×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 16 December 2019

"ေလ့က်င့္ေဖာ္ ေလ့က်င့္ဖက္မရွိပဲ အဂၤလိပ္စကားေျပာ တိုးတက္ေအာင္ ဘယ္လိုလုပ္ၾကမလဲ"

"ေလ့က်င့္ေဖာ္ ေလ့က်င့္ဖက္မရွိပဲ အဂၤလိပ္စကားေျပာ တိုးတက္ေအာင္ ဘယ္လိုလုပ္ၾကမလဲ" freepick

အဂၤလိပ္စာေလ့လာေနသူေတြ အားလံုးနီးပါးဟာ အဂၤလိပ္စကားေျပာစြမ္းရည္တိုးတက္ဖို႕ ဘာေတြလိုအပ္လဲ ဆိုတာကို သိခ်င္ၾကမွာ အမွန္ပါပဲ။

ဒါေပမဲ့ တခ်ိဳ႕ေတြ အတြက္ ကေတာ့ အဂၤလိပ္စကားေျပာစြမ္းတိုး တက္ေအာင္လုပ္ေဆာင္တာဟာ ၾကီးမားတဲ့ အခက္အခဲၾကီးတစ္ခုလိုပါပဲ။

အဂၤလိပ္စကားေျပာ စြမ္းရည္တိုးတက္ဖို႕ အတြက္ အဓိက အေရး ၾကီးဆံုးအရာကေတာ့ Native Speaker ေတြနဲ ့ စကားေျပာ ဖို႕ပါပဲ။ ဒါေပမယ့္ လည္း ဒီလို Native Speaker ေတြနဲ ့ ေျပာဖို ့အတြက္ ဆိုရင္ ကိုယ့္ မွာ ႏိုင္ငံျခား အသိမိတ္ေဆြတစ္ေယာက္ေယာက္ရွိမွ ရမွာေပါ့။ တစ္ခ်ိဳ႕ အတြက္ အဆင္ေျပ ႏိုင္သလို တစ္ခ ်ိဳ႕အတြက္ ေတာ့ ခက္ခဲေနပါလိမ့္မယ္။ ဒါေၾကာင့္ ဒီလိုအခက္အခဲ ျဖစ္ေနတဲ့ သူေတြအတြက္ တစ္ကိုယ္တည္း အဂၤလိပ္စကားေျပာစြမ္းရည္ တိုးတက္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အဂၤလိပ္လိုေတြးပါ
သင္အဂၤလိပ္စကားေျပာတဲ့ အခါ အရင္ဆံုး ျမန္မာလိုအရင္ေတြးျပီး အဂၤလိပ္စကားေျပာဖို႕ လုပ္မယ္ဆိုရင္ အဲ့ဒိအတြက္ သင္အျမဲ တမ္း ဘာသာျပန္ေနရပါလိမ့္မယ္။ ခ်က္ခ်င္းၾကီးဘာသာျပန္ဖို႔ဆိုတာလြယ္ကူတဲ့ အလုပ္မဟုတ္ပါဘူး။ ဒါေၾကာင့္ အဂၤလိပ္လိုပဲ ေတြးပါ။ အဂၤလိပ္လိုေတြးတတ္တဲ့ အက်င့္ျဖစ္ေအာင္ သင္ဘယ္အခ်ိန္ပဲျဖစ္ျဖစ္၊ ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္လုပ္ႏိုင္ပါတယ္။ သင့္ရဲ႕တစ္ေန႕တာ အေၾကာင္းစဥ္းစားတဲ့ အခါ..ဥပမာ...ဒီေန႔ေတာ့ ဘယ္သြားမယ္၊ ဘာစားမယ္၊ ဘယ္သူနဲ႕သြားမယ္ အစရွိသည္တို႕ကို ျမန္မာလိုမေတြးပဲ အဂၤလိပ္ေတြးတတ္တဲ့ အက်င္႔ျဖစ္ေအာင္ ၾကိဳးစားၾကည့္ပါ။ ေဝါဟာရေတြအတြက္ အခက္ကခဲ ရွိရင္ အဘိဓာန္ကိုအသံုးျပဳပါ။ ဒီလိုနည္းနဲ႕ အဂၤလိပ္စကားေျပာတဲ့အခါ ျမန္မာလိုေတြး ျပီးစကားလံုးေတြကို ဘာသာျပန္တတ္တဲ့ အက်င့္ကိုေလ်ာ႔ က်ေစမွာျဖစ္ပါတယ္။ ၾကာလာတဲ့ အခါ အဂၤလိပ္လိုေတြးျပီး အဂၤလိပ္စကားေျပာျခင္းက သင့္အတြက္ပိုမိုလြယ္ကူေၾကာင္း သင္သတိျပဳမိလာပါလိမ့္မယ္။

(၂) မွန္အသံုးျပဳပါ
ေခါင္းစဥ္တစ္ခုခုကုိေရြးျပီး မွန္ေရွ႕ မွာ ၃ မိနစ္ခန္႕ေလာက္အဂၤလိပ္စကားေျပာၾကည့္ပါ။ သင့္ရဲ ႔ သူငယ္ခ်င္းမိတ္ေဆြတစ္ေယာက္နဲ႕ စကားေျပာေနတယ္လို႕ေတြးျပီးေျပာၾကည့္ပါ။ ကိုယ့္ရဲ႕ လက္ဟန္ေျခဟန္၊ စကာအသံထြက္ေတြကို ျပန္ေလ့လာပါ။ ေျပာတဲ့အခါ အဂၤလိပ္လိုေတြးျပီး အဂၤလိပ္လိုေျပာဖို႕ မေမ့ပါနဲ႕ေနာ္။

(၃) Grammar ကိုအရမ္းအာရံုမစိုက္ပါနဲ႕
သင္လူတစ္ေယာက္နဲ႕ အဂၤလိပ္စကားေျပာေနတဲ့ အခါ ေျပာေနရင္းရပ္လိုက္ စကားေျပာလိုက္လုပ္ျခင္းဟာ သင့္ရဲ႕ စကားေျပာအသံထြက္မႈအတြက္ ယံုၾကည္မႈေလ်ာ႔ က်ေစပါတယ္။ ဒါေပမဲ့ အဂၤလိပ္စာေလ့လာေနသူတစ္ေယာက္အတြက္ ဒီလိုမရပ္ပဲ ေျပာႏိုင္ဖို႕ ဆိုတာ လြယ္တဲ့ ကိစၥေတာ့မဟုတ္ပါဘူး။ ဒါေၾကာင့္ အေပၚမွာ ေျပာထားတဲ့ မွန္ေလ့က်င့္ခန္းနဲ ့ေလ့က်င့္ၾကည့္ပါရင္းနဲ ့အဂၤလိပ္စကားေျပာတဲ့ အခါ မရပ္တဲ့ အေလ့အက်င့္ရေအာင္ ကိုယ့္ကိုယ္ကို စိန္ေခၚပါ။ Grammar မွားမွာ မစိုးရိမ္ပါနဲ႕။ အဂၤလိပ္စကားေျပာကၽြမ္းက်င္သူေတြေတာင္ Grammar အမွားေတြရွိပါတယ္။ အဂၤလိပ္စကားကို အဂၤလိပ္လိုေတြးျပီး အဂၤလိပ္လိုေျပာႏိုင္သြားတဲ့အခါမွ Grammar စည္းမ်ဥ္းစည္းကမ္းမ်ားကို ျပန္လည္ျဖည့္တင္းႏိုင္ပါတယ္။

(၄) Listen and repeat
အဂၤလိပ္စာေလ့လာေနသူအတြက္ အဂၤလိပ္ 4 sills လံုး တိုးတက္ဖို႕အတြက္ကေတာ့ ကၽြန္ေတာ္အျမဲ ေျပာတဲ့ အတိုင္းပဲ ...ရုပ္ျမင္သံၾကားေတြ၊ အဂၤလိပ္သီခ်င္းေတြ၊ အဂၤလိပ္ဇာတ္လမ္းေတြကို မ်ားမ်ား ၾကည့္ေပးပါ။ လိုက္ျပီးဘာသာျပန္ၾကည့္ ပါ။ လိုအပ္ရင္ အဘိဓာန္သံုးပါ။ သူတို႕ရဲ႕အသံထြက္အတိုင္းလိုက္ဆိုၾကည့္ပါ။ ဤနည္းအားျဖင့္ Native Speaker ေတြရဲ ႔ အသံထြက္ ေတြနဲ႔ ရင္းႏွီးျပီး သင္အဂၤလိပ္စကားေျပာတဲ့အခါ စကားလံုးအသံထြက္နဲ႔ စကားအျဖတ္အေတာက္ေတြမွန္ကန္ဖို႕ အတြက္ မ်ားစြာ အေထာက္အကူျပဳပါလိမ့္မယ္။

(၅) ေတးဂီတသီခ်င္းမ်ားႏွင့္အတူသီခ်င္းဆိုပါ
သင္အႀကိဳက္ဆုံးအဂၤလိပ္အဆိုေတာ္ရဲ႕ သီခ်င္းမ်ားႏွင့္ အတူသီဆိုျခင္းကသင့္အားပိုမိုကြၽမ္းက်င္စြာေျပာဆိုႏိုင္ရန္ကူညီလိမ့္မည္။ ၎သည္သိပၸံပညာျဖင့္ေက်ာေထာက္ေနာက္ခံျပဳထားသည့္စစ္မွန္ေသာဘာသာစကားသင္ယူျခင္းနည္းလမ္းျဖစ္ပါတယ္။

(၆) အဂၤလိပ္လိုပံုျပင္ေတြေျပာၾကည့္ပါ
သင္ၾကိဳက္ႏွစ္သက္ျပီး ကၽြမ္းကၽြမ္းက်င္က်င္ေျပာႏိုင္တဲ့ ပံုျပင္တစ္ခုခု ကို အဂၤလိပ္လိုေျပာ ၾကည့္ပါ။ ဒါဟာ ေပ်ာ္စရာေကာင္းတဲ့ နည္းလမ္းတစ္ခုလည္းျဖစ္ပါတယ္။ ပံုျပင္ေျပာေနတဲ့ အခ်ိန္မွာ အဂၤလိပ္လိုေတြးျပီးေျပာဖို႕မေမ့ပါနဲ႕။ Grammar မွားမွာ ကိုအာရံုမစိုက္ပါနဲ႕ အဂၤလိပ္စကားေျပာကၽြမ္ူက်င္ဖို႔အတြက္ပဲ အာရံုစိုက္ပါ။

UNICODE

"လေ့ကျင့်ဖော် လေ့ကျင့်ဖက်မရှိပဲ အင်္ဂလိပ်စကားပြော တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ"

အင်္ဂလိပ်စာလေ့လာနေသူတွေ အားလုံးနီးပါးဟာ အင်္ဂလိပ်စကားပြောစွမ်းရည်တိုးတက်ဖို့ ဘာတွေလိုအပ်လဲ ဆိုတာကို သိချင်ကြမှာ အမှန်ပါပဲ။ ဒါပေမဲ့ တချို့တွေ အတွက် ကတော့ အင်္ဂလိပ်စကားပြောစွမ်းတိုး တက်အောင်လုပ်ဆောင်တာ ဟာ ကြီးမားတဲ့ အခက်အခဲကြီးတစ်ခုလိုပါပဲ။

အင်္ဂလိပ်စကားပြော စွမ်းရည်တိုးတက်ဖို့ အတွက် အဓိက အရေး ကြီးဆုံးအရာကတော့ Native Speaker တွေနဲ့ စကားပြော ဖို့ပါပဲ။ ဒါပေမယ့် လည်း ဒီလို Native Speaker တွေနဲ့ ပြောဖို့အတွက် ဆိုရင် ကိုယ့် မှာ နိုင်ငံခြား အသိမိတ်ဆွေတစ်ယောက်ယောက်ရှိမှ ရမှာပေါ့။ တစ်ချို့ အတွက် အဆင်ပြေ နိုင်သလို တစ်ခ ျို့အတွက် တော့ ခက်ခဲနေပါလိမ့်မယ်။
ဒါကြောင့် ဒီလိုအခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် တစ်ကိုယ်တည်း အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အင်္ဂလိပ်လိုတွေးပါ
သင်အင်္ဂလိပ်စကားပြောတဲ့ အခါ အရင်ဆုံး မြန်မာလိုအရင်တွေးပြီး အင်္ဂလိပ်စကားပြောဖို့ လုပ်မယ်ဆိုရင် အဲ့ဒိအတွက် သင်အမြဲ တမ်း ဘာသာပြန်နေရပါလိမ့်မယ်။ ချက်ချင်းကြီးဘာသာပြန်ဖို့ဆိုတာလွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်လိုပဲ တွေးပါ။ အင်္ဂလိပ်လိုတွေးတတ်တဲ့ အကျင့်ဖြစ်အောင် သင်ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ သင့်ရဲ့တစ်နေ့တာ အကြောင်းစဉ်းစားတဲ့ အခါ..ဥပမာ...ဒီနေ့တော့ ဘယ်သွားမယ်၊ ဘာစားမယ်၊ ဘယ်သူနဲ့သွားမယ် အစရှိသည်တို့ကို မြန်မာလိုမတွေးပဲ အင်္ဂလိပ်တွေးတတ်တဲ့ အကျင့်ဖြစ်အောင် ကြိုးစားကြည့်ပါ။ ဝေါဟာရတွေအတွက် အခက်ကခဲ ရှိရင်  အဘိဓာန်ကိုအသုံးပြုပါ။ ဒီလိုနည်းနဲ့ အင်္ဂလိပ်စကားပြောတဲ့အခါ မြန်မာလိုတွေး ပြီးစကားလုံးတွေကို ဘာသာပြန်တတ်တဲ့ အကျင့်ကိုလျော့ ကျစေမှာဖြစ်ပါတယ်။ ကြာလာတဲ့ အခါ အင်္ဂလိပ်လိုတွေးပြီး အင်္ဂလိပ်စကားပြောခြင်းက သင့်အတွက်ပိုမိုလွယ်ကူကြောင်း သင်သတိပြုမိလာပါလိမ့်မယ်။

(၂) မှန်အသုံးပြုပါ
ခေါင်းစဉ်တစ်ခုခုကိုရွေးပြီး မှန်ရှေ့ မှာ ၃ မိနစ်ခန့်လောက်အင်္ဂလိပ်စကားပြောကြည့်ပါ။ သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေတယ်လို့တွေးပြီးပြောကြည့်ပါ။ ကိုယ့်ရဲ့ လက်ဟန်ခြေဟန်၊ စကာအသံထွက်တွေကို ပြန်လေ့လာပါ။ ပြောတဲ့အခါ အင်္ဂလိပ်လိုတွေးပြီး အင်္ဂလိပ်လိုပြောဖို့ မမေ့ပါနဲ့နော်။

(၃) Grammar ကိုအရမ်းအာရုံမစိုက်ပါနဲ့
သင်လူတစ်ယောက်နဲ့ အင်္ဂလိပ်စကားပြောနေတဲ့ အခါ ပြောနေရင်းရပ်လိုက် စကားပြောလိုက်လုပ်ခြင်းဟာ သင့်ရဲ့ စကားပြောအသံထွက်မှုအတွက် ယုံကြည်မှုလျော့ ကျစေပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာလေ့လာနေသူတစ်ယောက်အတွက် ဒီလိုမရပ်ပဲ ပြောနိုင်ဖို့ ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့် အပေါ်မှာ ပြောထားတဲ့ မှန်လေ့ကျင့်ခန်းနဲ့လေ့ကျင့်ကြည့်ပါရင်းနဲ့အင်္ဂလိပ်စကားပြောတဲ့ အခါ မရပ်တဲ့ အလေ့အကျင့်ရအောင် ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။ Grammar မှားမှာ မစိုးရိမ်ပါနဲ့။ အင်္ဂလိပ်စကားပြောကျွမ်းကျင်သူတွေတောင် Grammar အမှားတွေရှိပါတယ်။ အင်္ဂလိပ်စကားကို အင်္ဂလိပ်လိုတွေးပြီး အင်္ဂလိပ်လိုပြောနိုင်သွားတဲ့အခါမှ Grammar စည်းမျဉ်းစည်းကမ်းများကို ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။

(၄) Listen and repeat
အင်္ဂလိပ်စာလေ့လာနေသူအတွက် အင်္ဂလိပ် 4 sills လုံး တိုးတက်ဖို့အတွက်ကတော့ ကျွန်တော်အမြဲ ပြောတဲ့ အတိုင်းပဲ ...ရုပ်မြင်သံကြားတွေ၊ အင်္ဂလိပ်သီချင်းတွေ၊ အင်္ဂလိပ်ဇာတ်လမ်းတွေကို များများ ကြည့်ပေးပါ။ လိုက်ပြီးဘာသာပြန်ကြည့် ပါ။ လိုအပ်ရင် အဘိဓာန်သုံးပါ။ သူတို့ရဲ့အသံထွက်အတိုင်းလိုက်ဆိုကြည့်ပါ။ ဤနည်းအားဖြင့် Native Speaker တွေရဲ့ အသံထွက် တွေနဲ့ ရင်းနှီးပြီး သင်အင်္ဂလိပ်စကားပြောတဲ့အခါ စကားလုံးအသံထွက်နဲ့ စကားအဖြတ်အတောက်တွေမှန်ကန်ဖို့ အတွက် များစွာ အထောက်အကူပြုပါလိမ့်မယ်။

(၅) တေးဂီတသီချင်းများနှင့်အတူသီချင်းဆိုပါ
သင်အကြိုက်ဆုံးအင်္ဂလိပ်အဆိုတော်ရဲ့ သီချင်းများနှင့် အတူသီဆိုခြင်းကသင့်အားပိုမိုကျွမ်းကျင်စွာပြောဆိုနိုင်ရန်ကူညီလိမ့်မည်။ ၎င်းသည်သိပ္ပံပညာဖြင့်ကျောထောက်နောက်ခံပြုထားသည့်စစ်မှန်သောဘာသာစကားသင်ယူခြင်းနည်းလမ်းဖြစ်ပါတယ်။

(၆) အင်္ဂလိပ်လိုပုံပြင်တွေပြောကြည့်ပါ
သင်ကြိုက်နှစ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ ပုံပြင်တစ်ခုခု ကို အင်္ဂလိပ်လိုပြော ကြည့်ပါ။ ဒါဟာ ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ပုံပြင်ပြောနေတဲ့ အချိန်မှာ အင်္ဂလိပ်လိုတွေးပြီးပြောဖို့မမေ့ပါနဲ့။ Grammar မှားမှာ ကိုအာရုံမစိုက်ပါနဲ့ အင်္ဂလိပ်စကားပြောကျွမ်ူကျင်ဖို့အတွက်ပဲ အာရုံစိုက်ပါ။

sayar.com.mm

Read times Last modified on Friday, 27 December 2019 14:21
Rate this articles
(1 Vote)