×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 30 January 2020

သင့္ရဲ႕ကမာၻႀကီးကို ေျပာင္းလဲဖို႔ သံမဏိလူသား Nelson Mandela ရဲ႕ အေျခခံစည္းမ်ဥ္း (၉) ခု

သင့္ရဲ႕ကမာၻႀကီးကို ေျပာင္းလဲဖို႔ သံမဏိလူသား Nelson Mandela ရဲ႕ အေျခခံစည္းမ်ဥ္း (၉) ခု google.com

unicode ဖြင့်ဖတ်ရန်

“လုပ်မပြီးသေးသရွေ့တော့ အဲဒီအရာဟာ မဖြစ်နိုင်ဘူးလို့ ထင်ရလေ့ရှိတယ်”

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ သူဟာ တောင်အာဖရိကမှာ မတရားဖိနှိပ်အုပ်ချုပ်မှုတွေကို တွန်းလှန်ခဲ့ရာမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သူဟာ ထောင်ထဲမှာ နှစ်ပေါင်း ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ နောက်ဆုံးတော့ .. ၁၉၉၀ ခုနှစ်မှာ သူ ပြန်လည်လွတ်မြောက်လာပြီး တောင်အာဖရိကကို ပြောင်းလဲဖို့နဲ့ ပြန်လည်စုစည်းဖို့ ကူညီပေးခဲ့တဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။

သင်ကိုယ်တိုင်မှာရော၊ သင့်ရဲ့ ကမ္ဘာကြီးကိုပါ အပြောင်းအလဲလုပ်ဖို့ မင်ဒဲလားဆီက ရတဲ့ ကျနော်အကြိုက်ဆုံး အခြေခံစည်းမျဉ်း (၉)ခုကတော့ ဒီမှာပါ။

 

၁။ သင့်ကိုယ်သင် သို့မဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို လျှော့မတွက်ပါနဲ့

နည်းနည်းလေးပဲ မှန်းပြီး လုပ်ဖို့ဆိုတာ တည်ငြိမ်ပါတယ်၊ လွယ်ကူပါတယ်။ သေချာပါတယ်… အဲဒါက ပိုပြီးတော့တောင် လွယ်ကူပါလိမ့်မယ်၊ ရေတိုအတွက်ပဲဆိုရင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သင်အမှန်တကယ်အလိုရှိတဲ့ အရာနောက်ကို လိုက်ဖို့ရာ အချိန်တွေ၊ အားထုတ်မှုတွေ၊ လမ်းခရီးတစ်လျှောက်မှာ တွေ့ကြုံနိုင်တဲ့ နာကျင်မှုတွေ အများကြီးကို လိုအပ်လို့ပါပဲ။ ဒါပေမယ့် အဲဒါကမှ သင်အမှန်တကယ် ကြီးထွားရာ၊ သင် အပြည့်အ၀ နေထိုင်ရာလည်း ဖြစ်ပါတယ်။

သေးသေးလေးကိုပဲ မှန်းပြီးလုပ်နေချိန်မှာ သင့်ရဲ့ ဦးခေါင်းအနောက်ဘက်မှာ ဒီလို အတွေးမျိုးတွေလည်း ပေါ်ပေါက်လာပါလိမ့်မယ် .. ” ဒါ အကုန်ပဲလား? ငါ ဒီထက်ပိုပြီး လုပ်နိုင်သလား?” ကြမ်းတမ်းတဲ့လမ်းကိုသွားတာကတော့ အမှန်တကယ် ပိုပြီး ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒီလမ်းကသာ သင် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ရဘူးတဲ့ အံ့သြဖွယ် အချိန်ကာလတွေ၊ အမှန်တကယ် နှစ်လိုဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို တွေ့ရစေမှာဖြစ်ပါတယ်။

 

 

၂။ သင် ကြောက်ရွံ့နေတဲ့အရာကို ရှေ့တိုးလုပ်ပါ

“သတ္တိဆိုတာဟာ အကြောက်တရားမရှိခြင်း မဟုတ်ဘူး။ အကြောက်တရားကို အောင်နိုင်ခြင်းဖြစ်တယ်။ သတ္တိရှိတဲ့သူတစ်ယောက်ဟာ မကြောက်တဲ့သူမဟုတ်ဘူး၊ ဒါပေမယ့် အဲဒီကြောက်စိတ်ကို အောင်နိုင် တဲ့သူဖြစ်တယ်။”

ဘဝမှာ သင်အမှန်တကယ်လိုချင်တဲ့အရာဟာ အဲဒီနောက်ကိုလိုက်ဖို့ သင်အကြောက်ဆုံးအရာလည်း ဖြစ်နေတတ်ပါတယ်။ ကြောက်တဲ့အရာကို ရှေ့တိုးလုပ်ဖို့ဆိုတာ အများအားဖြင့် ကောင်းလေ့ရှိပါတယ်။ ဒါပေမယ့် ကြောက်စရာလည်းကောင်းတာပါပဲ။ သင့်ကို နောက်ပြန်ဆွဲနေတဲ့ ကြောက်စိတ်ကို သင်ဘယ်လိုကျော်လွှား အောင်မြင်နိုင်သလဲ? ဟောဒီမှာ အကြံဉာဏ်တစ်ချို့ရှိပါတယ်။

ကြောက်စိတ်ဆိုတာဟာ အကျိုးမပြုတဲ့ သတ်မှတ်ချက်တွေအပေါ်မှာ အခြေခံလေ့ရှိပါတယ်။

ကျနော်တို့ဟာ ပုံစံတွေကို ရှာဖွေကြတယ်။ ဒါပေမယ့် ပြဿနာက – ကျနော်တို့ဟာ အရင်က ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံ တစ်ခုနှစ်ခုအပေါ်ကို အခြေခံပြီး ကျနော်တို့ဘဝအတွက် အကျိုးမပြုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ ပုံစံတွေကိုသာ ရှာဖွေမိကြတာပါပဲ။ ဒါမှမဟုတ် အခြေအနေတွေအပေါ်မှာ လွဲမှားစွာ ဆုံးဖြတ်ချက်ချပြီးတော့ပေါ့။ ဒါမှမဟုတ် မိုက်မဲတဲ့သူတွေရဲ့ စကားတွေကတစ်ဆင့်ပေါ့။ သင်ဟာ သင့်ရဲ့ အတွေးတွေကို အလွန်အမင်း သတ်မှတ်ဆုံးဖြတ်တဲ့အခါ သင်ဟာ အဲဒီအတွေးတွေကပြောသမျှကို ယုံကြည်ပါတော့တယ်။ ပိုပြီး အကျိုးပြုနိုင်မယ့် အလေ့အကျင့်တစ်ခုကတော့ သင့်ရဲ့ အတွေးတွေကို အရမ်းကြီး မတင်းကြပ်မိစေဖို့ပါပဲ။ အချိန်အများစုမှာ သင့်ရဲ့ အတွေးတွေနဲ့ သင့်ရဲ့မှတ်ဉာဏ်တွေဟာ နည်းနည်းတော့ မမှန်ကန်တတ်ပါဘူး။
စူးစမ်းလိုစိတ် ရှိပါ။

သင်ဟာ ကြောက်စိတ်မှာ ညပ်မိနေတဲ့အခါ သင်ဟာ ပိတ်လှောင်ခံလိုက်ရပါပြီ။ သင်ဟာ သင့်ရဲ့ ကမ္ဘာကြီးနဲ့ သင့်ရဲ့စိတ်ကို တစ်ကွဲတစ်ပြားစီဖြစ်အောင် ခွဲခြားပါတော့မယ်။ သင်နဲ့ တခြားအရာ၊ တခြားလူတွေရဲ့ကြားမှာ အတားအဆီးတွေကို သင် ဖန်တီးပါတော့တယ်။ တစ်ဖက်မှာတော့ သိလိုစိတ်၊ စူးစမ်းလိုစိတ်ဟာ မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါက သင့်ကို လွတ်မြောက်စေပါတယ်။ အဲဒီအခါ သင်ဟာ ကြောက်စိတ်ကို အာရုံစိုက်ရမယ့်အစား ပိုပြီး ပျော်စရာကောင်းတဲ့အရာတွေ ရရှိလာပါလိမ့်မယ်။ စူးစမ်းလိုစိတ်ဟာ သင့်ကို တစ်စုံတစ်ခုကို နားလည်မှုကိုလည်း ရရှိစေပါတယ်။ စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတဲ့အရာတစ်ခုကို ရှင်းရှင်းလင်းလင်း သိမြင်သွားတဲ့အခါ မြူခိုးတွေနဲ့တူတဲ့ ကြောက်စိတ်တွေဟာလည်း ပျောက်ကွယ်သွားပါတယ်။
ဘေးကင်းမှုဆိုတဲ့ လှည့်ကွက်တွေကို ဆုပ်ကိုင်မထားပါနဲ့။

လူတွေဟာ ဘာကြောင့် သူတို့ရှိနေတဲ့နေရာမှာပဲ ထိုင်နေကြသလဲ? သူတို့ဟာ ကြောက်စိတ်နဲ့ လေဖြတ်နေကြလို့လား? မဟုတ်ပါဘူးလို့ ကျနော် ပြောချင်ပါတယ်။ လူတွေ သူတို့ရဲ့ ကြောက်စိတ်ကို ရင်မဆိုင်ရဲတဲ့ အကြောင်းအရင်းကြီးတစ်ခုက သူတို့ဟာ သူတို့ရှိနေတဲ့နေရာမှာ အန္တရာယ်ကင်းတယ်လို့ ထင်နေကြလို့ပါပဲ။ ဒါပေမယ့် အမှန်တရားက- အန္တာရယ်ကင်းတယ်ဆိုတာ စိတ်ထဲက ယုံကြည်နေမှုတစ်ခုသာ ဖြစ်တယ်ဆိုတာပါပဲ။ တကယ့်အပြင်မှာတော့ အန္တရာယ်ကင်းမှုဆိုတာ အမှန်တကယ်မရှိပါဘူး။ အဲဒါဟာ လုံး၀ မသေချာတဲ့၊ မသိနိုင်တဲ့ အရာတစ်ခုပါပဲ။ သင့်ရဲ့ အန္တရာယ်ကင်းတဲ့ဘဝကို ဆုပ်ကိုင်နေတာကို ရပ်လိုက်တဲ့အခါ ဘဝဟာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။ ဒါဆို သင်ဟာ တစ်စုံတစ်ခုရဲ့ လှည့်စားမှုကို မခံရတော့ဘူး။ သင် ဘယ်လောက်လုပ်နိုင်ဆိုတာကို သင်ကိုယ်တိုင် သတ်မှတ်တာပဲဆိုတာ သဘောပေါက်လာပါလိမ့်မယ်၊ ပြီးတော့ ဒီကမ္ဘာကြီးထဲမှာ သင့်ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကိုလည်း ဖန်တီးနိုင်ပါလိမ့်မယ်။

Inspiring-Nelson-Mandela-quotes-A-winner-is-a-dreamer-who-never-gives-up-1068x561_1.jpg

 

 

၃။ စိတ်ရှည်ပါ၊ ခံနိုင်ရည်ရှိပါ

” ကြီးမားတဲ့ တောင်တစ်ခုကို တက်ပြီးတဲ့အခါ၊ နောက်ထပ်တက်စရာ တောင်တွေ အများကြီးရှိနေသေးတယ်ဆိုတာကိုပဲ တွေ့ရလိမ့်မယ်”

ကျနော်တို့ လိုချင်နေတဲ့ ဘယ်အရာကိုမဆို အခုချက်ချင်းရမယ်ဆိုရင် တကယ်ကောင်းလိမ့်မယ်။ အဲဒီလိုမျိုးကလည်း ဖြစ်မလာတတ်တာက များပါတယ်။ အောင်မြင်တဲ့သူတွေရဲ့ အမူအကျင့်တစ်ခု၊ သော့ချက်တစ်ခုကတော့ တခြားသူတွေ ရိုးရှင်းစွာပဲ လက်လျှော့ပြီး အိမ်ပြန်သွားတဲ့အချိန်မှာ သူတို့ဟာ စိတ်ရှည်ကြတယ်၊ ခံနိုင်ရည်ရှိကြတယ်ဆိုတာပါပဲ။

ပြဿနာက – အောင်မြင်မှုအတွက် ကျနော်တို့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ အချိန်ကာလ ဘောင်ဟာ နည်းနည်းတော့ အကောင်းမြင်ဆန်လွန်းနေပါတယ်။ ကြော်ငြာတွေက ကျနော်တို့ဟာ မြန်မြန်ဆန်ဆန်အောင်မြင်နိုင်တယ်လို့ ပြောနေကြတယ်။ မြန်ဆန်လွယ်ကူစွာအောင်မြင်ခြင်းဆိုတဲ့ အတွေးဟာ လူမှုဝန်းကျင်မှာ စိမ့်ဝင်နေတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ အဲဒီအတွေးကိုယ်တိုင်ဟာ ပျင်းရိနေတတ်ပြီး ဖြတ်လမ်းတွေကို လိုချင်နေတတ်ပါတယ်။ လူတွေကို သူတို့ရဲ့ ပြဿနာတွေ ဖြေရှင်းပေးမယ့် “မှော်ဆေးလုံး” ရောင်းဖို့ဆိုတာ လွယ်ကူပါတယ်။

အခု ကျနော်ပြောနေတာက သင်ဟာ တစ်ခါတစ်ရံမှာ အောင်မြင်မှုကြီးကြီးမားမားကို မြန်မြန်ဆန်ဆန်နဲ့ ရနိုင်တယ်လို့ ပြောနေတာမဟုတ်ပါဘူး။ အများအားဖြင့် အဲဒါက အချိန်ယူတတ်ပါတယ်။ သင် မျှော်လင့်ထားတာထက်ပိုပြီး အချိန်ကြာတတ်ပါတယ်။
ဒီတော့ ဖြစ်လာနိုင်တဲ့အတားအဆီးတွေကိုပါ ထည့်သွင်းထားတဲ့ အချိန်ကာလ ဘောင်တစ်ခုကို သင် ဘယ်လိုသတ်မှတ်နိုင်ပါသလဲ?

 

 

၄။ သင့်ကိုယ်သင် အသိပညာပေးပါ

” ပညာရေးဟာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ သင်အသုံးပြုနိုင်တဲ့ စွမ်းအားအရှိဆုံး လက်နက်ပါပဲ”

သင်လိုချင်တဲ့အရာ၊ သင်အောင်မြင်ချင်တဲ့အရာတစ်ခုနဲ့ ပတ်သက်ပြီး သိစရာရှိတာတွေကို သင့်ကိုယ်သင် အသိပညာပေးခြင်းအားဖြင့် သင်ဟာ စွမ်းအင်တွေအများကြီးကို ရရှိနိုင်ပါတယ်။ ဒါကြောင့် စာအုပ်တွေဖတ်ပါ၊ ကိုယ့်အတွက် ဗဟုသုတ အသိပညာတွေကိုရမယ့် Page တွေ Blog တွေဖတ်ပါ။ စာအုပ်ဆိုင်တွေမှာ စာအုပ်မဝယ်ခင် အညွှန်းကို အရင်ဖတ်ကြည့်ပါ။ သင်အမှန်တကယ်လုပ်ချင်တဲ့အရာတစ်ခုကို လုပ်ပြီးသွားတဲ့လူတွေကို သူတို့ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ မေးမြန်းပါ။ တစ်စုံတစ်ယောက်က သင့်ကို ကူညီခဲ့သလိုမျိုးပဲ တခြားတစ်ယောက်ယောက်ကို ကူညီဖို့ ကြိုးစားပါ။ အဲဒါဟာ သင်ပြုလုပ်နေတဲ့အရာနဲ့ပတ်သက်လို့ ပိုပြီး နားလည်လာဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။

သင့်ကိုယ်သင် အသိပညာပေးခြင်းဟာ၊ စူးစမ်းလိုစိတ်လိုပါပဲ၊ မြူဖုံးနေတဲ့ ကြောက်ရွံ့စိတ်တွေကို ဖယ်ရှားပေးပါတယ်။ သင့်ကို လက်တွေ့မလုပ်ဆောင်ဖြစ်အောင်၊ သင်အမှန်တကယ်လိုချင်တဲ့အရာဆီကို မရောက်အောင် သင့်ကိုနောက်ပြန်ဆွဲနေတဲ့အရာတွေကိုလည်း ဖယ်ရှားပေးပါတယ်။

 

 

၅။ ရန်သူကို မိတ်ဆွေဖွဲ့ပါ

“သင်ဟာ သင့်ရန်သူနဲ့ ငြိမ်းချမ်းရေး ရယူချင်တယ်ဆိုရင်၊ သူနဲ့ အလုပ်တွဲလုပ်ရပါလိမ့်မယ်။ အဲဒီနောက်မှ သူဟာ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်လာမှာပါ”

ရန်သူတစ်ယောက် ဒါမှမဟုတ် ကျနော်တို့မနှစ်သက်တဲ့လူတစ်ယောက်ကို မိတ်ဆွေအဖြစ် ပြောင်းလဲဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး တွေ့ကြုံမှုဟာ အင်အားကြီးမားလို့ပါပဲ။ ကျနော်တို့ ရှေ့ကိုဆက်ပြီး တွန်းမကြည့်ဘူး၊ မေးခွန်းတွေထုတ်မကြည့်ဘူး၊ ပြီးတော့ မစူးစမ်းကြည့်ဘူးဆိုရင် ကျနော်တို့ရဲ့လူတစ်ယောက်အပေါ်အမြင်ဟာ မူသေ ဖြစ်နေတတ်ပါတယ်။

သေချာတာပေါ့၊ သင့်ရဲ့ အတွင်းစိတ် အဇ္ဈတက သင်မှန်တယ်၊ အဲဒီလူဟာ မှားတယ်လို့ပြောနေတဲ့အတွက် တစ်စုံတစ်ယောက်နဲ့ပတ်သက်တဲ့ သင့်ရဲ့ အမြင်ကို ပြောင်းလဲဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ အဲဒီနည်းလမ်းကနေ လွတ်မြောက်ဖို့အတွက် သော့ချက်ကတော့ သင့်ရဲ့အတွေးတွေကို တစ်သမတ်တည်း ဆုပ်ကိုင်မထားဖို့ပါပဲ။ အတွေးတွေကို သင့်ကို လွှမ်းမိုးချုပ်ကိုင်လာစေမယ့်အစား သင်က အတွေးတွေရဲ့အပေါ်မှာ နေပါ။

ဒါက သင့်ရဲ့ စိတ်ကို ဖွင့်ပေးပါလိမ့်မယ်၊ တစ်စုံတစ်ယောက်နဲ့ ဆက်ဆံရေးကိုလည်း ပြောင်းလဲစေနိုင်ပါလိမ့်မယ်။
ကဲ.. အခု သင် အဲဒီလူကို ဘယ်လိုမျိုး မိတ်ဆွေဖွဲ့နိုင်သလဲ။ အမြန်ဆုံးအကြံပြုရရင်တော့ အဲဒီလူနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေကို ရှာဖွေကြည့်ပါ။

 

 

၆။ သင် အရှုံးမပေးသ၍ သင် မရှုံးသေးဘူး

” လွတ်လပ်ခြင်းကိုရောက်ဖို့ အလွယ်လမ်းဆိုတာ မရှိဘူး။ ကျနော်တို့ အလိုရှိရာ တောင်ထိပ်ကိုမရောက်ခင်မှာ သေမင်းအရိပ်တွေ ထင်ဟပ်နေတဲ့ တောင်ကြားတွေကိုလည်း ဖြတ်ကျော်ကြရလိမ့်မယ်”

သင့်ရဲ့ အောင်မြင်ရေးခရီးလမ်းဟာ မင်ဒဲလားနဲ့ တောင်အာဖရိကက လူတွေရဲ့ အောင်မြင်ရေးခရီးလမ်းလောက် မဆိုးရွားနိုင်ပါဘူး။ ဒါပေမယ့် သင့်မှာလည်း ဆိုးရွားတဲ့အချိန်တွေ၊ အခက်အခဲနဲ့ နာကျင်မှုအချိန်တွေ ရှိမှာပါပဲ။
သင်ဟာ တစ်ခုခုကို စတင်လိုက်တဲ့အခါ၊ သင့်မှာ စိတ်အားထက်သန်မှုတွေ၊ အိပ်မက်တွေ ရှိလာပါတယ်။ တချို့နေရာတွေမှာတော့ ရှုပ်ထွေးမှုတွေ မသေချာမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

အဲဒီလိုအခါမျိုးမှာ သင်အရှုံးပေးသင့်သလား?
ဟုတ်ပါတယ်.. တစ်ခါတစ်လေမှာတော့ အဲဒီအချိန်ဟာ ရပ်ရမယ့်အချိန်ဖြစ်ပြီး အသစ်တစ်ခုကို ပြောင်းလုပ်ရမယ့်အချိန် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့် ကမ္ဘာကြီးဟာ သင့်ကို စမ်းသပ်လေ့ရှိပါတယ်။ သင် အဲဒီအရာကို အမှန်တကယ်လိုချင်ရဲ့လားဆိုတာ ကမ္ဘာကြီးက သိချင်တယ်။ အဲဒီအချိန်ဟာ သင် အမှန်တကယ် ရှေ့ကို ဆက်သွားရမယ့်အချိန်၊ ဘယ်လိုအတားအဆီးတွေကမှ သင့်ကို ရပ်တန့်အောင်လုပ်ဖို့ ခွင့်မပြုရမယ့်အချိန်ပါပဲ။

ရှုံးနိမ့်တယ်ဆိုတာဟာ ပုံမှန်ပါပဲ။ အမှားတွေကို ပြုလုပ်တယ်ဆိုတာဟာလည်း ပုံမှန်ပါပဲ။ အအောင်မြင်ဆုံးဆိုတဲ့လူတွေဟာ ရှုံးနိမ့်မှုအများဆုံးလူတွေဖြစ်ခဲ့ကြတယ်။ သူတို့ဟာ အမှားတွေ၊ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူကြတယ်။ တခြားသူတွေ အရှုံးပေးနေချိန်မှာ သူတို့ဟာ ပိုပြီး ခွန်အားရှိလာကြတယ်၊ ပိုပြီး ပျော့ပြောင်းလာကြတယ်၊ ပိုပြီး ခံနိုင်ရည်ရှိလာကြပါတယ်။

remembering-nelson-mandelas-featured-photo.jpg

 

၇။ အခု လုပ်ပါ

” ကျနော်တို့ဟာ အချိန်ကို ပညာရှိစွာ အသုံးချရမယ်၊ ပြီးတော့ မှန်တဲ့အရာကိုလုပ်ဖို့အတွက်ဆိုရင် အမြဲတမ်း အချိန်ကောင်းပဲဆိုတာကို သဘောပေါက်ကြရမယ်”

အခြေအနေတွေဟာ ဘယ်တော့မှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လက်တွေ့စလုပ်ဖြစ်ဖို့အတွက် အရာရာ ပြီးပြည့်စုံတဲ့နေ့ကို စောင့်နေမယ်ဆိုရင်တော့ သင့်ရဲ့ တစ်ဘဝလုံးကို စောင့်ဆိုင်းခြင်းနဲ့ပဲ ကုန်လွန်စေရပါလိမ့်မယ်။ အဲဒီလိုနေ့မျိုးဟာ ဘယ်တော့မှဖြစ်မလာတာ များတယ်လေ။

သင်ဟာ တစ်ခုခုကို ပြုလုပ်ချင်တယ်၊ ဒါပေမယ့် အနာဂတ်ကာလ တစ်နေ့နေ့မှာ လုပ်ဖြစ်လိမ့်မယ်ဆိုတဲ့ လူအများစု ကြုံတွေ့နေရတဲ့ ထောင်ချောက်ထဲကို မဝင်မိပါစေနဲ့။ ပထမဆုံးခြေလှမ်းကို စလှမ်းဖို့အတွက် မှန်ကန်တဲ့အချိန်ဟာ အများအားဖြင့်တော့ အခုလက်ရှိအချိန်ပါပဲ။ အကယ်၍ သင်ဟာ အဲဒီအရာကို မလုပ်ချင်သေးဘူး၊ မစချင်သေးဘူးဆိုရင်လည်း သင့်ရဲ့ အတွင်းထဲက ခုခံမှုတွေကို လက်မခံပါနဲ့။ သင့်ရဲ့ အတွေးတွေနဲ့ စိတ်ခံစားမှုတွေက ဘာကိုပဲပြောနေပြောနေ သင်ဟာ တစ်ခုခုကို စလုပ်နိုင်ပါတယ်။

 

 

၈။ ရွေ့နေတာကို အခု မရပ်လိုက်ပါနဲ့

” ရေ စတင် ဆူပွက်လာချိန်မှာ အပူပေးနေတာကို ရပ်လိုက်ခြင်းဟာ ရူးမိုက်တာပါပဲ”

ဒါကို လူအတော်များများ သတိမထားမိကြဘူးလို့ ကျနော် ထင်ပါတယ်။ အောင်မြင်မှုတစ်ခုကို ရပြီးတဲ့အခါ သင် ဘာလုပ်သလဲ? အများအားဖြင့် လုပ်ဆောင်နေကြတာကတော့ အေးအေးဆေးဆေး လဲလျောင်းပြီး အောင်မြင်မှုကို ကျေနပ်နှစ်သက်နေကြတာပါပဲ။ အဲဒါနဲ့ပတ်သက်လို့ ဘာမှ မမှားပါဘူး။ ဒါပေမယ့် သင်ဟာ အကြာကြီး နားလိုက်တဲ့အခါ သင့်ရဲ့ အရှိန်ကို ဆုံးရှုံးသွားပါတယ်။ အဲဒီနောက် သင်ဟာ အသစ်တစ်ဖန် ပြန်စရပါလိမ့်မယ်။

အောင်မြင်မှုတစ်ချို့ကို တွေ့မြင်ရတဲ့အခါ သင် ရပ်မနေသင့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်ဟာ သင့်ရဲ့ အောင်မြင်မှုကို ကျေနပ်ခံစားရမယ့်အချိန်ဖြစ်သလို သင် ဖန်တီးခဲ့ရလာဒ်တွေ၊ လုပ်ဆောင်မှုတွေ၊ အရှိန်အဟုန်တွေနဲ့ ရှေ့ကို ဆက်သွားရမယ့်အချိန်လည်း ဖြစ်ပါတယ်။

 

 

၉။ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာကို နားလည်ပါ

” သင်ဟာ နတ်ဘုရားတစ်ပိုင်းအဖြစ် အဆင့်တိုးမြင့်သွားပြီဆိုရင် သင်ဟာ လူသားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျနော့်ကို မင်ဒဲလားအဖြစ်ပဲ သိကြစေချင်ပါတယ်၊ အခြေခံကျတဲ့ အားနည်းချက်တွေနဲ့ လူသားတစ်ယောက်၊ ထောင်သွင်း အကျဉ်းချခံရဖူးတဲ့ လူသားတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်”

သင်ဟာ လူတွေနဲ့ ပတ်သက်လို့ ဒဏ္ဍာရီတွေကို ဖန်တီးတဲ့အခါ – သူတို့ဟာ ပုံမှန်ထက်ပိုတဲ့ ရလာဒ်တွေကို ပြုလုပ်နိုင်ခဲ့ရင် သင်လည်း သူတို့လိုအရာတွေကို မပြုလုပ်နိုင်ဘူး၊ သူတို့ဟာ သင်နဲ့ မတူဘူးလို့ ခံစားလာရပါလိမ့်မယ်။ သူတို့တွေဟာ ဘယ်သူတွေပဲဖြစ်နေဖြစ်နေ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာ စိတ်ထဲမှာ သိနေဖို့ အရေးကြီးပါတယ်။

ကျနော်တို့အားလုံးဟာ လူသားတွေပဲဖြစ်တယ်၊ အမှားတွေကို ကျူးလွန်မိတတ်ကြတယ်ဆိုတာကို သတိရဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ လူတွေနဲ့ ပတ်သက်ပြီး ကျိုးကြောင်းမဆီလျော်တဲ့ စံသတ်မှတ်ချက်တွေကို ဖန်တီးလိုက်တဲ့အခါ သင့်ကိုယ်သင် အဆိုးမြင်အတွေးတွေ ဝင်လာနိုင်ပါတယ်။ ဘားရက်ခ် အိုဘားမား (Barack Obama)ဟာ သူ့ရဲ့ သမ္မတခရီးကို စတင်ခဲ့တုန်းကလို စိတ်မျိုး ရှိဖို့လိုပါလိမ့်မယ်။

ပြီးတော့ သင်လုပ်ခဲ့တဲ့ အမှားတွေအတွက် သင့်ကိုယ်သင် ဒဏ်ခတ်အပြစ်ပေးတာလိုမျိုး အသုံးမဝင်တဲ့ အလေ့အကျင့်တွေကိုလည်း ရှောင်ကျဉ်ဖို့ အရေးကြီးပါတယ်။ အဲဒီအစား- သင် ဘယ်နေရာမှာ မှားသွားတယ်၊ သင့်ရဲ့ အမှားကနေ ဘာတွေ သင်ယူနိုင်တယ်ဆိုတာကို ရှင်းလင်းစွာ ကြည့်ပါ။ အဲဒီနောက် တစ်ဖန်ထပ်ကြိုးစားပါ။

free-mandela-5.png

 

 

Credit : Thutazone

 

Zawgyi ျဖင့္ဖတ္ရန္

သင့္ရဲ႕ကမာၻႀကီးကို ေျပာင္းလဲဖို႔ သံမဏိလူသား နယ္လ္ဆင္ မင္ဒဲလားရဲ႕ အေျခခံစည္းမ်ဥ္း (၉) ခု

“လုပ္မၿပီးေသးသေ႐ြ႕ေတာ့ အဲဒီအရာဟာ မျဖစ္ႏိုင္ဘူးလို႔ ထင္ရေလ့ရွိတယ္”

ႏိုဘယ္လ္ ၿငိမ္းခ်မ္းေရးဆုရွင္ နယ္လ္ဆင္မင္ဒဲလား (Nelson Mandela) ကို အထူးမိတ္ဆက္ေပးဖို႔ လိုမယ္မထင္ပါဘူး။ သူဟာ ေတာင္အာဖရိကမွာ မတရားဖိႏွိပ္အုပ္ခ်ဳပ္မႈေတြကို တြန္းလွန္ခဲ့ရာမွာ ထင္ရွားတဲ့ တက္ႂကြလႈပ္ရွားသူတစ္ေယာက္ ျဖစ္ပါတယ္။ အဲဒီအတြက္ေၾကာင့္ သူဟာ ေထာင္ထဲမွာ ႏွစ္ေပါင္း ၂၇ ႏွစ္ၾကာ ေနထိုင္ခဲ့ရပါတယ္။ ေနာက္ဆုံးေတာ့ .. ၁၉၉၀ ခုႏွစ္မွာ သူ ျပန္လည္လြတ္ေျမာက္လာၿပီး ေတာင္အာဖရိကကို ေျပာင္းလဲဖို႔နဲ႔ ျပန္လည္စုစည္းဖို႔ ကူညီေပးခဲ့တဲ့ သမၼတ ျဖစ္လာခဲ့ပါတယ္။

သင္ကိုယ္တိုင္မွာေရာ၊ သင့္ရဲ႕ ကမာၻႀကီးကိုပါ အေျပာင္းအလဲလုပ္ဖို႔ မင္ဒဲလားဆီက ရတဲ့ က်ေနာ္အႀကိဳက္ဆုံး အေျခခံစည္းမ်ဥ္း (၉)ခုကေတာ့ ဒီမွာပါ။

 

၁။ သင့္ကိုယ္သင္ သို႔မဟုတ္ သင့္ရဲ႕ ရည္မွန္းခ်က္ေတြကို ေလွ်ာ့မတြက္ပါနဲ႔

နည္းနည္းေလးပဲ မွန္းၿပီး လုပ္ဖို႔ဆိုတာ တည္ၿငိမ္ပါတယ္၊ လြယ္ကူပါတယ္။ ေသခ်ာပါတယ္… အဲဒါက ပိုၿပီးေတာ့ေတာင္ လြယ္ကူပါလိမ့္မယ္၊ ေရတိုအတြက္ပဲဆိုရင္ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သင္အမွန္တကယ္အလိုရွိတဲ့ အရာေနာက္ကို လိုက္ဖို႔ရာ အခ်ိန္ေတြ၊ အားထုတ္မႈေတြ၊ လမ္းခရီးတစ္ေလွ်ာက္မွာ ေတြ႕ႀကဳံႏိုင္တဲ့ နာက်င္မႈေတြ အမ်ားႀကီးကို လိုအပ္လို႔ပါပဲ။ ဒါေပမယ့္ အဲဒါကမွ သင္အမွန္တကယ္ ႀကီးထြားရာ၊ သင္ အျပည့္အ၀ ေနထိုင္ရာလည္း ျဖစ္ပါတယ္။

ေသးေသးေလးကိုပဲ မွန္းၿပီးလုပ္ေနခ်ိန္မွာ သင့္ရဲ႕ ဦးေခါင္းအေနာက္ဘက္မွာ ဒီလို အေတြးမ်ိဳးေတြလည္း ေပၚေပါက္လာပါလိမ့္မယ္ .. ” ဒါ အကုန္ပဲလား? ငါ ဒီထက္ပိုၿပီး လုပ္ႏိုင္သလား?” ၾကမ္းတမ္းတဲ့လမ္းကိုသြားတာကေတာ့ အမွန္တကယ္ ပိုၿပီး ခက္ခဲပါတယ္။ ဒါေပမယ့္ အဲဒီလမ္းကသာ သင္ ဘယ္တုန္းကမွ မေတြ႕ႀကဳံခဲ့ရဘူးတဲ့ အံ့ၾသဖြယ္ အခ်ိန္ကာလေတြ၊ အမွန္တကယ္ ႏွစ္လိုဖြယ္ေကာင္းတဲ့ ေအာင္ျမင္မႈေတြကို ေတြ႕ရေစမွာျဖစ္ပါတယ္။

 

 

၂။ သင္ ေၾကာက္႐ြံ႕ေနတဲ့အရာကို ေရွ႕တိုးလုပ္ပါ

“သတၱိဆိုတာဟာ အေၾကာက္တရားမရွိျခင္း မဟုတ္ဘူး။ အေၾကာက္တရားကို ေအာင္ႏိုင္ျခင္းျဖစ္တယ္။ သတၱိရွိတဲ့သူတစ္ေယာက္ဟာ မေၾကာက္တဲ့သူမဟုတ္ဘူး၊ ဒါေပမယ့္ အဲဒီေၾကာက္စိတ္ကို ေအာင္ႏိုင္ တဲ့သူျဖစ္တယ္။”

ဘဝမွာ သင္အမွန္တကယ္လိုခ်င္တဲ့အရာဟာ အဲဒီေနာက္ကိုလိုက္ဖို႔ သင္အေၾကာက္ဆုံးအရာလည္း ျဖစ္ေနတတ္ပါတယ္။ ေၾကာက္တဲ့အရာကို ေရွ႕တိုးလုပ္ဖို႔ဆိုတာ အမ်ားအားျဖင့္ ေကာင္းေလ့ရွိပါတယ္။ ဒါေပမယ့္ ေၾကာက္စရာလည္းေကာင္းတာပါပဲ။ သင့္ကို ေနာက္ျပန္ဆြဲေနတဲ့ ေၾကာက္စိတ္ကို သင္ဘယ္လိုေက်ာ္လႊား ေအာင္ျမင္ႏိုင္သလဲ? ေဟာဒီမွာ အႀကံဉာဏ္တစ္ခ်ိဳ႕ရွိပါတယ္။

ေၾကာက္စိတ္ဆိုတာဟာ အက်ိဳးမျပဳတဲ့ သတ္မွတ္ခ်က္ေတြအေပၚမွာ အေျခခံေလ့ရွိပါတယ္။

က်ေနာ္တို႔ဟာ ပုံစံေတြကို ရွာေဖြၾကတယ္။ ဒါေပမယ့္ ျပႆနာက – က်ေနာ္တို႔ဟာ အရင္က ႀကဳံေတြ႕ခဲ့ဖူးတဲ့ အေတြ႕အႀကဳံ တစ္ခုႏွစ္ခုအေပၚကို အေျခခံၿပီး က်ေနာ္တို႔ဘဝအတြက္ အက်ိဳးမျပဳတဲ့ အႏႈတ္လကၡဏာေဆာင္တဲ့ ပုံစံေတြကိုသာ ရွာေဖြမိၾကတာပါပဲ။ ဒါမွမဟုတ္ အေျခအေနေတြအေပၚမွာ လြဲမွားစြာ ဆုံးျဖတ္ခ်က္ခ်ၿပီးေတာ့ေပါ့။ ဒါမွမဟုတ္ မိုက္မဲတဲ့သူေတြရဲ႕ စကားေတြကတစ္ဆင့္ေပါ့။ သင္ဟာ သင့္ရဲ႕ အေတြးေတြကို အလြန္အမင္း သတ္မွတ္ဆုံးျဖတ္တဲ့အခါ သင္ဟာ အဲဒီအေတြးေတြကေျပာသမွ်ကို ယုံၾကည္ပါေတာ့တယ္။ ပိုၿပီး အက်ိဳးျပဳႏိုင္မယ့္ အေလ့အက်င့္တစ္ခုကေတာ့ သင့္ရဲ႕ အေတြးေတြကို အရမ္းႀကီး မတင္းၾကပ္မိေစဖို႔ပါပဲ။ အခ်ိန္အမ်ားစုမွာ သင့္ရဲ႕ အေတြးေတြနဲ႔ သင့္ရဲ႕မွတ္ဉာဏ္ေတြဟာ နည္းနည္းေတာ့ မမွန္ကန္တတ္ပါဘူး။
စူးစမ္းလိုစိတ္ ရွိပါ။

သင္ဟာ ေၾကာက္စိတ္မွာ ညပ္မိေနတဲ့အခါ သင္ဟာ ပိတ္ေလွာင္ခံလိုက္ရပါၿပီ။ သင္ဟာ သင့္ရဲ႕ ကမာၻႀကီးနဲ႔ သင့္ရဲ႕စိတ္ကို တစ္ကြဲတစ္ျပားစီျဖစ္ေအာင္ ခြဲျခားပါေတာ့မယ္။ သင္နဲ႔ တျခားအရာ၊ တျခားလူေတြရဲ႕ၾကားမွာ အတားအဆီးေတြကို သင္ ဖန္တီးပါေတာ့တယ္။ တစ္ဖက္မွာေတာ့ သိလိုစိတ္၊ စူးစမ္းလိုစိတ္ဟာ ေမွ်ာ္လင့္ခ်က္ေတြ၊ စိတ္အားထက္သန္မႈေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ ဒါက သင့္ကို လြတ္ေျမာက္ေစပါတယ္။ အဲဒီအခါ သင္ဟာ ေၾကာက္စိတ္ကို အာ႐ုံစိုက္ရမယ့္အစား ပိုၿပီး ေပ်ာ္စရာေကာင္းတဲ့အရာေတြ ရရွိလာပါလိမ့္မယ္။ စူးစမ္းလိုစိတ္ဟာ သင့္ကို တစ္စုံတစ္ခုကို နားလည္မႈကိုလည္း ရရွိေစပါတယ္။ စိတ္ထဲမွာ မရွင္းမလင္းျဖစ္ေနတဲ့အရာတစ္ခုကို ရွင္းရွင္းလင္းလင္း သိျမင္သြားတဲ့အခါ ျမဴခိုးေတြနဲ႔တူတဲ့ ေၾကာက္စိတ္ေတြဟာလည္း ေပ်ာက္ကြယ္သြားပါတယ္။
ေဘးကင္းမႈဆိုတဲ့ လွည့္ကြက္ေတြကို ဆုပ္ကိုင္မထားပါနဲ႔။

လူေတြဟာ ဘာေၾကာင့္ သူတို႔ရွိေနတဲ့ေနရာမွာပဲ ထိုင္ေနၾကသလဲ? သူတို႔ဟာ ေၾကာက္စိတ္နဲ႔ ေလျဖတ္ေနၾကလို႔လား? မဟုတ္ပါဘူးလို႔ က်ေနာ္ ေျပာခ်င္ပါတယ္။ လူေတြ သူတို႔ရဲ႕ ေၾကာက္စိတ္ကို ရင္မဆိုင္ရဲတဲ့ အေၾကာင္းအရင္းႀကီးတစ္ခုက သူတို႔ဟာ သူတို႔ရွိေနတဲ့ေနရာမွာ အႏၲရာယ္ကင္းတယ္လို႔ ထင္ေနၾကလို႔ပါပဲ။ ဒါေပမယ့္ အမွန္တရားက- အႏၲာရယ္ကင္းတယ္ဆိုတာ စိတ္ထဲက ယုံၾကည္ေနမႈတစ္ခုသာ ျဖစ္တယ္ဆိုတာပါပဲ။ တကယ့္အျပင္မွာေတာ့ အႏၲရာယ္ကင္းမႈဆိုတာ အမွန္တကယ္မရွိပါဘူး။ အဲဒါဟာ လုံး၀ မေသခ်ာတဲ့၊ မသိႏိုင္တဲ့ အရာတစ္ခုပါပဲ။ သင့္ရဲ႕ အႏၲရာယ္ကင္းတဲ့ဘဝကို ဆုပ္ကိုင္ေနတာကို ရပ္လိုက္တဲ့အခါ ဘဝဟာ ပိုၿပီး စိတ္လႈပ္ရွားစရာေကာင္းလာပါတယ္။ ပိုၿပီး စိတ္ဝင္စားစရာေကာင္းလာပါတယ္။ ဒါဆို သင္ဟာ တစ္စုံတစ္ခုရဲ႕ လွည့္စားမႈကို မခံရေတာ့ဘူး။ သင္ ဘယ္ေလာက္လုပ္ႏိုင္ဆိုတာကို သင္ကိုယ္တိုင္ သတ္မွတ္တာပဲဆိုတာ သေဘာေပါက္လာပါလိမ့္မယ္၊ ၿပီးေတာ့ ဒီကမာၻႀကီးထဲမွာ သင့္ရဲ႕ ကိုယ္ပိုင္လြတ္လပ္မႈကိုလည္း ဖန္တီးႏိုင္ပါလိမ့္မယ္။

Inspiring-Nelson-Mandela-quotes-A-winner-is-a-dreamer-who-never-gives-up-1068x561_1.jpg

 

၃။ စိတ္ရွည္ပါ၊ ခံႏိုင္ရည္ရွိပါ

” ႀကီးမားတဲ့ ေတာင္တစ္ခုကို တက္ၿပီးတဲ့အခါ၊ ေနာက္ထပ္တက္စရာ ေတာင္ေတြ အမ်ားႀကီးရွိေနေသးတယ္ဆိုတာကိုပဲ ေတြ႕ရလိမ့္မယ္”

က်ေနာ္တို႔ လိုခ်င္ေနတဲ့ ဘယ္အရာကိုမဆို အခုခ်က္ခ်င္းရမယ္ဆိုရင္ တကယ္ေကာင္းလိမ့္မယ္။ အဲဒီလိုမ်ိဳးကလည္း ျဖစ္မလာတတ္တာက မ်ားပါတယ္။ ေအာင္ျမင္တဲ့သူေတြရဲ႕ အမူအက်င့္တစ္ခု၊ ေသာ့ခ်က္တစ္ခုကေတာ့ တျခားသူေတြ ႐ိုးရွင္းစြာပဲ လက္ေလွ်ာ့ၿပီး အိမ္ျပန္သြားတဲ့အခ်ိန္မွာ သူတို႔ဟာ စိတ္ရွည္ၾကတယ္၊ ခံႏိုင္ရည္ရွိၾကတယ္ဆိုတာပါပဲ။

ျပႆနာက – ေအာင္ျမင္မႈအတြက္ က်ေနာ္တို႔စိတ္ထဲမွာ သတ္မွတ္ထားတဲ့ အခ်ိန္ကာလ ေဘာင္ဟာ နည္းနည္းေတာ့ အေကာင္းျမင္ဆန္လြန္းေနပါတယ္။ ေၾကာ္ျငာေတြက က်ေနာ္တို႔ဟာ ျမန္ျမန္ဆန္ဆန္ေအာင္ျမင္ႏိုင္တယ္လို႔ ေျပာေနၾကတယ္။ ျမန္ဆန္လြယ္ကူစြာေအာင္ျမင္ျခင္းဆိုတဲ့ အေတြးဟာ လူမႈဝန္းက်င္မွာ စိမ့္ဝင္ေနတယ္။ ဒါေပမယ့္ စိတ္ထဲမွာေတာ့ အဲဒီအေတြးကိုယ္တိုင္ဟာ ပ်င္းရိေနတတ္ၿပီး ျဖတ္လမ္းေတြကို လိုခ်င္ေနတတ္ပါတယ္။ လူေတြကို သူတို႔ရဲ႕ ျပႆနာေတြ ေျဖရွင္းေပးမယ့္ “ေမွာ္ေဆးလုံး” ေရာင္းဖို႔ဆိုတာ လြယ္ကူပါတယ္။

အခု က်ေနာ္ေျပာေနတာက သင္ဟာ တစ္ခါတစ္ရံမွာ ေအာင္ျမင္မႈႀကီးႀကီးမားမားကို ျမန္ျမန္ဆန္ဆန္နဲ႔ ရႏိုင္တယ္လို႔ ေျပာေနတာမဟုတ္ပါဘူး။ အမ်ားအားျဖင့္ အဲဒါက အခ်ိန္ယူတတ္ပါတယ္။ သင္ ေမွ်ာ္လင့္ထားတာထက္ပိုၿပီး အခ်ိန္ၾကာတတ္ပါတယ္။
ဒီေတာ့ ျဖစ္လာႏိုင္တဲ့အတားအဆီးေတြကိုပါ ထည့္သြင္းထားတဲ့ အခ်ိန္ကာလ ေဘာင္တစ္ခုကို သင္ ဘယ္လိုသတ္မွတ္ႏိုင္ပါသလဲ?

 

 

၄။ သင့္ကိုယ္သင္ အသိပညာေပးပါ

” ပညာေရးဟာ ကမာၻႀကီးကိုေျပာင္းလဲဖို႔ သင္အသုံးျပဳႏိုင္တဲ့ စြမ္းအားအရွိဆုံး လက္နက္ပါပဲ”

သင္လိုခ်င္တဲ့အရာ၊ သင္ေအာင္ျမင္ခ်င္တဲ့အရာတစ္ခုနဲ႔ ပတ္သက္ၿပီး သိစရာရွိတာေတြကို သင့္ကိုယ္သင္ အသိပညာေပးျခင္းအားျဖင့္ သင္ဟာ စြမ္းအင္ေတြအမ်ားႀကီးကို ရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ စာအုပ္ေတြဖတ္ပါ၊ ကိုယ့္အတြက္ ဗဟုသုတ အသိပညာေတြကိုရမယ့္ Page ေတြ Blog ေတြဖတ္ပါ။ စာအုပ္ဆိုင္ေတြမွာ စာအုပ္မဝယ္ခင္ အၫႊန္းကို အရင္ဖတ္ၾကည့္ပါ။ သင္အမွန္တကယ္လုပ္ခ်င္တဲ့အရာတစ္ခုကို လုပ္ၿပီးသြားတဲ့လူေတြကို သူတို႔ဘယ္လိုလုပ္ခဲ့တယ္ဆိုတာ ေမးျမန္းပါ။ တစ္စုံတစ္ေယာက္က သင့္ကို ကူညီခဲ့သလိုမ်ိဳးပဲ တျခားတစ္ေယာက္ေယာက္ကို ကူညီဖို႔ ႀကိဳးစားပါ။ အဲဒါဟာ သင္ျပဳလုပ္ေနတဲ့အရာနဲ႔ပတ္သက္လို႔ ပိုၿပီး နားလည္လာဖို႔ နည္းလမ္းေကာင္းတစ္ခုပါပဲ။

သင့္ကိုယ္သင္ အသိပညာေပးျခင္းဟာ၊ စူးစမ္းလိုစိတ္လိုပါပဲ၊ ျမဴဖုံးေနတဲ့ ေၾကာက္႐ြံ႕စိတ္ေတြကို ဖယ္ရွားေပးပါတယ္။ သင့္ကို လက္ေတြ႕မလုပ္ေဆာင္ျဖစ္ေအာင္၊ သင္အမွန္တကယ္လိုခ်င္တဲ့အရာဆီကို မေရာက္ေအာင္ သင့္ကိုေနာက္ျပန္ဆြဲေနတဲ့အရာေတြကိုလည္း ဖယ္ရွားေပးပါတယ္။

 

 

၅။ ရန္သူကို မိတ္ေဆြဖြဲ႕ပါ

“သင္ဟာ သင့္ရန္သူနဲ႔ ၿငိမ္းခ်မ္းေရး ရယူခ်င္တယ္ဆိုရင္၊ သူနဲ႔ အလုပ္တြဲလုပ္ရပါလိမ့္မယ္။ အဲဒီေနာက္မွ သူဟာ သင့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ျဖစ္လာမွာပါ”

ရန္သူတစ္ေယာက္ ဒါမွမဟုတ္ က်ေနာ္တို႔မႏွစ္သက္တဲ့လူတစ္ေယာက္ကို မိတ္ေဆြအျဖစ္ ေျပာင္းလဲဖို႔ဆိုတာ ခက္ခဲပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပထမဆုံး ေတြ႕ႀကဳံမႈဟာ အင္အားႀကီးမားလို႔ပါပဲ။ က်ေနာ္တို႔ ေရွ႕ကိုဆက္ၿပီး တြန္းမၾကည့္ဘူး၊ ေမးခြန္းေတြထုတ္မၾကည့္ဘူး၊ ၿပီးေတာ့ မစူးစမ္းၾကည့္ဘူးဆိုရင္ က်ေနာ္တို႔ရဲ႕လူတစ္ေယာက္အေပၚအျမင္ဟာ မူေသ ျဖစ္ေနတတ္ပါတယ္။

ေသခ်ာတာေပါ့၊ သင့္ရဲ႕ အတြင္းစိတ္ အဇၩတက သင္မွန္တယ္၊ အဲဒီလူဟာ မွားတယ္လို႔ေျပာေနတဲ့အတြက္ တစ္စုံတစ္ေယာက္နဲ႔ပတ္သက္တဲ့ သင့္ရဲ႕ အျမင္ကို ေျပာင္းလဲဖို႔ဆိုတာ ခက္ခဲႏိုင္ပါတယ္။ အဲဒီနည္းလမ္းကေန လြတ္ေျမာက္ဖို႔အတြက္ ေသာ့ခ်က္ကေတာ့ သင့္ရဲ႕အေတြးေတြကို တစ္သမတ္တည္း ဆုပ္ကိုင္မထားဖို႔ပါပဲ။ အေတြးေတြကို သင့္ကို လႊမ္းမိုးခ်ဳပ္ကိုင္လာေစမယ့္အစား သင္က အေတြးေတြရဲ႕အေပၚမွာ ေနပါ။

ဒါက သင့္ရဲ႕ စိတ္ကို ဖြင့္ေပးပါလိမ့္မယ္၊ တစ္စုံတစ္ေယာက္နဲ႔ ဆက္ဆံေရးကိုလည္း ေျပာင္းလဲေစႏိုင္ပါလိမ့္မယ္။
ကဲ.. အခု သင္ အဲဒီလူကို ဘယ္လိုမ်ိဳး မိတ္ေဆြဖြဲ႕ႏိုင္သလဲ။ အျမန္ဆုံးအႀကံျပဳရရင္ေတာ့ အဲဒီလူနဲ႔ပတ္သက္ၿပီး ေကာင္းတဲ့အခ်က္ေတြကို ရွာေဖြၾကည့္ပါ။

 

 

၆။ သင္ အရႈံးမေပးသ၍ သင္ မရႈံးေသးဘူး

” လြတ္လပ္ျခင္းကိုေရာက္ဖို႔ အလြယ္လမ္းဆိုတာ မရွိဘူး။ က်ေနာ္တို႔ အလိုရွိရာ ေတာင္ထိပ္ကိုမေရာက္ခင္မွာ ေသမင္းအရိပ္ေတြ ထင္ဟပ္ေနတဲ့ ေတာင္ၾကားေတြကိုလည္း ျဖတ္ေက်ာ္ၾကရလိမ့္မယ္”

သင့္ရဲ႕ ေအာင္ျမင္ေရးခရီးလမ္းဟာ မင္ဒဲလားနဲ႔ ေတာင္အာဖရိကက လူေတြရဲ႕ ေအာင္ျမင္ေရးခရီးလမ္းေလာက္ မဆိုး႐ြားႏိုင္ပါဘူး။ ဒါေပမယ့္ သင့္မွာလည္း ဆိုး႐ြားတဲ့အခ်ိန္ေတြ၊ အခက္အခဲနဲ႔ နာက်င္မႈအခ်ိန္ေတြ ရွိမွာပါပဲ။
သင္ဟာ တစ္ခုခုကို စတင္လိုက္တဲ့အခါ၊ သင့္မွာ စိတ္အားထက္သန္မႈေတြ၊ အိပ္မက္ေတြ ရွိလာပါတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ ရႈပ္ေထြးမႈေတြ မေသခ်ာမႈေတြနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။

အဲဒီလိုအခါမ်ိဳးမွာ သင္အရႈံးေပးသင့္သလား?
ဟုတ္ပါတယ္.. တစ္ခါတစ္ေလမွာေတာ့ အဲဒီအခ်ိန္ဟာ ရပ္ရမယ့္အခ်ိန္ျဖစ္ၿပီး အသစ္တစ္ခုကို ေျပာင္းလုပ္ရမယ့္အခ်ိန္ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အမ်ားအားျဖင့္ ကမာၻႀကီးဟာ သင့္ကို စမ္းသပ္ေလ့ရွိပါတယ္။ သင္ အဲဒီအရာကို အမွန္တကယ္လိုခ်င္ရဲ႕လားဆိုတာ ကမာၻႀကီးက သိခ်င္တယ္။ အဲဒီအခ်ိန္ဟာ သင္ အမွန္တကယ္ ေရွ႕ကို ဆက္သြားရမယ့္အခ်ိန္၊ ဘယ္လိုအတားအဆီးေတြကမွ သင့္ကို ရပ္တန႔္ေအာင္လုပ္ဖို႔ ခြင့္မျပဳရမယ့္အခ်ိန္ပါပဲ။

ရႈံးနိမ့္တယ္ဆိုတာဟာ ပုံမွန္ပါပဲ။ အမွားေတြကို ျပဳလုပ္တယ္ဆိုတာဟာလည္း ပုံမွန္ပါပဲ။ အေအာင္ျမင္ဆုံးဆိုတဲ့လူေတြဟာ ရႈံးနိမ့္မႈအမ်ားဆုံးလူေတြျဖစ္ခဲ့ၾကတယ္။ သူတို႔ဟာ အမွားေတြ၊ ရႈံးနိမ့္မႈေတြကေန သင္ခန္းစာယူၾကတယ္။ တျခားသူေတြ အရႈံးေပးေနခ်ိန္မွာ သူတို႔ဟာ ပိုၿပီး ခြန္အားရွိလာၾကတယ္၊ ပိုၿပီး ေပ်ာ့ေျပာင္းလာၾကတယ္၊ ပိုၿပီး ခံႏိုင္ရည္ရွိလာၾကပါတယ္။

 

 

၇။ အခု လုပ္ပါ

” က်ေနာ္တို႔ဟာ အခ်ိန္ကို ပညာရွိစြာ အသုံးခ်ရမယ္၊ ၿပီးေတာ့ မွန္တဲ့အရာကိုလုပ္ဖို႔အတြက္ဆိုရင္ အၿမဲတမ္း အခ်ိန္ေကာင္းပဲဆိုတာကို သေဘာေပါက္ၾကရမယ္”

အေျခအေနေတြဟာ ဘယ္ေတာ့မွ ၿပီးျပည့္စုံတယ္ဆိုတာ မရွိပါဘူး။ လက္ေတြ႕စလုပ္ျဖစ္ဖို႔အတြက္ အရာရာ ၿပီးျပည့္စုံတဲ့ေန႔ကို ေစာင့္ေနမယ္ဆိုရင္ေတာ့ သင့္ရဲ႕ တစ္ဘဝလုံးကို ေစာင့္ဆိုင္းျခင္းနဲ႔ပဲ ကုန္လြန္ေစရပါလိမ့္မယ္။ အဲဒီလိုေန႔မ်ိဳးဟာ ဘယ္ေတာ့မွျဖစ္မလာတာ မ်ားတယ္ေလ။

သင္ဟာ တစ္ခုခုကို ျပဳလုပ္ခ်င္တယ္၊ ဒါေပမယ့္ အနာဂတ္ကာလ တစ္ေန႔ေန႔မွာ လုပ္ျဖစ္လိမ့္မယ္ဆိုတဲ့ လူအမ်ားစု ႀကဳံေတြ႕ေနရတဲ့ ေထာင္ေခ်ာက္ထဲကို မဝင္မိပါေစနဲ႔။ ပထမဆုံးေျခလွမ္းကို စလွမ္းဖို႔အတြက္ မွန္ကန္တဲ့အခ်ိန္ဟာ အမ်ားအားျဖင့္ေတာ့ အခုလက္ရွိအခ်ိန္ပါပဲ။ အကယ္၍ သင္ဟာ အဲဒီအရာကို မလုပ္ခ်င္ေသးဘူး၊ မစခ်င္ေသးဘူးဆိုရင္လည္း သင့္ရဲ႕ အတြင္းထဲက ခုခံမႈေတြကို လက္မခံပါနဲ႔။ သင့္ရဲ႕ အေတြးေတြနဲ႔ စိတ္ခံစားမႈေတြက ဘာကိုပဲေျပာေနေျပာေန သင္ဟာ တစ္ခုခုကို စလုပ္ႏိုင္ပါတယ္။

 

 

၈။ ေ႐ြ႕ေနတာကို အခု မရပ္လိုက္ပါနဲ႔

” ေရ စတင္ ဆူပြက္လာခ်ိန္မွာ အပူေပးေနတာကို ရပ္လိုက္ျခင္းဟာ ႐ူးမိုက္တာပါပဲ”

ဒါကို လူအေတာ္မ်ားမ်ား သတိမထားမိၾကဘူးလို႔ က်ေနာ္ ထင္ပါတယ္။ ေအာင္ျမင္မႈတစ္ခုကို ရၿပီးတဲ့အခါ သင္ ဘာလုပ္သလဲ? အမ်ားအားျဖင့္ လုပ္ေဆာင္ေနၾကတာကေတာ့ ေအးေအးေဆးေဆး လဲေလ်ာင္းၿပီး ေအာင္ျမင္မႈကို ေက်နပ္ႏွစ္သက္ေနၾကတာပါပဲ။ အဲဒါနဲ႔ပတ္သက္လို႔ ဘာမွ မမွားပါဘူး။ ဒါေပမယ့္ သင္ဟာ အၾကာႀကီး နားလိုက္တဲ့အခါ သင့္ရဲ႕ အရွိန္ကို ဆုံးရႈံးသြားပါတယ္။ အဲဒီေနာက္ သင္ဟာ အသစ္တစ္ဖန္ ျပန္စရပါလိမ့္မယ္။

ေအာင္ျမင္မႈတစ္ခ်ိဳ႕ကို ေတြ႕ျမင္ရတဲ့အခါ သင္ ရပ္မေနသင့္ပါဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီအခ်ိန္ဟာ သင့္ရဲ႕ ေအာင္ျမင္မႈကို ေက်နပ္ခံစားရမယ့္အခ်ိန္ျဖစ္သလို သင္ ဖန္တီးခဲ့ရလာဒ္ေတြ၊ လုပ္ေဆာင္မႈေတြ၊ အရွိန္အဟုန္ေတြနဲ႔ ေရွ႕ကို ဆက္သြားရမယ့္အခ်ိန္လည္း ျဖစ္ပါတယ္။

 

 

၉။ လူတိုင္းလူတိုင္းဟာ လူသားေတြပဲျဖစ္တယ္ဆိုတာကို နားလည္ပါ

” သင္ဟာ နတ္ဘုရားတစ္ပိုင္းအျဖစ္ အဆင့္တိုးျမင့္သြားၿပီဆိုရင္ သင္ဟာ လူသားတစ္ေယာက္ မဟုတ္ေတာ့ပါဘူး။ က်ေနာ့္ကို မင္ဒဲလားအျဖစ္ပဲ သိၾကေစခ်င္ပါတယ္၊ အေျခခံက်တဲ့ အားနည္းခ်က္ေတြနဲ႔ လူသားတစ္ေယာက္၊ ေထာင္သြင္း အက်ဥ္းခ်ခံရဖူးတဲ့ လူသားတစ္ေယာက္ပဲ ျဖစ္ခ်င္ပါတယ္”

သင္ဟာ လူေတြနဲ႔ ပတ္သက္လို႔ ဒ႑ာရီေတြကို ဖန္တီးတဲ့အခါ – သူတို႔ဟာ ပုံမွန္ထက္ပိုတဲ့ ရလာဒ္ေတြကို ျပဳလုပ္ႏိုင္ခဲ့ရင္ သင္လည္း သူတို႔လိုအရာေတြကို မျပဳလုပ္ႏိုင္ဘူး၊ သူတို႔ဟာ သင္နဲ႔ မတူဘူးလို႔ ခံစားလာရပါလိမ့္မယ္။ သူတို႔ေတြဟာ ဘယ္သူေတြပဲျဖစ္ေနျဖစ္ေန လူတိုင္းလူတိုင္းဟာ လူသားေတြပဲျဖစ္တယ္ဆိုတာ စိတ္ထဲမွာ သိေနဖို႔ အေရးႀကီးပါတယ္။

က်ေနာ္တို႔အားလုံးဟာ လူသားေတြပဲျဖစ္တယ္၊ အမွားေတြကို က်ဴးလြန္မိတတ္ၾကတယ္ဆိုတာကို သတိရဖို႔လိုတယ္လို႔ က်ေနာ္ထင္ပါတယ္။ လူေတြနဲ႔ ပတ္သက္ၿပီး က်ိဳးေၾကာင္းမဆီေလ်ာ္တဲ့ စံသတ္မွတ္ခ်က္ေတြကို ဖန္တီးလိုက္တဲ့အခါ သင့္ကိုယ္သင္ အဆိုးျမင္အေတြးေတြ ဝင္လာႏိုင္ပါတယ္။ ဘားရက္ခ္ အိုဘားမား (Barack Obama)ဟာ သူ႔ရဲ႕ သမၼတခရီးကို စတင္ခဲ့တုန္းကလို စိတ္မ်ိဳး ရွိဖို႔လိုပါလိမ့္မယ္။

ၿပီးေတာ့ သင္လုပ္ခဲ့တဲ့ အမွားေတြအတြက္ သင့္ကိုယ္သင္ ဒဏ္ခတ္အျပစ္ေပးတာလိုမ်ိဳး အသုံးမဝင္တဲ့ အေလ့အက်င့္ေတြကိုလည္း ေရွာင္က်ဥ္ဖို႔ အေရးႀကီးပါတယ္။ အဲဒီအစား- သင္ ဘယ္ေနရာမွာ မွားသြားတယ္၊ သင့္ရဲ႕ အမွားကေန ဘာေတြ သင္ယူႏိုင္တယ္ဆိုတာကို ရွင္းလင္းစြာ ၾကည့္ပါ။ အဲဒီေနာက္ တစ္ဖန္ထပ္ႀကိဳးစားပါ။

free-mandela-5.png

 

 

Credit : Thutazone

sayar.com.mm

Read times
Rate this articles
(0 votes)