက်ဆိုကြည့်ခြင်းဖြင့် မှတ်မိနေစေပါတယ်

. စာတန်းထိုး မပါနဲ့။

နိုင်ငံခြားရုပ်ရှင်တကားကို စာတန်းထိုး မပါဘဲကြည့်ရတာ ခက်ပါလိမ့်မယ်။ ဒီတော့ အကြံပြုချင်တာက ပထမတစ်ခေါက်မှာ စာတန်းထိုးကြည့်ပါ။ ဒုတိယတစ်ကြိမ် ကြည့်ရင် စာတန်းမထိုးဘဲ ကြည့်ပါ။

ဒီနည်းနဲ့ ပထမတစ်ကြိမ်မှာ ဇာတ်လမ်းကိုသိမယ်။ ပြီးတော့ ပထမတစ်ကြိမ်က မသိတဲ့ စကားလုံးတွေကို အဘိဓာန်ထဲမှာ ရှာဖွေခွင့်ရမယ်။

. VLC player နဲ့ကြည့်ပါ။

ကွန်ပျူတာမှာ ရုပ်ရှင်ကြည့်လေ့ရှိသူတွေအတွက်ပါ။ ရုပ်ရှင်ကြည့်ရုံအပြင် သူ့မှာ ထူးခြားတဲ့ feature ပါဝင်ပါတယ်။ အဲဒါကတော့ ရုပ်ရှင်တွေကို ကြိုက်သလို အနှေးအမြန်နှုန်းနဲ့ ကြည့်ရှုနိုင်ခြင်းဖြစ်ပါတယ်။ ဒီတော့ ကိုယ်နားမလည်တဲ့ အပိုင်းမှာ အနှေးပြကွက်နဲ့ကြည့်ရင်း ကိုယ့်အကြားစွမ်းရည်ကို လေ့ကျင့်နိုင်ပါတယ်။

. စကားလုံးတချို့ လွတ်သွားတာ ဘာမှမဖြစ်ပါဘူး။

ရုပ်ရှင်ကြည့်တာက အပန်းဖြေဖို့ရည်ရွယ်ပြီး အဲဒီအထဲမှာ တချို့စကားလုံးတွေကို သိသွားတယ်ဆိုရင် အမြတ်ပါပဲ။

Source: how to translate facebook

ဆရာတစ်ဦးချင်းသင်ပေးတဲ့ အင်္ဂလိပ်ဘာသာစကားသင်တန်းများကို ဒီလင့် ( https://bit.ly/2ZZ53Fj) တွင် ဝင်ရောက်ရှာဖွေနိုင်ပါသည်။

Read times Last modified on Tuesday, 17 March 2020 15:52
Rate this articles
(3 votes)