×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 11 May 2019

"ရင့်​ကျက်​တဲ့အ​တွေး​လေး​တော့ ရ​အောင်​ယူ​ဆောင်​ထားပါ"

"ရင့်​ကျက်​တဲ့အ​တွေး​လေး​တော့ ရ​အောင်​ယူ​ဆောင်​ထားပါ" google

ဘယ်​​လောက်​ပဲရင့်​ကျက်​ပါတယ်​​ပြော​ပြော.......


မထင်​မှတ်​ထားတဲ့ အခက်​ခဲနဲ့ကြုံ​တွေ့လိုက်​ချိန်
အနည်းငယ်​​တော့ ဗျာများ တုန်​လှုပ်​ ​နောက်​တွန့်​ဖူးတယ်​။

ဘဝဆိုတာ ခဏတာဆို​ပေမယ့်
ဖြတ်​သန်းမှုမှာ ခံစားမှုကမပြီးဆုံး​တော့
အထီးကျန်​သူအဖို့ ကြွင်းကျန်​ရစ်​တာ
ခြောက်​​သွေ့ခြင်းရင်​ခွင်​တစ်​ခုသာ။

မ​နေ့ကအ​ဟောင်း မနက်​ဖြန်​အသစ်
လက်​ထဲကိုင်​​ဆောင်​ထားတဲ့အရာကအစစ်​။

မ​သေချာတဲ့အချိန်​​တွေထဲမှာ
သေချာတာက ဘဝဆိုတာ
ထုဆစ်​​နေတိုင်းရုပ်​လုံးမကြွဘူး။

ခေါက်​ဆွဲ​ဆိုတာ ​ပျော့​ပျောင်းတယ်
သူကို​နေလှန်းလိုက်​ရင်​ မာကျွတ်​ကျွတ်​နဲ့
သူ့ရဲ့ မူလပုံစံ​ပြောင်းသွားတယ်​။

လူဆိုတာလည်း ​မွေးကင်းစမှာဖြူစင်​ကြတယ်​။
လောကဓံရဲ့ အနိမ့်​အမြင့်​အတတ်​ကြားမှာ
ဇာတ်​မတိုက်​ထားပဲ ရရှိလိုက်​တဲ့
ကြုံ​တွေမှု​တွေကြားမှာ
စိတ်​​နေစိတ်​ထား​ပြောင်းလဲသွားတယ်​။

ဝါးဆိုတာ စတင်​ထွက်​ခါစက မျှစ်​လို့​ခေါ်ပြီး
စား​သောက်​ကြတယ်​။
မိုးဒဏ်​ ​နေဒဏ်​ကြားမှာပဲ တဖြည်းဖြည်း ချင်း
ကြီးမား ရင့်​သန်​လာ​တော့
ဝါးကိုစားစရာလို့သက်​မှတ်​ခွင့်​မရ​တော့ဘဲ
သုံးလို့ရမယ့်​ ​နေရာ​တွေမှာသုံးကြတယ်​။

ဘဝမှာလည်း ငယ်​စဉ်​ကဖြူစင်​မှု​တွေ​လောက်
ရာသီ​တွေ​ပြောင်းလာသလို
စိတ်​ထား​တွေလည်း ​ပြောင်းလဲလာတယ်​။

ပျော့ညံ့သလိုနဲ့ ရင့်​ကျက်​လာတယ်​။
မသိဘူးထင်​​နေ​ပေမယ့်​ သိ​နေတယ်​။
ဆုံးရှူံး တယ်​ထင်​​နေ​ပေမယ့်​ ​အောင်​မြင်​​နေတယ်​။
ရလိုက်​တယ်​ထင်​​ပေမယ့်​ လက်​လွတ်​​ပေး​နေတယ်။

အ​ပြောင်းအလဲများတဲ့ ကျားကွက်​​တွေ​တောင်​နဲ့
နှစ်​​ရောင်​ရှိကြ​သေးတာ
လူဆိုတာလည်း နှစ်​မျိုးကွဲတာမဆန်းပါဘူး
ကောင်းတဲ့သူရဲ့ ဆိုးတဲ့သူရယ်

ကျားကွက်​ဆိုတာလည်း အဖြူကွက်​ဆိုလည်း
အဖြူကွက်​မှာပဲ ​ဆော့ရတယ်​။
အနက်​ဆိုလည်း အနက်​ကွက်​မှာပဲ​ဆော့ရတယ်။

နောက်​ဆုံးရင်​ဘက် တူသူ​တွေလက်​တွဲမိသွားတယ်​။

ဘဝဆိုတာ လိုအပ်​ချက်​​တွေများ​နေသ​ရွှေ့
ပင်​ပန်း​နေဦးမှာ။
ရယူလိုစိတ်​​တွေများ​နေသ​ရွှေ့ ခံစား​နေရဦးမှာ။

ဘာမှမရှိရင်​ဘာမှမပူပင်​ရဘူးဆို​ပေမယ့်
ကောင်းမွန်​တဲ့စိတ်​ ရင့်​ကျက်​တဲ့အ​တွေး​လေး​တော့
ရ​အောင်​ယူ​ဆောင်​ထားပါ
ဘဝ တစ်​ခု​အေးချမ်းဖို့ သူ့ကအမိုးဖြစ်​သလို
သူ့က​လှေကားဖြစ်​​နေလို့ပါမိတ်​​ဆွေ....။

 

Ref ;ဘာမထီဘွား အ​တွေးစာစု​လေးများ

Read times Last modified on Saturday, 11 May 2019 15:19
Rate this articles
(0 votes)