×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 27 May 2019

သင့်ရဲ့ အင်္ဂလိပ်စာလေ့လာခြင်းကို ထိရောက်စွာအထောက်ကူပြုနိုင်တဲ့ အချက်(၇) ချက်

သင့်ရဲ့ အင်္ဂလိပ်စာလေ့လာခြင်းကို ထိရောက်စွာအထောက်ကူပြုနိုင်တဲ့ အချက်(၇) ချက် google.com

၁. မရှက်မကြောက် များများပြောပေးပါ.


မိမိကိုယ်ကို ယုံကြည်မှု အပြည့်ထားပြီး တတ်နိုင်သလောက် လူတွေများများနဲ့ အဆင်ပြေရင်ပြေသလို စကားမျာများပြောပေးပါ။ မိမိပြောလိုက်တဲ့ စကားက မှားသွားမှာလားဆိုတာကို တွေပြီး မရှက်မိဖို့၊ မကြောက်မိဖို့လိုပါတယ်။
စကားပြောတဲ့ အလေ့အကျင့်တွေ များများရလာတာနဲ့အမျှ မိမိကိုယ်မိမိ ပိုလို့ယုံကြည်မှုတိုးလာကာ အချိန်ကာလ တစ်ခုအတွင်းမှာ အသံထွက်ရော၊ ဝေါဟာရပါ မှန်ကန်ကြွယ်ဝ လာမှာဖြစ်ပါတယ်။
ဒီအတွက် အဓိက သော့ချက်က မရှက်မကြောက်ဘဲနဲ့ များများပြောပေးဖို့ဆိုတဲ့ အကြောင်းအရင်း တစ်ရပ်ဘဲဖြစ်ပါတယ်။

 


၂. Google Translate ကို အသုံးပြုပါ.


စကားလုံးတစ်လုံးကို အသံထွက်ဖြစ်စေ၊ ဝေါဟာရဖြစ်စေ မသေချာဖြစ်နေတဲ့အခါ google မှာ ရှာလိုက်ပါ။ မိမိသိချင်တဲ့ စာလုံးလေးကို ရိုက်ထည့်လိုက်ရုံနဲ့ ဝေါဟာရအဓိပ္ပယ်ကို သိရသလို audio button ကို နှိပ်လိုက်ရုံနဲ့လည်း မှန်ကန်တဲ့ အသံထွက်ကို လေ့လာ နားထောင်နိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

 


၃. များများနားထောင်ပေးပါ.


ရုပ်မြင်သံကြားမှာ လာတဲ့ အင်္ဂလိပ် သတင်းတိုတိုလေးတွေ၊ အင်္ဂလိပ်သီချင်းတွေကို များများနားထောင်ပေး ခြင်းဖြင့် အသံထွက်တွေကို နားရည်ဝလာနိုင်ပါတယ်။ ဒီလို များများနားထောင်ပေးခြင်းဖြင့် စကားလုံး အသစ်အဆန်းတွေကို လေ့လာမှတ်သားနိုင်လာကာ ပိုမို အလေ့အကျင့်ဖြစ် လာစေမှာဖြစ်ပါတယ်။ အင်္ဂလိပ်သီချင်းတွေ နားထောင်ခြင်းဖြင့် Listening skill ကောင်းမွန်ဖို့အတွက် အထောက်အကူဖြစ်မယ်၊ စကားလုံးတွေ နားယဉ်လာလိမ့်မယ်။ အင်္ဂလိပ်သီချင်းစားသားများကိုလည်း နားထောင်ရုံမဟုတ်ဘဲ ပါးစပ်မှ လိုက်ဆိုပေးရင် ပိုကောင်းပါတယ်။

 


၎. ရုပ်ရှင်ကားတွေကြည့်ပေးပါ.
အင်္ဂလိပ် ရှပ်ရှင်ကားတွေကို ကြည့်ပေးခြင်းဖြင့် ဝေါဟာရစာလုံးအသစ်တွေနဲ့ အသံထွက်တွေကို ကောင်းကောင်း သတိပြု မှတ်မိစေ မှာဖြစ်ပြီး စကားပြောစွမ်းရည်ကို တိုးတက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

 


၅. ငြင်းခုံဆွေးနွေးပါ.


မိမိရဲ့ သူငယ်ချင်းတွေနဲ့အတူ စိတ်ဝင် စားစရာကောင်းတဲ့ အင်္ဂလိပ်ဇာတ်လမ်း၊ ပုံပြင် အကြောင်းတွေကို ငြင်းခုံဆွေးနွေးပါ။
မိမိလိုချင်တဲ့ အကြောင်းအရာကို ပြောဆိုတတ်ဖို့ တတ်နိုင်သလောက် ဝေါဟာရ စကားလုံးကို ကြွယ်ဝစွာ အသုံးပြုပေးခြင်းဟာလည်း စကားပြောစွမ်းရည် တိုးတက်စေပါတယ်။

 


၆. ကိုယ်တိုင်လေ့ကျင့်ပြောဆိုပါ.


မိမိအိမ်မှာ မှန်ကြည့်ပြီးဖြစ်စေ ၊ မိသားစုဝင်များကိုဖြစ်စေ အလေ့အကျင့်ဖြစ်အောင် အင်္ဂလိပ်စကားကို ပြောဆိုကျင့်ရှိအောင် လေ့ကျင့်ပြောဆိုပါ။ ပြောရမှာ မရှက်ပါနဲ့။ ရှက်ရင်ရှေ့မရောက်သလို ကြောက်ရင်လည်း ခရီးတွင်မှာ မဟုတ်ပါဘူးနော်။ မှားမှာလည်း မစိုးရိမ်ပါနဲ့။ မှားမှန်းသိမှ အမှန်ပြင်နိုင်မှာ ဖြစ်ပါတယ်။

 


၇. နေ့စဉ်ဒိုင်ယာရီရေးပါ.
နေ့စဉ်တော့ ပုံမှန်ရေးပေးနိင်အောင်လုပ်ပါ။ ရေးတဲ့အခါ မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုရေးပါ။ သို့မဟုတ် အရင်ဆုံး ရေးချင်တာကို မြန်မာလို ရေးချပါ။ ပြီးလျှင် အင်္ဂလိပ်လို ပြန်ရေးပါ။ ဒီလို အလေ့အကျင့်လုပ်ခြင်းဖြင့် Writing အတွက်လည်း အလေ့အကျင့်ကောင်းဖြစ်သလို ဝေါဟာရတွေလည်း ကြွယ်ဝလာစေမှာပါ။

 

သင်တက်ရောက်လိုသောသင်တန်းများ ကို sayar.com.mm တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

Read times Last modified on Monday, 27 May 2019 17:20
Rate this articles
(0 votes)