×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 22 April 2020

အောင်မြင်မှုပန်းတိုင်ကို ရောက်စေမည့် အချက် ၁၀ ချက်

အောင်မြင်မှုပန်းတိုင်ကို ရောက်စေမည့် အချက် ၁၀ ချက်

၁။ ပျော်ရွှင်မှု
ပျော်ရွှင်မှုဆိုတာ ခံစားမှုတစ်ခုမဟုတ်ပါဘူး။ ဘဝရဲ့လမ်းစဉ်တစ်ခုပါ။ သင်လုပ်နေတဲ့အလုပ်မှာ င်မပျော်ဘဲ အောင်မြင်မှုရဲ့
အရသာကို သင်ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ချစ်မြတ်နိုးခြင်းဟာ ပြိုင်ပွဲတွေမှာ တစ်ဝက်လောက်တော့အနိုင်ရသွားစေပါတယ်။

၂။ ယုံကြည်မှု
သင့်အနေနဲ့ ယုံကြည်တတ်ဖို့လိုပါတယ်။ ကံကြမ္မာကိုပြောင်းလဲဖို့အတွက် ယုံကြည်မှုသာလျှင်ပင် တစ်ခုတည်းသော ခွန်
အားဖြစ်ပါတယ်။ သင်ယုံကြည်ရင် ယုံကြည်ထားတဲ့ အတိုင်းဖြစ်လာမှာပါ။

၃။ ရည်မှန်းချက်
ရည်မှန်းချက်မရှိတဲ့ ဘဝဟာ ဘာမှဖြစ်လာမှ မဟုတ်ပါဘူး။သင့်ရဲ့ဖြစ်ချင်နေတဲ့ အနေအထားတွေ ကိုကြိုတင်ရည်မှန်းထား ပါမှ သင်ဖြစ်ချင်တာတွေ ဖြစ်လာနိုင်မှာပါ။

၄။ စိတ်အားထက်သန်ခြင်း
ဘာအလုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ်ပါ။အလွယ်တကူ အရှုံးမပေးပါနဲ့။ အားကစားသမား တစ်ယောက်လိုမျိုး ရေကုန်ရေခမ်း ကြိုးစားတတ်ပါစေ။

၅။ လွှမ်းမိုးမှု
သင့်ကို လွှမ်းမိုးနိုင်မယ့် အရာတစ်ခုကို ရှာဖွေကြည့်ပါ။ထိုအရာက သင့်ကိုလမ်းပြပေးနိုင်မှာပါ။

၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှု
သင်မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ ကိုယ့်ကိုကိုယ့် ယုံကြည်မှု သာလျှင် သင့်ကိုနေရာပေးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုဟာသင့်ကို အတိုင်းအဆမရှိတဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။

၇။ လူ့ကျင့်ဝတ်
ကျင့်ဝတ် မစောင့်ထိန်းတတ်တဲ့ လူတွေအတွက် အောင်မြင်မှုလမ်းကြောင်းဟာ တိုတောင်းလွန်းပါတယ်။ ဖြတ်လမ်းလို့ဆို
နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာသင့်ကို လူအားလုံးနဲ့မတူညီဘဲ တစ်ယောက်တည်း ကွဲပြားနေစေမယ့် အချက်ပဲဖြစ်ပါတယ်။

၈။ အမြင်
သင့်ဘဝကို သင်ဘယ်လိုပုံစံ ဖြစ်လာစေချင်လဲဆိုတဲ့အမြင်တစ်ခုသတ်မှတ်ပါ။ ထိုအမြင်တွေကပဲ စိတ်ကူးတွေကို လက်
တွေ့ အကောင်အထည်ဖော်ပေးနိုင်မှာပါ။

၉။ လက်ခံတတ်ခြင်း
အရာရာကို လက်ခံတတ်ပါစေ။ အခွင့်အရေးတွေက သင့်အတွက် အများကြီးလာနေပါပြီ။ သင်အားလုံးကို လက်ခံတတ်ရပါ လိမ့်မယ်။ သင်အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။

၁၀။ လူသားဆန်တတ်ခြင်း
လူသားဆန်ခြင်းဟာ အောင်မြင်မှုရဲ့သော့ချက်ပါပဲ။ ဘယ်ဘာသာမှာမဆို လက်ခံထားတာကတော့ ကောင်းတာလုပ်ရင်
ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်အောင်မြင်နေပါစေ။ တစ်ကြိမ်တစ်ခါတော့ ပြန်လည်ကျရှုံးလာဦးမှာပါ။ ကျရှုံးပြီး ပြန်လည်ထနိုင်ရန် ကြိုးစားနေချိန်မှာ တစ်ချိန်က လူသားဆန်ခဲ့သမျှက သင့်ကိုပြန်လည်အောင်မြင်လာစေမှာပါ။

 

 

 

ေအာင္ျမင္မႈပန္းတိုင္ကို ေရာက္ေစမည့္ အခ်က္ ၁၀ ခ်က္

၁။ ေပ်ာ္ရႊင္မႈ
ေပ်ာ္ရႊင္မႈဆိုတာ ခံစားမႈတစ္ခုမဟုတ္ပါဘူး။ ဘဝရဲ႕လမ္းစဥ္တစ္ခုပါ။ သင္လုပ္ေနတဲ့အလုပ္မွာ င္မေပ်ာ္ဘဲ ေအာင္ျမင္မႈရဲ႕
အရသာကို သင္ခံစားႏိုင္မွာ မဟုတ္ပါဘူး။ ကိုယ္လုပ္ေနတဲ့ အလုပ္ေတြကုိ ခ်စ္ျမတ္ႏိုးျခင္းဟာ ၿပိဳင္ပြဲေတြမွာ တစ္ဝက္ေလာက္ေတာ့အႏိုင္ရသြားေစပါတယ္။

၂။ ယံုၾကည္မႈ
သင့္အေနနဲ႔ ယံုၾကည္တတ္ဖို႔လိုပါတယ္။ ကံၾကမၼာကိုေျပာင္းလဲဖို႔အတြက္ ယံုၾကည္မႈသာလွ်င္ပင္ တစ္ခုတည္းေသာ ခြန္
အားျဖစ္ပါတယ္။ သင္ယံုၾကည္ရင္ ယံုၾကည္ထားတဲ့ အတိုင္းျဖစ္လာမွာပါ။

၃။ ရည္မွန္းခ်က္
ရည္မွန္းခ်က္မရွိတဲ့ ဘဝဟာ ဘာမွျဖစ္လာမွ မဟုတ္ပါဘူး။သင့္ရဲ႕ျဖစ္ခ်င္ေနတဲ့ အေနအထားေတြ ကိုႀကိဳတင္ရည္မွန္းထား ပါမွ သင္ျဖစ္ခ်င္တာေတြ ျဖစ္လာႏိုင္မွာပါ။

၄။ စိတ္အားထက္သန္ျခင္း
ဘာအလုပ္ကိုပဲလုပ္လုပ္ အေကာင္းဆံုးျဖစ္ေအာင္လုပ္ပါ။အလြယ္တကူ အရံႈးမေပးပါနဲ႔။ အားကစားသမား တစ္ေယာက္လိုမ်ိဳး ေရကုန္ေရခမ္း ႀကိဳးစားတတ္ပါေစ။

၅။ လႊမ္းမိုးမႈ
သင့္ကို လႊမ္းမိုးႏိုင္မယ့္ အရာတစ္ခုကို ရွာေဖြၾကည့္ပါ။ထိုအရာက သင့္ကိုလမ္းျပေပးႏိုင္မွာပါ။

၆။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ
သင္မလုပ္ႏိုင္တာ ဘာမွမရွိပါဘူး။ ကိုယ့္ကိုကိုယ့္ ယံုၾကည္မႈ သာလွ်င္ သင့္ကိုေနရာေပးႏိုင္မွာပါ။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈဟာသင့္ကို အတိုင္းအဆမရွိတဲ့ ခြန္အားေတြကို ေပးႏိုင္မွာပါ။

၇။ လူ႔က်င့္ဝတ္
က်င့္ဝတ္ မေစာင့္ထိန္းတတ္တဲ့ လူေတြအတြက္ ေအာင္ျမင္မႈလမ္းေၾကာင္းဟာ တိုေတာင္းလြန္းပါတယ္။ ျဖတ္လမ္းလုိ႔ဆို
ႏိုင္ပါလိမ့္မယ္။ ဒါေပမယ့္ ဒါဟာသင့္ကို လူအားလံုးနဲ႔မတူညီဘဲ တစ္ေယာက္တည္း ကြဲျပားေနေစမယ့္ အခ်က္ပဲျဖစ္ပါတယ္။

၈။ အျမင္
သင့္ဘဝကို သင္ဘယ္လိုပံုစံ ျဖစ္လာေစခ်င္လဲဆိုတဲ့အျမင္တစ္ခုသတ္မွတ္ပါ။ ထိုအျမင္ေတြကပဲ စိတ္ကူးေတြကို လက္
ေတြ႔ အေကာင္အထည္ေဖာ္ေပးႏိုင္မွာပါ။

၉။ လက္ခံတတ္ျခင္း
အရာရာကို လက္ခံတတ္ပါေစ။ အခြင့္အေရးေတြက သင့္အတြက္ အမ်ားႀကီးလာေနပါၿပီ။ သင္အားလံုးကို လက္ခံတတ္ရပါ လိမ့္မယ္။ သင္အရာရာကို ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနရပါမယ္။

၁၀။ လူသားဆန္တတ္ျခင္း
လူသားဆန္ျခင္းဟာ ေအာင္ျမင္မႈရဲ႕ေသာ့ခ်က္ပါပဲ။ ဘယ္ဘာသာမွာမဆို လက္ခံထားတာကေတာ့ ေကာင္းတာလုပ္ရင္
ေကာင္းတာျဖစ္မယ္။ မေကာင္းတာလုပ္ရင္ မေကာင္းတာျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ ဘယ္ေလာက္ေအာင္ျမင္ေနပါေစ။ တစ္ႀကိမ္တစ္ခါေတာ့ ျပန္လည္က်႐ံႈးလာဦးမွာပါ။ က်ရံႈးၿပီး ျပန္လည္ထႏိုင္ရန္ ႀကိဳးစားေနခ်ိန္မွာ တစ္ခ်ိန္က လူသားဆန္ခဲ့သမွ်က သင့္ကိုျပန္လည္ေအာင္ျမင္လာေစမွာပါ။

Read times
Rate this articles
(1 Vote)