×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 23 July 2019

"လူငယ်တွေဘာကြောင့် မှတ်စုစာအုပ် ရေးတဲ့ အကျင့် လုပ်သင့်သလဲ"

"လူငယ်တွေဘာကြောင့် မှတ်စုစာအုပ် ရေးတဲ့ အကျင့် လုပ်သင့်သလဲ" pexels


နည်းပညာထွန်းကားလာတဲ့ခေတ်ကြီးမှာ လူတိုင်းလူတိုင်း စမတ်ဖုန်းတွေ အသုံးပြုလာကြသလို ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို မှတ်တမ်းတင်ထားနိုင်ဖို့အတွက်လည်း မှတ်စုစာအုပ်လေးတွေ ဆောင်ထားသင့်ပါတယ်။

မှတ်စုရေးသားခြင်းက ဘဝအတွက် ပိုမိုကောင်းမွန်တဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်မှာပဲဖြစ်ပါတယ်။ မှတ်စုစာအုပ်လေးတွေကနေ ဘဝအတွက် ဘယ်လိုအကျိုးကျေးဇူးလေးရရှိနိုင်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

 

(၁) အစီစဉ်တကျလုပ်ဆောင်နိုင်မယ်

တစ်နေ့တာလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ကြိုတင်အစီစဉ်တကျ ရေးသားထားခြင်းက အမှားကင်းစေသလိုလွဲချော်မှုတွေလည်း ရှိလာနိုင်မှာမဟုတ်ပါဘူး။ ဘယ်အချိန်မှာ ဘာလုပ်ရမယ် ဘယ်သူနဲ့တွေ့ရမယ် စသည်ဖြင့်ရေးမှတ်ထားမယ်ဆိုရင် သင့်ရဲ့ တစ်နေ့ဟာ အခက်အခဲမရှိ အဆင်ပြေပြေဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

 

(၂) မှတ်ဥာဏ်စွမ်းရည် တိုးတက်လာမယ်

ကိုယ်ရဲ့ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေအားလုံးကို ဦးနှောက်တစ်ခုတည်းက မှတ်နိုင်ဖို့ဆိုတာ မသေချာပါဘူ။ ဦးနှောက်က မှတ်တဲ့အရာတွေကို လက်ကလိုက်ချရေးမယ်ဆိုရင် သင့်ကိုပိုပြီး စွဲစွဲမြဲမြဲမှတ်မိနေစေမှာဖြစ်ပြီး မှတ်ဥာဏ်စွမ်းရည်တိုးတက်လာစေမှာဖြစ်ပါတယ်။ မတော်တဆမေ့သွားခဲ့သည်ရှိသော်လည်း အချိန်မရွေးစာအုပ်ထဲ ပြန်လှန်ကြည့်လို့ရမှာဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြော လေ့ကျင့်နည်း (၆) နည်း

 

(၃) အရည်းအချင်းကို ပြန်လည်ဆန်းစစ်နိုင်မယ်

နေ့စဉ်မှတ်စုရေးမှတ်ထားခြင်းက နေ့တစ်နေ့ကို ဘယ်လိုအရာတွေနဲ့ဖြတ်သန်းခဲ့လည်းဆိုတာ ပြန်လည်ဆန်းစစ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်အတွက် ဘာလိုအပ်ချက်တွေရှိနေလဲ ဘာတွေပြုပြင်ဖို့လိုလဲ စသည့်ဖြင့် သိနိုင်မှာဖြစ်ပါတယ်။ ဒီနေ့မှာ လုပ်ခဲ့တဲ့အမှားကို သိနိုင်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့မနက်ဖြန်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

 

(၄) အမှတ်တရတစ်ခု ဖြစ်နေစေမယ်

ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝကို အမှတ်တရအဖြစ်ရှိနေချင်ရင်တော့ မှတ်စုရေးသားပါ။ မှတ်စုစာအုပ်လေးတွေဟာ တစ်ချိန်ချိန်မှာ ကိုယ်ဘယ်လိုခက်ခဲတဲ့ လမ်းကိုဖြတ်သန်းခဲ့ရတယ် ဘယ်လိုအောင်မြင်မှုရခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကို ပြန်လည်အမှတ်ရစေမယ့် အရာလေးတစ်ခုအဖြစ်ရှိနေမှာဖြစ်ပါတယ်။ အတိတ်က လွမ်းမောဖွယ်အရာလေးတွေကို အမှတ်တရအဖြစ်ရှိနေချင်ရင်တော့ ဒီနေ့ကစပြီး မှတ်စုစာအုပ်ရေးသားပါ။

"သိပ္ပံပညာရှင်တွေပြောတဲ့ ဘဝကိုပျော်ပော်ျရွှင်ရွင်ဖြတ်သန်းဖို့ နည်းလမ်း (၂၅) ခု"

 

Sources : Kwee

sayar.com.mm

Read times Last modified on Friday, 30 August 2019 17:50
Rate this articles
(0 votes)