×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 03 January 2020

"လူငယ္ေတြ ကုိယ့္ကိုယ္ကို လမ္းေပ်ာက္ေနတယ္လို႕ခံစားရတဲ့ အခါ လုပ္ေဆာင္သင့္တဲ့ အခ်က္ (၅) ခ်က္"

"လူငယ္ေတြ ကုိယ့္ကိုယ္ကို လမ္းေပ်ာက္ေနတယ္လို႕ခံစားရတဲ့ အခါ လုပ္ေဆာင္သင့္တဲ့ အခ်က္ (၅) ခ်က္" freepick

UNICODDE

ဘယ်အသက်အရွယ်ပိုင်းမှာ မဆို feeling lost ဆိုတဲ့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးတဲ့ ခံစားမှုမျိုးခံစားဖူးကြမှာပါ။

ခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့ လမ်းပျောက်တာ ပေါ့။ ဘာလုပ် ရမှန်းမသိဖြစ်တာ။ လူငယ်တွေမှာ အဖြစ်များပါတယ်။

ဥပမာ အခုမှ ကျောင်းပီးခါစ လူငယ်တွေဆို အလုပ်ပဲ လုပ်ရမလား၊ သင်တန်းတွေပဲ ဆက်တက်လိုက်ရမလား၊ အလုပ်လုပ်လိုက်ရင်လည်း ကိုယ်နဲ့ မကိုက်ညီမှာ စိုးနေတယ်။ ငါဘယ်လို ရှေ့ဆက်ရမလဲ၊ တွေဝေနေတဲ့ အချိန် ၊ ဘယ်အလုပ်ကို အသက်မွေးဝမ်းကြောင်းအလုပ် တစ်ခုဖြစ် ရွေးချယ်ရမလဲ အစရှိသဖြင့်ပေါ့။ ရွေးချယ်စရာတွေများလာရင်လည်း လမ်းပျောက်တတ်ပါတယ်။

Carrier လမ်းကြောင်းမှ မဟုတ်ပါဘူး.. အချစ်ရေး၊ မိသားစုရေး၊ လူမှုရေးတွေမှာလည်း အကြောင်းအမျိုးအမျိုးကြောင့် လမ်းပျောက်တတ်ကျပါတယ်။ တကယ်လို့သင်ဟာ လမ်းပျောက်နေသူတစ်ယောက်ဖြစ်ရင်လဲ စိတ်မပူပါနဲ့ သင်တယောက်တည်းမဟုတ်ပါဘူး။ ကျွန်တော်လဲ ခံစာဖူးပါတယ်။ လူတိုင်းလူတိုင်လဲ ခံစားဖူးပါတယ်။ ဒါပေမဲ့ ဒီလို ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတဲ့ အချိန်၊ တွေဝေနေတဲ့ နေရာ မှာ ပဲ အချိန်အကြားကြီးကုန်သွားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ်ကိုယ်ကို ပျောက်ဆုံးနေတဲ့ အခါ ဘယ်လိုအရာတွေလုပ်ဆာင်သင့်လဲဆိုတာကတော့ .....................


(၁) တိုင်ပင်ပါ
ကိုယ့်ရဲ့ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ မိသားစု ကိုပဲ ဖြစ်ဖြစ်တိုင်ပင်ပါ။ အကြံကောင်းတွေပေးနိုင်မယ့်သူတွေကို ကိုယ့် အခြေနေကိုပြောပြပါ။ ကိုယ့်မှာဖြစ်နေတဲ့ အခက်အခဲကိုပြောပြပါ။ သူတို့ဆီက အကြံဉာဏ်တောင်းပါ။ ဘာလို့လဲ ဆိုတော့ ကိုယ့်ကိုယ်ကိုပျောက်ဆုံး နေပြီဆိုတည်းက ကိုယ့်ကိုယ်ကို နားမလည်၊ မသိနိုင်လို့ပါပဲ။ တခြားသူက ကိုယ့်အပေါ်ကြည့်တဲ့ အခါ ကိုယ့်ကိုယ်ကို မြင်နေတဲ့ အမြင်နဲ့ ကွဲပြားသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပောျက်ဆုံးနေတယ်လို့ ခံစားရတဲ့ အခါ တိုင်ပင်ပါ။


(၂) Social Media တွေမသုံးပါနဲ့
အထူးသဖြင့် ကတော့ facebook ပေါ့၊ facebook သုံး တဲ့ သူတော်တော် များများ က ကိုယ်အဆင်ပြေနေတာ တွေပဲ တင်ကြတာ များပါတယ်။ ကိုယ့်ကိုယ်ကို အားမရဖြစ်နေပါတယ်ဆိုမှ သူများတွေ သွားတာ၊ လာတာ၊ ပျော်နေတာ တွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အားမရပိုဖြစ်စေပါတယ်။ အဲ့ထက်စိုးရင် စိတ်ဓာတ်ကျတာတွေထိပါဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Social Media တွေ သုံးခြင်းကို အတက်နိုင်ဆုံးရှောက်ကျဉ်ပါ။


(၃) Volunteer လုပ်ပါ
ကိုယ့် ကိုယ်ကို ပျောက်ဆုံးနေတဲ့ အချိန်မှာ သူများတွေကို ကူညီလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပြန်လည်တွေ့ရှိနိုင်ပါတယ်။ နောက်တစ်ခုက Volunteer တက်တက်ကြွကြွလုပ်နေတဲ့ သူတွေဆီကနေ အင်အားတွေ၊ အကြံဉာဏ်တွလည်းရနိုင်ပါတယ်။ Volunteer လုပ်ပါ .. Volunteer လုပ်ခြင်းအားဖြင့် ကိုယ်ကြိုက်တဲ့ အရာတစ်ခုကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။


(၄) သေးသေးလေးတွေက စလုပ်ပါ
ကိစ္စသေး သေးသေး လေးတွေ စလုပ်ပြီး ကိုယ့်ကိုယ်ကို အရှိန်မြှင့်တင်ပါ။ ဥပမာ - အပေါ်မှာပြောခဲ့ သလို ကိုယ်ကိုယ်ကို လမ်းပျောက်နေတယ်လို့ခံစားရတဲ့ အခါ..ကိုယ့်ကိုအင်အားဖြစ်စေမယ့်၊ စာအုပ်ဖတ်တာတို့၊ ကိုယ်ကြိုက်တဲ့ Volunteer သွားလုပ်တာတို့၊ လေ့ကျင့်ခန်းလုပ်တာတို့ အစရှတဲ့ ကိစ္စသေးသေးလေးတွေကို အရင်လုပ်ပါ။ ကိစ္စသေးသေးလေးတွေ လုပ်ရင် ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတယ်လို့ခံစား နေရာကနေ လမ်းကြောင်းပြန်တည့်လာပါလိမ့်မယ်။


(၅) ခရီးထွက်ပါ
အထူးသဖြင့် ကိုယ်ထွက် ဖူးနေကြ ခရီးမဟုတ်တာကို သွားပါ၊၊ ဥပမာ.. တောင်တက်ခရီးလိုမျိုးပေါ့။ ကိုယ်လုပ်နေကျအရာတွေကနေ ခွဲထွက်ပြီး အသစ်အသစ်တွေကိုခံစားခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အလင်းရောင်ကိုပြန်လည်တွေ့ရှိနိုင်ပါတယ်။
ဒါကြောင့် သင့်ကိုယ်သင် ပျောက်ဆုံးနေတယ်လို့ ခံစားရနေရင် အပေါ်မှာပြောပြပေးတဲ့ အချက်တွေကို အခုချိန်စလုပ်ပြီး တော့ ကိုယ့်ဘဝရဲ့ ရည်မှန်းချက် အစစ်အမှန်တွေကို တွေ့ရှိကြပါစေလို့ ဆုတောင်းရင်း ….

 

 

ZAWGYI

"လူငယ္ေတြ ကုိယ့္ကိုယ္ကို လမ္းေပ်ာက္ေနတယ္လို႕ခံစားရတဲ့ အခါ လုပ္ေဆာင္သင့္တဲ့ အခ်က္ (၅) ခ်က္"
ဘယ္အသက္အရြယ္ပိုင္းမွာ မဆုိ feeling lost ဆိုတဲ့ ကိုယ့္ကုိယ္ကို ေပ်ာက္ဆံုးတဲ့ ခံစားမႈမ်ိဳးခံစားဖူးၾကမွာပါ။ ေခတ္စကားနဲ႕ေျပာရမယ္ဆိုရင္ေတာ့ လမ္းေပ်ာက္တာ ေပါ့။ ဘာလုပ္ ရမွန္းမသိျဖစ္တာ။ လူငယ္ေတြမွာ အျဖစ္မ်ားပါတယ္။

ဥပမာ အခုမွ ေက်ာင္းပီးခါစ လူငယ္ေတြဆို အလုပ္ပဲ လုပ္ရမလား၊ သင္တန္းေတြပဲ ဆက္တက္လိုက္ရမလား၊ အလုပ္လုပ္လိုက္ရင္လည္း ကိုယ္နဲ ့ မကိုက္ညီမွာ စိုးေနတယ္။ ငါဘယ္လို ေရွ႕ဆက္ရမလဲ၊ ေတြေဝေနတဲ႕ အခ်ိန္ ၊ ဘယ္အလုပ္ကို အသက္ေမြးဝမ္းေၾကာင္းအလုပ္ တစ္ခုျဖစ္ ေရြးခ်ယ္ရမလဲ အစရွိသျဖင့္ေပါ့။ ေရြးခ်ယ္စရာေတြမ်ားလာရင္လည္း လမ္းေပ်ာက္တတ္ပါတယ္။

Carrier လမ္းေၾကာင္းမွ မဟုတ္ပါဘူး.. အခ်စ္ေရး၊ မိသားစုေရး၊ လူမႈေရးေတြမွာလည္း အေၾကာင္းအမ်ိဳးအမ်ိဳးေၾကာင့္ လမ္းေပ်ာက္တတ္က်ပါတယ္။ တကယ္လို႕သင္ဟာ လမ္းေပ်ာက္ေနသူတစ္ေယာက္ျဖစ္ရင္လဲ စိတ္မပူပါနဲ႕ သင္တေယာက္တည္းမဟုတ္ပါဘူး။ က်ြန္ေတာ္လဲ ခံစာဖူးပါတယ္။ လူတိုင္းလူတိုင္လဲ ခံစားဖူးပါတယ္။ ဒါေပမဲ့ ဒီလို ကိုယ့္ကိုယ္ကို ေပ်ာက္ဆံုးေနတဲ့ အခ်ိန္၊ ေတြေဝေနတဲ့ ေနရာ မွာ ပဲ အခ်ိန္အၾကားၾကီးကုန္သြားလို႕မျဖစ္ပါဘူး။ ဒါေၾကာင့္ ကိုယ္ကိုယ္ကို ေပ်ာက္ဆံုးေနတဲ့ အခါ ဘယ္လိုအရာေတြလုပ္ဆာင္သင့္လဲဆိုတာကေတာ့ .....................


(၁) တိုင္ပင္ပါ
ကိုယ့္ရဲ႕ သူငယ္ခ်င္းပဲ ျဖစ္ျဖစ္၊ မိသားစု ကိုပဲ ျဖစ္ျဖစ္တိုင္ပင္ပါ။ အၾကံေကာင္းေတြေပးႏိုင္မယ့္သူေတြကို ကိုယ့္ အေျခေနကိုေျပာျပပါ။ ကိုယ့္မွာျဖစ္ေနတဲ့ အခက္အခဲကိုေျပာျပပါ။ သူတို႕ဆီက အၾကံဥာဏ္ေတာင္းပါ။ ဘာလို႕လဲ ဆိုေတာ့ ကိုယ့္ကိုယ္ကိုေပ်ာက္ဆံုး ေနျပီဆိုတည္းက ကိုယ့္ကိုယ္ကို နားမလည္၊ မသိႏိုင္လို႔ပါပဲ။ တျခားသူက ကိုယ့္အေပၚၾကည့္တဲ့ အခါ ကိုယ့္ကိုယ္ကို ျမင္ေနတဲ့ အျမင္နဲ႕ ကြဲျပားသြားပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ေပာ်က္ဆံုးေနတယ္လို႕ ခံစားရတဲ့ အခါ တိုင္ပင္ပါ။


(၂) Social Media ေတြမသံုးပါနဲ႕
အထူးသျဖင့္ ကေတာ့ facebook ေပါ့၊ facebook သံုး တဲ့ သူေတာ္ေတာ္ မ်ားမ်ား က ကိုယ္အဆင္ေျပေနတာ ေတြပဲ တင္ၾကတာ မ်ားပါတယ္။ ကိုယ့္ကိုယ္ကို အားမရျဖစ္ေနပါတယ္ဆိုမွ သူမ်ားေတြ သြားတာ၊ လာတာ၊ ေပ်ာ္ေနတာ ေတြကိုၾကည့္ျပီး ကိုယ့္ကိုယ္ကို အားမရပိုျဖစ္ေစပါတယ္။ အဲ့ထက္စိုးရင္ စိတ္ဓာတ္က်တာေတြထိပါျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ Social Media ေတြ သံုးျခင္းကို အတက္ႏုိင္ဆံုးေရွာက္က်ဥ္ပါ။


(၃) Volunteer လုပ္ပါ
ကိုယ့္ ကိုယ္ကို ေပ်ာက္ဆံုးေနတဲ့ အခ်ိန္မွာ သူမ်ားေတြကို ကူညီလိုက္ျခင္းအားျဖင့္ ကိုယ့္ကိုယ္ကို ျပန္လည္ေတြ႕ရွိႏိုင္ပါတယ္။ ေနာက္တစ္ခုက Volunteer တက္တက္ၾကြၾကြလုပ္ေနတဲ့ သူေတြဆီကေန အင္အားေတြ၊ အၾကံဥာဏ္တြလည္းရႏိုင္ပါတယ္။ Volunteer လုပ္ပါ .. Volunteer လုပ္ျခင္းအားျဖင့္ ကိုယ္ၾကိဳက္တဲ့ အရာတစ္ခုကို ျပန္လည္ရွာေဖြေတြ႕ရွိႏိုင္ပါလိမ့္မယ္။


(၄) ေသးေသးေလးေတြက စလုပ္ပါ
ကိစၥေသး ေသးေသး ေလးေတြ စလုပ္ျပီး ကိုယ့္ကိုယ္ကို အရွိန္ျမွင့္တင္ပါ။ ဥပမာ - အေပၚမွာေျပာခဲ့ သလို ကိုယ္ကိုယ္ကို လမ္းေပ်ာက္ေနတယ္လို႔ခံစားရတဲ့ အခါ..ကိုယ့္ကိုအင္အားျဖစ္ေစမယ့္၊ စာအုပ္ဖတ္တာတို႕၊ ကိုယ္ၾကိုက္တဲ႔ Volunteer သြားလုပ္တာတို ့၊ ေလ့က်င့္ခန္းလုပ္တာတို႕ အစရွတဲ့ ကိစၥေသးေသးေလးေတြကို အရင္လုပ္ပါ။ ကိစၥေသးေသးေလးေတြ လုပ္ရင္ ကိုယ့္ကိုယ္ကို ေပ်ာက္ဆံုးေနတယ္လို႕ခံစား ေနရာကေန လမ္းေၾကာင္းျပန္တည့္လာပါလိမ့္မယ္။


(၅) ခရီးထြက္ပါ
အထူးသျဖင့္ ကိုယ္ထြက္ ဖူးေနၾက ခရီးမဟုတ္တာကို သြားပါ၊၊ ဥပမာ.. ေတာင္တက္ခရီးလိုမ်ိဳးေပါ့။ ကိုယ္လုပ္ေနက်အရာေတြကေန ခြဲထြက္ျပီး အသစ္အသစ္ေတြကိုခံစားျခင္းအားျဖင့္ က်ြန္ေတာ္တို႕ရဲ႕ ရည္မွန္းခ်က္အလင္းေရာင္ကိုျပန္လည္ေတြ႕ရွိႏိုင္ပါတယ္။
ဒါေၾကာင့္ သင့္ကိုယ္သင္ ေပ်ာက္ဆံုးေနတယ္လို႕ ခံစားရေနရင္ အေပၚမွာေျပာျပေပးတဲ့ အခ်က္ေတြကို အခုခ်ိန္စလုပ္ျပီး ေတာ့ ကိုယ့္ဘဝရဲ႕ ရည္မွန္းခ်က္ အစစ္အမွန္ေတြကို ေတြ႕ရွိၾကပါေစလို႕ ဆုေတာင္းရင္း ….

 

 

Ref : https://www.youtube.com/watch?v=y7y2e0nZGSY

Read times
Rate this articles
(1 Vote)