×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Monday, 20 April 2020
စပိန်ဘာသာစကားမှဆင်းသက်လာသည့် အင်္ဂလိပ်စာလုံးများ
စပိန်ဘာသာစကားမှဆင်းသက်လာသည့် အင်္ဂလိပ်စာလုံးများ
သင်နေ့စဉ်အသုံးပြုနေတဲ့ စကားလုံးတွေထဲမှာ စပိန်ဘာသာစကားအချို့ ပါဝင်နေတယ်ဆိုတာကို သိပါသလား။
(1) Banana
Banana ဆိုသည့်စကားလုံးသည် အာဖရိကမှ ဆင်းသက်လာဖွယ်ရှိသော်လည်း စပိန်မှတဆင့် အင်္ဂလိပ်သို့ ရောက်ရှိခဲ့သည်။
(2) California
1510 တွင် ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေသော စပိန်အချစ်ဇာတ်လမ်း Garci Ordóñez de Montalvo "Exploits of Espladán," တွင် ပထမဆုံး အသုံးပြုခဲ့သောအမည်ဖြစ်သည်။ Dictionary.com ၏ အဆိုအရ ဤစာအုပ်သည် စပိန်စူးစမ်းရှာဖွေသူများအကြား သြဇာလွှမ်းမိုးခဲ့သည်။ မြောက်အမေရိကပိုင်နက်ကို ဖော်ပြရန် “California” ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။
(3) Armadillo (သင်းခွေချပ်)
Dictionary.com ၏ အဆိုအရ Armadillo (သင်းခွေချပ်သည်) စပိန်ဘာသာစကားဖြစ်သည့် “armado” (armed) နှင့် “diminutive” (illo) ပေါင်းစပ်မှုမ ဆင်းသက်လာသည့်စကားလုံးဖြစ်သည်။
(4) Cargo
“Cargar” မှ ဆင်းသက်လာသည့် စကားလုံးဖြစ်သည်။ သယ်ဆောင်ရန်ဟုအဓိပ္ပာယ်ရသည်။
(5) Cannibal
ခရစ်စတိုဖာကိုလံဘတ်သည် အမေရိကတိုက်သို့ရောက်ရှိသည့်အခါ ကရစ်ဘီယံဟုခေါ်သည့် ဌာနေတိုင်းရင်းသားအုပ်စုတစ်ခုကို တွေ့ရှိခဲ့သည်။ ကိုလံဘတ်က ထိုလူမျိုးစုကို “caniba” ဟုခေါ်ပြီး ၎င်းလူမျိုးစုသည် ၎င်းတို့ရန်သူများကို စားသုံးလေ့ရှိကြသည်ဟု အစောပိုင်းဥရောပသားများက ထင်မြင်ယူဆခဲ့ကြသည်။ Caniba သည် စပိန်ဘာသာစကားဖြင့် “Canibal” နှင့် အင်္ဂလိပ်ဘာသာစကားတွင် “လူသားစား”ဟူ၍ဖြစ်သည်။
(6) Alcatraz
အမှန်တကယ်တော့ Alcatraz ဆိုတာကတော့ စပိန်ဘာသာစကားအနေဖြင့် “Gannet” လို့ခေါ်တဲ့ ငှက်တစ်မျိုးကို ရည်ညွှန်းခြင်းဖြစ်သည်။
(7) Bodega (အရက်ဆိုင်၊ လမ်းထောင့်ရှိစတိုးဆိုင်)
သင်သည် New York တွင်နေထိုင်သူဖြစ်ပါက ၎င်း Bodega ဆိုသည့်စကားလုံးသည် “လမ်းထောင့်တွင်ရှိသည့်စတိုးဆိုင်” အဓိပ္ပာယ်ဖြင့် အသုံးပြုနိုင်သည်။
(8) Cafeteria
ကိုယ်ထူကိုယ်ထ စားသောက်ဆိုင် (စပိန်ဘာသာတွင် “I” ကို သုံးသည်။ သို့သော် အခြေခံအားဖြင့် တူညီသည်။)
(9) Chilli
ထိုစကားလုံးသည် စပိန်ဘာသာစကားမှတဆင့် အင်္ဂလိပ်သို့ရောက်ရှိလာသော်လည်း မက္ကဆီကို၏အများဆုံးအသုံးပြုသော တိုင်းရင်းသားဘာသားစကားဖြစ်သည့် နာဝါးလ် “Nahuatl” မှ စတင်ခဲ့ခြင်းဖြစ်သည်။
(10) Embargo
ကုန်သင်္ဘောအဝင်အထွက်ကို ပိတ်ပင်သောအမိန့်၊ ပြင်ပကုန်သွယ်မှုပိတ်ပင်ခြင်း။
(11) Florida
“Land full of flowers” ဟု အဓိပ္ပာယ်ရသည်။
(12) Hurricane
စပိန်လူမျိုးများသည် ကာရေဗီယံကျွန်းတွင်နေထိုင်သည့် ကာရေဘီလူမျိုးများထံမှ မွေးစားထားသည့် စကားလုံးဖြစ်သည်။
(13) Macho
အမျိုးသား “Male” ဟု အဓိပ္ပာယ်ရသည်။
(14) Jerky
စပိန်ဘာသာစကားဖြစ်သည့် Quechua – “charqui” မှ ဆင်းသက်လာသည့် စကားလုံးဖြစ်သည်။ အသားခြောက်ဟု အဓိပ္ပာယ်ရသည်။
(15) Llama
တောင်အမေရိက ကုလားအုတ်မျိုးဝင် တိရစ္ဆာန်တစ်မျိုး။ ဝန်တင်ရန်အတွက်လည်းကောင်း၊ အမွှေး၊ သားရေ စသည်အတွက်လည်းကောင်း မွေးမြူလေ့ရှိသည်။
(16) Montana
၎င်းစကားလုံးသည် စပိတ်ဘာသာစကား "montaña” မှ မှားယွင်းစွာအသံထွက်ကို ဖော်ပြထားခြင်းဖြစ်သည်။ တောင်တန်း “Mountain” ဟု အဓိပ္ပာယ်ရသည်။
(17) Mustang
စပိန် "mesteño" မှ ဆင်းသက်လာခြင်းဖြစ်သည်။ “ပိုင်ရှင်မပါဘဲပြေးနေသည့်မြင်း “ “အမေရိကန် မြင်းရိုင်းအသေးစား”ဟူ၍ဖြစ်သည်။
(18) Rodeo
စာလုံးပေါင်းအတူတူဖြစ်သော်လည်း အင်္ဂလိပ်နှင့်စပိန်ဘာသာစကားအရ အဓိပ္ပာယ်ကွဲပြားသည်း။ တိရစ္ဆာန်များမောင်းနှင့်သည့်လှည်း “Rodear” မှ ဆင်းသက်လာခြင်းဖြစ်ပြီး ဝန်းရံခြင်းဟု အဓိပ္ပာယ်ရသည်။
(19) Nevada
ဆီးနှင်းများဖုံးလွှမ်းနေသည့်အမြင့်ဆုံးတောင်ထိပ် “snow-capped peak," ဟု အဓိပ္ပာယ်ရသည်။
(20) Cilantro
လတ်ဆတ်သော ဟင်းသီးဟင်းရွက်ကို စပိန်ဘာသာဖြင့် “cilantro” ဟု ခေါ်သည်။ ၎င်းအပင်ကို အင်္ဂလိပ်ဘာသာစကားဖြင့် “Coriander” ဟု ခေါ်သည်။
(21) Peon
အလုပ်သမားဟု အဓိပ္ပာယ်ရသည်။
(22) Puma
ကြောင်မျိုးနွယ်ဝင် အကောင်တစ်မျိုး
(23) Ranch
၁၉ ရာစုတွင် စပိန်ဘာသာစကား “Rancho” မှ မွေးစားထားခြင်းဖြစ်သည်။ မွေးမြူရေးခြံဟု အဓိပ္ပာယ်ရသည်။
(24) Buckaroo
စပိန်ဘာသာစကား “Vaquero” “ကောင်းဘွိုင်” မှ ဆင်းသက်လာခြင်းဖြစ်သည်။
(1) Banana
(2) California
(4) Cargo
(5) Cannibal
(6) Alcatraz
သင်သည် New York တွင်နေထိုင်သူဖြစ်ပါက ၄င်း Bodega ဆိုသည့်စကားလုံးသည် “လမ်းထောင့်တွင်ရှိသည့်စတိုးဆိုင်” အဓိပ္ပာယ်ဖြင့် အသုံးပြုနိုင်သည်။
(8) Cafeteria
(9) Chilli
(10) Embargo
(11) Florida
(12) Hurricane
(13) Macho
(14) Jerky
(15) Llama
(16) Montana
(17) Mustang
(18) Rodeo
(19) Nevada
(20) Cilantro
(21) Peon
(22) Puma
(23) Ranch
(24) Buckaroo
Read times
Rate this articles
(0 votes)