×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 28 June 2019

"Youtube ကနေ လစဉ်ဒေါ်လာ သန်းချီ ရနေတဲ့ Youtuber ကိုလူချောလေးများ"

"Youtube ကနေ လစဉ်ဒေါ်လာ သန်းချီ ရနေတဲ့ Youtuber ကိုလူချောလေးများ" google.com

ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း အင်တာနက်က တော်တော်လေးအဆင်ပြေလာတော ဖေ့ဘုတ်သုံးရုံတင်မက Youtube ကြည့်တဲ့သူကလည်း တနေ့တခြား များလာ ပါပြီ။

Youtube ပေါ်ကနေ ငွေတွေသောက်သောက်လဲ ရနေသူတွေအကြောင်း နည်းပညာနဲ့ရင်းနှီးတဲ့သူတွေကတော့ သိပြီးဖြစ်မှာပါ။ Youtube မှာ ဗီဒီယိုလေးတွေတင် ရုံ နဲ့ ဒေါ်လာ သန်းနဲ့ချီရနေတဲ့သူတွေ ရှိတယ်ဆိုတာကို မသိသေးတဲ့ မိတ်ဆွေများအတွက်ကတော့ အနည်းငယ် အထူးအဆန်းဖြစ်နိုင်ပါတယ်။

အဓိကကတော့ မိတ်ဆွေတို့ Youtube က ဗီဒီယိုတွေကြည့်တဲ့အခါ ကြာငြာတွေ ကြားဖြတ်ပင်တာ မကြာခဏမြင်ဖူးကြပါလိမ့်မယ်။ အဲဒီကနေ ၀င်ငွေရကြတာပါ။ ကြော်ငြာချင်တဲ့  ကုမ္ပဏီတွေက Youtube ကိုကြော်ငာ ခပေးရတာဖြစ်ပြီး ၊ Youtube ကနေ ဗီဒီယိုတင်တဲ့သူတွေကို ပြန်ခွဲပေးတာဖြစ်ပါတယ်။

ဒီနည်းလမ်းနဲ့ Youtube ပေါ်မှာ ပိုက်ဆံရှာနေသူပေါင်းကလည်း သိန်းနဲ့ချီရှိပါတယ်။

ကိုယ်ရဲ့ ဗီဒီယိုကို ကြည့်ရှုသူမှားလေလေ ပိုက်ဆံပိုရလေလေပါပဲ။ တကယ်နာမည်ကြီးတွေကတော့ ဗီဒီယို အတိုလေးတစ်ခုတင်လိုက်ရုံနဲ့ ဒေါ်လာ ထောင်ချီ ၊ သောင်းချီရကြပါတယ်။ အဲဒီလိုရှာဖွေတဲသူအမှားအပြားထဲမှာ ထိပ်ဆုံးကနေ ဦးဆောင်သူကိုတွေ့ရင် အံဩသွားပါလိမ့်မယ်။

သူတို့ဘယ်သူတွေလဲ ဘယ်လိုရလဲ ဘယ်လောက်ရလဲ ဆိုတာကို ၂၀၁၈ မှာပိုက်ဆံ အရှာနိုင်ဆုံး Youtuber ၁၀ယောက်အကြောင်းကို ဗဟုသုတ အနေနဲ့ပြောပြပေးသွားပါမယ်။ ဒီစာရင်းကိုတော့ CNBC website က ထုတ်ထားတာဖြစ်ပါတယ်။


၁၀။ Logan Paul (၂၀၁၈ခုနှစ် ဝင်ငွေ= ဒေါ်လာ ၁၄.၅သန်း)

dims


Logan Paul ကတော့ အသက် ၂၃နှစ်ပဲ ရှိတဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ Youtube ကို ၂၀၁၅ သြဂုတ်လမှ ရောက်ရှိလာခဲ့တာပါ။

သူဟာသရုပ်ဆောင်တစ်ယောက်ဖြစ်သလို အင်တာနက်ပေါ်မှာ နာမည်ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

ဟာသ ၊ ခရီးသွား ၊ အထူးအဆန်း ဗီဒီယိုလေးတွေ တင်တတ်သူ စ်ပြီး သူ့ရဲ့ Follower(Youtube မှာဆို subscriber လို့ခေါ်ပါတယ်) ပေါင်းက ၁၈.၈သန်း တောင်ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံသစ်တောက ကြိုးဆွဲချတဲ့ သူတစ်ယောက်ရဲ့ ဗီဒီယိုကို တင်ခဲ့တဲ့အတွက် Youtube ရဲ့ ဘန်းခြင်းကိုခံခဲ့ရပါတယ်။

ဒီအတွက် သူတောင်းပန်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ် နောက်ဆုံး ၃လမှာ သူ့ရဲ့ ၀င်ငွေ
ဟာ အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ ဒါတောင်မှ တစ်နှစ်လုံးမှာ သူရှာခဲ့တဲ့ငွေက ဒေါ်လာ ၁၄.၅ သန်းဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယိုကို ကြည့်ရှုတဲ့အကြိမ်ပေါင်းကတော ၄.၂၆ ဘီ လျံ တောင်ရှိနေပါပြီ။


၉။ PewDiePie ( ဒေါ်လာ ၁၅.၅သန်း)

XUKR3ZGYT4I6RA4EXTCUSL7PJE


သူကတော့ ၂၀၁၀ ခုနှစ်တည်းက Youtube မှာ နာမည်ကြီးနေပြီဖြစ်တဲ့ ထိပ်တန်း Youtuber တစ်ယောက်ဖြစ်ပါတယ်။

အရင်ကတော့ သူဟာ ထိပ်ဆုံးနေရာတွေကို အမြဲရခဲ့ပေမယ့် ဒီဘက်နှစ်ပိုင်းမှာတော့ သူ့ကိုကျော်တက်ကုန်ကြပါပြီ။ ဆွီဒင်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ နာမည်အရင်းက Felix Kjellberg ဖြစ်ပြီး အသက် ၂၉နှစ်ပဲ ရှိပါသေးတယ်။

သူကတော့ ကမ္ဘာ့ကျော်တွရဲ့ ဗီဒီယိုတွေ ၊ ဟာသတွေ ၊ ရုပ်ရှင် အကြောင်းတွေကို တင်လေ့ရှိသူပါ။ သူ့ရဲ့ subscriber ပေါင်းကတော ၈၆.၈သန်း ဖြစ် ပီး သူ့ရဲ့ ဗီဒီယိုကို ကြည့်ရှုတဲ့ အကြိမ်ပေါင်းကတော ၂၀.၅ ဘီလံတောင် ရှိနေပါပြီ။ သူ့ရဲ့ စုစုပေါင်း ကြွယ်ဝမှုကတော့ ဒေါ်လာ သန်း ၅၀ အထက်မှာ ရှိနေပါပြီ။


၈။ Jacksepticeye (ဒေါ်လာ ၁၆ သန်း)

jacksepticeye


သူ့ကို online မှာတော့ Nickname ရဲ့ အတိုကောက် Jack လို့ပဲခေါ်ကြပါတယ်။ နာမည်အရင်းက Sean William McLoughlin ဖြစ်ပြီး အသက် ၂၈နှစ်ပဲရှိသေးတဲ့ အိုင်း ရစ်လူမျိုးတစ်ယောက်ပါ။

၂၀၀၇ခုနှစ်ကတည်းက Youtube မှာ ရှိနေနှင့်ပြီဖြစ်ပြီး ဂိမ်မာတစ်ယောက်ဖြစ်တာကြောင့် ဂိမ်းဗီဒီယိုတွေကို အဓိကတင်လေ့ရှိသူပါ။

အခုနောက်ပိုင်းမှာတော ဟာသဗီဒီယိုတွေအပြင် တိုက်ရိုက် Live လွှင့်တာတွေကိုပါ ပြုလုပ်လာပါပြီ။သူကိုနှစ်သက်သူပေါင်းကတော ၂၁.၆ သန်းဖြစ်ပြီး စုစုပေါင်း သူ့ရဲ့ ဗီဒီယို တွကို ကြည့်ထားတဲ့အကြိမ်ပေါင်းကတော့ ၁၀.၇ ဘီလျံ ဖြစ်ပါတယ်။


၇။ VanossGaming (ဒေါ်လာ ၁၇သန်း)

Evan Fong e1501621844732


Youtube နာမည်က VanossGaming ဖြစ်ပေမယ့် သူ့ရဲ့ နာမည်အရင်းကတော Evan Fong ဖြစ်ပြီး အသက် ၂၆နှစ်ပဲ ရှိသေးတဲ့ အိုင်ယာလန် လူငယ်တစ်ယောက်ဖြစ်ပါ တယ်။

ဂိမ်းပြိုင်ပွဲကြေငြာတာတွေ ၊ ဂိမ်းအကြောင်းပြောတာတွေ ၊ ဂိမ်းဆော့ပြတာတွေ စတဲ့ ဂိမ်းနဲ့ဆိုင်တဲ့ ဗီဒီယိုတွေ တင်လေ့ရှိသူပါ။ subscriber ပေါင်း ၂၄.၃ သန်းရှိ ပီး သူ့ဗီဒီယိုတွေကို ကြည့်ရှုတဲ့အကြိမ်ပေါင်းက ၁၀.၆ ဘီလျံဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် Youtube ကနေ သူရရှိခဲ့တဲ့ ၀င်ငွေက ဒေါ်လာ ၁၇သန်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်ကတော ၁၅.၅ သန်း ရရှိခဲ့ပါတယ်။


၆။ Markiplier (ဒေါ်လာ ၁၇.၅သန်း)

markiplier net worth 1 1024x535


သူ့ရဲ့ နာမည်အရင်းကတော Mark Edward Fischbach ဖြစ်ပြီး လူသိများတဲ့ အမေရိကန် Youtuber တစ်ယောက်ဖြစ်ပါတယ်။ အရင်ကတော ဟာဝိုင်ယီ က ဟိုနိုလူလူ ၊ မှာနေခဲ့ပေမယ့် အိုဟိုင်းယိုးကို ပြောင်းလာခဲ့ပြီးတဲ့နောက်မှ သူ့ရဲ့ လုပ်ငန်းကို စခဲ့တာပါ။

သူ့ရဲ့ Youtube Channel မှာတော့ ကြောက်လန့်ဖွယ်ရာ Horror ဂိမ်းတွေအပြင် ဟာသ နဲ့ အန်နီမေးရှင်း ဗီဒီယိုတွေကို တင်လေ့ရှိသူပါ။ သူ့ Channel ကို နှစ်သက်သူပေါင်း ၂၃.၃သန်း ရှိပြီး သူ့ဗီဒီယိုတွေကို ကြည့်ရှုတဲ့အကြိမ်အရေအတွက်ကတော့ ၁၀.၇၅ ဘီလံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သူ့ရဲ့ ၀င်ငွေက ၁၂.၅ သန်းပါ။

သူဟာ Youtube ကအပြင် နာမည်ကြီး အိုတံဆိပ်တွေကို ကြေငြာခြင်းကနေ ၀င်ငွေရ ရှိနေပါသေးတယ်။


၅။ Jeffree Star ( ဒေါ်လာ ၁၈ သန်း)

maxresdefault


အင်တာနက်ပေါ်မှာ လူသိများတဲ့ Jeffree Star ကတော့ အမေရိကန်လူမျိုး မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အဆိုတော် ၊ သီချင်းရေးဆရာ ၊ မော်ဒ ယ် နဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး Jeffree Star အလှကုန် ကုမ္ပဏီကိုတည်ထောင်ထားသူလည်းဖြစ်ပါတယ်။

သူ့ရဲ့ Channel မှာတော့ မိတ်ကပ်လိမ်းပုံ လိမ်းနည်းမျိုးစုံ နဲ့ မိတ်ကပ်တွေ ၊ အလှကုန်တွေအကြောင်း review ဗီဒီယိုတွေကို တင်လေ့ရှိပါတယ်။ subscriber ပေါင်း ၁၃.၁၂သန်း ရှိပြီး သူ့ရဲ့ tutoriral ဗီဒီယိုတွေ ကို ကြည့်ရှုကြတဲ့ အကြိမ်အရေအတွက်ကတော့ ၁.၄ဘီလျံပါ။


၎။ DanDTM (ဒေါ်လာ ၁၈.၅သန်း)

dan


သူကတော့ အသက် ၂၇နှစ်အရွယ် ဗြိတိန်အင်တာနက်စတား တစ်ယောက်ဖြစ်ပြီး နာမည်အရင်းက Daniel Robert Middleton ဖြစ်ပါတယ်။

ပရောဖက်ရှင်နယ်ဂိမ်မာ တစ်ယောက်ဖြစ်ပြီး စာရေးဆရာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ Channel မှာတော ဂိမ်းနဲ့ဆိုင်တဲ့ဗီဒီယိုတွေ ၊ သူ့ရဲ့ ထင်မြင်ချက်တွေအပြင် သူ့ရဲ့ ထုတ်ကုန်တွေပါ ကြေငြာလေ့ ရှိပါတယ်။

ဒါကို အားပေးတဲ့ ပရိသတ်ပေါင်း ၂၁.၂ သန်းရှိပြီး သူ့ရဲ့ ဗီဒီယိုတွေကိုတော့ အကြိမ်ပေါင်း ၁၄ဘီလျံကျော် ကြည့်ရှုပြီးကြပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်က သူ့ရဲ့ ၀င်ငွေကတော ၁၆.၅ သန်းဖြစ်ပါတယ်။


၃။ Dude Perfect (ဒေါ်လာ သန်း ၂၀ )

773089897 780x439


၂၀၁၈ ခုနှစ်တစ်နှစ်တည်းမှာပဲ Youtube ပေါ်ကနေ ဒေါ်လာ သန်း ၂၀ ရှာဖွေထားနိုင်တဲ့ Dude Perfect ကတော့ တစ်ယောက်တည်း မဟုတ်ပဲ အသက် ၂၈နှစ်ကနေ ၃၃နှစ်အရွယ်အထိရှိတဲ့ လူ ၅ယောက်နဲ့ ဖွဲ့စည်းထားတာပါ။

သူငယ်ချင်း ၅ယောက်ဖြစ်တဲ့ Tyler Toney, Coby Cotton, Cory Cotton, Cody Jones နဲ့ Garrett Hilbert တို့ဟာ အထက်တန်းကျောင်း ဘတ်စ်ကတ်ဘောတစ်သင်းတည်းက ကစားသမားတွေဖြစ်ပြီး တက္ကသိုလ်တက်တော့လည်း တက်စ်ဆက်မှာပဲ အတူတူတက်ခဲ့ကြသူတွေ ပါ။

သူတို့အဖွဲ့ရဲ့ Channel မှာတော့ အားကစားနဲ့ဆိုင်တဲ့ Trick တွေ ၊ ဟာသဗီဒီယိုတွေအပြင် သူတို့ရဲ့ ထုတ်ကုန်တွေကိုလည်း ရောင်းတတ်ပါသေးတယ်။

သူတို့ကိုနှစ်သက်သူပေါင်း ၃၉.၂ သန်းရှိပြီး သူတို့ရဲ့ ဗီဒီယိုတွေကို ကြည့်ရှုတဲ့အကြိမ်ပေါင်းကတော ၇.၂ဘီလုံ ရှိနေပါပြီ။ ၂၀၁၇ခုနှစ်တုန်းကတော့ ဒေါ်လာ ၁၄သန်းအထိ ရှာနိုင်ခဲ့ ပီး အခု ၂၀၁၈ခုနှစ်မှာတော့ ၆သန်း ပိုရှာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


၂။ Jake Paul (ဒေါ်လာ ၂၁.၅ သန်း)

jake paul lede


သူကတော့ အမေရိကန် သရုပ်ဆောင် နဲ့ အင်တာနက်စတား တစ်ယောက်ဖြစ်ပြီး အသက် ၂၂နှစ်ပဲ ရှိပါသေးတယ်။

နာမည်အရင်းက Jake Joseph Paul ဖြစ်ပြီး Youtube ပေါ်ကို ၂၀၁၃ ခုနှစ်က ရောက်ရှိလာခဲ့တာပါ။ ဟာသ ၊ အပြောင်အပျက် ဗီဒီယိုတွေ ၊ ထင်မြင်ချက်တွေအပြင် သူ့ရဲ့ ထုတ်ကုန်တွေကို သူ့ရဲ့ ချန်နယ်မှာ တင် လေ့ရှိပါတယ်။

သူဟာ နံပါတ် ၁၀ မှာ ရှိနေတဲ့ Logan Paul နဲ့လည်း ညီအစ်ကို တော်ပါတယ်။ သူ့ရဲ့ subscriber ပေါင်းကတော ၁၈ သန်းဖြစ်ပြီး သူ့ဗီဒီယိုတွေကို ကြည့် ရှုတဲ့အကြိမ်ပေါင်းကတော ၅.၅ဘီလျံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ၀င်ငွေက ၁၁.၅သန်းဖြစ်တာကြောင့် အခုနှစ်မှာ ၂ဆတိုးပြီး ရှာခဲ့နိုင်တာဖြစ်ပါတယ်။


၁။ Ryan ToysReview (ဒေါ်လာ ၂၂သန်း)

MV5BNzNiMDE3ZTUtYzhmYS00MDRlLWE1YmYtNDBjMDlmNTlhOTA0XkEyXkFqcGdeQXVyODk4Nzg5NjE. V1 SX1777 CR001777999 AL


နံပါတ် ၁ ကို သိရင်အံဩသွားမယ်လို့ပြောတာက အပေါ်က လူအားလုံးကြောပြီး နံပါတ် ၁မှာရောက်ရှိနေတဲ့သူက အသက် ၈နှစ်ကျော်ပဲ ရှိတဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။

မိဘတွေက သူ့သားဆော့တဲ့ ဗီဒီယိုကို Youtube ပေါ်တင်ရာက ကြည့်ရှုသူတဖြည်းဖြည်းများလာခဲ့ပြီး အခုဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခု လို လုပ်ကိုင်နေတာပဲဖြစ် ပါတယ်။

သူရဲ့ Channel မှာတော့ တနေ့တစ်မျိုးမရိုးအောင် နည်းမျိုးစုံနဲ့ ဆော့ကစားတဲ့ ကလေးငယ်လေးရဲ့ ဗီဒီယိုတွေကို တင်လေ့ရှိပါတယ်။ တစ်ကမ္ဘာလုံးက ကလေး တော်တော်များများဟာ Ryan ရဲ့ ပရိတ်သတ်တွေဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှ Youtube ကို စတင်ဝင်ရောက်ခဲ့ပေမယ့် ၂၀၁၈မှာတော့ အားလုံးကိုကျော်တက်ခဲ့တဲ့ Ryan ကို အားပေးသူပေါင်းက ၁၈.၃သန်း ဖြစ်ပါတယ်။

သူ့ရဲ့ ဗီဒီယိုကို ကြည့်ရှုတဲ့အကြိမ်ပေါင်းကတော ၂၇.၆ ဘီလံဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကတော့ Ryan ရဲ့ ၀င်ငွေက ၁၁သန်းဖြစ်ပြီး ၂၀၁၈ခုနှစ်မှာတော့ ၂ဆပိုရှာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Youtube ပေါ်မှာ ဗီဒီယိုတွေတင်ပြီး ဒေါ်လာသန်းချီရှာနေကြတဲ့ သူတွေရဲ့ အကြောင်းကို သိသွားလောက်ပြီထင်ပါတယ်။

မြန်မာမှာလည်း Youtube က | ပိုက်ဆံရှာဖွေနေသူတွေ မနည်းလှပါဘူး။ အပေါ်ကလူတွေလောက် မရပေမယ့် ဒေါ်လာ ရာဂဏန်းကနေ ထောင်ဂဏန်း အထိ ရှာဖွေနိုင်နေကြပါပြီ။ အဓိကတော လူစိတ်ဝင်စားစေမယ့် ၊ လူကြည့်များစေမယ့် ဗီဒီယိုတွေကို ဖန်တီးတင်နိုင်ဖို့ဖြစ်ပါတယ်။ ကဲ.. မိတ်ဆွေလည်း Youtube ကနေ ပိုက်ဆံရှာချင်ရင် တခြားသူတွေနဲ့ မတူတဲ့ အိုင် ဒီယာနဲ့ ဗီဒီယိုတွေဖန်တီးပြီး ရှာနိုင်ပါကြောင်း လက်တို့လိုက်ပါတယ်...)

 

ှsource : Thutazone

Languages၊ Fitness and martial art ၊ Creative Design and Media ၊ Music and Performance ၊  Business ၊ IT  အစရှိသည်ရှိ သည်များကို သင်ကြားပေးသော သင်တန်း ဆရာ၊ ဆရာမများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ စုံစုံ လင်လင်သိချင်ရင်တော့ ဤလင့်ခ် sayar.com.mm ကို နှိပ်လိုက်ပါ။

 

 

Read times
Rate this articles
(0 votes)