×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 26 July 2019

“တက္ကသိုလ် ကျောင်းသား/သူ တွေအတွက် အသင့်တော်ဆုံး Laptop ၂ မျိုး”

တကယ်တမ်း ပထမနှစ်ကတော့ သိပ်လိုမှာ မဟုတ်ပါဘူး။ နောက် ပိုင်းနှစ်တွေမှာတော့ အသည်းအသန် လိုအပ်လာတော့မှာ ဖြစ်တဲ့အတွက် အခုကတည်းက ကြိုဝယ်ထားတာပဲဖြစ်ဖြစ်၊ ၀ယ်ဖို့အတွက် ပိုက်ဆံစုထားတာပဲဖြစ်ဖြစ် လုပ်သင့်ပါပြီ။

 

ပထမတမျိုးကတော့ Acer Aspire E15 လို့ခေါ်တဲ့ Laptop ပါ 

aHR0cHM6Ly93d3cubGFwdG9wbWFnLmNvbS9pbWFnZXMvdXBsb2Fkcy81NTM2L2cvYWNlci1hc3BpcmUtZTE1LTAwMS5qcGc.jpeg

 

တခုခုဝယ်တော့မယ်ဆိုရင်တော့ အရင်ဆုံးကြည့်ကြတာက ဈေးပါ။ ဒီ Laptop ကတော့ တခြား အဆင့်မြင့် Ultrabook တွေကို ပေးဝယ်ရတဲ့ ဈေးရဲ့ တ၀က်လောက်ပဲရှိပါတယ်။ ၇ သိန်းဝင်းကျင် လောက်မှာ ရှိပါတယ်။ ဒါပေမယ့် ဒီ Laptop မှာပါတဲ့ နည်းပညာတွေကတော့ တက္ကသိုလ် ကျောင်းသားတဦးရဲ့ လိုအပ်ချက်မှန်သမျှကို ပထမနှစ်ကစကာ နောက်ဆုံးနှစ်အထိ ဖြည့်ဆည်းပေးသွားနိုင်မှာပဲဖြစ်ပါတယ်။

အရင်ဆုံး အနေနဲ့ ဒီ Laptop မှာ 7th Generation Intel Core i5 Processor ရယ် ၊ Ram 8GB ရယ် ၊ မမ်မိုရီ အနေနဲ့ 256 GB SSD ပါဝင်မှာဖြစ်ပြီး Graphic ကဒ်အနေနဲ့ Nvidia 940MX ပါဝင်ပြီး ဂိမ်းမှန်သမျှကို စိတ်ကြိုက်ဆော့လို့ရမှာလဲ ဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ ဂိမ်းသမား မဟုတ်ရင်တောင် အခြားသော Professional Software ကြီးတွေကို စိတ်တိုင်းကျ အသုံးပြုလို့ရမယ်လို့ ဆိုလိုချင်တာပဲဖြစ်ပါတယ်။

အလေးချိန်ကတော့ ၅ ဒသမ ၂၇ ပေါင်နဲ့ အနည်းငယ်လေးတယ်လို့ ထင်ရပေမယ့်လဲ HD အကြည်ထွက်မယ့် ၁၅.၆ လက်မ အကျယ် မျက်နှာပြင် ၊ DVD Drive ၊ ၁၂ နာရီခံတဲ့ Battery ပါတာဖြစ်တဲ့အတွက် လေးရကျိုးနပ်ပါတယ်။ USB Type-C ၊ USB 2.0 ရယ် USB 3.0 port တွေလဲပါဝင်ပြန်ပါတယ်။

အလယ်လတ်တန်းလောက် ငွေကြေးကို အသုံးချပြီး အဆင့်တန်းမြင့်မြင့် Laptop တလုံးရဲ့ အရသာကို ခံစားရမှာလဲဖြစ်ပါတယ်။ ကျောင်းကပေးတဲ့ ဘယ်လိုမျိုး Project ပဲဖြစ်ဖြစ် စိတ်ကြိုက် လုပ်နိုင်မှာဖြစ်ပါတယ်။

 

 ဒုတိယ တမျိုးကတော့ Macbook air 13.3 လက်မပဲဖြစ်ပါတယ် 

2015-07-01-product.jpg

 

ဒီ Laptop ရဲ့ဈေးကတော့ ဒေါ်လာ ၉၀၀ ၀န်းကျင် ၊ မြန်မာ ငွေနဲ့ဆိုရင် ၁၂ သိန်းလောက်ရှိပါမယ်။ အကယ်လို့ သင်ဟာ တနေရာနဲ့ တနေရာကို အပြေးအလွှားသွားနေရတဲ့ ကျောင်းသား တယောက်ဆိုရင်တော့ ဒီ Laptop က အသင့်တော်ဆုံးပါပဲ။ Macbook air 13.3 ကတော့ ဈေးကွက်ထဲမှာ သယ်သွားလို့အကောင်းဆုံး Laptop တွေထဲက တလုံးအနေနဲ့ စာရင်းဝင်ပါတယ်။

အလေးချိန်အနေနဲ့ ၂.၉၆ ပေါင်ရှိကာ ၊ အထူအနေနဲ့ ၀.၆၃ လက်မ ပဲရှိမှာဖြစ်ပါတယ်။ ဒီအလေးချိန်နဲ့ အထူကြောင့် သင့်အနေနဲ့ လွယ်အိတ်ထဲကို ထည့်ပြီး ပြေးချင်သလို ပြေးလွှားလို့ အဆင်ပြေစေမှာပါ။ ဖတ်စာအုပ် တအုပ်စာ အထူလောက်နဲ့ အလေးချိန်လောက်ပဲရှိတော့ သယ်ရတာက အခြား Laptop တွေလောက် ခါးမနာတော့ဘူးပေါ့လေ။

ဒါပေမယ့် ဒီလို သေးသေးလေးမို့လို့ အထင်မသေးလိုက်ပါနဲ့။ Processor အနေနဲ့ 1.6 GHz dual-core Intel Core i5 ပါဝင်ပြီး Ram အနေနဲ့ 8 GB ပါတဲ့အတွက် အတော်လေးကို စွမ်းအားရှိပါတယ်။ Macbook air 13.3 ရဲ့ 1440 x 900 Screen Display ဟာ အကောင်းဆုံးတွေထဲက တခုလို့လဲ သတ်မှတ်ခံထားရပါတယ်။

ကီးဘုတ်လေးကလဲ ခလုတ်တွေမှာ မီးလေးတွေလင်းနေမှာ ဖြစ်တဲ့အတွက် ညဘက်တွေမှာ Assignment တွေရေးတဲ့အခါမှာလည်း ပိုပြီးအဆင်ပြေစေမှာပါ။ ဒီ့ပြင် Battery ကလဲ ၁၂ နာရီ အကြာထိ အသုံးခံပြန်ပါတယ်။

DVD drive တွေ ဘာတွေတော့မပါဘူးပေါ့လေ။ ဒါပေမယ့် Mac OS နဲ့ မရင်းနှီးသေးတဲ့ သူတွေအတွက်လည်း Boot Camp နဲ့ Windows ထည့်ပြီးသုံးလို့ရပါသေးတယ်။ Macbook တွေရဲ့ Performance ကတော့ သိတဲ့အတိုင်း စိတ်ကြိုက်ဖြုတ်လို့ရတယ်ဆိုတော့ ဂိမ်းကော ၊ ကျန်တဲ့ Professional Software တွေကိုလဲ အ၀သုံးလို့ရမှာပါ။

ဟုတ်ကဲ့ပါ….။ ဒီ Laptop ၂ လုံးကတော့ ဘက်စုံသုံးချင်တဲ့ တက္ကသိုလ် ကျောင်းသားတွေအတွက် အသင့်တော်ဆုံး နဲ့ အကောင်းဆုံး ၂ လုံးပဲဖြစ်ပါတယ်။ အခြားသော ငွေပေးရတာနည်းပြီး ရုံးသုံး software တွေကို ရှယ်သုံးနိုင်တဲ့ Laptop လေးတွေလဲရှိပါတယ်။

ကဲကဲ… ပိုက်ပိုက်စုထားကြတော့နော်… ဒါမှမဟုတ် ခုကတည်းက ပူဆာထားကြတော့…။

သတိပေးချက်။ ။ ဒီစာသည် ကြော်ငြာမဟုတ်ပါ။ တက္ကသိုလ်ကျောင်းသားများ အတွက် အဆင်ပြေစေဖို့ သီးသန့်သာ ရည်ရွယ်ပါသည်။

 

Credit : Lu Nge Media

Read times Last modified on Friday, 26 July 2019 15:36
Rate this articles
(1 Vote)