×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 23 July 2019

"အဲဒီးဒတ်စ် Adidas ကုမ္ပဏီကိုတည်ထောင်ခဲ့သူ "

"အဲဒီးဒတ်စ် Adidas ကုမ္ပဏီကိုတည်ထောင်ခဲ့သူ " google.com

Adi Dassler လို့သိထားတဲ့ Adolf Dassler ကို ၁၉၀၀ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာဗားရီးယားပြည်နယ်၊ Herzogenaurach မြို့မှာ မွေးဖွားခဲ့ပါတယ်။

ရှူးဖိနပ်စက်ရုံလုပ်သား Christoph Dassler ရဲ့သားဖြစ်ပြီး ရှူးဖိနပ်လုပ်ငန်းထဲကို အသက် ၂၀ မှာစတင်ဝင်ရောက်ခဲ့ပါတယ်။ သူဟာ သူ့အမေရဲ့ပင်မင်းဆိုင်ထဲမှာ ပတ္တူအထည်စတွေ၊ အခြားပစ္စည်းတွေနဲ့ သူ့ရဲ့ရှူးဖိနပ်လုပ်ငန်းကိုစတင်ခဲ့ပါတယ်။

1353308009-0.jpg

သူ့အစ်ကို ဇက်လိုင်း၊ ရုဒေါ့ဖ်တို့ရဲ့အကူအညီနဲ့ Dassler Brother ဆိုတဲ့ ရှူးဖိနပ်စက်ရုံကိုတည်ထောင်ခဲ့ပါတယ်။ အက်ဒီဟာ အဓိကအားကစားပွဲတွေကိုတက်ရောက်ပြီး အားကစားသမားတွေကို သူ့ရဲ့ရှူးဖိနပ်ဝတ်ဆင်အောင်ဆွဲဆောင်ခဲ့ပါတယ်။ ၁၉၂၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာတော့ အားကစားသမားအတော်များများက အက်ဒီအလုပ်ရုံကထွက်တဲ့ အထူးရှူးဖိနပ်တွေကိုဝတ်နေကြပါပြီ။

၁၉၃၀ ခုနှစ်အစောပိုင်းကာလမှာ သူ့ရဲ့ကုမ္ပဏီက အားကစားအမျိုးပေါင်း ၁၁ မျိုးအတွက် ရှူးဖိနပ်အမျိုးအစားပေါင်း ၃၀ ကို ပြုလုပ်နေပါပြီ။ တစ်ချိန်တည်းမှာ ဂျာမနီမှဟစ်တလာပေါ်ထွက်လာပြီး သူတို့ညီအစ်ကိုတွေဟာ နာဇီပါတီထဲကိုဝင်ရောက်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာကျင်းပခဲ့တဲ့ ၁၉၃၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ တာတိုအပြေးသမား ဂျက်ဆီအိုဝင်က အက်ဒီစက်ရုံကထုတ်တဲ့ ဆူးချွန်ပါရှူးဖိနပ်ကိုဝတ်ပြီးယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဂျက်ဆီအိုဝင်က မကြုံစဖူးရွှေ ၄ ဆု (နောက် ၄၈ နှစ်ကြာတဲ့အထိ စံချိန်မချိုးနိုင်တဲ့စွမ်းဆောင်ရည်)ကိုရရှိခဲ့ပါတယ်။

DZjII4nXUAAYH9J.jpg

အက်ဒီရဲ့ရှူးဖိနပ်တွေရောင်းအားတက်ခဲ့ပေမယ့် ဖြစ်အံ့ဆဲဆဲစစ်ကြောင့် အက်ဒီတို့ညီအစ်ကိုတွေရဲ့ကုမ္ပဏီဟာ ပျက်စီးခဲ့ရပါတယ်။ ရုဒေါ့ဖ်က စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရပြီး အက်ဒီက နာဇီစစ်သားတွေအတွက် ဖိနပ်လုပ်ပေးရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ အက်ဒီနဲ့ရုဒေါ့ဖ်တို့ဟာ ကုမ္ပဏီကိုပြန်ဖွဲ့စည်းဖို့ကြိုးပမ်းခဲ့ပေမယ့် ညီအစ်ကိုနှစ်ဦးစိတ်ဝမ်းကွဲမှုကြောင့် ဆက်ဆံရေးပျက်ပြားခဲ့ရပါတယ်။ (ရုဒေါ့ဖ်ကတော့ Puma ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်) "စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့် နည်းလမ်း (၉) မျိုး"

အက်ဒီဟာ သူ့ရဲ့ nick name နဲ့ သူ့ရဲ့နောက်ဆုံးနာမည်ရဲ့ရှေ့ဆုံးစာလုံးသုံးလုံးကိုယူပြီး Adidas ဆိုတဲ့ကုမ္ပဏီကိုဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ အက်ဒီဟာ ပုံသွင်းသတ္တုဘုတွေပါတဲ့ ပထမဆုံးရှူးဖိနပ်တွေကိုထုတ်လုပ်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းက ဟန်ဂေရီအသင်းကိုအနိုင်ရပြီး ကမ္ဘာ့ဖလားရခဲ့ပါတယ်။ အဲဒီပွဲမှာ ဂျာမနီဘောလုံးသမားအားလုံး Adidas ရှူးဖိနပ်ကိုဝတ်ခဲ့ကြပါတယ်။
Do59PZFW4AAXArP.jpg


အဲဒါကြောင့် သူ့ရဲ့ကုမ္ပဏီဟာ ကမ္ဘာ့ဈေးကွက်မှာ အားကစားရှူးဖိနပ်တွေကိုအဓိကပံ့ပိုးရောင်းချတဲ့ ကုမ္ပဏီကြီးတစ်ဖန်ဖြစ်လာခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်မှာ အက်ဒီဟာ သူတို့ရဲ့နာမည်ကြီးအစင်းသုံးကြားရှူးဖိနပ်တွေရောင်းချနိုင်မှုနဲ့အတူ အားကစားအဝတ်အစားတွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနှစ်ရောမမြို့မှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အားကစားသမားအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းဟာ Adidas ရှူးဖိနပ်တွေကိုဝတ်ဆင်ခဲ့ပါတယ်။
အက်ဒီဟာ သူ့ရဲ့ကုန်အမှတ်တံဆိပ်ကို အရောင်းမြှင့်ဖို့အတွက် Adidas ပိုင်ရှင်တစ်ယောက်အနေနဲ့သူ့အသက်မွေးမှုတစ်လျှောက်မှာ နာမည်ကြီးအားကစားသမားအတော်များများကို မျက်နှာချိုသွေးခဲ့ရပါတယ်။ ၁၉၆၃ ခုနှစ်မှာ Adidas ဘောလုံးတွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်ကတည်းက အဓိကပြိုင်ပွဲတွေအားလုံးရဲ့ တရားဝင်ဘောလုံးတွေဟာ Adidas ရဲ့ထုတ်ကုန်တွေဖြစ်ပါတယ်။

4-37.jpg

၁၉၇၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ Adolf Adi Dassler ဟာ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးချိန်မှာတော့ သူ့ဇနီးနဲ့သားတို့ဟာ လွန်ခဲ့တဲ့နှစ် ၆၀ နီးပါးက သူတည်ထောင်ခဲ့တဲ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း Adidas ဟာ ကမ္ဘာ့အားကစားလောကမှာ ဒုတိယအကြီးဆုံး ကုမ္ပဏီအဖြစ် Nike ရဲ့နောက်ကနေ ရပ်တည်လျှက်ရှိနေဆဲပါ။ "ကျောင်းပြီးတာနဲ့ လစာကောင်းတဲ့အလုပ်ရဖို့ ဒါတွေသိဖို့ လိုပါတယ်"

 

Source : Thutazone

sayar.com.mm

Read times
Rate this articles
(0 votes)