×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 12 March 2020

ပျင်းရိခြင်း၏ ဆိုးကျိုးများ

ပျင်းရိခြင်း၏ ဆိုးကျိုးများ google

ပျင်းရိခြင်းဆိုတာ နာမည်သာ ဆိုးတာ ၊ လူကတော့ သက်သာတယ်…..လို့ပြောတတ်ကြပါတယ်။ တကယ်လည်း နာမည်သာ ဆိုးတာပါ၊

လူက တော်တော် သက်သာပါတယ်နော်။ ဒါပေမယ့် လူသက်သာတယ်ဆိုမှတော့ ဘဝကိုပေါ့ပါးစွာဖြတ်သန်းနေတဲ့လူပေါ့။ ဘဝကို ပေါ့ပေါ့တွေးပြီး ဖြတ်သန်းတဲ့သူက ဘာတွေများ လေးနက်တဲ့ကိစ္စကို လုပ်ဆောင်နိုင်ပါ့မလဲ။

ဘဝကို လေးနက်စွာမဖြတ်သန်းတော့လဲ ဘာဖြစ်သေးတုန်း သက်သာတာက အရေးကြီးတယ်ဆိုရင် သေချာပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါ ဘာမှဖြစ်မလာတဲ့သူက သင်ပါပဲ။ သူများတွေက ဘဝကို ကြိုးစားပမ်းစား တည်ဆောက်နေချိန်မှာ ဘဝကိုပေါ့ပေါ့တွေးဖြတ်သန်းနေသူရဲ့ဘဝက အရမ်းကို ပေါ့ပါးလွန်းနေမှာပါ။ ဘဝကပေါ့ပါးခြင်းနဲ့အတူ လေထဲလွှင့်တဲ့ မြူမှုန်လိုပါပဲ၊ ဘယ်သူကမှလည်း သူ့ကို အလေးအနက် အမှတ်တရမရှိဘဲ သူ့ဘဝက လွင့်မြောကွယ်ပျောက်သွားမှာပါပဲ။

ပြောရရင် လူဖြစ်ပြီး လူဖြစ်ရကျိုးမနပ်တဲ့လူ ဖြစ်သွားမှာပေါ့။ လူ့ဘဝဆိုတာက ရခဲလှပါတယ်။ ရခဲလှတဲ့လူ့ဘဝကို ရတုန်းလေး ကိုယ့်အတွက်လည်း တန်ဖိုးရှိ၊ အခြားသူများအတွက်လည်း တန်ဖိုးရှိ၊ ပတ်ဝန်းကျင်အတွက်လည်း တန်ဖိုးရှိတာလေးတွေ လုပ်ရင်း ကုန်ဆုံးသွားရတာက မြူမှုန်လိုလေထဲလွှင့်မှာခြင်း အတူတူဆိုရင်တောင် ပိုပြီးတန်ဖိုးရှိပါသေးတယ်။

အဲဒီ့တော့ ရခဲလှတဲ့လူ့ဘဝကိုလည်း ရထားတုန်း ပေါ့ပေါ့နေ၊ ပေါ့ပေါ့သေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ပေါ့နေတဲ့အခါ မကြိုးစားချင်ပါဘူး၊ မကြိုးစားချင်တော့ ပျင်းပါတယ်။ ပျင်းတဲ့အခါ ဘာမှမဖြစ်လာပါဘူး။ ထိုသူမျိုးရဲ့ဘဝကလည်း အင်မတန် ပျင်းစရာကောင်းနေမှာပါ။ အစဉ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်က တက်ကြွမှု၊ ဖြတ်လတ်မှု၊ စီမံမှု၊ ယှဉ်ပြိုင်မှု၊ အောင်မြင်မှု၊ ရှုံးနိမ့်မှု၊ စသဖြင့် အမျိုးမျိုးကြုံတွေ့နေရတဲ့အတွက် လဲကျရင် ပြန်ထဖို့ ကြိုးစားလို့ သူ့ရဲ့နေ့ရက်တိုင်းက ကြိုးစားမှုတွေနဲ့ အမြဲသစ်လွင်နေမှာပါ။

ပျင်းရိတဲ့သူကတော့ အိမ်အိုအိမ်ဟောင်းတစ်လုံးမှာ သန့်ရှင်းရေးမလုပ်ဘဲ အမှောင်ထဲနေတဲ့သူလိုပဲ တက်သစ်စ နေမင်းကိုလည်း မမြင်နိုင်၊ လန်းဆန်းမှုလည်း မရှိဘဲ ဘဝကြီးကလည်း ဒီအဆင့်ကနေ တက်တော့မှာမဟုတ်ပါဘူး။ အဲဒါအပြင် ပျင်းရိနေတတ်သူက သူများကိုသာ ငေးမောအားကျနေရတဲ့ဘဝနဲ့သာ ပြီးဆုံးသွားတတ်ပါတယ်။ ဘာမှ ကြိုးစားမှုလည်း မရှိတဲ့အတွက် ဘယ်နေရာမှာမှလည်း လူတောတိုးမှာမဟုတ်တော့ပါဘူး။

ပျင်းရိတတ်သူတော်တော်များများက သူတို့ကိုယ်သူတို့လည်း အထင်ကြီးတတ်ကြပါသေးတယ်။ ပျင်းရိခြင်းရဲ့အစမှာတော့ မိမိကိုယ်ကို တကယ်တမ်းလုပ်လိုက်ရင်ခဏလေး….၊ ပြီးမှလုပ်မယ်၊ အေးဆေးမှလုပ်တာပေါ့။ စတဲ့ဆင်ခြေတွေနဲ့ ပေးပြီး အချိန်ဆွဲပါတယ်။ အချိန်ဆွဲရာကနေမှ မဖြစ်နိုင်တော့ပါဘူး….လေဆိုတဲ့ ကြောက်ရွံခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဆက်လာပါတယ်။ အဲဒီ့နောက်မှာတော့ ကိုယ့်နဲ့တန်းတူကနေ မပျင်းမရိကြိုးစားပြီးသာလွန်သွားသူတွေကိုကြည့်လို့ ကိုယ့်ကိုကိုယ်သိမ်ငယ်လာရပါတော့တယ်။ ထိုအခြင်းအရာကို ကြီးပွားတိုးတက်ခြင်းအတွက် ရန်သူကြီး ၆ပါးလို့တောင် ခေါ်ဝေါ်တတ်ကြပါတယ်။

၁။ပျင်းရိခြင်း
၂။ဆင်ခြေပေးခြင်း။
၃။အချိန်ဆွဲခြင်း။
၄။ကြောက်ရွံ့ခြင်း။
၅။စိတ်ဓါတ်ကျခြင်း။
၆။ကိုယ့်ကိုကိုယ်သိမ်ငယ်ခြင်း။ စတဲ့ အချက်တွေပါပဲ။

ပျင်းရိတတ်သူဟာ အလုပ်ခွင်မှာဆိုလည်း တိုးတက်မှုမရှိနိုင်ပါဘူး။ ဘယ်နေရာရောက်ရောက် သက်သာပေါ့ပါးဖို့ပဲတွေးနေတာဖြစ်တဲ့အတွက် အချောင်ခိုနိုင်မယ့်နေရာလောက်သာ တွေးနေမှာဖြစ်ပါတယ်။ ပညာသင်ကြားတဲ့နေရာမှာဆိုရင်လည်း တကယ်မတတ်ဘဲ တတ်သယောင်လုပ်လေ့ရှိမှာဖြစ်တဲ့အတွက် ပညာကိုလည်း ထိရောက်စွာ သင်ယူနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပျင်းရိသူဟာ ဘယ်နေရာမှာမှ ဘယ်နေရာမှာမှ မထွန်းပေါက် မအောင်မြင်နိုင်လို့ ဘယ်နေရာမှာမှ လူရာမဝင်ဘူးလို့ ပြောကြတာပါ။

အရွယ်ရှိနေတုန်းမှာ အောင်မြင်အောင်မကြိုးစားဘဲ ပျင်းရိအချောင်ခိုနေမယ်ဆိုရင် အချိန်တန် ဘဝရဲ့နေဝင်ချိန်မှာ အေးအေးသက်သာအနားယူနိုင်မှာမဟုတ်ပါဘူး။ အဲဒီ့အခါကျမှ အချိန်ရှိခိုက် လုံ့လစိုက်လို့ ကြိုးစားဖြစ်ထွန်းနေသူတွေကို ငေးမောအားကျနေရသူဖြစ်နေတတ်ပါတယ်။

အဲဒါကြောင့် ပျင်းရိခြင်းရဲ့နောက်ဆုံး အဆုံးသတ်ကတော့ ကျရှုံးခြင်းပါပဲ။ သင်ကော ကျရှုံးသူဖြစ်မယ့် လမ်းကြောင်းပေါ်လျှောက်မိနေပြီလား။ ပြန်သုံးသပ်ပါ။ သင့်ရဲ့ပျင်းရိခြင်းတွေကို ခုကစပြီး လွှင့်ပစ်လိုက်ပါတော့လို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

credit;BAWA101

Sayar_Guice_banner_design_2.jpg

(zawgyi) 

ပ်င္းရိျခင္း၏ ဆိုုးက်ိဳးမ်ား

ပ်င္းရိျခင္းဆိုတာ နာမည္သာ ဆိုးတာ ၊ လူကေတာ့ သက္သာတယ္…..လို႔ေျပာတတ္ၾကပါတယ္။ တကယ္လည္း နာမည္သာ ဆိုးတာပါ၊ လူက ေတာ္ေတာ္ သက္သာပါတယ္ေနာ္။ ဒါေပမယ့္ လူသက္သာတယ္ဆိုမွေတာ့ ဘ၀ကိုေပါ့ပါးစြာျဖတ္သန္းေနတဲ့လူေပါ့။ ဘ၀ကို ေပါ့ေပါ့ေတြးျပီး ျဖတ္သန္းတဲ့သူက ဘာေတြမ်ား ေလးနက္တဲ့ကိစၥကို လုပ္ေဆာင္နုိင္ပါ့မလဲ။

ဘ၀ကို ေလးနက္စြာမျဖတ္သန္းေတာ့လဲ ဘာျဖစ္ေသးတုန္း သက္သာတာက အေရးၾကီးတယ္ဆိုရင္ ေသခ်ာပါတယ္။ အခ်ိန္တစ္ခုေရာက္တဲ့အခါ ဘာမွျဖစ္မလာတဲ့သူက သင္ပါပဲ။ သူမ်ားေတြက ဘ၀ကို ၾကိဳးစားပမ္းစား တည္ေဆာက္ေနခ်ိန္မွာ ဘ၀ကိုေပါ့ေပါ့ေတြးျဖတ္သန္းေနသူရဲ႕ဘ၀က အရမ္းကို ေပါ့ပါးလြန္းေနမွာပါ။ ဘ၀ကေပါ့ပါးျခင္းနဲ႔အတူ ေလထဲလႊင့္တဲ့ ျမဴမႈန္လိုပါပဲ၊ ဘယ္သူကမွလည္း သူ႔ကို အေလးအနက္ အမွတ္တရမရွိဘဲ သူ႔ဘ၀က လြင့္ေျမာကြယ္ေပ်ာက္သြားမွာပါပဲ။

ေျပာရရင္ လူျဖစ္ျပီး လူျဖစ္ရက်ိဳးမနပ္တဲ့လူ ျဖစ္သြားမွာေပါ့။ လူ႔ဘ၀ဆိုတာက ရခဲလွပါတယ္။ ရခဲလွတဲ့လူ႔ဘ၀ကို ရတုန္းေလး ကိုယ့္အတြက္လည္း တန္ဖိုးရွိ၊ အျခားသူမ်ားအတြက္လည္း တန္ဖိုးရွိ၊ ပတ္၀န္းက်င္အတြက္လည္း တန္ဖုိးရွိတာေလးေတြ လုပ္ရင္း ကုန္ဆံုးသြားရတာက ျမဴမႈန္လုိေလထဲလႊင့္မွာျခင္း အတူတူဆိုရင္ေတာင္ ပိုျပီးတန္ဖိုးရွိပါေသးတယ္။

အဲဒီ့ေတာ့ ရခဲလွတဲ့လူ႔ဘ၀ကိုလည္း ရထားတုန္း ေပါ့ေပါ့ေန၊ ေပါ့ေပါ့ေသလို႔ေတာ့ ဘယ္ျဖစ္ပါ့မလဲ။ ေပါ့ေနတဲ့အခါ မၾကိဳးစားခ်င္ပါဘူး၊ မၾကိဳးစားခ်င္ေတာ့ ပ်င္းပါတယ္။ ပ်င္းတဲ့အခါ ဘာမွမျဖစ္လာပါဘူး။ ထုိသူမ်ိဳးရဲ႕ဘ၀ကလည္း အင္မတန္ ပ်င္းစရာေကာင္းေနမွာပါ။ အစဥ္အျမဲၾကိဳးစားေနတဲ့သူတစ္ေယာက္က တက္ၾကြမႈ၊ ျဖတ္လတ္မႈ၊ စီမံမႈ၊ ယွဥ္ျပိဳင္မႈ၊ ေအာင္ျမင္မႈ၊ ရႈံးနိမ့္မႈ၊ စသျဖင့္ အမ်ိဳးမ်ိဳးၾကံဳေတြ႕ေနရတဲ့အတြက္ လဲက်ရင္ ျပန္ထဖို႔ ၾကိဳးစားလို႔ သူ႔ရဲ႕ေန႔ရက္တိုင္းက ၾကိဳးစားမႈေတြနဲ႔ အျမဲသစ္လြင္ေနမွာပါ။

ပ်င္းရိတဲ့သူကေတာ့ အိမ္အိုအိမ္ေဟာင္းတစ္လံုးမွာ သန္႔ရွင္းေရးမလုပ္ဘဲ အေမွာင္ထဲေနတဲ့သူလိုပဲ တက္သစ္စ ေနမင္းကိုလည္း မျမင္နုိင္၊ လန္းဆန္းမႈလည္း မရွိဘဲ ဘ၀ၾကီးကလည္း ဒီအဆင့္ကေန တက္ေတာ့မွာမဟုတ္ပါဘူး။ အဲဒါအျပင္ ပ်င္းရိေနတတ္သူက သူမ်ားကိုသာ ေငးေမာအားက်ေနရတဲ့ဘ၀နဲ႔သာ ျပီးဆံုးသြားတတ္ပါတယ္။ ဘာမွ ၾကိဳးစားမႈလည္း မရွိတဲ့အတြက္ ဘယ္ေနရာမွာမွလည္း လူေတာတိုးမွာမဟုတ္ေတာ့ပါဘူး။

ပ်င္းရိတတ္သူေတာ္ေတာ္မ်ားမ်ားက သူတို႔ကိုယ္သူတို႔လည္း အထင္ၾကီးတတ္ၾကပါေသးတယ္။ ပ်င္းရိျခင္းရဲ႕အစမွာေတာ့ မိမိကိုယ္ကို တကယ္တမ္းလုပ္လုိက္ရင္ခဏေလး….၊ ျပီးမွလုပ္မယ္၊ ေအးေဆးမွလုပ္တာေပါ့။ စတဲ့ဆင္ေျခေတြနဲ႔ ေပးျပီး အခ်ိန္ဆြဲပါတယ္။ အခ်ိန္ဆြဲရာကေနမွ မျဖစ္နုိင္ေတာ့ပါဘူး….ေလဆိုတဲ့ ေၾကာက္ရြံျခင္းနဲ႔ စိတ္ဓာတ္က်ျခင္းဆက္လာပါတယ္။ အဲဒီ့ေနာက္မွာေတာ့ ကိုယ့္နဲ႔တန္းတူကေန မပ်င္းမရိၾကိဳးစားျပီးသာလြန္သြားသူေတြကိုၾကည့္လို႔ ကိုယ့္ကိုကိုယ္သိမ္ငယ္လာရပါေတာ့တယ္။ ထိုအျခင္းအရာကို ၾကီးပြားတုိးတက္ျခင္းအတြက္ ရန္သူၾကီး ၆ပါးလို႔ေတာင္ ေခၚေ၀ၚတတ္ၾကပါတယ္။

၁။ပ်င္းရိျခင္း
၂။ဆင္ေျခေပးျခင္း။
၃။အခ်ိန္ဆြဲျခင္း။
၄။ေၾကာက္ရြံ႕ျခင္း။
၅။စိတ္ဓါတ္က်ျခင္း။
၆။ကိုယ့္ကိုကိုယ္သိမ္ငယ္ျခင္း။ စတဲ့ အခ်က္ေတြပါပဲ။

ပ်င္းရိတတ္သူဟာ အလုပ္ခြင္မွာဆိုလည္း တိုးတက္မႈမရွိနုိင္ပါဘူး။ ဘယ္ေနရာေရာက္ေရာက္ သက္သာေပါ့ပါးဖို႔ပဲေတြးေနတာျဖစ္တဲ့အတြက္ အေခ်ာင္ခိုနုိင္မယ့္ေနရာေလာက္သာ ေတြးေနမွာျဖစ္ပါတယ္။ ပညာသင္ၾကားတဲ့ေနရာမွာဆိုရင္လည္း တကယ္မတတ္ဘဲ တတ္သေယာင္လုပ္ေလ့ရွိမွာျဖစ္တဲ့အတြက္ ပညာကိုလည္း ထိေရာက္စြာ သင္ယူနုိင္မွာမဟုတ္ပါဘူး။ အဲဒါေၾကာင့္ ပ်င္းရိသူဟာ ဘယ္ေနရာမွာမွ ဘယ္ေနရာမွာမွ မထြန္းေပါက္ မေအာင္ျမင္နုိင္လို႔ ဘယ္ေနရာမွာမွ လူရာမ၀င္ဘူးလို႔ ေျပာၾကတာပါ။

အရြယ္ရွိေနတုန္းမွာ ေအာင္ျမင္ေအာင္မၾကိဳးစားဘဲ ပ်င္းရိအေခ်ာင္ခိုေနမယ္ဆိုရင္ အခ်ိန္တန္ ဘ၀ရဲ႕ေန၀င္ခ်ိန္မွာ ေအးေအးသက္သာအနားယူနုိင္မွာမဟုတ္ပါဘူး။ အဲဒီ့အခါက်မွ အခ်ိန္ရွိခိုက္ လံု႔လစိုက္လို႔ ၾကိဳးစားျဖစ္ထြန္းေနသူေတြကို ေငးေမာအားက်ေနရသူျဖစ္ေနတတ္ပါတယ္။

အဲဒါေၾကာင့္ ပ်င္းရိျခင္းရဲ႕ေနာက္ဆံုး အဆံုးသတ္ကေတာ့ က်ရံႈးျခင္းပါပဲ။ သင္ေကာ က်ရံႈးသူျဖစ္မယ့္ လမ္းေၾကာင္းေပၚေလွ်ာက္မိေနျပီလား။ ျပန္သံုးသပ္ပါ။ သင့္ရဲ႕ပ်င္းရိျခင္းေတြကို ခုကစျပီး လႊင့္ပစ္လုိက္ပါေတာ့လို႔ တိုက္တြန္းရင္း ဒီေဆာင္းပါးေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

credit;BAWA101

 

သတင္းေဆာင္းပါးေတြကုိ အျမဲဖတ္ရႈႏုိင္ဖုိ႔  ယခု link ကုိ  http://bit.ly/2wNvUd9  ႏွိပ္ျပီး like ထားၾကပါေနာ္..

Read times
Rate this articles
(0 votes)