×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 02 October 2019

မိမိလုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ပီသတဲ့သူ တစ်ယောက်ဖြစ်ဖို့

မိမိလုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ပီသတဲ့သူ တစ်ယောက်ဖြစ်ဖို့ freepick

<<< Unicode >>>

လုပ်ငန်းခွင်မှာ တခြားလူတွေနဲ့ အလုပ်တွေတွဲလုပ်ရတဲ့အခါ ဘာသတိထားမိလဲဆိုရင် ပရော်ဖက်ရှင်နယ် ပီသတဲ့သူတွေနဲ့ အလုပ်လုပ်ရတာ သိပ်စိတ်ချမ်းသာစရာ ကောင်းတယ် ဆိုတာပဲ။

သူတို့တွေဟာ အင်မတန် ယုံကြည်စိတ်ချရသူတွေ ဖြစ်တယ်။ ပြောထားတဲ့စကား၊ ပေးထားတဲ့ကတိကို တည်တယ်။ ဖြောင့်မတ်တယ်၊ Integrity ရှိတယ်။

သူတို့ကိုယ်သူတို့ တာဝန်ယူတတ်တယ်။ တစ်ဖက်ကို ဖြစ်သင့်တာထက် ပိုပြီး တောင်းဆိုတာမျိုးတွေ မရှိဘူး။ လေးစားမှုထားတယ်။

ပရော်ဖက်ရှင်နယ် ဆိုတာ ဘာလဲဆိုရင် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အများကြီးရှိလိမ့်မယ်။ ကျွန်တော်ကတော့ 3 S နဲ့ ပြည့်စုံရင် ပရိုဖြစ်တယ်လို့ သတ်မှတ်ပါတယ်။


ပထမ S – Salary (Paid occupation)

အလုပ်တစ်ခုမှာ ပရော်ဖက်ရှင်နယ်လို့ ပြောနိုင်ဖို့ဆိုရင် အဲဒီအလုပ်ကနေ ကိုယ့်အသက်မွေးနိုင်လောက်တဲ့ လုပ်ခလစာ ရရလိမ့်မယ်။ အဲဒါမှပဲ ကိုယ့်အချိန်၊ ခွန်အား၊ ပညာတွေကို သေသေချာချာ စိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

 

ဒုတိယ S – Skill (Specialized skill or knowledge to meet technical standard)

ဆရာဝန်၊ အင်ဂျင်နီယာ၊ ကားစက်ပြင်ဆရာ၊ အဆိုတော်၊ ယာဉ်မောင်း၊ ပန်းရံဆရာ စသဖြင့် ကိုယ့်သက်ဆိုင်ရာ အလုပ်တွေမှာ ရှိကိုရှိရမယ်လို့ သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှုမျိုး ရှိထားဖို့ လိုတယ်။

ပရော်ဖက်ရှင်နယ် ပီသတဲ့သူဟာ သူ့အလုပ်မှာ ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လုပ်တယ်။ အထူးချွန်ဆုံး မဟုတ်တောင် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကို မီအောင်တော့ အားထုတ်တယ်။

 

နောက်ဆုံး S ကတော့ – Self-control (To meet ethical standard)

ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းပဲ။ ဒီအပိုင်းက ကျွန်တော်တို့ဆီက ပရော်ဖက်ရှင်နယ်တွေမှာ အလိုအပ်ဆုံးအပိုင်းလို့လည်း ပြောလို့ရပါတယ်။

ထိန်းသိမ်းမယ်ဆိုတော့ ဘာတွေကို ထိန်းသိမ်းရမှာလဲ။ ၃ချက် ထပ်ပြောချင်ပါတယ်။

 

(၁) စိတ်ခံစားချက်တွေကို ထိန်းသိမ်းရပါမယ်

အဆိုတော်ဖြစ်လာရင် အသံကို ထိခိုက်စေမယ့် အစားအသောက်တွေ ဘယ်လောက်စားချင်စားချင် ရှောင်ရမယ်။
ကိုယ်က ဝန်ဆောင်မှုပေးသူ ဖြစ်နေရင် ကိုယ့်မှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ရှိနေရှိနေ၊ Customer ကို အချိုသာဆုံး ဆက်ဆံနိုင်ရမယ်။

တစ်ဖက်က ဒေါသနဲ့ Complain လုပ်နေဦးတော့၊ စိတ်ကို အတည်ငြိမ်ဆုံး ထားပြီး တုံ့ပြန်ပြောဆိုနိုင်ရမယ်။
ကိုယ်က ဆရာဝန်ဖြစ်နေရင် ကိုယ်အမုန်းဆုံးလူတစ်ယောက် သေခါနီးဆဲဆဲ အခြေအနေနဲ့ ကိုယ့်ဆီရောက်လာတဲ့အခါ အကောင်းဆုံးကုသမှုတွေ ပေးနိုင်ရပါမယ်။

 

(၂) အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားရပါမယ်

ဒီအပိုင်းက ပြောမယ်ဆို ပြောစရာတွေအများကြီးရှိတယ်။

အိမ်က ခံစားချက်တွေ အလုပ်ကို သယ်လာတာ၊ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုခုကြောင့် အလုပ်ကို အမြဲနောက်ကျနေတာ၊ အလုပ်မှာ စွမ်းဆောင်ရည်ထက် ကိုယ့်အကြိုက် ဘယ်လောက်သိလဲ၊

ကိုယ်ခိုင်းတာ ဘယ်လောက်လုပ်ပေးသလဲ ဆိုတာနဲ့ အကဲဖြတ် အမှတ်ပေးနေတာ၊ ဒါတွေဟာ ပရိုမပီသတဲ့ အပြုအမူများပါပဲ။

 

(၃) ပရိုပီသချင်တယ်ဆိုရင် ရသင့်ရထိုက်တာ ပိုပြီး မယူမိအောင် ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်

အလုပ်မှာ ကိုယ်က သူ့အထက်က ဖြစ်နေတယ်ဆိုတာဟာ ကိုယ့် ကိုယ်ရေးကိုယ်တာအလုပ်တွေ သူ့ခေါ်ခိုင်းလို့ ရတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။

အစက သဘောတူထားတာ ဒါတွေ၊ ဒါတွေလုပ်ပေးဖို့ပဲ ပါတယ်၊ နောက်တော့ ဟိုဟာလေး လုပ်ပေးပါဦး၊ ဒါလေး Request လုပ်တာပါ စသဖြင့် ဖြစ်လာတယ်။

နောက် မယူသင့်မယူထိုက်တဲ့ ခံစားခွင့်တွေကို ရှောင်ဖို့ပေါ့။ မီဒီယာသမားတွေဟာ အဖွ့ဲအစည်းတခုခုဆီက တံစိုးလက်ဆောင် ယူခွင့်မရှိပါဘူး၊ ရေးသားဖော်ပြမှုတွေ ဘက်လိုက်မိမှာကို ကာကွယ်တဲ့အနေနဲ့ပါ။

စီးပွါးရေးလုပ်ငန်းတွေဟာ ကိုယ့်ကုန်ပစ္စည်း ရောင်းရရင် ပြီးရော မလုပ်သင့်ပါဘူး။ အစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း လက်သင့်ရာ စားတော်ခေါ် လုပ်လို့ မရပါဘူး။

ပြောရရင်တော့ ဘယ်လောက်ကျွမ်းကျင်မှု ရှိနေပါစေ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းမရှိရင် ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်သလို၊ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့လည်း ခက်ပါတယ်။

ပရိုပီသဖို့ဟာ သိပ်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကျွမ်းကျင်မှုပါရမီ၊ စတဲ့အချက်တွေမှာ ပြောရလောက်အောင် ကောင်းမနေတဲ့ ဒေးဗစ်ဘက်ခမ်း ဘာလို့ ဒီလိုအဆင့်အတန်းထိ ရောက်နိုင်ခဲ့သလဲ။ အဓိကကတော့ ပရိုပီသမှုကြောင့်ပါပဲ။

တခြားဥပမာတွေလည်း အများကြီး ရှိပါသေးတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ပြည့်တန်ဆာတောင်မှ ပရိုပီသတဲ့ ပြည့်တန်ဆာက ဧည့်သည်ပိုရပါတယ်။

တစ်ချက်လောက် ပြန်စဉ်းစားကြည့်ပါ။ ပရိုမပီသတဲ့ ဆရာနဲ့ စာသင်ဖူးလား၊ ပရိုမပီသတဲ့ ဆရာဝန်နဲ့ ဆေးကုဖူးလား၊ ပရိုမပီသတဲ့ ဝပ်ရှော့ဆရာဆီမှာ ကားပြင်ဖူးလား၊

ပရိုမပီသတဲ့ ဘော့စ်တစ်ယောက်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖူးလား၊ ပရိုမပီသတဲ့ အစိုးရနဲ့ရော ကြုံဖူးလား။ သိပ်စိတ်ညစ်စရာ ကောင်းတာ သတိထားမိပါလိမ့်မယ်။

ခင်မင်ရတဲ့ ညီငယ်တစ်ယောက်က ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဖြေပါတယ်။ ငယ်သေးတဲ့အချိန်မှာ ငွေစုတာထက် ယုံကြည်မှု စုတာ ပိုကောင်းပါတယ် တဲ့။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ် ပီသအောင် ကြိုးစားပါ။ ဒါဆိုရင် ကိုယ်နဲ့ အလုပ်တွဲလုပ်ရတဲ့သူတိုင်းဆီက ‘ဒီလူဟာ ယုံကြည်စိတ်ချရတဲ့သူ၊ သူနဲ့တွဲလုပ်ရတာ သိပ်စိတ်ချမ်းသာရတယ်’ ဆိုတဲ့ တုံ့ပြန်မှုမျိုး ရလာပါလိမ့်မယ်။

အဲဒီအခြေအနေဟာ ကိုယ့် career မှာ ရှေ့ကို အဝေးကြီး ဆက်လျှောက်လို့ ရတဲ့ လမ်းမကြီးတစ်ခုကို ခင်းနိုင်လိုက်တာနဲ့ အတူတူပါပဲ။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

<<< Zawgyi >>>

မိမိလုပ္ငန္းခြင္မွာ ပေရာ္ဖက္ရွင္နယ္ပီသတဲ့သူ တစ္ေယာက္ျဖစ္ဖုိ႕


လုပ္ငန္းခြင္မွာ တျခားလူေတြနဲ႕ အလုပ္ေတြတြဲလုပ္ရတဲ့အခါ ဘာသတိထားမိလဲဆုိရင္ ပေရာ္ဖက္ရွင္နယ္ ပီသတဲ့သူေတြနဲ႕ အလုပ္လုပ္ရတာ သိပ္စိတ္ခ်မ္းသာစရာ ေကာင္းတယ္ ဆုိတာပဲ။

သူတုိ႕ေတြဟာ အင္မတန္ ယံုၾကည္စိတ္ခ်ရသူေတြ ၿဖစ္တယ္။ ေျပာထားတဲ့စကား၊ ေပးထားတဲ့ကတိကို တည္တယ္။ ေျဖာင့္မတ္တယ္၊ Integrity ရွိတယ္။

သူတုိ႕ကုိယ္သူတို႕ တာ၀န္ယူတတ္တယ္။ တစ္ဖက္ကုိ ျဖစ္သင့္တာထက္ ပုိၿပီး ေတာင္းဆိုတာမ်ိဳးေတြ မရွိဘူး။ ေလးစားမႈထားတယ္။

ပေရာ္ဖက္ရွင္နယ္ ဆုိတာ ဘာလဲဆုိရင္ အဓိပၸါယ္ဖြင့္ဆုိခ်က္ေတြ အမ်ားၾကီးရွိလိမ့္မယ္။ ကၽြန္ေတာ္ကေတာ့ 3 S နဲ႔ ျပည္႔စံုရင္ ပရုိျဖစ္တယ္လို႔ သတ္မွတ္ပါတယ္။

 

ပထမ S – Salary (Paid occupation)

အလုပ္တစ္ခုမွာ ပေရာ္ဖက္ရွင္နယ္လို႔ ေျပာႏုိင္ဖုိ႔ဆိုရင္ အဲဒီအလုပ္ကေန ကိုယ့္အသက္ေမြးႏုိင္ေလာက္တဲ့ လုပ္ခလစာ ရရလိမ့္မယ္။ အဲဒါမွပဲ ကုိယ့္အခ်ိန္၊ ခြန္အား၊ ပညာေတြကို ေသေသခ်ာခ်ာ စို္က္ထုတ္ႏုိင္မွာ ျဖစ္ပါတယ္။

 

ဒုတိယ S – Skill (Specialized skill or knowledge to meet technical standard)

ဆရာ၀န္၊ အင္ဂ်င္နီယာ၊ ကားစက္ျပင္ဆရာ၊ အဆုိေတာ္၊ ယာဥ္ေမာင္း၊ ပန္းရံဆရာ စသျဖင့္ ကုိယ့္သက္ဆုိင္ရာ အလုပ္ေတြမွာ ရွိကုိရွိရမယ္လို႔ သတ္မွတ္ထားတဲ့ ကၽြမ္းက်င္မႈမ်ိဳး ရွိထားဖုိ႔ လိုတယ္။

ပေရာ္ဖက္ရွင္နယ္ ပီသတဲ့သူဟာ သူ႕အလုပ္မွာ ကၽြမ္းက်င္သထက္ ကၽြမ္းက်င္ေအာင္ လုုပ္တယ္။ အထူးခၽြန္ဆံုး မဟုတ္ေတာင္ သတ္မွတ္ထားတဲ့ စံခ်ိန္စံညႊန္းကို မီေအာင္ေတာ့ အားထုတ္တယ္။

 

ေနာက္ဆံုး S ကေတာ့ – Self-control (To meet ethical standard)

ကုိယ့္ကုိယ္ကုိယ္ ထိန္းသိမ္းႏုိင္စြမ္းပဲ။ ဒီအပုိင္းက ကၽြန္ေတာ္တုိ႔ဆီက ပေရာ္ဖက္ရွင္နယ္ေတြမွာ အလိုအပ္ဆံုးအပုိင္းလုိ႔လည္း ေျပာလို႔ရပါတယ္။

ထိန္းသိမ္းမယ္ဆုိေတာ့ ဘာေတြကို ထိန္းသိမ္းရမွာလဲ။ ၃ခ်က္ ထပ္ေျပာခ်င္ပါတယ္။

 

(၁) စိတ္ခံစားခ်က္ေတြကုိ ထိန္းသိမ္းရပါမယ္

အဆုိေတာ္ျဖစ္လာရင္ အသံကုိ ထိခုိက္ေစမယ့္ အစားအေသာက္ေတြ ဘယ္ေလာက္စားခ်င္စားခ်င္ ေရွာင္ရမယ္။
ကုိယ္က ၀န္ေဆာင္မႈေပးသူ ျဖစ္ေနရင္ ကုိယ့္မွာ ဘယ္ေလာက္ပဲ စိတ္ညစ္စရာေတြ ရွိေနရွိေန၊ Customer ကုိ အခ်ိဳသာဆံုး ဆက္ဆံႏုိင္ရမယ္။

တစ္ဖက္က ေဒါသနဲ႔ Complain လုပ္ေနဦးေတာ့၊ စိတ္ကို အတည္ၿငိမ္ဆံုး ထားၿပီး တံု႕ျပန္ေျပာဆုိႏုိင္ရမယ္။
ကိုယ္က ဆရာ၀န္ျဖစ္ေနရင္ ကုိယ္အမုန္းဆံုးလူတစ္ေယာက္ ေသခါနီးဆဲဆဲ အေျခအေနနဲ႕ ကိုယ့္ဆီေရာက္လာတဲ့အခါ အေကာင္းဆံုးကုသမႈေတြ ေပးႏုိင္ရပါမယ္။

(၂)  အလုပ္နဲ႕ ကုိယ္ေရးကုိယ္တာ ခြဲျခားရပါမယ္

ဒီအပုိင္းက ေျပာမယ္ဆုိ ေျပာစရာေတြအမ်ားၾကီးရွိတယ္။

အိမ္က ခံစားခ်က္ေတြ အလုပ္ကို သယ္လာတာ၊ ကိုယ္ေရးကုိယ္တာကိစၥတစ္ခုခုေၾကာင့္ အလုပ္ကို အၿမဲေနာက္က်ေနတာ၊ အလုပ္မွာ စြမ္းေဆာင္ရည္ထက္ ကုိယ့္အၾကိဳက္ ဘယ္ေလာက္သိလဲ၊

ကုိယ္ခုိင္းတာ ဘယ္ေလာက္လုပ္ေပးသလဲ ဆုိတာနဲ႕ အကဲျဖတ္ အမွတ္ေပးေနတာ၊ ဒါေတြဟာ ပရုိမပီသတဲ့ အျပဳအမူမ်ားပါပဲ။

 

(၃) ပရုိပီသခ်င္တယ္ဆုိရင္ ရသင့္ရထုိက္တာ ပိုၿပီး မယူမိေအာင္ ထိန္းသိမ္းႏုိ္င္ဖုိ႔ လိုပါတယ္

အလုပ္မွာ ကုိယ္က သူ႕အထက္က ျဖစ္ေနတယ္ဆုိတာဟာ ကုိယ့္ ကုိယ္ေရးကုိယ္တာအလုပ္ေတြ သူ႕ေခၚခုိင္းလုိ႔ ရတယ္ဆုိတဲ့ အဓိပၸါယ္ မဟုတ္ပါဘူး။

အစက သေဘာတူထားတာ ဒါေတြ၊ ဒါေတြလုပ္ေပးဖုိ႔ပဲ ပါတယ္၊ ေနာက္ေတာ့ ဟုိဟာေလး လုပ္ေပးပါဦး၊ ဒါေလး Request လုပ္တာပါ စသျဖင့္ ျဖစ္လာတယ္။

ေနာက္ မယူသင့္မယူထုိက္တဲ့ ခံစားခြင့္ေတြကို ေရွာင္ဖုိ႔ေပါ့။ မီဒီယာသမားေတြဟာ အဖြ႔ဲအစည္းတခုခုဆီက တံစုိးလက္ေဆာင္ ယူခြင့္မရွိပါဘူး၊ ေရးသားေဖာ္ျပမႈေတြ ဘက္လုိက္မိမွာကို ကာကြယ္တဲ့အေနနဲ႕ပါ။

စီးပြါးေရးလုပ္ငန္းေတြဟာ ကုိယ့္ကုန္ပစၥည္း ေရာင္းရရင္ ၿပီးေရာ မလုပ္သင့္ပါဘူး။ အစုိးရအဖြဲ႕အစည္းေတြအေနနဲ႕လည္း လက္သင့္ရာ စားေတာ္ေခၚ လုပ္လို႔ မရပါဘူး။

ေျပာရရင္ေတာ့ ဘယ္ေလာက္ကၽြမ္းက်င္မႈ ရွိေနပါေစ၊ ကုိယ့္ကုိယ္ကုိယ္ ထိန္းသိမ္းႏုိင္စြမ္းမရွိရင္ ပေရာ္ဖက္ရွင္နယ္ေကာင္းတစ္ေယာက္ ျဖစ္လာမွာ မဟုတ္သလို၊ ေအာင္ျမင္မႈကို ေရရွည္ထိန္းသိမ္းထားႏုိင္ဖုိ႔လည္း ခက္ပါတယ္။

ပရုိပီသဖုိ႔ဟာ သိပ္အေရးၾကီးပါတယ္။ ခႏၶာကုိယ္ဖြဲ႕စည္းပံု၊ ကၽြမ္းက်င္မႈပါရမီ၊ စတဲ့အခ်က္ေတြမွာ ေျပာရေလာက္ေအာင္ ေကာင္းမေနတဲ့ ေဒးဗစ္ဘက္ခမ္း ဘာလို႔ ဒီလိုအဆင့္အတန္းထိ ေရာက္ႏုိင္ခဲ့သလဲ။ အဓိကကေတာ့ ပရုိပီသမႈေၾကာင့္ပါပဲ။

တျခားဥပမာေတြလည္း အမ်ားၾကီး ရွိပါေသးတယ္။ ေနာက္ဆံုးကုန္ကုန္ေျပာရရင္ ျပည္႕တန္ဆာေတာင္မွ ပရုိပီသတဲ့ ျပည္႕တန္ဆာက ဧည္႕သည္ပိုရပါတယ္။

တစ္ခ်က္ေလာက္ ျပန္စဥ္းစားၾကည္႔ပါ။ ပရုိမပီသတဲ့ ဆရာနဲ႕ စာသင္ဖူးလား၊ ပရုိမပီသတဲ့ ဆရာ၀န္နဲ႕ ေဆးကုဖူးလား၊ ပရိုမပီသတဲ့ ၀ပ္ေရွာ့ဆရာဆီမွာ ကားျပင္ဖူးလား၊

ပရုိမပီသတဲ့ ေဘာ့စ္တစ္ေယာက္ေယာက္ရဲ႕ လက္ေအာက္မွာ အလုပ္လုပ္ဖူးလား၊ ပရုိမပီသတဲ့ အစိုးရနဲ႕ေရာ ၾကံဳဖူးလား။ သိပ္စိတ္ညစ္စရာ ေကာင္းတာ သတိထားမိပါလိမ့္မယ္။

ခင္မင္ရတဲ့ ညီငယ္တစ္ေယာက္က ေရဒီယုိအင္တာဗ်ဴးတစ္ခုမွာ ေျဖပါတယ္။ ငယ္ေသးတဲ့အခ်ိန္မွာ ေငြစုတာထက္ ယံုၾကည္မႈ စုတာ ပိုေကာင္းပါတယ္ တဲ့။

ဒါေၾကာင့္ ကုိယ့္ကိုယ္ကုိယ္ ပေရာ္ဖက္ရွင္နယ္ ပီသေအာင္ ၾကိဳးစားပါ။ ဒါဆိုရင္ ကိုယ္နဲ႕ အလုပ္တြဲလုပ္ရတဲ့သူတုိင္းဆီက ‘ဒီလူဟာ ယံုၾကည္စိတ္ခ်ရတဲ့သူ၊ သူနဲ႕တြဲလုပ္ရတာ သိပ္စိတ္ခ်မ္းသာရတယ္’ ဆိုတဲ့ တံု႕ျပန္မႈမ်ိဳး ရလာပါလိမ့္မယ္။

အဲဒီအေၿခအေနဟာ ကုိယ့္ career မွာ ေရွ႕ကို အေ၀းၾကီး ဆက္ေလွ်ာက္လို႔ ရတဲ့ လမ္းမၾကီးတစ္ခုကုိ ခင္းႏုိင္လုိက္တာနဲ႕ အတူတူပါပဲ။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://bit.ly/2EbNTuO မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

ေဒါက္တာ ၿဖိဳးသီဟ
sayar.com.mm

Read times
Rate this articles
(0 votes)